မန္တလေးမှာ ကာဖျူးထုတ်တာ မရှိသလို ရတနာပုံတံတားကိုလည်း ခဏတာ ပိတ်ခြင်းဖြစ်

မန္တလေး ၊ နိုဝင်ဘာ- ၉- ၂၀၂၃ SA(VOM) မန္တလေးမှာ ညဘက်အပြင်မထွက်ရ ထွက်ရင် ပေါ်တာဆွဲတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေထွက်ပေါပြီး နောက်ပိုင်း မန္တလေးမြို့ခံတွေကစိုးရိမ်နေကြတဲ့အတွက် ညမထွက်ရအမိန့်ထုတ်ပြန်တာမရှိကြောင်းနဲ့ ပေါ်တာဆွဲတာမရှိကြောင်းကို သက်ဆိုင်ရာက လိုက်လံ သတိပေးနေတာကို တွေ့ရပါတယ်။ အရင်က မန္တလေးခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်အများစုကို ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမယ့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ မန္တလေးခရိုင်အတွင်းက အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန် နဲ့ အမရပူရမြို့နယ်တွေမှာ နယ်မြေအေးချမ်းလာတဲ့အတွက် ညမထွက်ရအမိန့်ကို အကန့်အသတ်မရှိ ပယ်ဖျက် ရုတ်သိမ်းကြောင်း သက်ဆိုင်ရာက ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ လက်တလော social media မှာ ကောလဟာလသတင်းတွေပျံနှံ့နေတဲ့ ညဘက် ပေါ်တာဆွဲ လူစုဆောင်းတာမျိုး မရှိကြောင်းနဲ့ အဓမ္မလုပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်းမျိုး မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိတာကို တွေ့ရပါတယ်။…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၆၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ရွေစျေး Telegram Link: https://t.me/VOMNEWS2023/3380

Read More

ပင်လည်ဘူးမြို့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေး

နိုဝင်ဘာ ၊ ၈ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့ကို မနေ့ နိုဝင်ဘာ ၇ ရက်ကစလို့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်လိုက်ပြီး ဌာနဆိုင်ရာ ရုံးလုပ်ငန်းတွေ အားလုံးနီးပါး ရပ်တန့်သွားပြီဖြစ်တယ်လို့ အွန်လိုင်းမီဒီယာ အတော်များများမှာ ရေးနေကြပါတယ်။ သို့ပေမယ့် အတည်ပြုချက်ခိုင်မာတာတော့ မတွေ့ရပါဘူး ။ VOM အနေနဲ့ စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်ကိုမေးကြည့်တော့ ” မနက်က အထိတော့ ပင်လည်ဘူးနားမှာ တိုက်နေကြတယ်ဆိုတာ သိရတယ် ၊ မြို့ကျသွားတယ် လို့တော့မကြားရသေးဘူး ” လို့ ပြောပါတယ်။ “ပင်လည်ဘူးမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ တကြိမ် ၊ ၂၀၂၂ မှာ နောက်တကြိမ် တိုက်ခိုက်ခံရတယ် ၊…

Read More

ရွှေဘိုမြို့နယ် ဗဟို မီးသတ်ရုံး အပါအဝင် ပေါက်ကွဲမှုတွေဖြစ်လို့ လူ ၄၀ ထက်မနည်း ဒဏ်ရာရ ၊ ဝန်ထမ်း တဦးသေဆုံး

နိုဝင်ဘာ ၊ ၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ မြို့နယ်စည်ပင်သာယာစျေးနားမှာရှိတဲ့ ရွှေဘိုမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာတွေရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၁၀ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်တာပါ ၊ ရုံးအဆောက်ဦးထဲမှာ ပေါက်ကွဲတာဖြစ်တယ် ၊ တယောက်ယောက်က ဗုံးထောင်ဖောက်ခွဲတာဖြစ်နိုင်တယ် ၊ ပေါက်ကွဲရတဲ့ အကြောင်းအရင်းကို စီစစ်နေတုန်းဆိုတော့ အဖြေမှန် ပြောဖို့ စောသေးတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ဦးပြည့်ဖြိုးအောင် အပါအဝင် လူ နှစ်ဦး ဒဏ်ရာရတယ် ” လို့ စစ်ကိုင်းတိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒါ့အပြင် ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က…

Read More

မင်္ဂလာဆောင် အစဉ်အလာ

  ဆူးငှက်     သီတင်းကျွတ်ပြီ။   သီတင်းကျွတ်တာနှင့် အလုံးအရင်းနဲ့ဝင်လာမှာတွေက မင်္ဂလာဆောင်ဖိတ်စာတွေပါ။ တစ်ခါတစ်ခါ ပြန်စဉ်းစားကြည့်မိတယ်။ ကိုယ်ငယ်ငယ်… ကိုယ့်မိဘများဆီ အခုလိုဝါလကင်းလွတ် သီတင်းကျွတ်ရင် အခုလောက် မင်္ဂလာဆောင်ဖိတ်စာ လာဖွယ်မရှိခဲ့ဘူးဆိုတာပါ။ အဲဒီကာလ ကိုယ့်မိဘကများ လူမှုရေးနည်းပါးခဲ့လို့လား။ ဒီလိုလည်းမဟုတ်သေးပါဘူး။ ကိုယ့်ထက်တောင်ပေါင်းသင်းဆက်ဆံရေးကျယ်ပြန့်တယ်ပြောရမလားပဲ။ ဘာလို့လဲ ဆိုတော့ အဖေရောအမေရာက ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ။ အမေကဆိုရင် ဥယျာဉ်တန်း၊ ဒီဘိုးလမ်း၊ မလွန်၊ ရသာတန်း၊ မျက်ပါးရပ်၊ ဗောဒီကုန်းအထိ သူ့ဖောက်သည်တွေ…။ မနက်တစ်ဈေး၊ ညနေတစ်ဈေး ဈေးဗန်းခေါင်းရွက်ပြီး တစ်အိမ်ဝင်၊ တစ်အိမ်ထွက် ဈေးရောင်းတာ…။ သူ့ဖောက်သည်နဲ့သူက အလုပ်သဘော အရောင်းအဝယ်သဘော ဆက်ဆံရေးတင်မဟုတ်ဘူး။ ထမင်းစားချိန်တန်ရင် ရောက်တဲ့အိမ်က ခူးခပ်ကျွေးတာ…။ ဆိုးတိုင်ပင် ကောင်းတိုင်ပင်နေကြတာ…။     အဖေက မြောက်ပြင်တစ်ခို ၁၅ လမ်း၊ ၁၄ လမ်းအထိ သူ့ဖောက်သည်တွေ…။ အဖေနဲ့…

Read More

ချင်းတွင်းမြစ်ကူးတဲ့ ဆင်ဖြူရှင်တံတားဂိတ်မှာ တိုက်ပွဲဖြစ်လို့ နှစ်ဘက် သေဆုံးတာတွေရှိ

နိုဝင်ဘာ ၊ ၇ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်နဲ့ မကွေးတိုင်း ၊ ရေစကြိုမြို့နယ်ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတား ရဲ့ အနောက်ဘက် မကွေးတိုင်းဘက်မှာရှိတဲ့ လုံခြုံရေး ဂိတ်စခန်းကို မနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်တာကိုခံရပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက် ၉ နာရီဝန်းကျင်မှာ တိုက်ပွဲစဖြစ်တယ် ၊ ရဲ တပ်ကြပ် ဌေးမောင်းနဲ့ ရဲတပ်သား တယောက်သေတယ် ၊ လေးဦး ဒဏ်ရာရတယ် ၊ ဒေသတွင်း လက်နက်ကိုင် အဖွဲ့ဘက်ကလည်း တယောက်သေတယ် ၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်…

Read More

ခါမ်းပါတ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကလေး – တမူး ကားလမ်း အသွားအလာ မရှိ

နိုင်ဝင်ဘာ ၊ ၆ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခါမ်းပတ် (မြို့နယ်ခွဲ)မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စလို့ ဒီကနေ့အထိ ၊ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် တမူး – ကလေး – မုံရွာ ကားတွေ အသွားအလာ မရှိသေးတာကြောင့် မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ အခုထိ ပြန်လည် နလံမထူးသေးဘူးလို့ နယ်စပ်ကုန်သည်ကြီးအဖွဲ့ ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကစလို့ ကလေး – တမူးကားလမ်းမှာရှိတဲ့ ကလေးမြို့နယ် ရာဇဂြိုလ်ကျေးရွာနားက ဘဝသစ် (၂) ကုန်ထုတ်လုပ်ရေး အကျဥ်းစခန်း ၊ တမူးမြို့နယ်ခွဲ ခါမ်းပါတ်မြို့က သစ်တော ၊ ရဲစခန်း နေရာတွေနဲ့…

Read More

တိုက်ပွဲတွေကြောင့် ရှမ်းမြောက်ကနေ မန္တလေးကိုလာချင်ရင် ရှမ်းတောင်ကနေ ပတ်နေရတာမို့ အချိန်နဲ့ငွေပိုကုန်နေ

      မန္တလေး၊ နိုဝင်ဘာ- ၅ – ၂၀၂၃ SA(VOM)     ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးကို ပြေးဆွဲနေတဲ့ကားတွေဟာ အရင်က ပြည်ထောင်စုလမ်းမအတိုင်း တိုက်ရိုက်ပြေးဆွဲလို့ရပေမယ့် လက်တလောဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ရှမ်းပြည်တောင်ပိုင်းကို ဖြတ်သန်းပြီးမောင်းနှင်နေရတဲ့အတွက် ခရီးကြန့်ကြာမှု ငွေကုန်ကြေးကျများမှုတွေရင်ဆိုင်နေရပါတယ်   ကလော မိတ္ထိလာလမ်းမှာဆို ကားတွေများနေတာအပြင် စစ်ဆေးရေးကြောင့် ကျွဲတပ်ဆုံ နားက X Tray စက်ရှိတဲ့ စစ်ဆေးရေးဂိတ်မှာ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့သိရပါတယ်။ လားရှိုးကနေ မန္တလေးကို ပြန်လာတဲ့ ခရီးသည်တဦးက ” အရင်က ခဏစီးရတာ အခုက တောင်ပိုင်းက ပတ်မောင်းရတော့ အချိန်ကြန့်ကြာမှုတွေဖြစ်တာပေါ့။ လမ်းကြောအခြေအနေကတော့ ကောင်းပေမယ့် ကျွဲတပ်ဆုံနားက X Tray စက်နား ရောက်တော့ကားတွေက အစီးရေ ရာနဲ့ချီပြီး ပိတ်မိနေတာ စစ်တာဆေးတာလည်း ကြာတော့ ကိုယ်တွေကားအလှည့်ရောက်ဖို့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၅ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၇၀ ကျပ် ဝယ်ဈေး – ၃၂၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၉၅ ကျပ် ဝယ်ဈေး – ၂၃၄၅ ကျပ် -ယူရို ရောင်းဈေး – ၃၅၁၂ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၇၄ ကျပ် ဝယ်ဈေး – ၉၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၅ ကျပ် ဝယ်ဈေး – ၇၀၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၂ ကျပ် ဝယ်ဈေး – ၄၄၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၅ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW