မြေဂရန် သက်တမ်းတိုးတာနဲ့ အသစ်ထုတ်ပေးတာ ငွေကုန် ကြေးကျများပြီး အချိန်ကြာမြင့်နေမှုအပေါ် ဘယ်လိုဆောင်ရွက်ပေးမလဲ

မန္တလေး၊ သြဂုတ်- ၁၀- ၂၀၂၆
SA(VOM)
မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မြို့တွေမှာ မြေဂရန်သက်တမ်းတိုးတာနဲ့ အသစ်ထုတ်ပေးတာတွေမှာ ငွေကြေးကုန်ကျမှုများပြီး အချိန်ကြာမြင့်မှုတွေအပေါ် အမြန်ဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိနဲ့ သတ်မှတ်နှုန်းထား ဘယ်လောက်ကုန်ကျသလဲ ဆိုတာတွေကို ပုသိမ်ကြီးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်းက လွှတ်တော်ကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းခဲ့ပါတယ်။
ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့) မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း မေးမြန်းခဲ့တဲ့ မေးခွန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က ပြန်လည်ဖြေကြားခဲ့ပြီး လွှတ်တော်အစည်းအဝေးအပြီးမှာ VOM က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်

Related posts

Leave a Comment

VOM News

FREE
VIEW