လင်ယောက်ျားဟန်ဆောင်ပြီး သားမယားပြုကျင့်မှု ထီးချိုင့်မြို့နယ်တွင်ဖြစ်ပွား

ထီးချိုင့် ဒီဇင်ဘာ ၉-၂၀၁၈ ဗျဂ္ဃ (VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းကျေးရွာ၊ သပြေလွင်ကုန်းရှိ ယာခင်းထဲတွင် ဒီဇင်ဘာလ ၆ ရက်နေ့ ညဦးပိုင်းက လင်ယောက်ျားမရှိခိုက် တဲနားနီးနေထိုင်သူက လင်ယောက်ျားဟန်ဆောင်ပြီး သားမယားပြုကျင့်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ လင်ယောက်ျားဖြစ်သူက အခြားတစ်နေရာကို ကြက်ဖိုးသွားတောင်းနေစဉ်  တဲမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးထဲကျန်ခဲ့တုန်းမှာ ဖြစ်ပွားခဲ့တာပါ။ တစ်ယောက်ထဲ အိပ်နေတုန်းမှာ လူတစ်ဦးက အိပ်ယာကို လာပြီး ရင်သား၊ ဝမ်းဗိုက်တို့ကို ပွတ်သပ်ကိုင်တွယ်နေတာကို လင်ယောက်ျားအမှတ်ဖြင့် ငြိမ်ခံနေရာမှ အရက်နံ့ရသဖြင့် ဘယ်သူလဲမေးရာ ဘာမှမပြောဘဲ လက်နှစ်ဖက်လုံးကို ချုပ်ပြီး ထမီလှန်ကာ သားမယားအဖြစ်  ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။ ကျူးလွန်ခံရသူက သူ့ယောက်ကျားက အရက်မသောက်တတ်မှန်းသိတဲ့အတွက် ရုန်းကန်ပြီး အနီးရှိ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်မှ တဲအနီးမှာ နေထိုင်သူဖြစ်တယ်လို့ သိရတဲ့အတွက် အလိုမတူဘဲ သားမယားပြုကျင့်သူကို ကျူးလွန်ခံရသူက…

Read More

ပိုက်ဆံပေးမှ ဂီတပွဲဖြစ်တာတော့ မဟုတ်ပါဘူးဆိုတဲ့ ဖော်ကာ

ရန်ကုန် ဒီဇင်ဘာ ၈-၂၀၁၈ သင်းသဒ္ဒါ   ရော့ခ်ပြင်းပြင်း သီချင်းတွေ သီဆိုခဲ့တာကြောင့် ပရိသတ်နဲ့ ရင်ဘတ်ချင်းနီးခဲ့တဲ့ အဆိုတော် ဖော်ကာကတော့ “ကျွန်တော်အမြင်ကတော့ ပိုက်ဆံပေးမှ ဂီတပွဲဖြစ်တာတော့ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။   ခုနောက်ပိုင်း အနုပညာကြေးတွေရဲ့ ဖျော်ဖြေပွဲတွေမှာ Ticket ရှိုးတွေသိပ်မရှိတာနဲ့ ပတ်သက်ပြီးတော့ ” တကယ်ဆိုရင် Ticket ရှိုးတွေကတော့ ရှိသင့်တာပေါ့ ခေတ်ကလည်း အမြဲတမ်းလို့ လည်နေပါတယ်။ ဖြစ်နိုင်ရင် Rock ရှိုးဆို Rock ရှိုးပေါ့။ တကယ် ကြော်ငြာလုပ်တဲ့ ပွဲသပ်သပ် မဟုတ်ပဲနဲ့ Rock နဲ့ ညီတဲ့ပွဲတစ်ခု ဖြစ် နေရင်တော့ အကောင်းဆုံးပေါ့”လို့ ဆိုပါတယ်။   သူကတော့ ဒီဇင်ဘာ ၂၅ ရက် ညနေ(၆)နာရီမှာ ရန်ကုန်မြို့ ကန်တော်ကြီးရဲ့ မျှော်စင်ကျွန်းမှာ “Stage of Rangoon…

Read More

အလုပ်သမားဝန်ကြီးအသစ် ခန့်ထားပေးဖို့ အလုပ်သမားများ တောင်းဆို

မန္တလေး၊ ဒီဇင်ဘာ ၉၊ ၂၀၁၈။ လင်းလင်း (VOM)   မန္တလေးတိုင်းဒေသကြီးမှာ အလုပ်သမားဝန်ကြီး အသစ် ခန့်အပ်ပေးရေး အပါအဝင် အလုပ်သမားရေးရာကိစ္စရပ်တွေကို တာဝန်ရှိသူတွေက အလေးထားဆောင်ရွက်ပေးဖို့ အလုပ်သမား ၄၀၀ ကျော်က ဒီနေ့မနက် မန္တလေးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   NLD အစိုးရလက်ထက်မှာ လက်ရှိဖြစ်ပွားနေတဲ့ အလုပ်သမားပြသနာတွေနှင့် ပတ်သက်ပြီး မပြေလည်မှုများပြားနေကြောင်း၊ အခုလိုဖြစ်ပွားရတာဟာ တိုင်းဒေသကြီး အလုပ်သမားဝန်ကြီးရဲ့ ဖြေရှင်းပေးမှု အားနည်းနေတယ်လို့ သုံးသပ်ရတဲ့အတွက် အလုပ်သမားဝန်ကြီးအသစ် ခန့်ထားပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။   အလုပ်သမားကိစ္စတွေကို သီးသန့်ကိုင်တွယ်ပေးနိုင်ဖို့ အပြင် အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို အမြန်ဆုံး ပြင်ဆင်ပေးရေး သမဂ္ဂခေါင်းဆောင်တွေကို အလုပ်မှ ထုတ်ပယ်မှု ရပ်တန့်ရေး၊ စက်ရုံအလုပ်ရုံတွေကို ဥပဒေနှင့်အညီ စစ်ဆေးပေးရေး၊ ILO ပြဌာန်းချက်…

