ကျွန်မတို့ငယ်ငယ်က နှင့် လွမ်းဖွယ့် မွေးနေ့ပွဲများ

  ဆူးငှက်       ၁၉၉၄ခုနှစ် လူထုကြီးပွားရေး စာအုပ်တိုက်ကို ရောက်တော့ ကျွန်တော် ပထမဆုံး ပရု(ပ်)ဖတ်ရသည့် စာအုပ်ကဒေါ်ဒေါ်၏ ကျွန်မတို့ ငယ်ငယ်က စာအုပ်ဖြစ်သည်။ သည်စာအုပ်က စန္ဒာမဂ္ဂဇင်း၊ သဘင်မဂ္ဂဇင်းနှင့် လုံမလေး မဂ္ဂဇင်းတို့တွင်ဒေါ်ဒေါ်ရေးခဲ့သော ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်၏။     “ကျွန်မတို့ ငယ်ငယ် က” စာအုပ်မှာ ဒေါ်ဒေါ်ရေးနေကျ စာပေအနုပညာ ယဉ်ကျေးမှု မဟုတ်ဘဲ ဒေါ်ဒေါ့် ငယ်ဘ၀ အစိပ်အပိုင်းဖြစ်လေတော့ စိတ်ဝင်စားစရာ ကောင်းလှသည်။ ငယ်ဘဝကို ရေးသားရင်း ကိုလိုနီခေတ် မန္တလေး၏ ပုံရိပ်တွေကို အထင်းသားမြင်လာရသည်။ အထူးသဖြင့် ဒေါ်ဒေါ်က သူ့မိခင်၏ မိဘများဇာတိ လက်တောင်းကြီးက အမျိုးတွေအကြောင်း ရေးရာတွင်သရုပ်ပီလွန်းလှသည်။ ဒေါ်ဒေါ့်အဘွား ဒေါ်ရုပ်ဆိုးနှင့် လက်တောင်းကြီးက အဘွား ညီအစ်မဝမ်းကွဲ ဒွေးခုံ၊ ဒွေးဆုံနှင့် ဒွေးလုံတို့အကြောင်း။ ဒေါ်ဒေါ်ပြောပြသော…

Read More

ရှင်မာလဲပွဲတော်

    ဆူးငှက်     မန္တလေးသည် သက်တမ်း ၁၅ဝ အတွင်း ”စစ်ကိုလည်း ကြုံ၊ ခြအုံလည်းဖြစ် ဓားထစ်လည်းခံ” ဟူသော ပျဉ်းမငုတ်တိုကဗျာပါစာသားကဲ့သို့ ရောဂါကပ်ဘေး ကြီးများကျရောက်ခြင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်ခြင်း၊ နယ်ချဲ့စစ်၊ပြည်တွင်းစစ်ကဲ့သို့ စစ်မီးစစ်လျှံအောက် ကျရောက်ခြင်းစသည့် ဘေးအန္တရာယ် များကျရောက်တိုင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ စစ်ကိုင်းမင်းဝံတောင်ရိုးသို့ ပြေးဝင်ခိုလှုံခဲ့ကြရသည် ချည်းဖြစ်သည်။ စစ်ကိုင်း မင်းဝံတောင်ရိုးက ”တောင်ခြေစိမ်းစမ်းချောင်တွေ သိန်းသန်း” ဟုဆိုရမလိုတောတောင်သဘာဝရေမြေနှင့် သာသနိက အဆောက်အဦတွေ ပေါများသည်။ ထိုနေရာများမှာ မန္တလေးမြို့သူမြို့သားသောင်းချီသိန်းချီ၍ လွတ်လပ်ချောင်ချိ အေးချမ်းစွာခိုကိုးနိုင်သည်။ ခိုလည်းခိုကိုးခဲ့ကြသည်။ အကြိမ် မရေတွက်နိုင်တော့ ။ စစ်ကိုင်းမင်းဝံတောင်ရိုး၏ ကျေးဇူးက မန္တလေးမြို့ပေါ်မှာတိုးလို့၊ တိုးလို့ နေတော့သည်။   ထိုထုထည်ကြီးမားသော ကျေးဇူးကိုကထိန် ရာသီတွင် မန္တလေးက စစ်ကိုင်းမင်းဝံတောင်ရိုးနေရဟန်းတော်များကိုကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းဖြင့် ကျေးဇူးဆပ်ခဲ့ကြသည့် အစဉ်အလာရှိသည်။   ရတနာပုံမ်မန္တလေး ခေတ်ကတည်းက…

Read More

ဟုမ္မလင်း ရွှေပြည်အေး မြို့သစ်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထား

  နိုဝင်ဘာ ၊၂၃ ၊ ၂၀၂၃ SP ( VOM)   စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ဟုမ္မလင်းခရိုင် ၊ ရွှေပြည်အေး မြို့သစ်ကို ဒီကနေ့ ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ရွှေပြည်အေးမြို့သစ်မှာ အရင်ကတော့ တပ်ရော ၊ ရဲစခန်းပါရှိတယ် ၊ အဲ့ဒီ စခန်းတွေက ပြန်ရုတ်ထားတာကြာပြီ ၊ ရှမ်းနီဒေသကာကွယ်ရေးတပ် (SNA)နဲ့ ပြည်သူ့စစ်တွေရှိတယ် ၊ သူတို့လည်း လှုပ်ရှားသဘောဆိုတော့ အထိုင်ချမထားဘူး ၊ အဲ့ဒီ အချိန် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်လိုက်တာဖြစ်တယ် ” လို့ ဟုမ္မလင်းမြို့ခံ တယောက်က ပြောပါတယ်။   ဒါ့အပြင် ရွှေပြည်အေးမြို့သစ်ဆိပ်ကမ်းမှာ ရပ်နားဆိုက်ကပ်ထားတဲ့ ရေယာဥ်လုပ်ငန်းရှင်…

Read More

ငါန်းဇွန်မြို့နယ်မှာ လူ ခုနှစ်ယောက် ပစ်သတ်ခံရ

  နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၃ SP (VOM)   မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ သံကုန်းကျေးရွာမှာရှိတဲ့ ကုန်စုံဆိုင်တခုမှာ မနေ့ နိုဝင်ဘာ ၂၂ ရက် ၊ ည ၉ နာရီဝန်းကျင်က အရက်ဝိုင်းဖွဲ့သူတွေရော ဆိုင်ပိုင်ရှင်ဖြစ်သူတွေပါ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ပစ်သတ်ခံရတဲ့သူတွေက အမျိုးသား ခြောက်ယောက်နဲ့ အမျိုးသမီးတယောက်ဖြစ်တယ် ၊ သေဆုံးသူတွေက ကိုဗျိုင်းကြီး၊၂၉နှစ် ၊ ကိုပိုင်၃၈ နှစ် ၊ ကိုဝေအောင်၊ ၂၃ နှစ်၊ ကိုနန်းဝင်း ၃၇ နှစ်၊ ​ကိုဖိုးချစ် ၁၈ နှစ်၊ ဦးချစ်ဟန် ၇၀ နှစ် နဲ့ ဒေါ်ဝင်း ၆၉ နှစ် ဖြစ်တယ်”…

Read More

ရခိုင်တိုက်ပွဲကာလ (၁၀) ရက်တာအတွင်း အေအေက စခန်းပေါင်း (၄၀) ကျော်ကို သိမ်းပိုက်ထားနိုင်ဟုဆို

နိုဝင်ဘာ ၂၃ – ၂၀၂၃ SN (VOM)   တိုက်ပွဲကာလ (၁၀) ရက်တာအတွင်း ရက္ခိုင့်တပ်မတော် (AA) က နစကစခန်း (၄) ခုကို ထိုးစစ်ဆင် သိမ်းပိုက်ထားနိုင်ခဲ့ပြီးစွန့်လွှတ်သွားတဲ့ စခန်းပေါင်း (၄၀) ကျော်ကိုလည်း သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။   ရက္ခိုင်ဒေသစစ်မျက်နှာမှာ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့ပြီး နိုဝင်ဘာ (၂၂) ရက်နေ့မှာတော့ ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။     စစ်ဆင်ရေးစတင်တဲ့ ပထမနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက် နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယနေ့ဖြစ်တဲ့…

