မြောက်ဦးမြို့နယ် လက္ကာရွာ နေအိမ် ၁၉၃ လုံးမီးလောင်မှု လက်သည်မပေါ်

မြောက်ဦးမြို့နယ် လက္ကာရွာ နေအိမ် ၁၉၃ လုံးမီးလောင်မှု လက်သည်မပေါ်

မြောက်ဦးမြို့နယ် လက္ကာရွာ နေအိမ် ၁၉၃ လုံးမီးလောင်မှု လက်သည်မပေါ်

မြောက်ဦး၊ မေ ၁၈- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ က မီးလောင်မှုကြောင့် ကျေးရွာတွင်း နေအိမ် ၁၉၃ ဆောင် မီးလောင်ပြာကျသွားတယ်လို့ လက္ကာရွာဇာတိ ဆရာတော်က VOM ကိုမိန့်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်မှာတော့ မေလ ၁၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်က လက္ကာရွာအနီး မြောက်ဦးမြို့နယ်အတွင်း တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အေအေ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အေအေတပ်ဖွဲ့ဝင်တွေဟာ ရွာကိုမီးရှို့ပြီးထွက်ပြေးသွားတာကြောင့် အိမ်၂၀ မီးလောင်သွားတယ်လို့ ပါရှိပါတယ်။

ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFAကို ဖြေကြားထားတာမှာတော့ ” ဒါဟာ စစ်တပ်အနေနဲ့ သူတို့ရဲ့ “စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့” ကြိုးစားတဲ့အနေနဲ့ ပြောတာဖြစ်သလို သတင်းဌာနတွေအနေနဲ့ ဒေသခံတွေကိုမေးကြည့်ရင် ပိုသိရလိမ့်မယ်လို့ ပြောသလို အခုလို စစ်တပ်ကလုပ်‌ဆောင်နေတာကို ခံရတဲ့ ပြည်သူတွေအတွက် အစိုးရအနေနဲ့ ကာကွယ်တားဆီး မပေးနိုင်ဘူးဆိုရင် တရားမျှတမှု ရရေးအတွက် AA အဖွဲ့အနေနဲ့ နိုင်ငံတကာနဲ့လက်တွဲပြီး ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ခိုင်သုခက RFA   ကိုဖြေထားတာတွေ့ရပါတယ်။

လက္ကာရွာဇာတိ ပီပင်ရင်း ဆရာတော်မိန့်တာကတော့ ” မီးလောင်သွားတာက အိမ်ခြေ ၁၉၃ ဆောင်ပါသွားတယ်။ စားသင်ကျောင်းလည်း တစ်ကျောင်းပါသွားတယ်။ မီးမလောင်ပဲကျန်တာက ၁၀၉ ဆောင်ကျန်တယ်။ အဲနားမှာ တိုက်ပွဲမရှိဘူး။ မီးလောင်တဲ့ အခါမှာ သေနတ်သံ တွေကြားတယ်။ သောကြာနေ့ ညည့် ၁၁ နာရီမှာ လက္ကာရွာနဲ့ တစ်မိုင်လောက်ခရီမှာ ၁၀ မိနစ် ၁၅ မိနစ်လောက် တိုက်ပွဲဖြစ်တယ်လို့ ကြားသိရတယ်။ စနေနေ့ကျတော့ တိမ်ညိုက စစ်တပ်ထွက်လာတယ်။ ၁ နာရီခွဲမှာ လက္ကာကို ဝင်တယ်။ နေ့လည် ၂ နာရီလောက်မှာ သေနတ်သံကြားရတယ်။ သေနတ်သံကြားလို့ လှမ်းကြည့်တော့ မီးခိုးတွေထွက်ပြီး မီးလောင်နေပြီ။” လို့ မိန့်ပါတယ်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လက္ကာကျေးရွာက နေအိမ် ၁၉၃ လုံးအပြင် စာသင်ကျောင်းတစ်ကျောင်း မီးရှို့ခံရတာကို ဟုတ်မှန်ကြောင်း VOM ကို အတည်ပြုပြောဆိုပါတယ်။

လက္ကာကျေးရွာမီးရှို့ခံရမှုမှာ လယ်လုပ်ဖို့ အိမ်တွေမှာ စုထားတဲ့ လယ်ထွန်စက်တွေ၊ မျိုးစပါး၊ ရေနီဆီ၊ ဒီဇယ်ဆီတွေ၊ ပြီးတော့ စပါးကြဲတဲ့အခါ မြေဆီသြဇာတွေ သူတို့စုထာတာနဲ့ဆိုရင် အိမ်တွေဆုံးရှုံးတဲ့အပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ခေါင်းမထောင်နိုင်လောက်အောင် ဖြစ်သွားတာကြောင့် မိသားစု ဆွေမျိုးသားချင်းတွေအတွက် ရင်ထဲမှာ ပူပင်စိတ်တွေခံစားရတယ်လို့ လက္ကာရွာဇာတိ ပီပင်ရင်း ဆရာတော်က ပြောပါတယ်။

