မင်္ဂလာတောင်ညွန့် စတိုးဆိုင်ဖောက်ထွင်း လူသတ်မှုမှ ကျူးလွန်သူ နှစ်ယောက်ကို ထပ်မံဖမ်းဆီးရမိ

အောက်တိုဘာ ၂၂ – ၂၀၂၆ SN (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် (၃) လမ်းရှိ စတိုးဆိုင် ဖွင့်လှစ်ထားတဲ့ နေအိမ်အတွင်းဖြစ်ခဲ့တဲ့ ဖောက်ထွင်းမှုနဲ့ လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ယောက်ကို ဒီကနေ့ အောက်တိုဘာ ၂၂ ရက်၊ မွန်းလွဲပိုင်းမှာ ထပ်မံ ဖမ်းဆီးနိုင်ခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။ အခင်းဖြစ်ပြီးနောက် ပြစ်မှု ကျူးလွန်သူ သုံးယောက်ထဲက တယောက်ဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် မောင်မောင်ဆိုကို သက်သေခံဓားနဲ့အတူ မနေ့ အောက်တိုဘာ ၂၁ ရက်၊ ညနေပိုင်းက ဖမ်းမိခဲ့ပြီး ကျန်ရှိနေသူ နှစ်ယောက်ကို တောင်ဒဂုံမြို့နယ်အတွင်း ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ “ပြစ်မှု ကျူးလွန်တဲ့သူတွေက တာမွေ ကြက်/ဘဲဈေးက ပျံကျ အလုပ်သမားတွေလို့ သိရတယ်။ အိမ်ထဲ ဖောက်ထွင်းဝင်ပြီး…

Read More

အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်တဲ့အခါ ငွေဖြတ်သွားပေမယ့် ငွေ​ပေးချေမှုမအောင်မြင်ဘူးဆိုလို့ အခက်ကြုံ

အောက်တိုဘာ ၂၂ ၊ ၂၀၂၆ GG (VOM) အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်ယူရာမှာ KBZ Pay ကနေငွေဖြတ်သွားပေမယ့် ငွေပေးချေမှုမအောင်မြင်ဘူးဆိုပြီး လက်မှတ်ဖြတ်မရတဲ့ ပြဿနာ တက်နေတယ်လို့ ရထားစီးနင်းသူတွေဆီက သိရပါတယ်။ ” လက်မှတ်ဖိုးက Kpay ထဲကဖြတ်သွားပေမယ့် E ticket က မကျလာဘဲ ငွေပေးချေမှုမအောင်မြင်ပါဆိုပြီး ဘဲပေါ်လာတယ်။ အခုထိလည်း ပိုက်ဆံပြန်မဝင်လာသေးဘူး ။ မနက်ကျမှ ORTP ကိုဆက်သွယ်ကြည့်ရမှာပါ ။ တချို့ကတော့ ပြန်ရတယ်ပြောတယ်။ ” လို့ မီးရထားစီးနင်းသူတယောက်က ပြောပါတယ်။ ဒါအပြင် ခုံအလွတ်ဖြစ်ကြောင်း အစိမ်းရောင်ပြနေပေမယ့် ခုံဝယ်ယူတဲ့အခါ.ဝယ်ယူလို့မရတဲ့ Error လည်း တက်နေတာကြောင့် ရထားလက်မှတ်ဖြတ်တဲ့နေရာမှာ အဆင်မပြေ ဖြစ်နေရတယ်လို့ သိရပါတယ်။ ရထားလက်မှတ်ကို အွန်လိုင်းကနေဖြတ်ရတဲ့ စနစ်က အင်တာနက်အခက်အခဲတွေကြောင့်လည်း အဆင်မပြေမှုတွေကြုံရကြောင်း ၊ လက်မှတ်ရရှိဖို့အရေး ည ၁၂…

Read More

အခြေခံရည်ညွှန်းစပါးဈေး ၁၃၅၀ဝဝဝ ကျပ်သတ်မှတ်လိုက်ပေမယ့် စျေးကွက်ပေါက်စျေးကမြင့်နေရင် ပေါက်စျေးအတိုင်း ဝယ်ရမယ်

အောက်တိုဘာ ၂၂ ၊ ၂၀၂၆ CC (VOM) မိုးစပါးကို အခြေခံရည်ညွှန်းစပါးဈေးနှုန်းအဖြစ် ၁၃ သိန်း ၅၀ဝဝဝ ကျပ်သတ်မှတ်လိုက်ပေမယ့် စျေးကွက်ပေါက်စျေးက အဲဒီစျေးထက်မြင့်နေရင် ပေါက်စျေးအတိုင်း ဝယ်ယူရမယ်လို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့က ဆိုပါတယ်။ လက်ရှိမှာ မိုးစပါးအသစ်ပေါက်စျေးက စပါးအမျိုးအစားအပေါ်လိုက်ပြီး ကျပ်သိန်း ၂၀ ကနေ ၂၄ သိန်းအကြား ပေါက်စျေးရှိနေပြီး အဝယ်လိုက်နေတယ်လို့သိရပါတယ်။ ” အခုသတ်မှတ်ပေးတယ်ဆိုတာက အခြေခံစျေးနူန်းပါ ။ အဲဒီစျေးနဲ့အရောင်းအဝယ်လုပ်ဖို့မဟုတ်ပါဘူး။ စျေးကွက်ပေါက်စျေးက ရည်ညွှန်စျေးထက်နည်းနေရင်သာ ရည်ညွှန်စျေးအောက်ချပြီး ဝယ်လို့မရတာပါ။ စျေးကွက်ကမြင့်နေရင် မြင့်တဲ့အတိုင်းဝယ်ရပါမယ်။ ” လို့ ဆန်စပါးကုန်သည်တယောက်က ပြောပါတယ်။ ဒါကြောင့်တောင်သူတွေအနေနဲ့ အခုထုတ်ပြန်လာတဲ့ စပါးအခြေခံရည်ညွှန်းစျေးနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိသလို အခုဖြစ်နေတဲ့ ​စျေးကွက်အပေါ် လည်းထိခိုက်စရာမရှိကြောင်း ၊ စပါးစျေးလည်း ကျစရာအကြောင်း မရှိဘူးလို့ သိရပါတယ်။ အဲဒီအပေါ် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်…

Read More

မုံးကိုးမှာ တရုတ်နိုင်ငံသားတွေထက် မြန်မာနိုင်ငံသားတွေ နေထိုင်ခွင့်ကြေး ပိုပေးဆောင်နေရ

အောက်တိုဘာ ၂၂၊ ၂၀၂၆ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ မုံးကိုးမှာ တရုတ်နိုင်ငံသားတွေထက် မြန်မာနိုင်ငံသားတွေ နေထိုင်ခွင့်ကြေး ပိုပေးဆောင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နေထိုင်ခွင့်ကတ် လုပ်တာ တရုတ်နိုင်ငံသားတွေကို ဆိုရင် တနှစ်လုံးမှာမှ တရုတ်ငွေ ယွမ် ၂၀၀ စွန်းစွန်းပဲ ယူတယ်။ ကျနော်တို့ မြန်မာ နိုင်ငံသားတွေကိုကျတော့ တနှစ်ကို ယွမ် ၃၆၀ ယူတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားပဲ။ ဘာလို့ ဒီလို ယူလဲ၊ မတရားဘူးလို့ ပြောတော့ လာမရှုပ်နဲ့ လို့ပြောတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ကိုးကန့် MNDAA ထိန်းချုပ် နယ်မြေတွေမှာတော့ တရုတ်နိုင်ငံရဲ့ မူဝါဒ အတိုင်းကျင့်သုံး နေပြီး MNDAA…

Read More

ရိုးရာ လက်လုပ် မီးပုံးလေးတွေ ပြန်လည်ဆန်းသစ်လာ

မန္တလေး၊ အောက်တိုဘာ- ၂၂- ၂၀၂၆ SA(VOM) ဒီနှစ်သီတင်းကျွတ်ပွဲတော်အတွက် မြန်မာ့ရိုးရာ လက်လုပ်မီးပုံလေးတွေကို ဒီဇိုင်းအသစ်တွေနဲ့ ဖန်းတီးထားပြီး ပြန်လည်ဆန်းသစ်လာသလို မန္တလေးမှာ သီတင်းကျွတ်ပွဲတော်မတိုင်ခင်က တည်းက ရောင်းချသူတွေနဲ့ ဝယ်ယူသူတွေ စည်ကားလို့နေပါတယ်။ ဒီ ရိုးရာလက်လုပ် မီးပုံးလေးတွေရောင်းချတဲ့စျေးတန်းကတော့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၈၆ လမ်း၊ ၄၀ လမ်းနဲ့ ၄၁ လမ်းကြားမှာ တည်ရှိတာဖြစ်ပါတယ်။ ဒါအပြင် မန္တလေးမြို့ရဲ့ နေရာအနှံ့အပြားမှာလည်း သီတင်းကျွတ်ပွဲတော်အတွက် ရာသီစာဖြစ်တဲ့ မီးပုံးပျံ၊ လက်လုပ်မီးအိမ် အစုံကိုလည်း ရောင်းချနေတာကို တွေ့ရပါတယ်။ ကုန်စျေးနှုန်းတွေတက်လာတာကြောင့် ခါတိုင်းနှစ်တွေကထက်စာရင် မီးပုံးစျေးတွေ အနည်းငယ်တက်လာတယ်လို့လည်း မီးပုံးရောင်းချသူတွေက ပြောပါတယ်။

