တရုတ်ရဲ့ ကြားဝင်မှုအရ လုပ်တဲ့ နစက နဲ့ MNDAA ​ဆွေး​နွေးပွဲ ထပ်မံလုပ်ဖို့လို

ဇူလိုင် ၉၊ ၂၀၂၅ Shy V(VOM) တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ လားရှိး ဆင်နှစ်ကောင် ဟိုတယ်မှာ ဇွန်လ ၃၀ ရက်နေ့က နစက တပ်ဖွဲ့ နဲ့ MNDAA တပ်ဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ သိန္နီ ပြန်တောင်းဆိုမှုကြောင့် ဆွေးနွေးပွဲ ရလဒ် အဆင်မ‌ပြေခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “သူတို့ ဆွေးနွေးတာ မအောင်မြင်ဘူးလို့ကြားတယ်။ သတင်းက တကယ်လျို့ဝှက်တယ်။ ခါတိုင်း သိတဲ့ အသိတယောက်တောင် မသိလိုက်ဘူးတဲ့” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဆွေးနွေးပွဲ မအောင်မြင်ဘူးလို့ ကြားသိရပြီးနောက် MNDAA တပ်ဖွဲ့ တွေ လားရှိုး အနီး မန်အိုင်အထိ နေရာ ပြန်ယူနေတယ်၊ သီပေါဘက် လည်းစစ်ကူ ဆင်းသွားတယ်လို့ သတင်း ထွက်နေသလို စစ်တပ်ဘက်ကလည်း ၄၁ တပ်…

Read More

ရွှေညဝါဆရာတော် အသည်းရောဂါနဲ့ ပျံလွန်တော်မူ

ဇူလိုင် ၁၀ ၊ ၂၀၂၅ GG (VOM) ရွှေညဝါဆရာတော် အရှင်ပညာသီဟသည် ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၂ နာရီ ၄၅ မိနစ်မှာ အသည်းရောဂါနဲ့ ပျံလွန်တော်မူသွားပြီဖြစ်တယ်လို့ သိရပါ တယ်။ ရွှေညဝါဆရာတော်ဘုရားကြီးသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီးချိန်ကတည်းက အသည်းရောဂါနဲ့ မကြာခဏ ဆေးရုံတက်ရောက်ကုသမှုနေရတာဖြစ်တယ်လို့သိပါတယ်။ ကျန်းမာရေးသက်သာချိန်မှာ နယ်လှည့်ပြီး သာသနာပြုလုပ်ငန်းတွေလုပ်သလို နိုင်ငံရေးအကျဥ်းသားမိသားစုတွေကိုထောက်ပံ့ခြင်း ၊ ငလျင်ဘေးသင့်ဒေသတွေကိုသွားရောက်ပြီး လှူဒါန်းခြင်း စတဲ့ ကူညီရေးလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့တဲ့ ဆရာတော်တပါးဖြစ် တယ်။ ” ဆရာတော်က နည်းနည်းသက်သာတာနဲ့ အပြင်ထွက် တာပဲ။ငလျင်ဘေးတုန်းကလည်း ညောင်ရွှေ၊ မန္တလေးအကုန်သွားခဲ့တယ်။ကျန်းမာရေးမကောင်းရင်ဆေးရုံတက်လိုက်နဲ့လုပ်ခဲ့တာ။နိုင်ငံ့အရေးကိုလည်း စိတ်မအေးခဲ့ဘူး။ခုတော့ ရွှေတောင်ကြီးပြိုသွားပါပြီ။သာသနာအတွက်ရော နိုင်ငံအတွက်ရော ဆုံးရှုံးမှုကြီးမားပါတယ်။” လို့ ဆရာတော်ရဲ့ ဒါယကာတယောက်ကပြောပါတယ်။ ရွှေညဝါဆရာတော်ဟာ လက်ရှိနစက လက်ထက်မှာ တာဝန်စတင်ယူတဲ့ ၂၀၂၁…

Read More

လားရှိုးမြို့နယ်က တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တချို့ကို MNDAA နစ်နာကြေး လိုက်ပေး

