ဖားကန့် နမ့်မှော်မှာ မြေစာပုံဟောင်းပြိုကျလို့ ရေမဆေးသမား ၁၀ ယောက်လောက်ပါသွား ၊ အလောင်းသုံးလောင်းရှာဖွေတွေ့ရှိ

ဇွန် ၂၈ ၊ ၂၀၂၆ CC (VOM) ကချင်ပြည်နယ် ၊ ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာ၊ သုံးသိန်းမှော်ဘက်မှာ ညက မြေစာပုံပြိုကျလို့ ရေမဆေးသမား ၁၀ ယောက်လောက် ပါသွားတယ်လို့ ဒေသခံဆီက သိရပါတယ် ။ လက်ရှိမှာ မြေစာပုံပြိုကျမှုကနေ ရုပ်အလောင်းသုံးလောင်းကို ရှာဖွေတွေ့ရှိထားပြီး ကျန်တဲ့ ပျောက်ဆုံး ရေမဆေးသမားတွေကို ရှာဖွေမှုပြုလုပ်နေတုန်း ဖြစ်တယ်လို့ သိရပါတယ်။ “မြေစာပုံအဟောင်းပြိုကျတာပါ ။ည ၁၁ လောက်ကဖြစ်တာ ။ မြေစာပုံပြိုကျတဲ့အထဲ ပါသွားတဲ့ ရေမဆေးသမားစာရင်းတော့အတိအကျမရသေးဘူး ။ ဒါပေမယ့် ၁၀ ယောက်လောက်တော့ ဖြစ်နိုင်ချေရှိတယ်သိရတယ်။ မနက်က ရေကြီးနေတော့ ရှာဖွေရေးလုပ်ရတာ အခက်အခဲတွေ ကြုံရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ လက်ရှိမှာ မိုးတွင်းကာလဖြစ်တဲ့အညီ မိုးရွာသွန်းခြင်း ၊ ရေကြီးခြင်း စတဲ့ဖြစ်စဥ်တွေကြောင့် ဖားကန့်ဒေသရှိ…

Read More

ထိုင်းနိုင်ငံထဲ ခိုးဝင်တဲ့ မြန်မာလုပ်သား ၄၅ ယောက် ထပ်မံ အဖမ်းခံရ

ဇွန် ၂၈ – ၂၀၂၆ SN (VOM) ထိုင်းနိုင်ငံမှာ တရားမဝင် ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က နှစ်ရက်အတွင်း ထပ်မံဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ မနေ့ ဇွန် ၂၇ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စန်ခလဘူရီမြို့နယ်မှာ နယ်စပ်လမ်းကြောင်းမှတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေကို နမ်ကုတ် ပူးတွဲစစ်ဆေးရေးဂိတ်ကို ခေါ်ဆောင်သွားခဲ့ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကတ် (ဒါမှမဟုတ်) ခွင့်ပြုချက် စာရွက်စာတမ်းတွေကို ပြသဖို့ ပြောဆိုခဲ့ပေမယ့် အထောက်အထား တစုံတစ်ရာ ပြသနိုင်ခြင်း မရှိခဲ့တဲ့အတွက် တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ စုံစမ်းစစ်ဆေးရေး အရာရှိတွေထံ လွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။…

Read More

ထိုင်းမှာ အုပ်စုဖွဲ့အရက်သောက်ပြီး သီချင်းဖွင့်တဲ့ မြန်မာအဖွဲ့ သေနတ်နဲ့ပစ်ခတ်ခံရလို့ သုံးယောက်သေဆုံး

ဇွန် ၂၈ ၊ ၂၀၂၆ CC (VOM) ထိုင်းနိုင်ငံ ချာချောင်းစောင်ဝ်ခရိုင်(Chachoengsao)၊ ဖနွန်စာရခမ်မြို့နယ် (Phanom Sarakham)ထဲက ကျေးရွာတခုအနီးမှာ သီချင်းဖွင့်ကာ အုပ်စုဖွဲ့ အရက်သောက်တဲ့ မြန်မာအလုပ်သမားအဖွဲ့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သုံးယောက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမား အယောက် ၂၀ လောက်ပါတဲ့ အဖွဲ့ဟာ မနေ့က ဇွန် ၂၇ ရက်နေ့ညပိုင်းက နောင်နမ်ဒမ်ကျေးရွာ ကျေးရွာအနီးကွင်းပြင် မှာ အုပ်စုဖွဲ့အရက်သောက်ပြီး Song Box နဲ့သီချင်းဖွင့်တာကြောင့် ကျေးရွာလုံခြုံရေးအဖွဲ့ဝင်တွေက ရောက်လာပြီး အသံမကျယ်ဖို့နဲ့ အနှောက်အယှက်မဖြစ်စေဖို့ လာရောက်သတိပေးရာကနေ ခိုက်ရန်ဖြစ်ပွား ပြဿနာတက်ပြီး မြန်မာသုံးယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ဝင် တယောက်မှာလည်း ပုလင်းနဲ့ ဦးခေါင်းအရိုက်ခံရပြီး ဓားဒဏ်ရာတွေပါ ရရှိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။ ဒီကိစ္စနဲ့ ပဆ်သက်ပြီး ” သူတို့သောက်စားတဲ့နေရာက ကမ်းမမြင်လမ်းမမြင်တဲ့နေရာပါ…

Read More

ပခုက္ကူက ရဲ​အကြီးအကဲ​တွေ ဘာဖြစ်​နေကြသလဲ

ပခုက္ကူ -ဇွန် -၂၈-၂၀၂၆ VOM မ​ကွေးတိုင်း ပခုက္ကူမြို့မှာ ဒီ​နေ့ ဇွန် ၂၈ ရက်ည​နေက ခရိုင်ရဲတပ်ဖွဲ့မှူးဟာ ကိုယ့်ကိုယ်ကိုယ် ကတ်​ကြေးနဲ့ထိုးတဲ့ဖြစ်စဥ်ဖြစ်လို့ အ​ရေး​ပေါ်​ဆေးရုံတင်ရသလို မြို့နယ်ရဲတပ်ဖွဲ့မှူးလည်း မြို့လယ်​ခေါင် ကားတိုက်မှုဖြစ်လို့ အ​ရေး​ပေါ်​ဆေးကုသမှုခံယူ​နေရပါတယ်။ ဒီ​နေ့ ဇွန် ၂၈ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က ပခုက္ကူမြို့၊ အမှတ် (၁၄) ရပ်ကွက်၊ အရင်ဇက်ဆိပ်ကိုသွားတဲ့ အုတ်ရိုးနီတံတားတောင်ထိပ်အနီးမှာ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းဟာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုတရပ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဒီဖြစ်စဥ်ကိုသိတဲ့ ရပ်ကွက်အုပ်ချုပ်​ရေးအဖွဲ့ဝင်တ​ယောက်​ပြောပြတာက ” ခရိုင်ရဲတပ်ဖွဲ့မှူး အမှတ် (၁၄) ရပ်ကွက်၊ အုတ်ရိုးနီတံတားတောင်ထိပ်နာက အကင်ဆိုင်က ကတ်ကြေးနဲ့ သံပုရာသီး တောင်းခဲ့ပြီး ကားအတွင်း ပြန်ဝင်သွားတယ်။ တပည့်​တွေကတားတယ် တပည့်​တွေ ကန်ကျောက်ဖယ်ရှားပြီး ကားတံခါးကို Lock ချတယ်။…

Read More

ကိုယ်ပိုင်အထက်တန်းကျောင်း တချို့မှာ အတန်းကျော် မသမာမှုတွေ ရှိနေ

ဇွန် ၂၉ – ၂၀၂၆ SS (VOM) တိုင်းဒေသကြီးတချို့က ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း တချို့မှာ Grade – 10 အောင်မြင်ပြီးတဲ့နောက် Grade – 11 ကို ဆက်မတက်ဘဲ အတန်းကျော်ကာ Grade – 12 ကို တက်ရောက်ခွင့်ပေးနေတဲ့ မသမာမှု ပြုလုပ်နေတာမျိုးတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ အဲဒီလို ပြုလုပ်နေတာတွေဟာ ကိုယ်ပိုင်ကျောင်း အတော်များများမှာ ရှိနေတာဖြစ်ပြီး Grade – 10 အောင်မြင်ပြီဆိုပါက Grade – 11 စာကို အနည်းငယ်လောက်သာ သင်ပေးပြီး Grade – 12 ကို အလွယ်တကူ တက်ရောက်ခွင့် ရနေတာဖြစ်တယ်လို့ သိရပါတယ်။ “အဲဒီလိုဖြစ်နေတာ တော်တော်ကို ကြာနေပြီ။ အခုနောက်ပိုင်းက ပိုဆိုးလာတာပေါ့။ Grade –…