Read More

အခန်း (၂၄၈)

ဆူးငှက်     စာချုပ်တွေ စာရွက်စာတမ်းတွေ သိမ်းပြီ ——————————————- မှတ်မှတ်ရရ ထိုနေ့က ၂၀၀၉ခုနှစ် မတ်လ ၇ ရက်နေ့ ဖြစ်သည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ တပ်ကြပ်အဆင့်ရှိ တပ်မတော်သားတစ်ဦးလည်း လိုက်ပါ၍ ရပ်ကွက်ရာအိမ်ခေါင်းနှင့် အဖွဲ့က မြေယာပိုင်ဆိုင်မှု အထောက်အထား စာချုပ်နှင့် စာရွက်စာတမ်း မူရင်းများကို တစ်အိမ်တက်ဆင်း သိမ်းယူကြသည်။ ကျွန်တော့်အိမ် ရောက်တော့ အဆင်သင့် ဖိုင်တွဲထားသည့် စာချုပ်နှင့် စာရွက်စာတမ်းများကို အုပ်ချုပ်ရေးမှူးလက်သို့ အပ်လိုက်၏။ အုပ်ချုပ်ရေးမှူးက အားနာအကြည့်ဖြင့် ကြည့်သည်။ ကျွန်တော်က အကျိုးရယ် အကြောင်းရယ် မမေးချင်တော့။ မောလှပြီ။ နောက်ဆုံး ဖယ်ပေးဖို့အထိ ကျွန်တော် ဆုံးဖြတ်ထားပြီးပြီ။ ဖယ်ပေးပြီး ဘယ်သွားနေမလဲ၊ ကျွန်တော်ကဖြင့် ဘယ်မှ နေစရာမရှိ။ လမ်းဘေးတစ်နေရာမှာပဲ မိုးကာတဲ ထိုး၍ နေရုံပေါ့။ “ဆူးငှက် – လမ်းဘေးမှာ…

Read More

ရဟန်းသံဃာနဲ့ သီလရှင်တွေကိုယ်တိုင် ဆိုင်ကယ်နဲ့ကားမောင်းနှင်တာ ၊ လိုင်စင်မဲ့ကားစီးတာမလုပ်ဖို့ တားမြစ်

အောက်တိုဘာ ၂၁ ၊ ၂၀၂၆ GG (VOM) ရဟန်း ၊ သာမဏေ ၊ သီလရှင်တွေအနေနဲ့ ကိုယ်တိုင် ဆိုင်ကယ် ၊ကားမောင်းနှင်တာ ၊ လိုင်စင်မဲ့ကားစီးနင်းတာ ၊ ကျောင်းမှာ လိုင်စင်မဲ့ကား ထားရှိတာတွေ မလုပ်ဖို့ မန္တလေးတိုင်းသာသနာရေးမှူးရုံးက စာထုတ်အသိပေးလာပါတယ်။ ဒါကြောင့် သက်ဆိုင်ရာမြို့နယ်သံဃနာယကအဖွဲ့အနေဖြင့် အဆင့်ဆင့်ဆောင်ရွက်သွားဖို့ညွှန်ကြားထားကြောင်းနဲ့ ရဟန်း ၊ သာမဏေ ၊ သီလရှင်တွေအနေနဲ့ ကိုယ်တိုင်ကားမောင်းနှင်မှုနဲ့ပတ်သက်လို့ ပညာပေး ကာလ၊ လိုက်လံစစ်ဆေး သတိပေးကာလ၊ အရေးယူကာလဆိုပြီး အပိုင်းခွဲလုပ်သွားမယ်လို့ သိရပါတယ်။ ပညာပေးကာလကို အခု အောက်တိုဘာလ ၊ နိုဝင်ဘာလ ၊ ဒီဇင်ဘာလ သတ်မှတ်ထားပြီးလိုက်လံစစ်ဆေးသတိပေးကာလကိုတော့ လာမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၊ ဖေဖော်ဝါရီလ ၊ မတ်လ သတ်မှတ်ထားပြီးနောက် အရေးယူကာလကို ၂၀၂၇ ခုနှစ် ဧပြီလမှစပြီး…

