ရန်ကုန်မြို့ ငလျင်ဒဏ်ခံနိုင်ရည် စစ်ဆေးခြင်း အခုနှစ်ကုန် အပြီးဆောင်ရွက်မှာဖြစ်ပြီး ပဲခူးငလျင် တကျော့ပြန် အခြေအနေအတွက် သတိပြုရန်လို

ဇူလိုင် ၁၇ – ၂၀၂၆ SN (VOM) လက်ရှိမှာ မြန်မာနိုင်ငံ ငလျင်ကော်မတီအနေနဲ့ ရန်ကုန်မြို့ရှိ အဆောက်အအုံတွေရဲ့ ငလျင်ဒဏ် ခံနိုင်ရည်ကို သိရှိလိုတဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်နည်းပညာတက္ကသိုလ်တို့နဲ့ ပူးပေါင်းကာ အကဲဖြတ် စစ်ဆေးခြင်းတွေကို ဆောင်ရွက်လျက်ရှိပြီး အခု ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ စီမံကိန်းပြီးစီးနိုင်ဖို့ ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။ စီမံကိန်းအရ ရန်ကုန်မြို့ရှိ လသာ၊ ကျောက်တံတားနဲ့ ပန်းဘဲတန်း စတဲ့ မြို့နယ် သုံးမြို့နယ်မှ ရပ်ကွက် သုံးရပ်ကွက်ကို ရွေးချယ်ကာ အဆောက်အအုံတွေရဲ့ ငလျင်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခံနိုင်ရည်ရှိမှု အခြေအနေတွေကို အခု ဇူလိုင်လ ပထမပတ်မှာ Pilot Project အဖြစ် ကွင်းဆင်းအကဲဖြတ် စစ်ဆေးခဲ့တယ်လို့ သူက ပြောပါတယ်။ ရည်ရွယ်ချက်အနေနဲ့ မန္တလေးမြို့မှာ…

Read More

၁၀ ရက်ကြာလာတဲ့အထိ အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေပေမယ့် အလုပ်ရှင်အလုပ်သမားကြားပြေလည်မှုမရသေး

ဇူလိုင် ၁၈ ၊ ၂၀၂၆ GG (VOM) ရန်ကုန် ၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်( ၄)မှာ ရှိတဲ့ Spring Moon အထည်ချုပ်စက်ရုံအနေနဲ့ အလုပ်သမားတွေကို လုပ်ခလစာတိုးမြှင့်ပေးဖို့အပါအဝင် အချက်ကိုးချက်ကို လိုက်လျောပေးဖို့ အလုပ်သမား ၁၈၀ နီးပါးက ၁၀ ရက်ကြာတဲ့အထိ ဆန္ဒပြတောင်းဆိုနေပြီး ခုထိတော့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။ အလုပ်သမားတွေက Day ကြေးကို ၁၃၀၀၀ ကျပ် ၊ ရက်မှန်ကြေးကို ၅၀၀၀၀ ကျပ် ၊အချိန်ပို(OT)ကြေးကို ၂၅၀၀ ကျပ် ၊ကျွမ်းကျင်ကြေးကို (A) အဆင့် ၆၀၀၀၀ ကျပ် ၊ (B)အဆင့် ၅၀၀၀၀ ကျပ် နဲ့ (C)အဆင့်ကို ၄၀၀၀၀ ကျပ် သတ်မှတ်ပေးဖို့ ၊ ရက်ပျက် Sunday ကို ကြေးမဖြတ်ဖို့…

Read More

ကံပိုင်တည်လမ်းမှာ မြေပြိုလမ်းပိတ်မိတဲ့ ကားသမားတွေဆီ KIA က ငွေကောက်နေလို့ အခက်ကြုံ

ဇူလိုင် ၁၈၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနား–ဆဒုံး–ကံပိုင်တည် ကုန်သွယ်ရေးလမ်းမပေါ်မှာ မြေပြိုမှုကြောင့် လမ်းပိတ်မိနေတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေကို KIA တပ်ဖွဲ့ဝင်တွေက “ဧည့်စာရင်း” အတွက်ဆိုပြီး ယာဉ်တစီးကို တရက် ကျပ် ၁၂,၀၀၀ နှုန်း ကောက်ခံနေတဲ့အတွက် ကားသမားတွေ အခက်အခဲ ပိုကြုံနေရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ လက်ရှိမှာ ဆဒုံးလမ်းပိုင်းနဲ့ ကံပိုင်တည်ဘက်မှာ မြေပြိုမှုတွေကြောင့် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ် အများအပြား ပိတ်မိနေပြီး၊ လမ်းမပွင့်သေးတဲ့အတွက် ကုန်ပို့ဆောင်ရေးလုပ်ငန်းတွေလည်း ရပ်နားထားရတယ်လို့ ဆိုပါတယ်။ လမ်းပိတ်နေတဲ့ ကာလအတွင်း ဝင်ငွေမရှိဘဲ စားစရိတ်၊ နေစရိတ်တွေ ကုန်ကျနေရတဲ့အပြင် KIA ဘက်က နေ့စဉ် ငွေကောက်ခံနေတာကြောင့် ပိုပြီး ဒုက္ခရောက်နေရတယ်လို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။ “လမ်းက မပွင့်သေးဘူး။ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်လောက်မှ ပွင့်မယ်လို့…

