(စာအုပ်မိတ်ဆက်) MT(VOM) အက္ကဘာ ရှာဟစ် အာမက် (Akbar Shahid Ahmed) က အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမှာ အခြေစိုက်တဲ့ သတင်းထောက်တစ်ယောက်ပါ။ အဓိကအားဖြင့် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာရေးရာသတင်းတွေ နဲ့ သုံးသပ်ချက်တွေကို အထူးပြု ရေးသားနေသူ ဖြစ်ပါတယ်။ သူဟာ သံတမန်ရေးရာ အထူးသတင်းထောက်အဖြစ် (NOTUS နဲ့ The Washington Sun လို သတင်းဌာနတွေမှာ) လုပ်ကိုင်နေပါတယ်။ ဒီမတိုင်ခင်ကတော့ HuffPost မှာ ၁၂ နှစ် ကြာအောင် နိုင်ငံတကာရေးရာ သတင်းထောက်အဖြစ် အမေရိကန် လွှတ်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သတင်းတွေကို သတင်းယူ ရေးသားခဲ့ဖူးပါတယ်။ အရှေ့အလယ်ပိုင်း ဒေသရေးရာ သတင်းတွေနဲ့ ပတ်သက်ပြီး နာမည်ရခဲ့သူပါ။ အထူးသဖြင့် ဂါဇာ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ သံတမန်ရေးရာ…
Read MoreAuthor: Editor Htein Lin
ခရီးသွားတဲ့အခါ ရဲစခန်းထောက်ခံစာလိုအပ်ပြီး ဖုန်းထဲမှာဥပဒေနှင့် မညီညွတ်တဲ့ ပုံနဲ့ဗီဒီယိုတွေလည်း မရှိဖို့လိုအပ်ကြောင်း ဘုရားဖူးအသင်းက အသိပေး
စက်တင်ဘာ ၂၃ ၊ ၂၀၂၆ GG (VOM) ပြည်တွင်း ဘုရားဖူးခရီးသွားဧည့်သည်တွေအနေနဲ့ ခရီးသွားတဲ့အခါ ဖုန်းထဲမှာ ဥပဒေနှင့် မညီညွတ်တဲ့ Photo/Video တွေ မပါရှိစေရေး သတိပြုဖို့ ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်းက အသိပေး ထုတ်ပြန်ထားပါတယ်။ ဘုရားဖူးကားတွေ ဘေးကင်းလုံခြုံစွာထွက်ခွာနိုင်ဖို့အတွက်ဆိုပြီး အဲဒီအချက်အပါအဝင် လမ်းခရီးစဥ်အတွင်း လိုက်နာရမယ့် အချက်အလက် ကိုးခုကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ခရီးသည်အားလုံး နိုင်ငံသားစိစစ်ရေးကတ် နဲ့ ခရီးသွားထောက်ခံစာ(ရဲစခန်း) ယူဆောင်ခြင်း ၊ Guide တွေအနေနဲ့လည်း လမ်းခရီးစစ်ဆေးရေးအဖွဲ့တွေနဲ့ အဆင်ပြေစွာ ပြောဆိုဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့ ပြောထားပါတယ် ။ ” ဥပဒေနဲ့မလွတ်ကင်းတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဆိုတာက ဘယ်လိုဟာကို ပြောတာလည်း မသိဘူး။ ခရီးသွားရတာတောင် ကန့်သတ်ချက်တွေ ထုတ်နေတယ်။ ခရီးသွားဖို့ကို ရဲစခန်းထောက်ခံစာယူရအုံးမယ်ဆိုတာကလည်း ခက်တယ်။ ရပ်ကွက်ထောက်ခံစာလောက်ဆို တော်သေးတယ်။ ဘုရားဖူးကားတွေနဲ့ သွားတယ်ဆိုတာ ပိုပြီး…
Read Moreလိုင်ဇာမှာ လေယာဉ်တွေ ဆက်တိုက် ဝဲနေလို့ ကျောင်းတွေပါ ပိတ်ပြီး လေကြောင်းရန် သတိပေးထား
စက်တင်ဘာ ၂၃၊ ၂၀၂၆ Shy V (VOM) KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်မှာ စက်တင်ဘာလ ၂၃ ရက်နေ့ခင်းပိုင်းကစ လေယာဉ်တွေ ဆက်တိုက် ဝဲနေလို့ ကျောင်းတွေပါ ပိတ်ပြီး လေကြောင်းရန် သတိပေးထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လိုင်ဇာဘက် ဒီနေ့ ညနေပိုင်းကစ လေကြောင်း ရန် အချက်ပေး စနစ်တွေနဲ့ ပြင်ဆင်ထားပြီလေယာဉ်တွေ ပျံဝဲ လာတာကြောင့် ကျောင်းတွေလည်း ပိတ်လိုက်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။ လိုင်ဇာတင်မကပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက KIO က ဖွင့်လှစ်ထားတဲ့ ကျောင်းတွေလည်း စက်တင်ဘာ ၂၄ ရက်နေ့ကစ ပိတ်ခိုင်းပြီလို့ သူက ပြောပါတယ်။ ဖားကန့်ဘက်မှာလည်း သတိပေးချက်တွေတော့ရှိတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ KIO/KIA ဘက်ကတော့ လူစု လူဝေးမလုပ်ဖို့၊…
Read Moreမုဒုံမှာ ဘောလုံးကန်နေစဥ် မိုးကြိုးပစ်ခံရလို့ ကစားသမားတယောက်သေဆုံး
စက်တင်ဘာ ၂၃ ၊ ၂၀၂၆ GG (VOM) မွန်ပြည်နယ် ၊ မုဒုံမြို့ ၊ မြို့မ ၁ ရပ်ကွက်ရှိ မီတာ ၄၀၀ အားကစားကွင်းထဲမှာ ဘောလုံးကန်နေတဲ့ ကစားသမားတယောက် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့ ၊ ညနေ ၅ နာရီ မိနစ် ၄၀ လောက်မှာ မော်လမြိုင်မြို့က Lion City ဘောလုံးအသင်းနဲ့ မုဒုံမြို့ တောင်ပေါ်သားကလပ်ဘောလုံးအသင်းတို့ ဆီမီးဖိုင်နယ်ပွဲ ကစားနေစဥ် Lion City ဘော်လုံးအသင်းရဲ့ ကစားသမား နံပါတ် ၉ သန်းတိုးအောင်မှာ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ” အသက် ၂၉ ပဲရှိသေးတယ်။ မိုးတွေကလည်းရွာနေတာ ။အဲဒီမှာ ရုတ်တရက် လျှပ်စီးတွေလက်ပြီး မိုးကြိုးပစ်လိုက်တာမှာ သူက လဲကျသွားတာ။…
Read Moreအခန်း (၂၂၈)
ဆူးငှက် ကျွန်တော့် သတင်းထောက် မိတ်ကပ်ဆရာ ———————————————- ကျွန်တော်တို့ ရပ်ကွက်လေးနှင့် ပတ်သက်ပြီး နောက်ဆုံးအခြေအနေမှာ ဦးတက်တိုးက သူတို့မင်းသားထံ လက်ရောက် စာပို့ ပြီးပြီ။ ထူးသည်နှင့် မင်းသား ပီအက်အိုက တဆင့် ကျွန်တော်တို့ထံ အကြောင်းကြားနိုင်ဖို့ လမ်းကြောင်းလည်း ပေးခဲ့ပြီဟု သိရသည်။ ထို့ကြောင့် ထို့အကြောင်းကြားချက်ကို စောင့်ရုံပဲရှိသည်။ မသေချာ မရေရာသော အနာဂတ်အတွက် သပြေပင်လေးတွေ ရေလောင်းတိုင်း အိပ်မပျော်သောကြောင့် အတွေးတွေ ရောက်ရက်ခတ်တိုင်း ခံစားနာကျဉ်ရသည်။ ကျွန်တော်ပြောခဲ့သလိုပါပဲ ရပ်ကွက်လေးထဲမှာ သွားမြဲလာမြဲ ဖြစ်သော်လည်း အပြင်ရောက်တိုင်း သတင်းက သည်းသည်း လှုပ် နေသည်။ အရေးကြီးတာက အပြင်မှာ ပြောဆို နေကြသလို တရားဝင်စီမံကိန်း ဖြစ်သွားပြီလား။ တကယ်တမ်း ကျွန်တော်တို့ သိထားတာက မြေယာဆိုင်ရာ တာဝန်ရှိသူတစ်ဦး ပူးပေါင်းစီစဉ်မှုဖြင့် အာဏာရှိ ပုဂ္ဂိုလကြီးတစ်ယောက်၏ ကိုယ်ပိုင်…
Read Moreကလေးမြို့မှာ ကွန်ပျူတာဆိုင်မီးလောင်လို့ ဝန်ထမ်းအမျိုးသမီးသုံးယောက် သေဆုံး