#voiceofmyanmar #VOM #လက္ကာရွာမီးလောင်မှု

Zawgyi

ေျမာက္ဦးၿမိဳ႕နယ္ လကၠာ႐ြာ ေနအိမ္ ၁၉၃ လုံးမီးေလာင္မွဳ လက္သည္မေပၚ

ေျမာက္ဦး၊ ေမ ၁၈- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ လကၠာေက်း႐ြာမွာ ၿပီးခဲ့တဲ့ ေမလ ၁၆ ရက္ေန႔ က မီးေလာင္မႈေၾကာင့္ ေက်း႐ြာတြင္း ေနအိမ္ ၁၉၃ ေဆာင္ မီးေလာင္ျပာက်သြားတယ္လို႔ လကၠာ႐ြာဇာတိ ဆရာေတာ္က VOM ကိုမိန႔္ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ခ်က္မွာေတာ့ ေမလ ၁၆ ရက္ေန႔ ေန႔လယ္ ၂ နာရီခြဲခန႔္က လကၠာ႐ြာအနီး ေျမာက္ဦးၿမိဳ႕နယ္အတြင္း တပ္မေတာ္လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြကို ေအေအ တပ္ဖြဲ႕ဝင္ေတြက လက္နက္ႀကီးငယ္ေတြနဲ႔ ပစ္ခတ္တာေၾကာင့္ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး ေအေအတပ္ဖြဲ႕ဝင္ေတြဟာ ႐ြာကိုမီးရႈိ႕ၿပီးထြက္ေျပးသြားတာေၾကာင့္ အိမ္၂၀ မီးေလာင္သြားတယ္လို႔ ပါရွိပါတယ္။

ရကၡိဳင့္တပ္ေတာ္ (AA) ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက RFAကို ေျဖၾကားထားတာမွာေတာ့ ” ဒါဟာ စစ္တပ္အေနနဲ႔ သူတို႔ရဲ႕ “စစ္ရာဇဝတ္မႈကို ဖုံးကြယ္ဖို႔” ႀကိဳးစားတဲ့အေနနဲ႔ ေျပာတာျဖစ္သလို သတင္းဌာနေတြအေနနဲ႔ ေဒသခံေတြကိုေမးၾကည့္ရင္ ပိုသိရလိမ့္မယ္လို႔ ေျပာသလို အခုလို စစ္တပ္ကလုပ္‌ေဆာင္ေနတာကို ခံရတဲ့ ျပည္သူေတြအတြက္ အစိုးရအေနနဲ႔ ကာကြယ္တားဆီး မေပးႏိုင္ဘူးဆိုရင္ တရားမွ်တမႈ ရေရးအတြက္ AA အဖြဲ႕အေနနဲ႔ ႏိုင္ငံတကာနဲ႔လက္တြဲၿပီး ေဆာင္႐ြက္သြားရမွာ ျဖစ္တယ္လို႔ ခိုင္သုခက RFA   ကိုေျဖထားတာေတြ႕ရပါတယ္။

လကၠာ႐ြာဇာတိ ပီပင္ရင္း ဆရာေတာ္မိန႔္တာကေတာ့ ” မီးေလာင္သြားတာက အိမ္ေျခ ၁၉၃ ေဆာင္ပါသြားတယ္။ စားသင္ေက်ာင္းလည္း တစ္ေက်ာင္းပါသြားတယ္။ မီးမေလာင္ပဲက်န္တာက ၁၀၉ ေဆာင္က်န္တယ္။ အဲနားမွာ တိုက္ပြဲမရွိဘူး။ မီးေလာင္တဲ့ အခါမွာ ေသနတ္သံ ေတြၾကားတယ္။ ေသာၾကာေန႔ ညည့္ ၁၁ နာရီမွာ လကၠာ႐ြာနဲ႔ တစ္မိုင္ေလာက္ခရီမွာ ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ တိုက္ပြဲျဖစ္တယ္လို႔ ၾကားသိရတယ္။ စေနေန႔က်ေတာ့ တိမ္ညိဳက စစ္တပ္ထြက္လာတယ္။ ၁ နာရီခြဲမွာ လကၠာကို ဝင္တယ္။ ေန႔လည္ ၂ နာရီေလာက္မွာ ေသနတ္သံၾကားရတယ္။ ေသနတ္သံၾကားလို႔ လွမ္းၾကည့္ေတာ့ မီးခိုးေတြထြက္ၿပီး မီးေလာင္ေနၿပီ။” လို႔ မိန႔္ပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းသာစိန္က လကၠာေက်း႐ြာက ေနအိမ္ ၁၉၃ လုံးအျပင္ စာသင္ေက်ာင္းတစ္ေက်ာင္း မီးရႈိ႕ခံရတာကို ဟုတ္မွန္ေၾကာင္း VOM ကို အတည္ျပဳေျပာဆိုပါတယ္။

လကၠာေက်း႐ြာမီးရႈိ႕ခံရမႈမွာ လယ္လုပ္ဖို႔ အိမ္ေတြမွာ စုထားတဲ့ လယ္ထြန္စက္ေတြ၊ မ်ိဳးစပါး၊ ေရနီဆီ၊ ဒီဇယ္ဆီေတြ၊ ၿပီးေတာ့ စပါးႀကဲတဲ့အခါ ေျမဆီၾသဇာေတြ သူတို႔စုထာတာနဲ႔ဆိုရင္ အိမ္ေတြဆုံးရႈံးတဲ့အျပင္ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းေတြ ေခါင္းမေထာင္ႏိုင္ေလာက္ေအာင္ ျဖစ္သြားတာေၾကာင့္ မိသားစု ေဆြမ်ိဳးသားခ်င္းေတြအတြက္ ရင္ထဲမွာ ပူပင္စိတ္ေတြခံစားရတယ္လို႔ လကၠာ႐ြာဇာတိ ပီပင္ရင္း ဆရာေတာ္က ေျပာပါတယ္။

#voiceofmyanmar #VOM #လကၠာ႐ြာမီးေလာင္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW