သင်္ကြန်ရုံးပိတ်ရက်မှာ အထူးရထားပြေးဆွဲပြီး အကြိုကနေ အတက်နေ့အထိကိုတော့ မြို့ပတ်ရထားအပါ ရထားတချို့ ရပ်ထားမယ်

ဧပြီ ၂ ၊ ၂၀၂၆ GG (VOM) သင်္ကြန်ရုံးပိတ်ရက်မှာ ခရီးသွားပြည်သူနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အဆင်ပြေစွာ ခရီးသွား လာနိုင်ရန်အတွက် အထူးရထား တိုးချဲ့ပြေးဆွဲပေးမှာဖြစ် ပြီး သင်္ကြန်ကာလဖြစ်တဲ့ ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်အတွင်းမှာတော့ ရထားခရီးစဥ် တချို့ကို ရပ်နားထားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား ဌာနမှသိရပါတယ်။ အထူးရထားက ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန် နဲ့ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ကို တိုးချဲ့ပြေးဆွဲ ပေးသွားမှာဖြစ်ပြီး လက်မှတ်ခ နှုန်းထားနဲ့ ရပ်တန့်မယ့် ဘူတာတွေကတော့ နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေတဲ့ ရထားခရီးစဥ်တွေ အတိုင်းဖြစ်တယ်လို့ သိရပါတယ်။ ရထားလက်မှတ်ခကို သတ်မှတ်နူန်းထားထက်ပိုပေးပြီး ဝယ်ယူရတဲ့ကိစ္စတွေကြုံရပါက သက်ဆိုင်ရာ မီးရထားဌာနတာဝန်ရှိသူတွေကို တိုင်ကြားနိုင်တယ်လို့ သိရပါတယ် ။ ” လက်မှတ်ခတွေက ပုံမှန်နူန်းထားပါပဲ။ဘယ်နေရာမှာဖြစ်လဲ ၊ ဘာတွေဖြစ်လဲ ၊တိုင်ကြားနိုင်ပါတယ်ဆိုတဲ့ ဖုန်းနံပါတ် ရှိတယ်။ကိုယ်တို့ဆီတက်လာတယ်ဆိုရင် ဖြေရှင်းပေးမှာပါ။…

Read More

စက်သုံးဆီသုံး ယာဥ်အို ယာဥ်ဟောင်း အပ်နှံပြီး EVကားတင်သွင်းခွင့်ပြုမယ်ဆိုတာ တကယ်လုပ်မယ်ဆိုရင် မူဝါဒ​တွေလိုအပ်

ဧပြီ ၂ ၊ ၂၀၂၆ CC (VOM) စက်သုံးဆီသုံး ယာဥ်အို ယာဥ်ဟောင်းတွေကို အပ်နှံပြီး EVကားတင်သွင်းခွင့်ပြုမယ်ဆိုတဲ့ ယာယီသမ္မတက ​ဆွေး​နွေးပွဲတခုမှာ ​​ဆွေး​နွေး​ပြောကြားတာနဲ့ ပတ်သက်ပြီး ကား​လောကမှာဂယက်​တွေထ​နေပါတယ်။ ဒီ​ပြောဆိုချက်အပြင် တိကျတဲ့ မူဝါဒ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ပြောဆိုပါတယ်။ ” ဘယ်လို ခွင့်ပြုမယ် ၊ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လမ်းညွန်ချက် လာမှ မော်ဒယ်အလိုက် ဘယ်လို သတ်မှတ်မလဲ၊ ကားအမျိုးအစားအလိုက် ဘယ်လိုသတ်မှတ်မလဲ ၊ကားတန်ဖိုးအလိုက် ဘယ်လိုသတ်မှတ်မလဲ ၊ရန်ကုန်လိုင်စင်/ နယ်လိုင်စင် ဘယ်လိုသတ်မှတ်မလဲ ၊ ကားသွင်းခွင့်ကို စလစ်ကပ်ပြီး ပုဂ္ဂလိက တဦးချင်း ကိုယ်သွင်းချင်တဲ့ EV ကားကို ပေးမှာလား ။လက်ရှိ ကုမ္မဏီတွေကပဲ ဝယ်ရမှာလား။ နိုင်ငံခြားငွေလွဲကို ဘယ်လို စနစ်နဲ့ခွင့်ပြုမှာလဲ ။ ခွင့်ပြုတဲ့ အပေါ်လိုက်ပြီး ဘယ်လိုလုပ်ရမယ် ၊ဘယ်လိုသွင်းခွင့်ရမယ်…

Read More

အခန်း (၈၂)