ဇူလိုင် ၁၀ ၊ ၂၀၂၅ Shy V (VOM) လားရှိုးမြို့နယ်က တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တချို့ကို ဇူလိုင်လ ၈ ရက်နေ့မှာ MNDAA တပ်ဖွဲ့က နစ်နာကြေး လိုက်ပေး‌ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “”မနေ့ ဇူလိုင်လ ၈ ရက်နေ့က ဟိုပိတ်မှာ ပျက်စီးသွားတဲ့ အိမ်တွေကို MNDAA ဘက်က နစ်နာကြေးပေးတယ် လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ဟိုပိတ်၊ ၁၄ မိုင်ကနေ ဆုန်ကွယ်၊ ကောင်းတပ် ရွာက အိမ်တွေအထိ အိမ်ခြေပေါင်း ရာကျော်ရှိလိမ့်မယ်လို့ သူက ပြောပါတယ်။ “တအိမ်ကို အထိအခိုက် အနည်းအများ ပေါ်မူတည်ပြီး တရုတ်ငွေ တထောင် ကနေ သုံးထောင် လောက်ထိ ရကြတယ်။” လို့ သူက ပြောပါတယ်။ ပျက်စီးသွားလို့…

Read More

မိုးကုတ်မှာ လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခံရပြီး သုံးယောက်သေကာ ရှစ်ယောက်ဒဏ်ရာရ

ဇူလိုင် ၁၀ ၊ ၂၀၂၅ GG (VOM) ဝါဆိုလပြည့်နေ့ ဇူလိုင် ၉ ရက်နေ့ညပိုင်းက မိုးကုတ်မြို့အရှေ့ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး သုံးယောက်သေဆုံးကာ ရှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုက မိုးကုတ်မြို့အရှေ့ပိုင်းရှိ ပန်းမထိပ် ၊ဂေါ်ရခါးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ည ၈ နာရီကျော်လောက်မှာ ပေါက်ကွဲသံအကျယ်ကြီးကြားပြီးမကြာဘူး လူနာတင်ကားတွေသွားတယ်။ သေတာ သုံးယောက်သိရတယ်။ဒဏ်ရာရတဲ့ထဲမှာလည်းကလေးတွေပါတယ်သိရတယ်။” လို့ မိုးကုတ်အရှေ့ပိုင်း ဒေသခံကပြောပါတယ်။ လူသေဆုံး မှု၊ ထိခိုက်ဒဏ်ရာရရှိမှုအပြင် အဆောက်အဦးထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရတာမှန်ကန်ကြောင်းနဲ့ ဖြစ်စဥ်အသေးစိတ်အခြေအနေကို ထပ်မံဖော်ပြပေးသွားမယ်ဆိုပြီး PSLF/TNLA ကလည်း သတင်းထုတ်ထားပါတယ်။ နစက ဘက်ကတော့ အဆိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ဇူလိုင် ၈ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဂေါင်းဦးဘာရပ်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူသုံးယောက်သေဆုံးခဲ့ပြီး နေအိမ်နဲ့အဆောက်အဦးတွေ ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်လို့သိရပါတယ်။ အလားတူ…

Read More

သိန္နီမြို့ခံတွေကို MNDAA က ကိုးကန့်ဒေသ မှတ်ပုံတင်များ ပြုလုပ်ခိုင်းနေ

ဇူလိုင် ၁၀-၂၀၂၅ နွယ်နီ(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ ဒေသခံတွေကို ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က ကိုးကန့်ဒေသအတွင်း နေထိုင်ခွင့်နဲ့ မှတ်ပုံတင်တွေ ပြုလုပ်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သိန္နီမြို့မှာ နေထိုင်သူအားလုံး ကိုးကန့်ဒေသ မှတ်ပုံတင် ပြုလုပ်ရမယ်လို့ ဇူလိုင် ၈ ရက်နေ့မှာ အသိပေးလာတာလို့ သိန္နီမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။ “မနေ့က လပြည့်နေ့ကြီးကို မလာမနေရ အစည်းဝေးခေါ်ပြီး ပြောတာပဲ။ မြို့ခံတွေက မှတ်ပုံတင် လုပ်ရမယ်။ အပြင်ကလာနေသူတွေက နေထိုင်ခွင့်တွေ လုပ်ရမယ်တဲ့” ကိုးကန့်တပ်ဘက်က တအိမ်တယောက် စစ်သားတောင်းတာတွေလည်း ရှိနေတယ် ဆိုတော့ ဒေသခံတွေက မှတ်ပုံတင် သွားလုပ်ဖို့ စိုးရိမ်နေကြတယ်လို့ သိန္နီမြို့ခံတဦးက ပြောပါတယ်။ “အခုက သူတို့ လူသစ်တွေ တောင်းနေတာဆိုတော့ မှတ်ပုံတင် သွားလုပ်ရင် အိမ်ထောင် စုစာရင်းမှာ ပါတဲ့သူတွေအကုန်လုံး သူတို့သိပြီ ဆိုတော့ ကလေးတွေအတွက် စိုးရိမ်နေ…

