မုံရွာမြို့တွင် ကြက်ဥပြုတ်ရာက နေအိမ် ၇ လုံးမီးလောင်ကျွမ်း

မုံရွာ၊ ဒီဇင်ဘာ ၈၊ ၂၀၁၈

ဗျဂ္ဃ(VOM)

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နယ်မြေ ၆၊ မန်ကျည်းကုန်းလမ်း၊ လမ်းသွယ် ၂ တွင် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်က ကြက်ဥပြုတ်ရာကနေ နေအိမ် ၇ လုံး မီးလောင်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

 

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ ၂ထပ်အိမ် ၅ လုံးနှင့် သွပ်မိုး၊ ထရံကာ မြေစိုက်အိမ် ၂လုံး စုစုပေါင်း နေအိမ် ၇ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၆၂၀၀၀၀ကျပ်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန်တွေ ထိခိုက်ဆုံးမှုမရှိဘူးလို့ သိရပါတယ်။

မီးလောင်မှုကို တိုင်းမီးသတ်ဦးစီးမှုးဦးဆောင်တဲ့ မီးသတ်ကား ၁၆ စီး၊ ရေသယ်ယာဉ် ၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင်စုစုပေါင်း ၅၀ ကျော်နှင့် ရပ်ကွက်နေပြည်သူတွေ၊ ရဟန်းသံဃာတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အချိန်နာရီဝက်ခန့်အကြာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပါတယ်။

 

မီးလောင်မှုနဲ့ပတ်သက်ပြီး ပေါ့ဆမီးစတင်လောင်ကျွမ်းစေခဲ့တဲ့ ဦးသန့်ဇင်ကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW