ဆူးငှက် အထက်ဗမာ(မြန်မာ)နိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ် နတ်တော်လဆန်း(၁)ရက်၊ စာဆိုတော်နေ့ အထိမ်းအမှတ်စာတမ်း ဖတ်ပွဲများကို မန္တလေးအနောက်ကျုံးလမ်း (လမ်း၈၀) ဓမ္မဗိမာန်မှာ နှစ်စဉ်မပျက် ကျင်းပခဲ့သည်။ အဆိုပါ စာတမ်းများကို စုစည်း၍ စာအုပ် အဖြစ် ပုံနှိပ်ထုတ်ဝေသည်။ ကျွန်တော်သည် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်မှတစ်ဆင့် လူထုဒေါ်အမာ၏ မြန်မာ့အနုပညာဆိုင်ရာ စာတမ်းများကို ရှာဖွေ ဖတ်ရှု ဖြစ်လာသည်။ စာဖတ်နာသော ဦးလေးများ၏ လမ်းညွှန်မှုဖြင့် “ဗမာသံတွေ ပျောက်ကုန် ပြီ” စာတမ်းကို ဖတ်ရှုဖြစ်ပြီးနောက် မြန်မာမှုသုခမဆိုင်ရာ အသိတွေ၊ စဉ်းစားတွေးခေါ်စရာတွေ ရှိလာသောအခါ လူထုဒေါ်အမာ၏ ဆောင်းပါးများ၊ စာတမ်းများကို ကိုယ့်ဘာသာ ရှာဖွေဖတ်ရှုဖြစ်လာ၏။ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်နှင့်အတူ “ဗမာသံတွေ ပျောက်ကုန်ပြီ” စာတမ်းကို ဖတ်ရှုပြီးသည်နှင့်မန္တလေးနှင့်ပတ်သက်သော သုခုမဆိုင်ရာကိစ္စတွေ ထဲထဲဝင်ဝင်…
Read MoreAuthor: Editor Htein Lin
ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းရပ်ဆိုင်းမှုကြောင့် ဖားကန့် ကျောက်စိမ်းဈေးကွက်နဲ့ စီးပွားရေးလုပ်ငန်းတချို့အခက်တွေ့လာ
ဒီဇင်ဘာ ၉၊ ၂၀၂၃ MH(VOM) ကချင်ပြည်နယ် ဖားကန့်မြို့က ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းတွေ လုပ်ငန်းရပ်ဆိုင်းလိုက်တာကြောင့် စီးပွားရေးလုပ်ငန်းတချို့ ကုန်ဝယ်ဖို့အခက်တွေ့နေကြရတယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ် ။ ပုဂ္ဂလိက လုပ်ငန်းတွေဖြစ်တဲ့ ရွှေကြောင်ရောင်းဝယ်ရေး ၊ အေဝမ်း လျပ်စစ်ပစ္စည်းရောင်းဝယ်ရေး ၊ သန့်ဇင် ၊ ဂျာနူး ၊ ကြည်ရတနာမြေ ရွှေဆိုင် အပါအဝင် ဖားကန့် ဆိပ်မူ လုံးခင်းမှာရှိတဲ့ ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းတွေက ငွှေလွှဲလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာကြောင့်ကျောက်စိမ်းအရောင်းအဝယ်တွေမှာ သက်ရောက်လာပြီး တခြားအရောင်းအဝယ် ရပ်တန့်သွားနိုင်တဲ့အခြေအနေကိုရောက်နေတယ်လို့လုံးခင်းညဝိုင်းက ကျောက်ကုန်သည်တဦးက ပြောပါတယ် ။ ” ငွေလွှဲမရတော့ ကုန်သည်တွေက ကျောက်ကြိုက်လည်း မဝယ်ကြတော့ဘူး ၊ တခုတော့ရှိတယ် မန္တလေး ဒါမှမဟုတ် အောက်ပိုင်းမှာငွေယူမလား ၊ဒါဆိုရင်တော့ အရောင်းအဝယ်ဖြစ်တယ် ။ ဒီအပေါ်မှာဘဲ ငွေပေးရမယ်ဆိုရင်တော့ အရောင်းအဝယ်ကမရှိသလောက်ပဲ…
Read Moreနေရှင်နယ်ကျောင်းသား အကောင်းစား
