နေပြည်တော် ဇွန် ၁၉ – ၂၀၂၆ KKL(VOM) ဒေသခံတွေရဲ့ ကျန်းမာရေးအတွက်အရေးပါတဲ့ ပူတာအိုဆေးရုံကို ပို့ဆောင်မယ့် ဓာတ်မှန်စက်ကို ဇွန်လ ၁၈ ရက်နေ့က ကချင် ပြည်နယ်လွတ်မြောက်ရေးတပ်မတော် KIA က ကြားဖြတ် လုယူခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သက်လို့ ဒေသခံတွေအပါ အဝင် တိုင်းရင်းသား စာပေနဲ့ယဥ်ကျးမှု ကော်မတီတွေက သဘောထား ထုတ်ပြန်ဖို့ လိုအပ်တဲ့အကြောင်း ပူတာအိုမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရားနီ က ပြောပါတယ်။ ပူတာအိုကို ပို့ဆောင်မယ့် ဓာတ်မှန်စက်အပါအဝင် ဆေးဝါးပစ္စည်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA က လုယူခဲ့တဲ့အပေါ် ပူတာအို က ကိုယ်စားလှယ် ဦးရားနီ အပါ အဝင် ဟုမ္မလင်းမြို့နယ် ကိုယ်စားလှယ် ဦးနိုင်နိုင်ကျော်နဲ့ တောင်တွင်းကြီး မြို့နယ် ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေ စတဲ့ ကိုယ်စားလှယ်သုံးယောက်ကို VOM…
Read MoreAuthor: Editor Htein Lin
ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွား
ဇွန် ၁၉ – ၂၀၂၆ SN (VOM) ကယားပြည်နယ်အတွင်းက ဖယ်ခုံနဲ့ မိုးဗြဲမြို့တွေမှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး လူထိခိုက်သေဆုံး ဒဏ်ရာရမှု၊ နေအိမ် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်း – ကယား နယ်စပ် ၊ ဖယ်ခုံမြို့နယ်၊ အလယ်ပဒေါင်ကျေးရွာအုပ်စု၊ ပြင်ဆောင်ကျေးရွာမှာ မနေ့ ည ၁၁ နာရီခွဲဝန်းကျင်ကစပြီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ နှစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ခုနစ်လုံးထက်မနည်း ထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “လေယာဉ်မလာခင် ဒရုန်းတွေ အရင်ရောက်လာတာ။ ဒရုန်းတွေလာပြီး ၁၅ မိနစ်လောက်လည်းကြာရော၊ လေယာဉ် သုံးစီး ရောက်လာတယ်။ လေကြောင်းတိုက်ခိုက်တာ နာရီဝက်လောက်ကြာတယ်။ နှစ်ယောက်ထိတယ်။ ခြေထောက်နဲ့ လက်မောင်းကို ထိကြတာ။ ဒဏ်ရာက နှစ်ယောက်လုံး မစိုးရိမ်ရအဆင့်တွေပါ” လို့ ဒေသခံတယောက်က…
Read Moreနှင်းဆီလှုပ်ရှားမှု ပြုလုပ်နေစဥ်အတွင်း ဖမ်းဆီး၊ စစ်ဆေးခံရသူတချို့ ရှိနေ
ဇွန် ၁၉ – ၂၀၂၆ SS (VOM) ဒီကနေ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်တွင်းနဲ့ ပြည်ပမှာ နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်နေကြပြီး ဖမ်းဆီး၊ စစ်ဆေးခံရသူတချို့လည်း ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗိုလ်တေဇလမ်းထိပ်ရှိ သစ်သီးဆိုင်တဆိုင်မှာ နှင်းဆီပန်းတွေကို ဘုရားစင်မှာ ကပ်လှူ ပူဇော်ထားတဲ့ ဆိုင်ပိုင်ရှင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားသလို စစ်ကိုင်းမြို့ အဝင်ဂိတ်မှာလည်း နှင်းဆီပန်း သယ်ဆောင်လာသူတယောက် ဒဏ်ငွေ ပေးဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ကန်သာဦးရပ်ထဲမှာလည်း ကွမ်းယာဆိုင် နှစ်ဆိုင်မှာ နှင်းဆီပန်း ဘုရားအိုးထိုးထားလို့ဆိုပြီး ဖမ်းသွားတယ်။ ပန်းသည်တယောက်လည်း အဖမ်းခံရတယ်။ ဖမ်းဆီးခံရသူတွေ အကုန်လုံး အမှတ် (၁) ရဲစခန်းထဲမှာ ရောက်နေတယ်သိရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။…