Read More

ဟားခါးမြို့လမ်းပေါ်မှာ အမှတ်(၁၄) ရဲတပ်ရင်းမှူး ဒုရဲမှူးကြီးနဲ့ ရဲတပ်သားတို့ ပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့

ဇူလိုင် ၁၇ ၊ ၂၀၂၆ GG (VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ ဟားခါးမြို့ပေါ်မှာ ဆိုင်ကယ်နဲ့သွားလာတဲ့ ရဲတပ်ရင်းမှူးနဲ့ ရဲတပ်သားကို ချင်းလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။ မနေ့က ဇူလိုင် ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပြည်တော်သာရပ်ကွက် ၊ ဂန့်ဂေါလမ်းပေါ် မှာ ရဲတပ်ရင်းမှူးနဲ့ ရဲတပ်သားတို့ကို ချင်းလက်နက်ကိုင်အဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ အဲဒီ တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့သူတွေက အမှတ်(၁၄) ရဲတပ်ရင်းမှူး ဒုရဲမှူးကြီးဇော်ဇော်အောင်နဲ့ ကိုယ်ရေးအရာရှိဖြစ်သူ ရဲတပ်ဖွဲ့ဝင်တို့ ဖြစ််တယ်လို့ သိရပါတယ်။ ” ဆိုင်ကယ်နှစ်စီးနဲ့ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်ခံရပြီး နေရာမှာပဲဆုံးသွားခဲ့တယ်။ သူ့တပည့်တွေလည်း ယူကျုံးမရဖြစ်နေကြတယ်။ မနက် ၉ နာရီလောက်မှာ ပစ်ခတ်ခံရတာပါ ။ လုံခြုံရေးပေါ့ဆလို့ ဖြစ်တာလို့ပဲ မြင်တယ်။ ”…

Read More

သီပေါတံတားနဲ့ ရေလမ်းခရီးကြားက ရှမ်းမြောက်ပြည်သူတွေရဲ့သောက

ဇူလိုင်၁၈၊ ၂၀၂၆ NN(VOM) “ဓာတ်ပုံတွေ မရိုက်နဲ့နော်.. ဓာတ်ပုံတွေမရိုက်နဲ့ တွေ့ရင် ဖုန်းသိမ်းမှာ။ ဟိုကားကြီးကလူတွေ ဒီမှာလာ ဒီမှာလာ…” စတဲ့ လှေသမားတွေနဲ့ အထမ်း သမားတွေရဲ့ အော်သံတွေကြားမှာ ခရီးသွားတွေ ပျားပန်းခတ်နေကြပါတယ်။ ကိုယ့်လူတွေကျန်ခဲ့မလား အိတ်တွေ မှားသယ်သွားမလား မြစ်ထဲမှာအဆင် ပြေမလားဆိုတာကို ကြည့်ရင်း ရင်တမမ နဲ့ စက်လှေပေါ်ကို တက်ရတဲ့အခိုက်အတန့်ဟာ ဘဝမှာ နောက်တစ်ကြိမ် ခရီး မသွားချင်လောက်အောင် ဖြစ်ရတယ် လို့ မဖြူဖွေးက ညည်းတွားပြပါတယ်။ “လှေထဲမှာ ပစ္စည်းတွေရော လူတွေရော စုပြုံတင်ထားတာ။ လှေရဲ့ ဗိုက်နေရာမှာဆို ရေနဲ့က ထိဖို့ လက်မလောက်လေးလိုနေတာ။ လူတွေက လှုပ်ရင် လှေက ယိမ်းထိုးပြီး မြုပ်တော့မလို မြုပ်တော့မလိုနဲ့ ဘုရားတပြီး ဖြတ်ခဲ့ရတာ” လို့ သီပေါ ဒုဋ္ဌဝတီမြစ်ထဲ စက်လှေနဲ့ ဖြတ်ကူးခဲ့ရတဲ့ အတွေ့ အကြုံကို…

Read More
VOM News

FREE
VIEW