မြောက်ဦးမြို့နယ် လက္ကာရွာ နေအိမ် ၁၉၃ လုံးမီးလောင်မှု လက်သည်မပေါ်

မြောက်ဦးမြို့နယ် လက္ကာရွာ နေအိမ် ၁၉၃ လုံးမီးလောင်မှု လက်သည်မပေါ်

မြောက်ဦးမြို့နယ် လက္ကာရွာ နေအိမ် ၁၉၃ လုံးမီးလောင်မှု လက်သည်မပေါ် မြောက်ဦး၊ မေ ၁၈- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ က မီးလောင်မှုကြောင့် ကျေးရွာတွင်း နေအိမ် ၁၉၃ ဆောင် မီးလောင်ပြာကျသွားတယ်လို့ လက္ကာရွာဇာတိ ဆရာတော်က VOM ကိုမိန့်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်မှာတော့ မေလ ၁၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်က လက္ကာရွာအနီး မြောက်ဦးမြို့နယ်အတွင်း တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အေအေ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အေအေတပ်ဖွဲ့ဝင်တွေဟာ ရွာကိုမီးရှို့ပြီးထွက်ပြေးသွားတာကြောင့် အိမ်၂၀ မီးလောင်သွားတယ်လို့ ပါရှိပါတယ်။ ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFAကို ဖြေကြားထားတာမှာတော့…

Read More
VOM News

FREE
VIEW