  ဆူးငှက် အဘ၏ သံသေတ္တာများ ————————— ရေဒီယို လိုင်စင်လေး ကိုင်ပြီး အိမ်ပြန်ရောက်တော့ အဘ က မင်းပိုင်တာပဲကွာ၊ မင်းဖာသာ သိမ်းထားလိုက်ပေါ့ ဟုပြောလို့ ကျွန်တော်က အခန်းထဲရှိ ကျွန်တော့် ဗီရိုလေးထဲက အံဆွဲထဲမှာ ထည့်ထားလိုက်သည်။ နေဦး.. ကျွန်တော့် ဗီရို ဆိုလို့ ပြောရဦးမည်။ အိမ်မှာက အဝတ်အစားများကို အဘ၏ သံသေတ္တာ ၂လုံးတွင် စုထည့်ကြသည်။ မှတ်မှတ်ရရ ထိုသံသေတ္တာ၂လုံးက အတော်ကောင်းသည်။ တစ်လုံးကဆို အင်္ဂလန်မိတ် ဟု ထင်ပါ၏။ အတွင်းက ဆေးရောင်က ချောကလက်ရောင် အပြောင်ဖြစ်ပြီး အဖုံးမှာ အံလေးပါသည်။ အပြင်က သော့၂ချက်ခတ်အပြင် သော့ခလောက်နှင့် ခတ်ရသည့် မျောက်လက်လည်းပါသည်။ နောက်တစ်လုံးကလည်း အမျိုးအစားကောင်း ဖြစ်မည်။ ကျွန်တော်နှင့် အဘ အဝတ်အစားတွေက သေတ္တာ တစ်လုံး၊ အမေနှင့် မမခင်ဝင်းက…

Read More

ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အစပျိုးဆောင်ရွက်ချက်တွင် နိုင်ငံတကာပါဝင်မှုကို တရုတ်နိုင်ငံ ကြိုဆို

ဧပြီ ၃-၂၀၂၆ MT(VOM) ​တရုတ်-ပါကစ္စတန်တို့ရဲ့ ပင်လယ်ကွေ့နဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အစပျိုးဆောင်ရွက်ချက်သည် ပွင့်လင်းမြင်သာမှုရှိပြီး၊ နိုင်ငံအားလုံးနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ယင်းတွင် တုံ့ပြန်ပူးပေါင်းပါဝင်ကြရန် ကြိုဆိုပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် (Mao Ning) က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ​တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နှင့် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အ Ishaq Dar တို့ အင်္ဂါနေ့က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ်အတွင်း၊ ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရန်အတွက် အချက် ၅ ချက်ပါဝင်သော အစပျိုးဆောင်ရွက်ချက်တစ်ခုကို တရုတ်နှင့် ပါကစ္စတန်တို့က ပူးတွဲတင်ပြခဲ့ကြတာဖြစ်ပါတယ်။ ​ ယခုသတင်းစာရှင်းလင်းပွဲကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်…

Read More

ဒီ​နေ့ပြန်ဖွင့်တဲ့ မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီးမှာ ကား​​​သေးတွေ အတားအဆီး အစစ်ဆေးမရှိ

ဧပြီ ၂ ၊ ၂၀၂၆ GG (VOM) နှစ်နှစ်ကျော်ကြာ ပိတ်ထားတဲ့ ထိုင်း – မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီးကို ဒီနေ့ ဧပြီ ၂ ရက်နေ့မနက်ပိုင်းကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ လက်ရှိမှာ ဆိုင်ကယ် နဲ့ အိမ်စီးကား ၊ လူစီးခရီးသည်တင်ကားတွေကို ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ကုန်ကားတွေကိုတော့ သွားလာခွင့်မပြုသေးဘူးလို့ သိရပါတယ် ။ ဒီကနေ့မနက် အာရှလမ်းမကြီးကနေ ဖြတ်သန်းသွားလာခဲ့တဲ့ ခရီးသွား ပြည်သူတယောက်က ” အာရှလမ်းဖွင့်ပါပြီ။ အားလုံးအေးအေးဆေးဆေးပါပဲ ။ပုံမှန်လိုပဲ သွားလာနေကြပါတယ်။ ဆိုင်ကယ်တွေလည်း သွားနေကြတယ်။ အိမ်စီးကားတွေ ၊ ခရီးသည်တင်ကား တွေတော်တော်လေးတွေ့ရတယ်။ ကုန်ကားတွေကတော့ ပေးမဖြတ်ပါဘူး။ သွင်းကုန်လိုင်စင်မှချမပေးသေးတာ ။ အမှတ်၂တံတားကလည်းမဖွင့်သေးဘူးလေ။ အခုက ကုန်ကားတွေက တောလမ်းကပဲသွားလို့ရတာ…

Read More

အီရန် သမ္မတ က အမေရိကန်ပြည်သူတွေဆီ အိတ်ဖွင့်ပေးစာ ထုတ်ပြန်

ဧပြီ ၂-၂၀၂၆ MT(VOM) အမေရိကန်နိုင်ငံသားများထံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာတစ်စောင်တွင် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန် (Masoud Pezeshkian) က တဟီရန်အပေါ် ဆင်နွှဲနေသော အမေရိကန်-အစ္စရေး စစ်ပွဲသည် “အမေရိကန်ကို ပထမနေရာတွင်ထားခြင်း (America First)” အမှန်တကယ် ဖြစ်၊ မဖြစ် မေးခွန်းထုတ်ခဲ့ပြီး ထရမ့်အစိုးရကိုလည်း စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲလိုက်သည်။ ​“စွမ်းအင်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ အပါအဝင် အီရန်ရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခြင်းဟာ အီရန်ပြည်သူတွေကို တိုက်ရိုက်ပစ်မှတ်ထားခြင်းပဲ ဖြစ်ပါတယ်” ဟု ပီဇက်ရှ်ကီယန်က ပြောကြားခဲ့သည်။ “ဒီလို လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်ရုံတင်မကဘဲ အီရန်နိုင်ငံရဲ့ နယ်နိမိတ်ထက် ကျော်လွန်တဲ့ အကျိုးဆက်တွေကိုပါ သယ်ဆောင်လာစေမှာ ဖြစ်ပါတယ်။” ​“ဒီစစ်ပွဲကြောင့် အမေရိကန်ပြည်သူတွေရဲ့ ဘယ်လိုအကျိုးစီးပွားတွေကို အမှန်တကယ် အလုပ်အကျွေးပြုနေတာလဲ” ဟု ပီဇက်ရှ်ကီယန်က ဆက်လက်ပြောကြားခဲ့သည်။ ​ထို့အပြင်…

Read More

ဒုတိယသမ္မတ စိစစ်ရေးကော်မတီက ဒုတိယသမ္မတ သုံးယောက်ကိုအရည်အချင်းပြည့်မှီကြောင်း အတည်ပြုသတ်မှတ်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ကော်မတီသုံးခု လျာထား

နေပြည်တော် ဧပြီ ၂ – ၂၀၂၆ KKL(VOM) ဒီကနေ့ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီက ရွေးချယ်ခံထားရတဲ့ ဒုတိယသမ္မတ သုံးယောက်ရဲ့အရည်အချင်း ကိုက်ညီမှုရှိမရှိ စိစစ်တာမှာ ဒုတိယ သမ္မတသုံးယောက်လုံး အရည်အချင်းကိုက်ညီမှုရှိတယ်လို့ ကြေငြာခဲ့ပါတယ်။ ဒီကနေ့ အရည်အချင်းကိုက်ညီမှုရှိတယ်ဆိုတဲ့ ဒုတိယသမ္မတသုံးယောက်ထဲက တယောက်ကို သမ္မတ၊ ဒုတိယသမ္မတနဲ့ ဒုတိယသမ္မတ ၂ အဖြစ် မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ပြည်ထောင်စုလွှတ်တော်က ကော်မတီ သုံးခုဖွဲ့စည်းမှုနဲ့အတူ သက်ဆိုင်ရာကော်မတီတွေရဲ့ ဥက္ကဋ္ဌ နဲ့အတွင်းရေးမှူးတွေရဲ့အမည်ကို သတ်မှတ်ကြေငြာပါတယ်။ ဖွဲ့စည်းခဲ့တဲ့ကော်မတီတွေကတော့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနဲ့ လွှတ်တော်ကော်မတီစီစစ်ရေးကော်မတီတွေကိုဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းခဲ့ကြတဲ့ ကော်မတီသုံးခုအတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီက ကော်မတီဖွဲ့စည်းရတဲ့အကြောင်းတွေကို ရှင်းလင်းခဲ့ကြပါတယ်။ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ် ဦးဂျမ်ပေါင်နော်တောင် ၊ ဒုတိယဥက္ကဋ္ဌ ၁…

Read More

သူတို့အိမ် အခန်း (၈၁)

ဆူးငှက် ဆယ်တန်းအောင်လို့ ဆုချတာတဲ့ ————————————— စောစောက ကျွန်တော်ပြောသလိုပါပဲ။ အိမ်နှင့် ဆွေမျိုးတွေကပါ ခေါင်းပူနေကြတာ။ ကျွန်တော်က ဝတ္ထုတွေထဲက ဇာတ်လိုက်တွေလို ရန်ကုန် တက္ကသိုလ်လောက် စိတ်ကူးယဉ်နေသူလေ။ သည်လိုနှင့် နောက် တစ်ပတ်လောက်နေတော့ မုံရွာက မမခင်ရီ ရောက်လာသည်။ မမ က ကျွန်တော် ၁၀တန်းအောင်လို့ဟု ဆိုကာ ဆုချမည်ဆိုသည်။ ထိုစဉ် ရပ်ကွက်သမဝါယမ လူကြီး ဦးလေးပုက သမဝါယမဆိုင်မှာ နေရှင်နယ်အမျိုးအစား စာပွဲတင်ရေဒီယို ၁လုံး ခွဲတမ်းချဖို့ ရှိတယ်။ မင်းတို့ လိုချင်ရင် ခွဲတမ်းချပေးမယ်ဟု ပြောတော့ မမခင်ရီက ထိုရေဒီယိုကို သမဝါယမဆိုင် ထုတ်ဈေးနှင့် ဝယ်ပေးသည်။ ထိုစဉ်က ရေဒီယိုလေးကို သမဝါယမဆိုင်သို့ မမခင်ရီနှင့် သွားထုတ်ရစဉ် ပျော်သော အပျော်မှာ မာစီဒီဘင် ကားအသစ်ကြီး ရှိုးရွန်းက သွားထုတ် ရသကဲ့သို့ဟု နှိုင်းချင်လှသည်။ ဆိုင်အတွင်း…

Read More

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး မနက်ဖြန် ပြန်ဖွင့်မယ်

ဧပြီ ၁ ၊ ၂၀၂၆ GG (VOM) ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကရင်ပြည်နယ် ၊ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို မနက်ဖြန် ဧပြီ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြဝတီ – ကော့ကရိတ်အာရှလမ်းဖွင့်ပွဲကို မနက်ဖြန် မနက် ၈ နာရီမှာ ဘားအံမြို့နယ် ၊ လွန်းညရေပြာအိုင်အနီး၊ တံတားဦးကျေးရွာ၊ ဘားအံ – ကော့ကရိတ်လမ်းမပေါ်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ထွက်ပေါ်နေတဲ့ အမိန့်ညွှန်ကြားစာအရ သိရပါတယ်။ အာရှလမ်းမကြီးကို အစိုးရတပ်က ထိန်းချုပ်ခဲ့ပြီး ခုနှစ်လနီးပါးအကြာမှာ လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပြီး သွားလာခွင့်ပြုဖို့ လုပ်လာတာ ဖြစ်ပါတယ် ။ ” လိုင်းပေါ်မှာစာထွက်နေတာတော့တွေ့တယ်။ အခြေအနေကတော့ မနက်ဖြန်မှပဲ သေချာသိရမှာ။ တကယ်ဆိုဖွင့်ပွဲက မြဝတီမှာလုပ်ရမှာကို အခုက လွန်းညရေပြာအိုင်ဘက်မှာလုပ်မယ်ဆိုတော့ လေ။ အခုက…

Read More

သတင်းဖော်ပြမှု မရှိဘဲ နိုင်ငံ​တော် အခမ်းအနားတက်တဲ့ သတင်းဌာနတချို့ကို စိစစ်ကန့်သတ်မယ်

ဧပြီ ၁ – ၂၀၂၆ SN (VOM) သတင်းမီဒီယာ အသိအမှတ်ပြုကတ်ပြား ရယူပြီး သတင်းတွေ ထုတ်လွှင့် ဖော်ပြမှုမရှိဘဲ နိုင်ငံတော်အဆင့် အခမ်းအနားတွေ၊ လွှတ်တော်တွေ တက်ရောက်တဲ့ သတင်းဌာနတချို့ကို စိစစ် ကန့်သတ်သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေး ပြောကြားထားပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနကတော့ သတင်းဌာနတွေအနေနဲ့ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်စေချင်ပြီး ကျင့်ဝတ်ဖောက်ဖျက်တဲ့ ဌာနကို အသိအမှတ်ပြုကတ်ပြား ပြန်လည် ရုတ်သိမ်းခြင်း (ဒါမှမဟုတ်) သက်ဆိုင်ရာ ဥပဒေနဲ့အညီ တရားစွဲဆိုခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဝါရင့် သတင်းအယ်ဒီတာ တယောက်က “တပ်မတော်နေ့ အခမ်းအနားအတွက် ကျွန်တော် သတင်းသွားယူရင်း တွေ့ခဲ့ရတာတော့ တချို့ သတင်းဌာနတွေဆို မိသားစုလိုက်ကြီး နေပြည်တော်ကို တခါမှ မရောက်ဖူးတဲ့ပုံစံနဲ့ လာကြတာ၊ အသက်ကြီးပိုင်းတွေပါတယ်။ ဘာသတင်းမှလည်း ယူတာမဟုတ်ဘူး။ ဓာတ်ပုံတွေရိုက်၊…

Read More
VOM News

FREE
VIEW