ဆူးငှက် ၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေနဲ့ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစံနစ်ကို မကြိုက်လို့ ဆန့်ကျင်ကြ သပိတ်မှောက်ကြတာနဲ့အတူ အမျိုးသားပညာရေး လှုပ်ရှားမှုကလည်း ပိုမို ထက်မြက် အားကောင်းလာပါတယ်။ အဲဒီလှုပ်ရှားမှုကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသားကျောင်းတွေ အမျိုးသားကောလိပ်တွေ ယူနီဗာစီတီတွေ ဖွင့်လှစ်ကြဖို့ပါပဲ။ ရာသက်ပန်သပိတ်မှောက်ပြီး အစိုးရကျောင်းတွေမှာ ကျောင်းပြန် မတက်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကျောင်းသားကြီးတွေက အမျိုးသားကျောင်းတွေမှာ ဆရာအဖြစ် တာဝန်ယူခဲ့ကြတယ်။ ဒါကြောင့် မူလကရှိပြီး ဗုဒ္ဓဘာသာ ကျောင်းများနှင့် တိုင်းရင်းသားဘာသာသင် ကျောင်းတွေကို စုစည်းပြီး အမျိုးသားကျောင်းများအဖြစ် တစ်နိုင်ငံလုံး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးက မြို့ကြီးတွေမှာအမျိုးသားကျောင်းတွေ ဖွင့်လှစ်ခဲ့တော့ နောင်တစ်ချိန် ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတိုင်းပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သူ အများစုဟာ အမျိုးသားကျောင်းထွက်တွေ ဖြစ်ကြပါတယ်။ ဥပမာအားဖြင့် အမျိုးသားခေါင်းဆောင်ကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ရေနံချောင်းမြို့…
Read Moreအမျိုးသားကျောင်းများနှင့် ပညာရေး အပြောင်းအလဲ
ဆူးငှက် သူ့ကျွန်လက်အောက် ရောက်ရှိနေချိန်မှာ မြန်မာပြည်သူလူထုဟာ အဆင့်မြင့်ပညာရေးကို လိုလားကြလို့ကောလိပ်ကျောင်းတွေ၊ တက္ကသိုလ်ကျောင်းတွေ ဖွင့်လှစ်ပေးဖို့ တောင်းဆိုကြတယ်။ အင်္ဂလိပ်ကလည်း သူ့အုပ်ချုပ်ရေး ယန္တယားမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ရန်ကုန်မှာကောလိပ်ကျောင်း ဖွင့်ဖို့ စီစဉ်တယ်။ ဒါပေမယ့် အင်္ဂလိပ်အစိုးရ ဖွင့်ပေးတဲ့ကောလိပ်ကျောင်းဆိုတာ အိန္ဒိယ ကာလက္ကတား တက္ကသိုလ်ရဲ့ လက်အောက် က ကျောင်းခွဲလေး တစ်ခုပဲဖြစ်တယ်။ မြန်မာပြည် ကောလိပ်ကျောင်းသားတွေက အိန္ဒိယ ကာလက္ကတား တက္ကသိုလ် ရဲ့ လက်အောက်က ကျောင်းခွဲလေး ဖြစ်နေတာကို မကြိုက်ဘူး။ ကာလကတ္တား တက္ကသိုလ် က စစ်တဲ့ စာမေးပွဲကို ဖြေနေရတာလည်း မကြိုက်ဘူး။ ဒါကြောင့် ကိုယ်ပိုင်တက္ကသိုလ်ပေးဖို့ အင်္ဂလိပ်အစိုးရကို တောင်းဆိုကြတယ်။ အင်္ဂလိပ် အစိုးရက မြန်မာလူမျိုးတွေနဲ့ သင့်တော်မယ်လို့ ယူဆတဲ့တက္ကသိုလ်ဥပဒေမူကြမ်းကို ၁၉၂၀ မှာ ရေးဆွဲပေးခဲ့တယ်။ အဲဒီ့…
Read Moreဂေါဝိန်ဆိပ် နေဝင်ချိန်
ဆူးငှက် ဂေါဝိန်တဲ့..၊ လူမှန်း သိတတ်ကတည်းက ကြားဖူးနေသည့် စကားလုံးဖြစ်သည်။ မန္တလေးမှာမွေး မန္တလေးကြီးမို့ သည်စကားလုံးနှင့် မစိမ်းတာပေါ့ဟု သုံးသပ်ငြား မဟုတ်သေးဟု ငြင်းရဦးမည်။ ဂေါဝိန်တဲ့..၊ မြန်မာ့ သမိုင်းမှာက ဂေါဝိန်က ထင်ရှားသည့် ဇာတ်ကောင် ဖြစ်ခဲ့သည်။ ဇာတ်လိုက် မဟုတ်သော်လည်း ဗီလိန်ဟုတော့ စွပ်စွဲလို့ မရစကောင်းပေ။ သို့သော် ဂေါဝိန်ကပျော်ရွှင်ဖွယ် ဇာတ်ကွက်တော့ မဟုတ်။ သမိုင်းဇာတ်လမ်း၏ အစိတ်အပိုင်း ဇာတ်ကွက် တစ်ကွက် ဆိုငြားဇာတ်၏ အလှည့်အပြောင်းမှာ အရေးပါသော ဇာတ်ဝင်ခန်းဖြစ်ချေသည်။ အိပ်ငိုက်နေလို့ သည်ဇာတ်ဝင်ခန်းကို မသိလိုက်ဟု ဆိုသော် ဇာတ်ရည်လည်မှာ မဟုတ်။ ထို့ကြောင့် သမိုင်ကိုရေလည်ဖို့ မန္တလေးရောက်ခိုက် ဂေါဝိန်ကို သွားကြည့်စို့ဟုပြောဆို ညွှန်းရမည့် နေရာဖြစ်သည်။ ဂေါဝိန်တဲ့..။ ရတနာပုံ မန္တလေးနေပြည်တော် တနည်ထောင်စဉ် အပြင်မြေမြို့ရိုး၏ အနောက်ဘက်တံခါး၊…