Read More

သူတို့အိမ် အခန်း (၁၅၄)

ဆူးငှက် ၃လကြာ သင်တန်း၏ ကာလ တဝက်ကျော် အကြာ —————————————————– ရန်ကင်းတောင်ခြေရှိ သမဝါယမ သင်တန်းကျောင်းတွင် စိတ်မပါ လက်မပါ တက်ရောက်ရာတွင် ပမ၁လခွဲလောက်ကတော့ ကင်မရာလွယ်ကာ ပိုက်ဆံရှာပြီး ဖာသိဖာသာပဲ နေခဲပသည်။ အဆောင် ၄တွင် အတူတေကြသည့် သင်တန်းသားများ ထဲက ခုတင်ချင်းကပ်ရက်တွင် မကွေးတိုင်းသ/မ က ကိုသန့်ဇင်ရှိသည်။ သူက လူကြီးဆန်သည်။ ထို့နောက် ၂ခုတင်ကျော်က ဆင်ပေါင်ဝဲသား ကိုဇော်လွင်ရှိသည်။ သူက ကျွန်တော့်ကို အတော်ခင်သည်။ နံမည်ကိုပင်မခေါ်၊ ညီရေ.. ညီရေ.. ဟုပဲခေါ်သည်။ ထို့နောက် သူ့ခုတင်နှင့် ခြေချင်းဆိုင်မှာ မကွေးသား ကိုဇော်လင်းရှိသည်။ သူက မင်းသား၊ ဆံပင်အရှည်မှာ လှိုင်းထနေပြီး အရပ်ရှည်ရှည်နှင့် ရုပ်ချောသည်။ ဝတ်တာ စားတာ သပ်ရပ်သည်။ အဆောင်တွင် ကျွန်တော်က ထို၃ယောက်နှင့် ပဲ တွဲဖြစ်သည်။ နောက်တော့…

Read More

ရန်ကုန် ပုဇွန်တောင်ချောင်းထဲ ရေဆင်းကူးတဲ့ လူငယ်လေးယောက်အနက် နှစ်ယောက်သေဆုံးခဲ့

ဇွန် ၂၇ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊မင်္ဂလာတောင်ညွန့်မြို့နယ် ၊ စက်ဆန်းရပ်ကွက် ၊ PRO1 Global Home Center နောက်ကျောက ပုဇွန်တောင်ချောင်းထဲမှာ ရေဆင်းကူးရာကနေ လူငယ်အမျိုးသားနှစ်ယောက် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဇွန် ၂၆ ရက်နေ့ ၊ ညနေ ၃ နာရီလောက်မှာ PRO1 Global Home Center က အလုပ်ကြမ်းသမားလေးတွေ ဖြစ်ကြောင်းသိရပြီး သေဆုံးသူတွေက အသက် ၁၆ နှစ်အရွယ် လေးတွေဖြစ်တယ်လို့ သိရပါတယ်။ “ကလေးတွေက ၁၅ ၊ ၁၆ အရွယ်တွေပါ။ ကလေးတယောက်က မျောပါသွားပြီး ပျောက်သွားတယ် ။ရှာမတွေ့သေးဘူး။ ရေကလည်းတက်နေတယ်ဆိုတော့ ရေအတက်နဲ့ ရေကူးတဲ့အရှိန်နဲ့ ကလေးတွေက ကြွက်တက်ပြီး ဖြစ်သွားတယ်ထင်ပါတယ်။ ပျောက်ဆုံး တယောက်ကလည်း သေဆုံးများပါတယ်။ရှင်တယ်ဆိုရင်…

Read More

CDF – Hakha တပ်စခန်းနှစ်ခု လေကြောင်းတိုက်ခံရလို့ တပ်ဖွဲ့ဝင် ငါးယောက်သေဆုံးပြီး ဒဏ်ရာရသူများပြားခဲ့