Read More

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ မုံရွာမြို့မှာ ပြုလုပ်

မုံရွာ၊ ဒီဇင်ဘာ ၉၊ ၂၀၁၈ ဗျဂ္ဃ(VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လူထုလမ်းလျှောက်ချီတက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။   လူထုလမ်းလျှောက်ချီတက်ပွဲက ၁၆ ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအဖြစ်ကျင်းပတာဖြစ်ပြီး စစ်ကိုင်းတိုင်း အမျိုးသမီးကော်မတီ ဥက္ကဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ဦးဆောင်ကာ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ၊ ဌာနဆိုင်ရာတွေ၊ ပြည်သူတွေ စုစုပေါင်း ၈၀၀ ဝန်းကျင်က မြို့တော်ခန်းမရှေ့ကနေ ဗိုလ်ချုပ်လမ်း၊ မိတ်ဆက်လမ်း၊ ပြည်ထောင်စုလမ်း၊ ဘူတာလမ်းတို့အတိုင်းချီတက်ခဲ့ကြပြီး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။   စစ်ကိုင်းတိုင်း အစိုးရအဖွဲ့၊ လူမှုရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဇော်ဝင်းက လက်ရှိမြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ် အိမ်တွင်း အကြမ်းဖက်မှုတွေ ရှိနေဆဲဖြစ်တယ်၊ ဒါတွေကို ပပျောက်ရေးအတွက် အခုလို လူထုလမ်းလျှောက်ချီတက်ပွဲ လုပ်ပြီး ပညာပေး…

Read More

မုံရွာမြို့တွင် ကြက်ဥပြုတ်ရာက နေအိမ် ၇ လုံးမီးလောင်ကျွမ်း

မုံရွာ၊ ဒီဇင်ဘာ ၈၊ ၂၀၁၈ ဗျဂ္ဃ(VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နယ်မြေ ၆၊ မန်ကျည်းကုန်းလမ်း၊ လမ်းသွယ် ၂ တွင် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်က ကြက်ဥပြုတ်ရာကနေ နေအိမ် ၇ လုံး မီးလောင်မှု ဖြစ်ပေါ်ခဲ့ပါတယ်။   မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ ၂ထပ်အိမ် ၅ လုံးနှင့် သွပ်မိုး၊ ထရံကာ မြေစိုက်အိမ် ၂လုံး စုစုပေါင်း နေအိမ် ၇ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၆၂၀၀၀၀ကျပ်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန်တွေ ထိခိုက်ဆုံးမှုမရှိဘူးလို့ သိရပါတယ်။ မီးလောင်မှုကို တိုင်းမီးသတ်ဦးစီးမှုးဦးဆောင်တဲ့ မီးသတ်ကား ၁၆ စီး၊ ရေသယ်ယာဉ် ၅ စီး၊…

Read More

ချစ်ရမှာ ကြောက်လာတယ်ဆိုတဲ့ မေမြင့်မိုရ်

ရန်ကုန်၊ ဒီဇင်ဘာ ၈-၂၀၁၈ သင်းသဒ္ဒါ   ရုပ်သံဇာတ်လမ်းတွဲတွေကြောင့် ပရိသတ်အားပေးမှုကို ရလာတဲ့ သရုပ်ဆောင် မေမြင့်မိုရ်က သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။   “လူတစ်ယောက်ကိုချစ်ဖို့ကျတော့ အရိပ်ဇာတ်ကားထဲက စုစုလှိုင်က အချစ်ကို အယုံအကြည်မရှိဘူး။ မချစ်တတ်ဘူးပေါ့။ ဒါကြောင့် ဇာတ်ကားထဲမှာ ညီမ ချစ်ရမှာ ကြောက်တယ်။ အပြင်မှာလည်း ကြောက်တယ် သိပ်ပြီးတော့ မချစ်ချင်ပါဘူး။ လူတစ်ယောက်ကိုချစ်ရတာ ပင်လည်း ပင်ပန်းတယ်။ ညီမကကျတော့ အပြင်မှာလူတစ်ယောက်ကို ချစ်ရင် အချစ်စစ်နဲ့ဘဲ ချစ်ချင်ပါတယ်။ ဘဝမှာ တစ်ယောက်ဆိုတစ်ယောက်ထဲဘဲ ချစ်ချင်တာ အဲဒီလိုမျိုးကျတော့ အခုက နည်းနည်းရှားပါတယ်”လို့ ဆိုပါတယ်။   မေမြင့်မိုရ်က မိမိနဲ့ထပ်တူကျပြီး ကိုယ့်ကိုနားလည်မှု အပြည့်အဝ ပေးနိုင်သူ အချစ်စစ်နဲ့ ချစ်မယ့်သူကို မတွေ့ရသေးပါဘူးလို့ ဆိုပါတယ်။   လက်ရှိမှာတော့ မေမြင့်မိုရ်ဟာ ရုပ်သံလိုင်းမှာ…

Read More
VOM News

FREE
VIEW