မန္တလေး၊ သြဂုတ် – ၁၀- ၂၀၂၆
SA(VOM)
ပါတီ ၆ ခု က ပါတီ၀င်အင်အား ၁၀၀ ဝန်းကျင်ဟာ ဒီကနေ့ သြဂုတ်လ ၁၀ရက်နေ့မှာကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ်စမနေ့) အခမ်းအနားကို လာရောက်လေ့လာခဲ့ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊ ၊ ဒီမိုကရက်တစ် အင်အာစု လေဘာပါတီ၊ လူမှုစီးပွားမြှင့်တင်ရေးပါတီ၊ ပြည့်သူ့ရှေ့ ဆောင်ပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတက်ရေး ပါတီတွေကပါတီ၀င် အယောက် ၁၀၀ ဝန်းကျင်က လာရောက်လေ့လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီအစည်းအဝေးကို တက်ရောက်လေ့လာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက မန္တလေးတိုင်းရုံး အတွင်းရေးမှူး ဦးခင်မောင်ဝင်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က မန္တလေးတိုင်းဥက္ကဋ္ဌ ဦးညိုဇေယျ နဲ့ ပါတီထောင်ဖို့ လွှတ်တော်ကိုလာရောက်လေ့လာတဲ့ ဦးသိန်းဇော်တို့ကို VOM က တွေ့ဆုံမေးမြန်းထားပါတယ်။