Read More

ချင်း ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်လို့ ကုန်သွယ်ရေးလမ်းအများစု ပိတ်ထားခံရလို့ ကုန်စည်ပြတ်လပ်

    နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၄ SP(VOM)   ဒီရက်ပိုင်းအတွင်း ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစကတပ်တွေမကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ကုန်စည်နဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေး လမ်းပိုင်းတွေ အများစု ပိတ်ခံထားရတယ်လို့ ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။     ဒီအကြောင်းနဲ့ ပတ်သက်လို့ အထက်မြန်မာပြည် ကားလုပ်ငန်းရှင် တယောက်က ” ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်စပြီး ဒီကနေ့အထိမကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ ချင်းပြည်နယ် ဟားခါးမြို့ကြားမှာရှိတဲ့ တောင်ပေါ် လမ်းပိုင်းကို ပိတ်ထားတယ် ၊ အဲ့ဒီလမ်းပိုင်းမှာ အတက်ကားနဲ့ အဆင်းကားတွေ ရာချီပြီး ပိတ်မိနေတယ် ၊ နောက်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေး ဟိုင်မွာလ်…

Read More

မီဇိုရမ်ပြည်နယ်မှာ မြန်မာ CDM စစ်သားဟောင်း တယောက် လူသတ်ရန်ကြံစည်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချခံရ

    နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၃ SP ( VOM)   မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာ CDM စစ်သားဟောင်း တယောက်ဟာ လူသတ်ရန်ကြံစည်လို့ဆိုပြီး အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင်းခရိုင် တရားသူကြီး က ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ရူပီးငွေ ၃၀၀၀ ချမှတ်ခဲ့တယ်လို့ နိုဝင်ဘာ ၂၀ရက်က အိန္ဒိယသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။   ” တရားရုံး အမိန့်ချခံရတဲ့ မြန်မာစစ်သားဟောင်း (CDM)က ကျန်ဖိုင်းမြို့နယ် ၊ ဇိုးသဲ တိုက်ပွဲရှောင်စခန်းမှာ မိသားစုနဲ့ အတူနေထိုင်တယ်၊ သူက လွန်ခဲ့တဲ့ နှစ် နှစ်ကျော်က ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်မှာ ရှိတဲ့ ခလရ ၁၄၀ တပ်မှာ တပ်သား…

Read More

မိုးညှင်းမြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း ပစ်သတ်ခံရတာနဲ့ ပျောက်ဆုံးနေသူတွေများလာ

နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၃ SP( VOM)     ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးညှင်းမြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း သွားရင်းလာရင်း ပစ်သတ်ခံရသူတွေနဲ့ ဖမ်းဆီးခြင်းခံရလို့ ပျောက်ဆုံးနေသူတွေ များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။     ” ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ နှစ်လောင်းပြိုင် ပစ်သတ်ခံရတာဖြစ်တယ် ၊ အခင်းဖြစ်ပွားတဲ့ နေရာကတော့ မိုးညှင်းမြို့၊ အောင်သပြေ(၁)ရပ်ကွက် ရွှေသာလျောင်းဘုရားအနီး အရှေ့ဘက် တောင်ပေါ်မှာ ဖြစ်တယ် ၊ ပစ်သတ်ခံရသူတွေက အုတ်ကျင်းရပ်ကွက်နေ မိုးမင်းဇော်(ခ)စစ်ကိုင်း (၃၅)နှစ်နဲ့ အမည်မသိ ( စုံစမ်းဆဲ) အမျိုးသား တဦး၊ ပစ်သတ်ခံရတာဖြစ်တယ် ၊ ဘယ်သူတွေက ပစ်သတ်တာလဲဆိုတာနဲ့ ဘာကြောင့် ပစ်သတ်ခံရတာလဲဆိုတာ အခုထိ…