Read More

ဖားကန့်​ဒေသ လုံးခင်းမှာ လက်နက်ကြီးကျလို့ ထိခိုက် ဒဏ်ရာရသူတွေရှိ

အောက်တိုဘာ ၂၁၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ် ဖားကန့် လုံးခင်းဘက်မှာ ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၃ နာရီ ဝန်းကျင်ခန့်က လက်နက်ကြီးကျလို့ ထိခိုက် ဒဏ်ရာရသူတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်ဗျ။ လက်နက်ကြီးကျတာ ဒီမနက် အစောပိုင်း။ အစောပိုင်းမှာ လက်နက်ကြီး မနက် ၃ နာရီလောက် ကုန်စုံဆိုင်မှာ လက်နက်ကြီး ကျတာ။ ထိခိုက်မှု ရှိတယ်လို့ သိရတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေက ၈ ယောက် ရှိတယ်လို့ တချို့ပြောနေကြပေမယ့် အတိအကျမသိရသေးဘူးလို့ သူက ပြောပါတယ်။ “လက်နက်ကြီးကျတဲ့ နေရာမှာက အမျိုးသမီး တယောက် ဒဏ်ရာ ပြင်းတယ်။ ကျန်တဲ့ သူတွေတော့ သိပ်မပြင်းဘူး…

Read More

ပခုက္ကူစက်မှုဇုံက တိုးတိုးရှိန် စတိုးဆိုင် သုံးကြိမ်မြောက် အနုကြမ်းစီး ပြန်ပေးဆွဲမူဖြစ်

ပခုက္ကူ- ​အောက်တိုဘာ ၂၁-၂၀၂၆ MP(VOM) ​မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုံ (၆) လမ်းက “တိုးတိုးရှိန်” စတိုးဆိုင်ကို အောက်တိုဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီကျော်အချိန်က လက်နက်ကိုင်လူတစုက​နေ ဓားပြတိုက်ပြန်‌ပေးဆွဲမူ ဖြစ်သွားတယ်လို့ သိရပါတယ်။ ​ ” အင်္ကျီအနက်ရောင်​တွေ ဝတ်ဆင်ထားပြီး သေနတ်အရှည်နဲ့ပစ္စတို သေနတ်ကိုင်ဆောင်ထားကြတဲ့ အသက်၂၀နှစ်ခန့် အမည်မသိ လက်နက်ကိုင် (၅) ဦးက ဆိုင်ကယ်နှစ်စီးနဲ့‌ ‌ရောက်လာတယ် ဆိုင်ထဲကို လူငယ်သုံးဦးပဲ ဝင်တယ်။ အဲ‌ဒီနောက် က‌လေးငယ်ချီထားတဲ့ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ဖို့ကြိုးပမ်းတာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မအောင်မြင်လို့ Kpay နဲ့ Wave pay အသုံးပြုတဲ့လက်ကိုင်ဖုန်းတလုံးယူဆောင်သွားတယ်” လို့ ဖြစ်စဉ်ကိုသိသူက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြောပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်စဥ်ကြောင့် ကလေးငယ်မှာ ညာခြေထောက်တွေ ပြတ်ရှဒဏ်ရာရခဲ့ပြီး မိခင်သူဖြစ်သူက လက်တွေမှာ ပြတ်ရှဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့သိရပါတယ်။ အခုဖြစ်စဉ်က (၃)…

Read More

အင်းတော် – ဝန်းသို – ကောလင်းလမ်းပိုင်းနဲ့ အင်းတော် – မအူကုန်း – ကျောက်တန်းလမ်းပိုင်းကို အစိုးရတပ် ပြန်လည်ထိန်းချုပ်

အောက်တိုဘာ ၂၁ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းရှိ အဓိကကျတဲ့ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေဖြစ်တဲ့ အင်းတော် – ဝန်းသို – ကောလင်းလမ်းပိုင်းနဲ့ အင်းတော် – မအူကုန်း – ကျောက်တန်း လမ်းပိုင်းတို့ကို အစိုးရတပ်တွေက အခု အောက်တိုဘာလ ၅ ရက်မှ ၁၈ ရက်အတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အစိုးရတပ်တွေဟာ ၁၄ ရက်တာ ကာလအတွင်း အဲဒီ လမ်းကြောင်းတဝိုက်ရှိ ကျေးရွာတွေကို နယ်မြေ စိုးမိုးနိုင်ရေး ဆောင်ရွက်ခဲ့ရာမှာ အောက်တိုဘာ ၅ ရက်မှာ လယ်နောင်ကျေးရွာနဲ့ ကမ်းနီကျေးရွာ၊ အောက်တိုဘာ ၉ ရက်မှာ ပင့်သချေကျေးရွာ၊ မဲဇာကျေးရွာ၊ လယ်ဇင်ကျေးရွာနဲ့ နန့်သဲကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် အောက်တိုဘာ ၁၂ ရက်မှာ ကျောက်တောကျေးရွာအနီးရှိ…

Read More
✕
VOM News

FREE
VIEW