Read Moreမြဝတီက အိမ်မီးလောင်မှု ကိုးလအရွယ် ကလေးနဲ့ အသက် ၁၃ နှစ်အရွယ်ကလေး မီးလောင် သေဆုံးခဲ့
ဇွန် ၁၉ ၊ ၂၀၂၆ GG (VOM) ကရင်ပြည်နယ် ၊မြဝတီမြို့ ၊အမှတ် (၅)ရပ်ကွက် ၊ ခေါက်မလိလမ်းရှိ နေအိမ်တအိမ်မှာ ဒီကနေ့ ဇွန် ၁၉ ရက်နေ့ ၊ ညနေ ၄ နာရီလောက်မှာ မီးလောင်မှု ဖြစ်ခဲ့တာကြောင့် ကိုးလအရွယ် ကလေးငယ်နဲ့ အသက် ၁၃ နှစ်အရွယ်ကလေးငယ်တို့ မီးလောင်သေဆုံးခဲ့ရပြီး အသက် ၇၅ နှစ်အရွယ် အမျိုးသားတယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။ ” ဖြစ်တာက ခေါက်မလိလမ်းထဲက သုံးထပ်တိုက်ရဲ့ မြေညီအခန်းမှာ ဖြစ်တာ ။ အဲဒီအိမ်က ဓာတ်ဆီထုတ်ရောင်းတဲ့အိမ်လို့လည်း ပြောကြ တယ်။ ကိုးလကလေးက ယောကျ်ားလေးပါ ။ ၁၃ နှစ်ကလေးကတော့ မိန်းကလေးပါ ။ ” လို့ ဒေသခံက ပြောပါတယ် ။…
Read Moreသူတို့အိမ်အခန်း (၁၄၅)
ဆူးငှက် ချစ်ခင်နွေးထွေးသည့် ရပ်ကွက်မှာ ———————————— ကျွန်တော်တို့လည်း ဟေမာဇလ ရပ်ကွက်မှာ နေသားကျပါပြီ။ အဘတို့က ကျေးလက်မှာကြီးပြင်းကြတော့ ကိုယ့်ဆွေ မျိုးသားချင်းရှိသည့် နေလက်စနေရာမှာပဲ နေချင်သည်။ နေဝံ့သည်။ တစိမ်းရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်ဖို့ မစဉ်းစား ခဲ့ကြပေ။ အခုလည်း ဟေမာဇလဟူသော တစ်ခါမှ မစဉ်းစားဖူးသည့် တစိမ်းရပ်ကွက်သို့ နေဖြစ်သွား သည်ကလည်း ကိုယ့်အဝန်းအဝိုင်းရှိသည့် မာလကာခြံ၊ ဥယျာဉ်တန်း၊ ပဲလှော်ချောင်၊ ပဲဝင်းစသည့် ရပ်ကွက် များက နေရာများကို အသည်းအသန်လိုက်ပြီးပြီ။ တစ်နေရာမှ အဆင်မပြေ။ ထို့ကြောင့် စိတ်လျော့ကာ အိမ်မြေရှာခြင်းကိစ္စ လက်လျော့လိုက်စဉ် မထင်မှတ်ဘဲ သိုသိုသိပ်သိပ် အခန့်သင့် ရလာသည့် မြေဖြစ်သည့် အပြင် ဈေးနှုန်းအရလည်း သင့်တော်သည်မို့ လက်လွတ်မခံဘဲ လက်ခံလိုက်ခြင်း ဖြစ်သည်။ တကယ်တမ်း ပြောင်းရွှေ့နေထိုင်လိုက်တော့ တစ်ခါမှ မတွေ့ဖူးသေးသော အိမ်နီးချင်းများသာမက ဆက်စပ်မိသည့် သူတိုင်းက ခင်မင်ကြ၊…
Read Moreရွှေကူမြို့ပေါ်ရပ်ကွက်ထဲ ရှော့တိုက်ဒုံးကျလို့ မိခင်သေပြီး သမီးဖြစ်သူနဲ့ နောက်ထပ်ကျောင်းသူတယောက် ဒဏ်ရာရ