Read Moreမန္တလေးချစ်သော သမိုင်းပါမောက္ခ
ဆူးငှက် ကျွန်တော်က မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကို ၁၉၇၅-၇၆ စာသင်နှစ်မှ ရောက်သည်။ တမာလမ်း၊ ရေနီမြောင်းနှင့်အဓိပတိဆောင်၏ တိုင်လုံးကြီးများနှင့် ခံ့ထည်သည့် မန္တလေးတက္ကသိုလ်ကို ရှေးရှေးက မျိုးဆက်များ၏ အသီးသီးသောဂုဏ်ရည်ဖြင့် လေးစားမြတ်နိုးစိတ် အပြည့်အလျှံ ရှိခဲ့ပါ၏။ မန္တလေးတက္ကသိုလ်မှာ (ထိုစဉ်က) ပါမောက္ခ ဦးနက်ရှိသည်။ဒေါက်တာဘကြည်ရှိသည်။ ဦးသိန်းမောင်ရှိသည်။ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ရှိသည်။ ဦးဆန်းထွန်း (မန်းတက္ကသိုလ်) ရှိသည်။ ရုက္ခဗေဒ ဒေါက်တာသန်းထွန်းရှိသည်။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရှိသည်။ တကယ်တော့ မန္တလေးတက္ကသိုလ်နှင့် ပတ်သက်၍ ရှေးရှေ့က အတွေ့အကြုံများမှာ မန်းတက္ကသိုလ် ကလောင်ရှင်များ အသင်းကထုတ်ဝေသော ကဗျာစာအုပ်များထဲက ဖတ်မှတ် လွမ်းဆွတ်၊ အားတက်ခဲ့ရသော စာတွေ့များပဲ ဖြစ်ပါ၏။ တက္ကသိုလ် မတက်ခင်က စာအုပ်တွေ ဖတ်ပြီး တက္ကသိုလ်ရောက်ရင် ပညာတွေ ဆည်းပူးလိုက်မယ်။ ပညာရှိ…
Read Moreကျောက်မဲမြို့မှာ ပုပ်စော်နံလို့ ရှာဖွေရာက အလောင်း ၇၀ ကျော် စုပုံစွန့်ပစ်ထားတာကို တွေ့ရ
နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၃ SP(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ ၊ နတ်ရေကန် ဝိမုတ္တိဘုန်းကြီးကျောင်းနဲ့ တရုတ်သုဿန်ကြား လျှိုမြောင်ထဲမှာ မနေ့နိုဝင်ဘာ ၂၉ ရက်က လူသေအလောင်း ၇၀ ကျော်ကို စွန့်ပစ်ထားတာကို တွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကျောက်မဲမြို့ပေါ်မှာ တိုက်ပွဲရှောင်တချို့ မနေ့က နေရပ်ပြန်လာတယ် ၊ အိမ်မှာ နေလို့မရအောင် ပုပ်စော်တွေနံနေလို့ ပရဟိတသမားတွေကို အကူညီတောင်းပြီး လိုက်လံရှာဖွေတဲ့အခါ နတ်ရေကန် ဝိမုတ္တိဘုန်းကြီးကျောင်းနဲ့ သင်္ချိုင်းကြားဘက်က လျှိုထဲမှာမသဂြိုလ်ပဲ အလောင်းတွေ ဒီအတိုင်းသား စွန့်ပစ်ထားတာကိုတွေ့ရတယ် ၊ အလောင်းက ၇၀ ကျော်လောက်ရှိတယ် ၊ အဲ့ဒီကအပုပ်နံ့တွေက ရပ်ကွက်ဘက်လွင့်လာတော့ လူတွေ မနေနိုင်အောင် နံတာဖြစ်တယ် ၊…
Read Moreမန္တလေးမှာ နေရာသုံးခု ပေါက်ကွဲမှုဖြစ်ပြီးနောက် ကျောက်ဆည်မြို့မှာ ဗုံးထောင်တယ်ဆိုတဲ့ လူငယ် ခြောက်ဦး အသေပစ်ဖမ်းခံရ