Read More

ဘုရားဈေးတိုက်ပွဲ ၈၅ နှစ်ပြည့်ပြီ

  ဆူးငှက်     အချိန်က လွတ်လပ်ရေး အရှိန်အဟုန် ပြင်းထန်နေတဲ့ ၁၉၃၈-၃၉ ခုနှစ်ကာလ။   ၁၉၃၈ ခုနှစ်ဆန်းကတည်းက မန္တလေးမှာ ဗဟိုအမျိုးသား အထက်တန်းကျောင်း (ယခု အထက-၂) က စပြီး နယ်ချဲ့ကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေစတင်နေပြီ။ ဒီလှုပ်ရှားမှုတွေကို မန္တလေးမှာ အလွန်သြဇာရှိတဲ့ ရဟန်းပျိုအဖွဲ့ကလည်း ထောက်ခံနေပြီ။ နယ်ချဲ့ကလည်း ဖမ်းသူဖမ်း၊ ထောင်ချသူချနဲ့ ဖိနှိပ်နေပြီပေါ့။ ဒီကြားထဲ လူမျိုးရေးအဓိကရုဏ်းကိုလည်း ဖန်တီးလိုက်သေးတယ်။ ဒါပေမယ့် နယ်ချဲ့ဆန့်ကျင်ရေး အရှိန် အဟုန်က မပျက်ပြယ်ခဲ့ပါဘူး။ ကျောင်းသားလှုပ်ရှားမှုက စခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေးဟာရဟန်းပျိုအဖွဲ့ရော၊ မြို့လူထုသာ မက ဈေးချိုသူဈေးချိုသားတွေလည်း ပါဝင်လာကြတယ်။ ကျောင်းသားတွေနဲ့ မြို့လူထုကစီတန်းဆန္ဒပြမယ်။ ဈေးချို တော်ကြီးလည်း ဆန္ဒပြလူထုကြီးကိုကြိုဆိုကြမယ်။ ဂုဏ်ပြုကြမယ်။ ခေါင်းဆောင်တွေကိုပန်းကုံးစွပ်ကြမယ်နဲ့ အုတ် အော်သောင်းနင်းဖြစ်နေတော့ နယ်ချဲ့ဟာ ဈေးချိုတော်မှာ ပုဒ်မ-၂၃(၇)ကို ထုတ်ပြန်လိုက်ပါတယ်။  …

Read More

နစက ဆီမှာ အလင်းဝင်လာတဲ့ လူနှစ်ယောက်က ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် အပါအဝင် လူ သုံးယောက်ကို သတ်ဖြတ်ပြီး တောထဲကိုပြန်ဝင်သွား

    နိုဝင်ဘာ ၊ ၂၂ ၊ ၂၀၂၃ SP ( VOM)   စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက ပြည်သူ့စစ်တပ်ဖွဲ့ဝင် သုံးယောက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ သတင်းရရှိပါတယ်။   ” အသတ်ခံရတဲ့ ပြည်သူ့စစ်သုံးယောက်က တမူး ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ် ၊ နောက်ပြီး လက်ရှိပြည်သူ့စစ် အဖွဲ့ခေါင်းဆောင်လည်းဖြစ်သူ ဦးမြင့်အောင် နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကျော်ဖြိုးဝေ နဲ့ ကိုမိုးဇော်ထွန်း ဆိုသူအသတ်ခံလိုက်ရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။   ပြည်သူ့စစ် ၃ ယောက်ကိုသတ်ပြီး တောထဲကိုပြန်ဝင်သွားတယ်ဆိုတဲ့ ၂ယောက်ဟာ အရင်က ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကနေအလင်းဝင်လာပြီး ပြည်သူ့စစ်အဖွဲ့မှာ လအတန်ကြာ တာဝန်ပေးခံရသူတွေဖြစ်တယ်လို့ သိရပါတယ်။…

Read More
VOM News

FREE
VIEW