ဇွန်၂၇ ၊၂၀၂၆ GG (VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ ဟားခါးမြို့နယ်ထဲက ချင်းလက်နက်ကိုင်အဖွဲ့ CDF-Hakha တပ်စခန်းနှစ်ခုကို လေကြောင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ငါးယောက်သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။ မနေ့က ဇွန် ၂၆ ရက်နေ့ ၊ည ၁၀ နာရီလောက်မှာ CDF-Hakha တပ်ရင်း ၁ နဲ့ တပ်ရင်း ၄ စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခံခဲ့ရတာ ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုအတွင်းမှာ သေဆုံးသူတွေအပြင် ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ ” အခုသိရတာတော့ စခန်းနှစ်ခု ဗုံးကြဲခံရတာမှာ ငါးယောက်သေဆုံးမှုရှိထားတယ်။သေတာ အကုန်လုံးက အမျိုးသားတွေချည်းပဲ ။ ဒဏ်ရာရလည်းများတယ်။ ဒဏ်ရာရတဲ့အထဲမှာ ဒဏ်ရာပြင်းထန်တဲ့သူတွေလည်း ပါတယ်သိရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေနဲ့ ပတ်သက်ပြီး သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရ…

Read More

မိုင်ဂျာယန်နဲ့ လိုင်ဇာကြား မြေရှားသတ္တု တူးဖော်မှုကြောင့် တောင်တွေ ဆိုးဆိုးရွားရွားပျက်စီး

ဇွန် ၂၇၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ လိုင်ဇာနဲ့ မိုင်ဂျာယန်ကြား ဒေသတွေမှာ မြေရှားသတ္တု (Rare Earth) တူးဖော်မှု အရှိန်မြင့်လာတာကြောင့် တောင်တန်းတွေ ဆိုးဆိုးရွားရွား ပျက်စီးနေပြီး သစ်တောပြုန်းတီးတာ၊ ရေအရင်းအမြစ် ညစ်ညမ်းလာတာနဲ့ ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ပိုများလာနေတယ်လို့ ဒေသခံတွေနဲ့ အဲဒီလုပ်ငန်းခွင်မှာ လုပ်ကိုင်ဖူးသူတွေက VOM ကို ပြောပါတယ်။ ဒေသခံတဦးကတော့ မိုင်ဂျာယန်အနီး တောင်တန်းတွေကို အပေါက်အများအပြား ဖောက်ပြီး အက်ဆစ်လောင်းကာ မြေရှားသတ္တု ထုတ်ယူနေတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုက အရင်နှစ်တွေထက် ပိုဆိုးလာတယ်လို့ ပြောပါတယ်။ “မိုင်ဂျာယန်ရဲ့ အပေါ်ဘက်မှာ မြေရှားတူးတာ ရက်ရက်စက်စက်ပဲ။ တောင်ကို ဖောက်ပြီး အက်ဆစ်လောင်းတယ်။ အဲဒီအက်ဆစ်ရည်တွေကို အောက်မှာ ကန်တွေနဲ့ခံပြီး ပိုက်လိုင်းကနေ ပြန်ယူပြီး သူတို့လိုချင်တဲ့ သတ္တုကို ထုတ်ယူကြတာ။ တောင်တွေက…

Read More

ရခိုင်ပြည်မှာ ၁၀ ရက်ကျော်အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၀ ယောက်ကျော် သေဆုံး၊ အယောက် ၄၀ ဝန်းကျင် ဒဏ်ရာရ

ဇွန် ၂၇ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ အခု ဇွန်လ ၁၄ ရက်ကနေ ၂၆ ရက်နေ့အထိ ၁၀ ရက်ကျော် ကာလအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၀ ယောက်ကျော် သေဆုံးခဲ့ကာ အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ ဇွန် ၂၆ ရက်၊ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ဝန်းကျင်က ဂွမြို့နယ်၊ ကျိန္တလီမြို့ရှိ အမှတ် (၂) ရပ်ကွက်နဲ့ ရေကျော်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ကနဦးတုန်းက ဒဏ်ရာရက ခြောက်ယောက်ရှိတာ။ အဲဒီထဲက တယောက်က ဆေးကုနေရင်း ဆုံးသွားတယ်။ ကျန်တဲ့ ငါးယောက်ထဲမှာလည်း ဒဏ်ရာ ပြင်းထန်အဆင့်တွေပါတယ်။…

Read More
VOM News

FREE
VIEW