Read More

စာရေးဆရာ မောင်သာချို ကင်ဆာရောဂါနဲ့ကွယ်လွန် ကွယ်လွန်

ဇူလိုင် ၁၀ ၊ ၂၀၂၅ GG (VOM) နိုင်ငံကျော် စာရေးဆရာ မောင်သာချို ရန်ကုန်မြို့ ၊ ပင်လုံဆေးရုံကြီးမှာ ဒီနေ့ ဇူလိုင် ၁၀ ရက်နေ့ မနက် ၈ နာရီက ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာ စာရေးဆရာမောင်သာချိုဟာ အသက် ၆၇ နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ “စာရေးဆရာမောင်သာချို ယနေ့နံက်(၈)နာရီတွင် ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပါပြီ” လို့ ကာတွန်းဆရာ အော်ပီကျယ်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ စာရေးဆရာ မောင်သာချိုကို ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာမှာ အဖ ဦးဝင်းသိန်း၊ အမိ တို့က ၁၉၅၈ ခု၊ မတ်လ ၁၁ ရက် အင်္ဂါနေ့မှာ မွေးဖွားခဲတာဖြစ်ပြီး အမည်အရင်းမှာ ဦးညွန့်သောင်းဖြစ်ပါတယ်။ ဂျက်ကွမ်းခြံကုန်းဆိုတဲ့ ကလောင်အမည်နဲ့ သရော်စာတွေ ရေးသားခဲ့ပါတယ်။ စာပေလောကကိုတော့ ၁၉၇၃…

Read More

မူဆယ်မှာ မိုးကြီးလို့ ‌အုတ်တံတိုင်းပြိုပြီး အနိမ့်ပိုင်းတွေလည်း ရေဝင်ရောက်

ဇူလိုင် -၁၀- ၂၀၂၅ Shy V (VOM) မူဆယ်မှာ ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းက မိုးကြီးလို့ ‌အုတ်တံတိုင်းပြိုပြီး အနိမ့်ပိုင်း ရေဝင်‌ေရာက်တာတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မူဆယ်မြို့ ဟိုမွန်ရပ်ကွက် နဲ့ တော်ရွက် ရပ်ကွက် အစပ်က နေအိမ် အုတ်တံတိုင်း မိုးတအားရွာတာကြောင့် ပြိုကျ သွားတာ။ လူထိခိုက်တာ‌တော့ မရှိဘူးလို့ ကြားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မြေနိမ့် ရပ်ကွက် တချို့ နေရာတွေမှာတော့ ရေ မိုး ထပ်ထပ်ရွာတော့ ရေအိုင်နေတာတွေ၊ တချို့အိမ်တွေ ရေဝင်တာမမျိုးတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ “ဆင်ဖြူပေါက် သွားတဲ့ လမ်းဘက်တော့ မိုးရွာရင် ရေ ခဏခဏ ဝင်တယ်။ မိုးရွာတုန်း ခဏ ရေဝင်ပြီး မိုးစဲရင်…

Read More

အိန္ဒိယမှာ တံတားကျိုးကျလို့ လူကိုးယောက် သေဆုံး

ဒေလီ၊ ဇူလိုင်-၁၀-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်မှာ မြစ်ကူးတံတားတစင်းကျိုးကျမှုကြောင့် လူကိုးယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို ကိုးကားပြီး အိန္ဒိယအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ တံတားရဲ့ အစိတ်အပိုင်းတခုပြိုကျချိန်မှာ ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်အများအပြား မြစ်ထဲကျခဲ့ပြီး လူငါးယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဂူဂျာရက်ပြည်နယ် ကျန်းမာရေးဝန်ကြီး ပါတယ်လ်က ပြောပါတယ်။ ဒီမတော်တဆမှုဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့ ဂူဂျာရက်ပြည်နယ် ဗာဒိုဒါရာ ခရိုင်မှာ ဖြစ်ပွားခဲ့တာပါ။ ဝန်ကြီးချုပ်မိုဒီကတော့ ဒီဖြစ်စဉ်အတွက် ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီတံတားကို ၁၉၈၅ ခုနှစ်က တည်ဆောက်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယနိုင်ငံ အခြေခံအဆောက်အအုံတွေဟာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီမှုနည်းပါးနေပြီး တခါတရံ အဝေးပြေးလမ်းနဲ့ တံတားတွေမှာ ကြီးမားတဲ့ မတော်တမဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၂၂ ခုနှစ်ကလည်း နှစ် ၁၀၀ နီးပါး သက်တမ်းရှိ…