စက်တင်ဘာ ၂၂ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တပ်ဦးသီတာရပ်ကွက်ရှိ ကွန်ပျူတာဆိုင်မှာ မီးလောင်မှုဖြစ်ပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးသုံးယောက် သေဆုံးခဲ့တယ်လို့ ကလေးခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့ည ၁၁ နာရီ ၁၀ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ် ပြီး ၊ မီလောင်ကျွမ်းချိန်မကြာပေမယ့် မီးကူးစက်မှုမြန် တဲ့အတွက် ဆိုင်အပေါ်ထပ်မှာ အိပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးသုံးယောက် သေဆုံးခဲ့ပါတယ်။ ” Apple ကွန်ပျူတာမိတ္ထူဆိုင် မီးလောင်တာ။ လောင်တာအိမ်က တအိမ်တည်းပါ။ဆုံးတာက ဆိုင်အလုပ်သမားအမျိုးသမီးသုံးယောက် အပေါ်ထပ်မှာအိပ်ကြတာ။ ပိုင်ရှင်တွေက အောက်ထပ်မှာအိပ်တာ။ သူတို့က ဘေးကင်းတယ်။ မြို့မှာကတော့ ဆိုလာအင်ဗာတာနဲ့ သုံးကြတယ်။ညကျတော့ဖုန်းတွေအားသွင်းတယ်။ အဲဒီကနေ ဖုန်းအားသွင်းကပဲ အပူလွန်ကဲပြီး အနီးနားမှာရှိတဲ့စာရွက်စာတမ်းကို ကူးစက်လောင်တဲ့သဘောပါ။ အောက်ထပ်ကစလောင်တာပါ။မီးကစလောင်တဲ့အချိန် ဖြေးဖြေးချင်းလောင်မှာဆိုပေမယ့် မိတ္ထူဆိုင်ဆိုပေမယ့် လောင်စာကများတော့ မီးကူးစက်မှုမြန်သွားတာပေါ့။ ” လို့…
Read Moreလဝက မှာ ပွဲစားတွေကတဆင့် ဆောင်ရွက်မှုမရှိစေရေး စစ်ဆေးကြပ်မတ်နေ
မန္တလေး၊ စက်တင်ဘာ- ၂၂- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင် အားဝင်ကြီးဌာနတွေမှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားပြုလုပ်ရာမှာ ပွဲစားအကျိုးဆောင်တွေကို ဆောင်ရွက်ပေးတာမပြုလုပ်ဖို့ ညွှန်ကြားထားပြီး စစ်ဆေးကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မဟာအောင်မြေမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါဖြိုးသန္တာ က ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ အခမ်းအနားမှာ ” အိမ်ထောင်စုဇယားနဲ့ နိုင်ငံသားစစ်ဆေးရေးကတ်ပြား ပြုလုပ်ရာတွင် ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ ရုံးရှေ့မှာ Notice စာ ကပ်ပေးဖို့ကိစ္စ” ကို လွှတ်တော်ကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ နိုင်ငံသားတိုင်း ကိုင်ဆောင်ရမယ့် နိုင်ငံသားစိစစ်ရေးကဒ်ပြား မှတ်ပုံတင်ပြုလုပ်ရာမှာ ပြည်သူတွေကိုယ်တိုင် တရားဝင်လုပ်ထုံးလုပ်နည်းထက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံစာ နယ်မြေရဲစခန်းထောက်ခံ စာနဲ့ တခြားရုံးထောက်ခံစာအမျိုးမျိုးကို အဆင့်ဆင့်တောင်းခံနေရတာကြောင့် အချိန်ကြာခြင်းနဲ့ စရိတ်စခ…
Read Moreပုဏ္ဏားကျွန်း သိမ်းဖို့ အစိုးရတပ်က စစ်ရေးအရှိန်နဲ့ထိုးစစ်ဆင်နေ
