အင်္ဂလိပ်သီချင်းခွေထုတ်တာနဲ့ ပတ်သက်ပြီး ပြောလာတဲ့ အိမ့်ချစ်

ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် အဆိုတော် အိမ့်ချစ်ကတော့ “Slay”Audio CD Albumက အိမ့်ချစ်အနေနဲ့ ဂီတကို ပြောင်းလဲမှုတစ်ခု ဖန်တီးဖြစ်တာပါလို့ဆိုပါတယ်။ အင်္ဂလိပ် သီချင်းခွေလေးထုတ်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့”အဓိကတော့ အိမ့်ချစ်ရဲ့ ဘ၀မှတ်တိုင်အဖြစ်နဲ့ ထုတ်ဖြစ်တာပါ၊ အင်တာနေရှင်နယ်ကို ထိုးဖောက်နိုင်မယ့် အခွင့်အရေးလေးကို တစ်ထောင်တစ်နေရာက ကြိုးစားခဲ့တယ်ဆိုတဲ့ မှတ်တမ်းလေးတစ်ခုရှိချင်တယ်၊ အိမ့်ချစ် ရဲ့ အခွေတွေက မဖြစ်မနေအောင်မြင်ရမယ်ဆိုတဲ့ ကြီးကြီးကျယ်ကျယ် စဉ်းစားပြီးလုပ်တာ မဟုတ်ပါဘူး၊ အိမ့်ချစ်ရဲ့ အခွေသည် နိုင်ငံတကာအဆင့်မီအောင် ကြိုးစားပြီး လုပ်ဆောင်ကြည့်တာပါ၊ အိမ့်ချစ် က လည်း ပြည်ပမှာလည်း ကျယ်ပြန့်ပြီးတော့ တစ်ထောင်တစ်နေရာက ကူညီတဲ့သဘောနဲ့ လုပ်ဆောင် ဖြစ်တာပါ၊ တကယ်ကိုနိုင်ငံတစ်ကာအဆင့်အတန်းမှီအောင် ရေးထားပါတယ်”လို့ဆိုပါတယ်။ သူမကတော့ဂီတသက်တမ်း(၁၄)နှစ်ရှိပြီး မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ကြီးကဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းကျတော့ အိမ့်ချစ်ထက်သတ္တိပိုရှိတဲ့လူငယ်တွေ ထွက်လာကြတယ် ၊အင်္ဂလိပ်လိုတွေရေးထုတ်ကြတယ်သူပေါ်လာတဲ့ အင်အားတစ်ခုဖြစ်လာစေခဲ့ တယ်လို့သိရပါတယ်။ ”ဂီတလောကအတွက်ကို တာဝန်ရှိတဲ့…

Read More

၂၀ကျော် အစိတ်ပိုင်းပေမယ့် အရွယ်တော်တစ်စိတ် မဟိုင်းသေးတဲ့ မမတွေလိုပဲ ၊ စွဲဆောင်မှု အပြည့်ရှိဦး မယ်လို့ ဆိုတဲ့စိုင်းစိုင်း

ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းကတော့  “၂၀ကျော် အစိတ်ပိုင်းပေမယ့် အရွယ်  တော်တစ်စိတ် မဟိုင်းသေးတဲ့ မမတွေလိုပဲ ၊ စွဲဆောင်မှုအပြည့်ရှိဦးမယ်လို့ ယုံကြည်ပါတယ်လို့ဆိုပါတယ်။ ရည်းစားတစ်ဝမ်းကွဲ ဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့ ” ဒီဇာတ်ကားက ကျွန်တော်ဒီကားကို လွန်ခဲ့တဲ့ ၆နှစ်ကျော်ကရိုက်ထားတာပါ၊ အခုပြန်ကြည့်တဲ့အချိန်မှာလည်း မဟောင်းသေးဘူး၊ ကြည့်ရတာလတ်ဆတ်နေ တုန်းပဲရှိသေးတယ်၊ ဘယ်သူ့မှမကြည့်ရသေးဘူး၊ အဲ့ဒါကြောင့် ကျွန်တော်ကအပျိုကြီးမမနဲ့တူတယ် ဆိုပြီးတော့ ချစ်စနိုးလေးနဲ့တင်စားထားတာပါ၊ အခုမှရိုက်ထားတဲ့ ကားလိုမျိုး အစမ်းကြီးတော့ ခေတ်မမီ တော့ဘူးပေါ့နော်၊ ဒါပေမယ့် မကြည့်ရသေးတဲ့အခါ ကျတော့အသစ်ပဲ”လို့ ဆိုပါတယ်။ သူ့ကတော့ Franzo , Heart & Soul Flim Production ရဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ နဲ့ “ရည်းစားတစ်ဝမ်းကွဲ”ရုပ်ရှင်ဒီဇာတ်ကားထဲမှာ သူဌေးသားလးချမ်းသာတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင် ထားတာလည်း ဖြစ်ပါတယ်။ဒီဇင်ဘာ ၂၁ရက်တွင်…

Read More

ဇာတ်ကားတွေ ခိုးကူးပြီးအွန်လိုင်းပေါ်ပြန့်သွားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ တော်တော်ကိုတွန့်စေတယ်ဆိုတဲ့ ဇဏ်ခီ

ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ခီမောင်နှံတွေဖြစ်တဲ့ သရုပ်ဆောင် ဇဏ်ခီကတော့ ကျွန်တော်တို့ မြန်မာပြည်အတွင်းမှာ ဇာတ်ကား တွေ ခိုးကူးပြီးတော့ အွန်လိုင်းပေါ်ပြန့်သွားတဲ့အတွက် ရုပ်ရှင်ဇာတ်ကားတွေကို ရင်းနှီးမြှုပ်နှံသူအပိုင်း အတွက် တော်တော်ကိုတွန့်စေတယ်လို့ဆိုပါတယ်။ စင်ကာပူအထိ မြန်မာဇာတ်ကားတွေ လက်ရှိမှာ ထိုးဖောက်နေသလို အားဆီယံထိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော်တို့ market ကချဲ့ကိုချဲ့မှရမယ်၊မြန်မာပြည်မှာ ရုံကနည်းသေးတော့ ပြန်ရှာနိုင်မယ့်ပိုက် ဆံအတိုင်းအတာက ပြောရမယ်ဆိုရင် နောက်တစ်ကားထည့်ဖို့အတွက် မထည့်ရဲကြဘူး၊ ဘာလို့လည်း ဆိုတော့ထည့်မယ့် ပိုက်ဆံကရှိသည့်တိုင်အောင် မထည့်ရဲကြဘူး။ ပထမတစ်ချက်။ နောက်တစ် ချက်က အွန်လိုင်းပေါ်မှာ ပြန့်သွားရင်ကို ကျွန်တော်တို့ကပြဿနာရှိတယ်၊ ဥပမာ- ဥပါယ်တံမျဉ်တုန်းကဆိုရင် ပျံ့သွားတယ်၊ ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်၊ law အရလည်း ကျွန်တော်တို့ကို ကာကွယ်ပေးတာ မရှိဘူး၊အဖွဲ့အစည်းတွေကလည်း ဘာမှမလုပ်ပေးနိုင်ကြဘူး”လို့ ဆိုပါတယ်။ ဇဏ်ခီကတော့ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းဖြစ်တဲ့ Now & Ever…

Read More

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်က တခြားဟာတွေနဲ့ မတူတဲ့ဖိအားပေးတာတွေ ရှိတယ်ဆိုတဲ့ ဘုဏ်းသိုက်

ရန်ကုန် ဒီဇင်ဘာ ၁၃ -၂၀၁၈ သင်းသဒ္ဒါ(VOM) သရုပ်ဆောင်ရော ဒါရိုက်တာပါ လုပ်ဆောင်နေတဲ့ ဘုဏ်းသိုက်ကတော့ ” ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားက တခြားဟာတွေ မတူညီတဲ့ဖိအားပေးတာတွေရှိတယ်လို့ဆိုပါတယ်။ ” အဓိကတော့ အန်ကယ်လေးရဲ့ လိုအပ်ချက်ကို ၀င်ဖြည့်ပေးတဲ့သဘောပါ၊ဗိုလ်ချုပ်ရုပ်ရှင်ကိုတော့ ကျွန်တော်တို့က မုန်းတဲ့ စိတ်နဲ့ မဟုတ်ပဲ ချစ်တဲ့စိတ်နဲ့ အကောင်းဆုံးပုံဖော်မှာပါ”လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင် အတ္ထုပ္ပတ္တိဇာတ်ညွှန်းကိုတော့ အကယ်ဒမီလူမင်း လိုအပ်ချက်ကိုဖြည့်တဲ့အနေနဲ့  ကျွန်တော်ရယ် ၊ ကိုအောင်ကြီး နှစ်ယောက်ရေးဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဇာတ်ညွှန်းပိုင်းပတ်သက်ပြီးတော့  ” ဗိုလ်ချုပ်ရုပ်ရှင်အပေါ် ကိုယ့်တာဝန်ယူစိတ်က ကိုယ့်ကိုဖိအားပေးတာပါ၊ ဇာတ်ကားတွေနဲ့စာရင်း ဒီဟာကတစ်နိုင်ငံလုံးက အထွတ်အမြတ်ထားတဲ့ ဗိုလ်ချုပ်ရဲ့ ဇာတ်မျိုးစိန်ခေါ်မှု ပိုများတယ်၊ကိုယ့်ဘက်က စိုက်ထုတ်ရတဲ့ အားပမာဏက စိတ်ရော၊လူရောများတယ်၊တခြားအလုပ်လုပ်မယ်လို့ တည်ထားတွေအကုန်လုံး နောက်ကိုဆုတ်ပြီး ဒီဇာတ်အတွက် အခန်းတစ်ခန်းထဲမှာ ပိတ်ပြီးတော့ဘယ်မှမသွားပဲ လနဲ့ချီပြီးတော့ အားထုတ်နေပါတယ်”လို့ဆိုပါတယ်။ လက်ရှိ အစိုးရအနေဖြင့် ဗိုလ်ချူပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို အရှိကို အရှိအတိုင်း…

Read More

ဇာတ်လမ်းကို အဓိက ကြည့်ပြီး ဇာတ်ကားတွေ ရိုက်ကူးဖြစ်တယ်ဆိုတဲ့ နန်းဆုဦး

ရန်ကုန် ဒီဇင်ဘာ ၁၂-၂၀၁၈ သင်းသဒ္ဒါ(VOM) ဂျစ်ကန်ကန် အမူအယာလေးနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ သရုပ်ဆောင် နန်းဆုဦးကတော့ အနုပညာနဲ့ ပတ်သက်လာရင်တော့ အဓိကတော့ ဇာတ်လမ်းကို ကြည့်ပြီးပဲ ရိုက်ကူးဖြစ်တယ်လို့ဆိုပါတယ်။ “ဥပမာ-ဇာတ်လမ်းက တခါတလေမကောင်းတဲ့ ဇာတ်လမ်းတွေလည်း ရှိပါတယ်၊ ပရိသတ်အနေနဲ့ ကြည့်လိုက်လို့ ဒီကားကြီးမကောင်းဘူးလို့ မဖြစ်စေချင်ပါဘူး၊ နန်းဆုကားကို ကြည့်လိုက်တဲ့ ပရိသတ်က ဖျော်ဖြေရေးတစ်ခုပဲဖြစ်ဖြစ် တစ်ခုခုကျန်ခဲ့စေချင်တယ်၊ မင်းသားသစ်တယ် ဟောင်းတယ်မကြည့်ပဲ ဇာတ် လမ်းကိုပဲ ကြည့်ပြီးတော့ နန်းဆု ရိုက်ကူးဖြစ်ပါတယ်၊ နန်းဆုက ဘယ်မင်းသားနဲ့ဆိုမရိုက်ဘူးရယ်လို့ မရှိပါဘူး အဓိက ဇာတ်ကြိုက်ရင် တော့ ရိုက်ဖြစ်ပါတယ် “ သူမက ပြောပါတယ်။ သူမကတော့ ဒီဇင်ဘာ ၁၆ ရက်မှာ Canal + Channel ကထုတ်လွှင့်မယ့် ခရီးသွားကောက်ကြောင်း ဇာတ်လမ်းတွဲမှာတော့ အကယ်ဒမီ လူမင်း၊ နိုင်းနိုင်း ၊…

Read More

”ရည်းစားနဲ့ပြတ်လို့ တရားစွဲခံရတာ ကျွန်တော်တစ်ယောက်ပါဆိုတဲ့ ဝေဠုကျော်”

ရန်ကုန် ဒီဇင်ဘာ ၁၁- ၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ်ဖြစ်တဲ့ သင်းသင်းနဲ့ချစ်သူဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဠုကျော်ကတော့ ” မြန်မာပြည်မှာ သမိုင်းတွင်သွားတာပေါ့၊ နောင်တွင် ဥဒါန်းတွင်ရစ်စေသတည်းပေါ့၊ ရည်းစားပြတ်တာ တရားစွဲခံရတာ ကျွန်တော်တစ်ယောက်ပါ ”လို့ဆိုပါတယ်။ ” ကျွန်တော်ကတော့ ပြဿနာ မရှိပါဘူး၊လောကကြီးမှာ မမှားတာ မရှိဘူးမှားကြတယ်ပေါ့၊ အိမ်ထောင်သည် တွေတချို့တောင် မှားနေကြသေးတာပဲ၊ကျွန်တော်က အိမ်ထောင်မရှိဘူး၊ လူလွတ်လေ ခလုတ်တိုက်မိလို့ပဲ ဖြစ်ဖြစ် ပတ်သက်မိသွားတယ်၊ ဥပမာ- ရိုးရိုးလေး ပြောရင် ရည်းစားထားမိသွားတယ်၊ ရည်းစားပြတ် သွားတယ်ဗျာ၊ တစ်နိုင်ငံမှာရည်းစားနဲ့ ပြတ်သွားတာ သန်းနဲ့ သောင်းနဲ့ ချီပြီးတော့ရှိတော့ ပြတ်နေတာ၊ ကျွန်တော်ကျ မှတရားစွဲခံရမယ်ဆိုတော့ ၀ဋ်ကြွေးပါလာလို့ပေါ့၊ ကျွန်တော်ကလည်း ဘာမှ မဖြစ်ပါဘူး၊ တရားစွဲမယ်ဆို လည်းခံလိုက်ရုံပေါ့”လို့ဆိုပါတယ်။ ”ကျွန်တော်ကလည်း လူငယ်ကို ရည်းစားကိုခုမှ  တစ်ယောက်ဖူးထားဘူးတော့ ခံစားရတာပေါ့၊ ရည်းစားတွေလည်း ပျက်တာတွေလည်း များလာခဲ့ပြီ၊…

Read More

”တရားစွဲချင်စွဲလို့ ဝေဠုကျော်က စိန်ခေါ်ခဲ့တယ်လို့ အလှမယ် သင်းသင်းဆို”

ရန်ကုန် ဒီဇင်ဘာ ၁၁-၂၀၁၈ သင်းသဒ္ဒါ(VOM) သရုပ်ဆောင် ဝေဠုကျော်က အလှမယ် သင်းသင်းကိုတော့ ”သူကိုယ်၌က တရားစွဲချင်စွဲလို့ ဝေဠုကျော်က စိန်ခေါ်ခဲ့တယ်”လို့ဆိုပါတယ်။ ”ဒါကြောင့်  ညီမ မခံနိုင်လွန်းလို့ ကာမလိမ်လည်မှုနဲ့ တရားစွဲမို့ ဖြစ်လာတာပါ၊ညီမကတော့ သူ့ကို တရားစွဲသွားမှာပါ၊ လက်ရှိမှာ တိုင်ပင်နေတုန်းမို့ပါ၊သူ့ ဒီနေ့ဖြေသွားတာက လောကမှာ ရည်းစားဖြစ်တိုင်း ထောင်ကျမှာဆိုရင် အကုန်လုံးထောင်ကျမှာပေါ့လို့ သူ့ဖြေသွားခဲ့တယ်၊ မင်းသား ဆိုတဲ့အတိုင်း လှလှပပလေးသုံးသွားခဲ့တယ်၊ အဲလိုမျိုးမဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူ့က ကမ္ဘာကျော်ပရဟိတ ကိုလုပ်နေတယ်၊ အစ်မကို တွဲလိုက်တာသည် ကိုယ့်ဘယ်လိုမိန်းကလေးလည်းဆိုတာ အကုန်လုံးသိ ပါတယ်၊ သူ့ဟာဘယ်လို ယောက်ျားလဲဆိုတာ အမှန်တရားနဲ့သွားမှာပါ၊ညီမကို လာမညှိပါနဲ့၊ ဒီကြားထဲမှာ ရှေ့ နေတွေ၊ ကိုယ့်ဘေးလူတွေရော ပြန်ညှိဖို့ပြောပါတယ်၊ အစ်မလုံးဝလက်မခံပါဘူး”လို့ဆိုပါတယ်။ “ခုလိုထပြီး တရားစွဲတာကတော့ အစ်မလိုမိန်းကလေးတွေခံရခဲ့ဘူးသူတွေလည်း ရှိပါလိမ့်မယ် ၊ ရှိချင်မှလည်း ရှိလိမ့်မယ်၊ ညီမကတော့ အဆုံးထိခံရတာမို့…

Read More

”ကျန်းမာရေးသံတမန်အဖြစ် မလုပ်ဖြစ်တာတော့ သေချာပါတယ်ဆိုတဲ့ ပိုင်ဖြိုးသု”

ရန်ကုန် ဒီဇင်ဘာ ၁၀-၂၀၁၈ သင်းသဒ္ဒါ(VOM) ကလေးဘ၀ထဲက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့ပြီး လူကြီးသရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ် ချစ်ခင်နှစ်သက်တာကို ခံနေရတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက ရန်ကုန်တိုင်းရဲ့ ကျန်းမာရေးသံတမန်နေရာကို ဆက်ပြီးတော့  မလုပ်ဖြစ်တော့မှာ သေချာတယ်လို့ဆိုပါတယ်”သုသု သေချာရင်ပြောပါမယ်၊ သေချာတာကတော့ မလုပ်ဖြစ်တာကတော့ သေချာပါတယ်”လို့ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ကျန်းမာရေးသံတမန်အဖြစ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါက်တာပိုင်ဖြိုးသုကို ဇူလိုင် ၂၈ ရက်က ကျန်းမာရေးသံတမန် Yangon Health Ambassador အသိအမှတ်ပြု စလွယ်တံဆိပ်ကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ”သု မလုပ်တော့တာ ဆုံးဖြတ်ချက်ချထားပေမယ့်  officaially ဘာမှမလုပ်ရသေးပါဘူး၊officaially  ဖြစ်အောင် မကြိုးစားရသေးလို့ပါ၊ ကားရိုက်တာနဲ့ မအားသေးလို့ပါ”လို့ ပိုင်ဖြိုးသု က ပြောပါတယ်။ နောက်ရိုက်မယ့် Now & Ever ရုပ်ရှင်ဇာတ်ကားမှာ ခီ မောင်နှံဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ပြီးတော့…