Read More

ဂုတ်တွင်းလမ်း ယာယီ ပိတ်

ဇူလိုင် ၁၀၊ ၂၀၂၅ Shy V (VOM) မန္တလေး – လားရှိုး လမ်းပိုက်းဖြစ်တဲ့ ဂုတ်တွင်းလမ်းကို ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းကစ ယာယီ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ယာဉ်မောင်း တွေနဲ့ ဒေသခံ တွေဆီက သိရပါတယ်။ “ကျောက်မဲ နဲ့ နောင်ချိုကြား ဂုတ်တွင်းလမ်း ယာယီ ပိတ်ထားပါတယ်။ ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၇ နာရီက အဆင်းကားတွေ ပြန်လှည့်ခဲ့ ရတယ်။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ ဇူလိုင်လ ၈ ရက်နေ့အထိတော့ ယင်းငူပင်ကွင်းလမ်းကနေ သွားလာလို့ ရသေးတယ်လို့ သူက ပြောပါတယ်။ ဒီရက်ပိုက်းအတွင်း မိုး အဆက်မပြတ် ရွာသန်းတာကြောင့် လမါူပျက်၊ ဗွက်ထူ နွံများပြီး ဖြတ်သန်းသွားလာရတာ ခက်ခဲတယ်လို့…

Read More

ကင်ဂျုံအန်နဲ့ အရာရှိလေးယောက်ကို မြောက်ကိုရီးယားက ထွက်ပြေးလာသူတရားစွဲ

ဆိုးလ်၊ ဇူလိုင်-၁၀-၂၀၂၅ မျိုးဆက်(VOM) မြောက်ကိုရီးယားမှာ ထွက်ပြေးလာသူတယောက်ဟာ သူမဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ကျူးလွန်ခံခဲ့တဲ့ အရပ်ဘက် ရာဇဝတ်မှုတွေအတွက် ကင်ဂျုံအန်နဲ့ အခြားအရာရှိလေးယောက်ကို စွဲချက်တင်လိုက်တယ်လို့ တောင်ကိုရီးယား လူ့အခွင့်အရေး ရှေ့နေတွေက ပြောပါတယ်။ ချွိုင်မင်ကြုံဟာ ၁၉၉၇ ခုနှစ်မှာ မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံကို ထွက်ပြေးခဲ့ပေမယ့် ၂၀၀၈ ခုနှစ်မှာ အတင်းအကြပ်နေရပ်ပြန်ပို့ခံခဲ့ရပြီးနောက်မှာတော့ သူမဟာ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေကို ခံခဲ့ရတယ်လို့ တောင်ကိုရီးယားဘက်ကို ထွက်ပြေးခှုံလှုံလာတဲ့ သူမက ပြောပါတယ်။ ဒီအမှုဟာ မြောက်ကိုရီးယားက ထွက်ပြေးလာသူတယောက်က သူ့ရဲ့အစိုးရကို ပထမဆုံးအကြိမ် တရားစွဲမှုဖြစ်တယ်လို့ တောင်ကိုရီးယားအခြေစိုက် လူ့အခွင့်အရေးကူညီရေးအဖွဲ့က ပြောပါတယ်။ ယခင်ကတော့ တောင်ကိုရီးယားသားတွေက မြောက်ကိုရီးယားခေါင်းဆောင်တွေကို အလားတူ တရားစွဲဆိုခဲ့ပြီး အမိန့်ချတာတွေရှိပေမယ့် မြောက်ကိုရီးယားကတော့ လျစ်လျူရှုဆဲဖြစ်ပါတယ်။ လက်ရှိအမှုကိုတော့ ကုလသမဂ္ဂနဲ့ အိုင်စီစီထိ တင်မယ်လို့ ဆိုပါတယ်။ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာအတွက် အပြစ်မဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေ ထပ်မခံရစေဖို့…

Read More
VOM News

FREE
VIEW