စက်တင်ဘာ ၂၂ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ပြန်လည် သိမ်းယူနိုင်ဖို့ အစိုးရတပ်က စစ်ရေးအရှိန် မြှင့်တင်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပိုမို ပြင်းထန်လာတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ အစိုးရတပ်တွေက တိုက်ပွဲ ဖော်ဆောင်လာလာတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲကာလ ရက်ပေါင်း ၂၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ “အစိုးရတပ်က တဖက်မှာလည်း ပုဏ္ဏားကျွန်းကိုရဖို့ ထိုးစစ်ဆင်နေသလို တဖက်မှာလည်း စစ်တွေကို မပေးရရေး ကြိုးပမ်းနေတယ်။ ပုဏ္ဏားကျွန်း – စစ်တွေအစပ်နဲ့ စစ်တွေမြို့ရဲ့ အနီးတဝိုက်က ကာကင်းစခန်းတွေကို အစိုးရတပ်က အဓိက ခြေကုတ်ယူထားတာ တွေ့ရတယ်။ စစ်တွေမြို့ဘက်ကို ဦးတည်တဲ့ စစ်မျက်နှာပြင်မှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနိုင်တယ်။ နှစ်ဖက်စလုံးက စစ်ရေးအရ…
Read Moreစမ်းချောင်းမှာ ကျောင်းသားနှစ်ယောက်ကို ဓားနဲ့ထိုး ရိုက်နှက်ခဲ့တဲ့ ကျူးလွန်သူ ရှစ်ယောက်ကိုဖမ်းမိ
စက်တင်ဘာ ၂၂ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ စမ်းချောင်းလင့်ခ် ၊ ညစျေးတန်းမှာ ကျောင်းသားနှစ်ယောက်ကို ဓားနဲ့ထိုးသွားသူတွေထဲက မိန်းကလေးတယောက်အပါအဝင် လူငယ်ရှစ်ယောက်ကို ဖမ်းဆီးရမိပြီလို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေက အသက် ၁၈ နှစ်အရွယ်တွေဖြစ်တဲ့ ရွှေရည်ဝတီ (ခ) သဒ္ဒါ ၊သူရိန်ထွန်း ၊ ဇင်ကို ၊ အသက် ၁၇ နှစ်အရွယ်ဖြစ်တဲ့ မင်းထက်ကျော် နဲ့ နိုင်မင်းခန့် ၊ အသက် ၂၁ နှစ် အောင်အောင်ဦး၊ အသက် ၁၄ နှစ် အောင်မြတ်သူ ၊ အသက် ၁၆ နှစ်အရွယ် ပြည့်စုံအောင် တို့ ဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့က ဖမ်းမိတာလို့ သိရတယ်။ ခုဖမ်းမိတဲ့အထဲက ကောင်မလေးကို တယ်လီဂရမ်မှာ စနောက်လို့ဆိုပြီး…
Read Moreအုတ်တွင်းမြို့နယ် တိုက်ပွဲဆက်ဖြစ်နေလို့ ဒေသခံတွေ နေရပ်မပြန်နိုင်သေး
စက်တင်ဘာ ၂၂ – ၂၀၂၆ SS (VOM) ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အုတ်တွင်းမြို့နယ်ထဲက ကရင်ရွာ၊ ရွှေလောင်း၊ အင်းဝိုင်းနဲ့ ဘိုကုန်းကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲ သုံးရက်ကြာ ငြိမ်သက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့၊ ညနေပိုင်းက ကရင်ရွာကြီးဝန်းကျင်မှာ တကြိမ်၊ မနေ့ စက်တင်ဘာ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ပဲကြီးခုံကျေးရွာမှာ တကြိမ် ဒရုန်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “မနေ့က တိုက်ပွဲဖြစ်တဲ့အချိန်…
Read More