နိုဝင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP ( VOM) မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့ပေါ်မှာ မနေ့ နိုဝင်ဘာ ၂၈ ရက် ၊ မနက်ပိုင်းက လူငယ် ခြောက်ယောက်ကိုနစက လုံခြုံရေး တပ်ဖွဲ့တွေက အသေပစ်ဖမ်းတာ ခံလိုက်ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ပစ်ခတ် ဖမ်းဆီးတာကြောင့် လူငယ် ခြောက်ယောက် သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ သိန်းစိုးဦး၂၆ နှစ် ၊ ဖြိုးကို၂၄ နှစ်၊သိန်းမောင်မောင်၂၀ နှစ်၊ ဝင်းကိုထွေး၊ မျိုးမျိုး၊ ဝေယံအောင် အဲ့ဒီ ခြောက်ယောက်ဖြစ်တယ် ” လို့ ဒေသခံ…
Read Moreပခုက္ကူ – ရေစကြိုကားလမ်မှာရှိတဲ့ မြန်မာ – ဂျပန် လက်အိတ်ကုမ္မဏီ စက်ရုံ မန်နေဂျာကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကဖမ်းဆီး
နိုဝင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ေရစကြိုမြို့နယ် ၊ ဆန်းသစ်ကျေးရွာ ခေါ် ၁၂ မိုင်ရွာနားမှာရှိတဲ့ မြန်မာ – ဂျပန် KURODA လက်အိတ်စက်ရုံထဲကို မနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက အမည်မသိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဝင်လာပြီးမန်နေဂျာကိုဖမ်းကာ ကားတစီးကို ယူသွားတယ်လို့ ပခုက္ကူ စက်မှုဇုံ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က မနက် ၉ နာရီခွဲလောက်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တခုက လက်အိတ်စက်ရုံထဲဝင်ရောက်ပြီး စက်ရုံမန်နေဂျာ ကိုမိုးဝင်း ဆိုသူနဲ့ ကားတစီးကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ပခုက္ကူနယ်မှာက စီးပွားရေး လုပ်ငန်းရှင်တွေ ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ကုမ္မဏီ လုပ်ငန်းတွေ…
Read Moreလူထုဒေါ်အမာ ဟူသည် ပွဲကြိုက်ခင် တစ်ဦးလား
ဆူးငှက် ပြည်သူချစ်သော အနုပညာသည်များ၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး ၊ ရွှေမန်းတင်မောင်၊ မြန်မာ့ မဟာဂီတ၊ အငြိမ့် စသောစာအုပ်များကို ပြုစုရေးသားခဲ့သည့် ဒေါ်ဒေါ်လူထုဒေါ်အမာ ဟူသည် ပွဲကြိုက်ခင်တစ်ဦးဟု သုံးသပ်လျှင် မှန်သည် ဆိုငြားတကယ်တော့ ခေတ်မီ၍ အအုပ်အစီးကောင်းသည့် ကြေးရေတက်မိသားစု က မွေးဖွားကြီးပြင်းခဲ့သော မန္တလေးသူတစ်ဦးမို့ ပွဲတိုင်းကျော်တော့ မဖြစ်ခဲ့။ ဒေါ်ဒေါ့် ပြောစကားများအရ သော်လည်းကောင်း၊ ရေးသားခဲ့သော စာများအရ လည်းကောင်းအငြိမ့်ပွဲလောက်သာပင် တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ယပ်ဝင်းဘုရားပွဲမှသာ ကြည့်ရသည် ဆို၏။ ဒါတောင် ပွဲခင်းက မငြိမ်မသက်ဖြစ်လျှင် ချက်ချင်းပြန်ကြရသည်။ ရုံဇာတ်ပွဲများဆိုလျှင် မိဘ အုပ်ထိန်းသူများပါမှ တစ်ခါတစ်ရံ ကြည့်ရသည်။ အိမ်မှာ ဆေးရိုးပွဲရုံနှင့် ဆေးလိပ်ခုံရှိသောကြောင့် အလုပ်သမတွေ ဆေးလိပ်သမတွေက ပွဲကြိုက်ခင် ပွဲတိုင်းကျော်များဖြစ်သောကြောင့် ဆေးရိုးလှန်းရင်း၊…
Read More