ဇွန် ၁၈ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ရွှေကူမြို့မှာ တိုက်ပွဲပြင်းထန်လာမှုနဲ့အတူ မြို့ပေါ်လူနေရပ်ကွက်ထိပါ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတယောက်သေဆုံးကာ နောက်ထပ်နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ မနေ့က ဇွန် ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ ခုံခမ်းရပ်ကွက်ရှိ မူကြိုကျောင်းအနီး နဲ့ ၁၉ လမ်းမှာ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ၊ သေဆုံးသူက စစ်ရှောင်အမျိုးသမီး ဒေါ်ဖြူဖြူအေးဖြစ်တယ်လို့ သိရပါတယ်။ ” ပွဲချင်းပြီးတယောက်သေတယ်။သေတဲ့သူက ဗန်းမော်ကနေ စစ်ရှောင်လာတဲ့ အမျိုးသမီးပါ ။ ထိခိုက်ဒဏ်ရာ ရတဲ့သူထဲမှာ သေဆုံးသူရဲ့ သမီးလေးလည်းပါတယ်။ သမီးလေးကတော့ လက်မောင်းထိတယ် သိရတယ်။ နောက်တယောက်က ဆယ်တန်းကျောင်းသူလေးလို့သိရတယ်။ မြို့ပေါ်မှာတိုက်ပွဲမရှိဘဲ မြို့ပေါ်ကို ဘာလို့ ပစ်ကြတာလဲ စဥ်းစားမရဘူး ။ မပစ်ကြပါနဲ့ ။ ” လို့ မြို့ ခံက…
Read Moreမော်လမြိုင်နဲ့ ဘားအံမှာ တရားမဝင်နည်းနဲ့ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲတဲ့ လုပ်ငန်းရှင် ၁၃ ယောက် ထပ်မံအရေးယူခံရ
ဇွန် ၁၈ ၊ ၂၀၂၆ GG (VOM ) မွန်ပြည်နယ် မော်လမြိုင်နဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ လျှပ်စစ်ဓာတ်အား တရားမဝင် ခိုးယူသုံးစွဲတဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၃ ယောက် ထပ်မံအရေးယူခံရတယ်လို့ သိရပါတယ် ။ မော်လမြိုင်မြို့ နဲ့ ဘားအံမြို့မှာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုရှိမရှိ စီးပွားရေးလုပ်ငန်းသုံး မီတာ ၅၂ လုံး စစ်ဆေးခဲ့ရာ အဲဒီထဲမှာ မသမာသောနည်းလမ်းနဲ့ လျှပ်စစ် ဓာတ်အားရယူသုံးစွဲထားတဲ့ လုပ်ငန်းရှင် ၁၃ ယောက်ကို စိစစ်ဖော်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။ အခုလို လျှစ်စစ်ဓာတ်အားကို တရားမဝင် ခိုးယူသုံးစွဲခြင်းကြောင့် လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း တဆယ့်နှစ်သိန်းငါးထောင်နှစ်ရာခြောက်ဆယ့်ခြောက်ယူနစ် ဆုံးရှုံးခဲ့ရပြီး ငွေကျပ်အနေနဲ့ဆိုရင် ကျပ်သန်း ခုနှစ်ရာရှစ်ဆယ့်ငါးသန်းကျော် ဆုံးရှုံးနစ်နာခဲ့တယ်လို့ သိရပါတယ် ။ ဒါကြောင့် လျှပ်စစ်မီတာတွေကို ပိတ်သိမ်းလိုက်ပြီး နစ်နာဆုံးရှုံးမှုကို ပြန်လည်ရရှိရေး လျှပ်စစ်ဥပဒေနှင့်အညီ…
Read Moreနတ်ရေကန်ဗျူဟာ မပေးရရေး လေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်
ဇွန် ၁၈ – ၂၀၂၆ SN (VOM) ရခိုင်ရိုးမပေါ်က တခုတည်းသာ ကျန်ရှိတော့တဲ့ တပ်စခန်းကြီးဖြစ်တဲ့ နတ်ရေကန်ဗျူဟာကုန်း မပေးရရေးအတွက် အစိုးရတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အသုံးပြုကာ အပြင်းအထန် ကာကွယ်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ နတ်ရေကန်ဗျူဟာကုန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းမှာ တည်ရှိပြီး အမြင့်ပေ ၅၀၀၀ ကျော်မှာ တည်ဆောက်ထားကာ လက်ရှိမှာ AA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ အဲဒီ ဗျူဟာကုန်း တောင်ခြေအထိ ထိုးစစ်ဆင်ထားနိုင်တဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲက အခုထိ ရှိနေတုန်းပဲ။ ပဇီနဲ့ ဂုတ်ကြီးကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာ။ စစ်တပ်က မြေပြင်မှာလည်း လူအင်အား၊ လက်နက်ခဲယမ်းအင်အား ဖြည့်ဖို့အတွက် ဆက်တိုက် ကြိုးပမ်းနေတာ တွေ့ရတယ်။ လေကြောင်းကနေလည်း နတ်ရေကန်ကို ကာကွယ်နေတယ်။ ဒီဘက်က…
