ချစ်ရမှာ ကြောက်လာတယ်ဆိုတဲ့ မေမြင့်မိုရ်

ရန်ကုန်၊ ဒီဇင်ဘာ ၈-၂၀၁၈

သင်းသဒ္ဒါ

 

ရုပ်သံဇာတ်လမ်းတွဲတွေကြောင့် ပရိသတ်အားပေးမှုကို ရလာတဲ့ သရုပ်ဆောင် မေမြင့်မိုရ်က သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

 

“လူတစ်ယောက်ကိုချစ်ဖို့ကျတော့ အရိပ်ဇာတ်ကားထဲက စုစုလှိုင်က အချစ်ကို အယုံအကြည်မရှိဘူး။ မချစ်တတ်ဘူးပေါ့။ ဒါကြောင့် ဇာတ်ကားထဲမှာ ညီမ ချစ်ရမှာ ကြောက်တယ်။ အပြင်မှာလည်း ကြောက်တယ် သိပ်ပြီးတော့ မချစ်ချင်ပါဘူး။ လူတစ်ယောက်ကိုချစ်ရတာ ပင်လည်း ပင်ပန်းတယ်။ ညီမကကျတော့ အပြင်မှာလူတစ်ယောက်ကို ချစ်ရင် အချစ်စစ်နဲ့ဘဲ ချစ်ချင်ပါတယ်။ ဘဝမှာ တစ်ယောက်ဆိုတစ်ယောက်ထဲဘဲ ချစ်ချင်တာ အဲဒီလိုမျိုးကျတော့ အခုက နည်းနည်းရှားပါတယ်”လို့ ဆိုပါတယ်။

 

မေမြင့်မိုရ်က မိမိနဲ့ထပ်တူကျပြီး ကိုယ့်ကိုနားလည်မှု အပြည့်အဝ ပေးနိုင်သူ အချစ်စစ်နဲ့ ချစ်မယ့်သူကို မတွေ့ရသေးပါဘူးလို့ ဆိုပါတယ်။

 

လက်ရှိမှာတော့ မေမြင့်မိုရ်ဟာ ရုပ်သံလိုင်းမှာ ပုဂံမြို့သူကားကို ထုတ်လွှ့င်ထားသလို ၂၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဝါရင့် သရုပ်ဆောင်ပညာရှင်တွေ ဖြစ်တဲ့ ကျော်သူ၊ မို့မို့မြင့်အောင်တို့နဲ့ အတူ ပုံဂံမြို့မှာပါဝင်ရိုက်ကူးနေပါတယ်။

 

 

“အခုနောက်ပိုင်းကျတော့ အချစ်စစ်တွေလည်း ရှားတော့ အချစ်အပိုင်းကို အဲဒီအပိုင်းကို သိပ်ပြီး တော့ နားမလည်ဘူး။ ကိုယ့်ကြုံတွေ့ခဲ့ရတာတွေက သိပ်ပြီးတော့ အချစ်စစ်မဟုတ်တာတွေ သိပ်ပြီးတော့ များတယ်။ နောက်ပိုင်းကျတော့ အချစ်ကို ခံစားဖို့ကျတော့ ကြောက်တယ်”လို့ ဆိုပါတယ်။

 

ဓါတ်ပုံ- မေမြင့်မိုရ် ဖေ့စ်ဘွတ်ခ်

Related posts

Leave a Comment

VOM News

FREE
VIEW