Read More

ပိုက်ဆံပေးမှ ဂီတပွဲဖြစ်တာတော့ မဟုတ်ပါဘူးဆိုတဲ့ ဖော်ကာ

ရန်ကုန် ဒီဇင်ဘာ ၈-၂၀၁၈ သင်းသဒ္ဒါ   ရော့ခ်ပြင်းပြင်း သီချင်းတွေ သီဆိုခဲ့တာကြောင့် ပရိသတ်နဲ့ ရင်ဘတ်ချင်းနီးခဲ့တဲ့ အဆိုတော် ဖော်ကာကတော့ “ကျွန်တော်အမြင်ကတော့ ပိုက်ဆံပေးမှ ဂီတပွဲဖြစ်တာတော့ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။   ခုနောက်ပိုင်း အနုပညာကြေးတွေရဲ့ ဖျော်ဖြေပွဲတွေမှာ Ticket ရှိုးတွေသိပ်မရှိတာနဲ့ ပတ်သက်ပြီးတော့ ” တကယ်ဆိုရင် Ticket ရှိုးတွေကတော့ ရှိသင့်တာပေါ့ ခေတ်ကလည်း အမြဲတမ်းလို့ လည်နေပါတယ်။ ဖြစ်နိုင်ရင် Rock ရှိုးဆို Rock ရှိုးပေါ့။ တကယ် ကြော်ငြာလုပ်တဲ့ ပွဲသပ်သပ် မဟုတ်ပဲနဲ့ Rock နဲ့ ညီတဲ့ပွဲတစ်ခု ဖြစ် နေရင်တော့ အကောင်းဆုံးပေါ့”လို့ ဆိုပါတယ်။   သူကတော့ ဒီဇင်ဘာ ၂၅ ရက် ညနေ(၆)နာရီမှာ ရန်ကုန်မြို့ ကန်တော်ကြီးရဲ့ မျှော်စင်ကျွန်းမှာ “Stage of Rangoon…

Read More

ချစ်ရမှာ ကြောက်လာတယ်ဆိုတဲ့ မေမြင့်မိုရ်

ရန်ကုန်၊ ဒီဇင်ဘာ ၈-၂၀၁၈ သင်းသဒ္ဒါ   ရုပ်သံဇာတ်လမ်းတွဲတွေကြောင့် ပရိသတ်အားပေးမှုကို ရလာတဲ့ သရုပ်ဆောင် မေမြင့်မိုရ်က သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။   “လူတစ်ယောက်ကိုချစ်ဖို့ကျတော့ အရိပ်ဇာတ်ကားထဲက စုစုလှိုင်က အချစ်ကို အယုံအကြည်မရှိဘူး။ မချစ်တတ်ဘူးပေါ့။ ဒါကြောင့် ဇာတ်ကားထဲမှာ ညီမ ချစ်ရမှာ ကြောက်တယ်။ အပြင်မှာလည်း ကြောက်တယ် သိပ်ပြီးတော့ မချစ်ချင်ပါဘူး။ လူတစ်ယောက်ကိုချစ်ရတာ ပင်လည်း ပင်ပန်းတယ်။ ညီမကကျတော့ အပြင်မှာလူတစ်ယောက်ကို ချစ်ရင် အချစ်စစ်နဲ့ဘဲ ချစ်ချင်ပါတယ်။ ဘဝမှာ တစ်ယောက်ဆိုတစ်ယောက်ထဲဘဲ ချစ်ချင်တာ အဲဒီလိုမျိုးကျတော့ အခုက နည်းနည်းရှားပါတယ်”လို့ ဆိုပါတယ်။   မေမြင့်မိုရ်က မိမိနဲ့ထပ်တူကျပြီး ကိုယ့်ကိုနားလည်မှု အပြည့်အဝ ပေးနိုင်သူ အချစ်စစ်နဲ့ ချစ်မယ့်သူကို မတွေ့ရသေးပါဘူးလို့ ဆိုပါတယ်။   လက်ရှိမှာတော့ မေမြင့်မိုရ်ဟာ ရုပ်သံလိုင်းမှာ…

Read More
VOM News

FREE
VIEW