Read Moreငလျင်ကြောင့် ပျက်စီးခဲ့တဲ့ အင်းဝရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်းက ယဥ်ကျေးမှုအမွေအနှစ်တွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်နေ
မန္တလေး၊ ဇွန်- ၁၈- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းက အင်းဝမြို့ဟောင်းယဥ်ကျေးမှုနယ်မြေ ဧရိယာအတွင်းက ရှေးဟောင်းအဆောက်အအုံ ၉၆၁ ခုတည်ရှိပြီး ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရှေးဟောင်းအဆောက် အအုံ ၆၁၄ ထိခိုက်ပျက်စီးခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁ ရက်မြောက်နေ့) မှာ တံတားဦးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုက်ကြည် က တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်းရှိ သဘာဝဘေးငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် ယဥ်ကျေးမှုအမွေ အနှစ် အဆောက်အအုံ စေတီပုထိုးတွေကို ပြုပြင်ပေးဖို့ အစီအစဥ် ရှိမရှိ လွှတ်တော်ကတဆင့် သက်ဆိုင်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ ထိခိုက်ပျက်စီးမှုတွေထဲက ထိခိုက်ပျက်စီးမှုတွေ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရုံးချုပ်ရဲ့ ခွင့်ပြုချက်နဲ့…
Read Moreမြန်မာ – တရုတ် ပူးပေါင်းမှုနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် စီမံကိန်းတွေ ဆက်လက် အကောင်အထည်ဖော်မယ်
ဇွန် ၁၈ – ၂၀၂၆ SS (VOM) ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မူဆယ် – မန္တလေး ရထားလမ်း အပါအဝင် တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းတွေကို အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ မနေ့ ဇွန် ၁၇ ရက်က နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ ရပ်ဝန်းနဲ့ ပိုးလမ်းမ (BRI) ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို အချိန်မီ ပြီးပြတ်စေရေး ဦးစားပေး လုပ်ဆောင်မယ်လို့ ဖော်ပြထားပြီး ဒါအတွက် လက်မှတ်ရေးထိုးဖို့ကိုလည်း အလေးထား အဆင်သင့်ရှိနေကာ စီမံကိန်းတွေကို အပြန်အလှန် လေးစားမှု၊ အကျိုးဖြစ်ထွန်းမှု၊ စီးပွားရေးအရ ဖြစ်မြောက်နိုင်စွမ်းရှိမှု၊ ဘဏ္ဍာရေးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲမှု စတဲ့ အခြေခံမူတွေနဲ့ လမ်းညွှန် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကြေညာချက်နဲ့…
Read More