ရန်ကုန် ၊စက်တင်ဘာ၂၃-၂၀၁၉
သူရိန် ( VOM )
မြန်မာနိုင်ငံမှာ Global Geopark ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ်သတ်မှတ်ခံရဖို့အလားအလာကောင်းများပိုင်ဆိုင်တဲ့နေရာအများအပြားရှိတဲ့အနက် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းလေ့လာမှုအရ ပုပ္ပါးတောင်ဒေသကအလားအလာအကောင်းဆုံးဖြစ်တယ်လို့သိရပါတယ်။
အဲဒီဒေသမှာထူးခြားတဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ပုဂံခေတ်သံရည်ကျိုမီးဖိုတွေ၊ ထူးခြားတဲ့ဇီဝမျိုးစုံမျိုးကွဲများရှိနေတယလို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းကပြောပါတယ်။
ဒါ့အပြင်အစွယ်(၂)ထပ်ဆင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးများလည်းရှိတယ်လို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းကဆိုပါတယ်။
UNESCO ဟာကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်ကို၂၀၀၁ခုနှစ်တွင်စတင်ခဲ့ပြီးလက်ရှိမှာ၄၁နိုင်ငံတွင်ကမ္ဘာ့ဘူမိဥယျာဉ်၁၄၇ခုရှိနေတယ်လို့သိရပါတယ်။ တရုတ်နိုင်ငံ၊အင်ဒိုနီးရှား၊ထိုင်း၊ဗီယက်နမ်နဲ့မလေးရှားနိုင်ငံတို့မှာလည်းကမ္ဘာ့ဘူမိဥယျာဉ်များရှိနေပါတယ်။
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းရဲ့လေ့လာမှုအရမြန်မာနိုင်ငံမှာ Global Geopark အဖြစ်သတ်မှတ်ခံရဖို့အလားအလာရှိတဲ့ နေရာအများအပြားရှိနေတယ်လို့ဆိုပါတယ်။
#voiceofmyanmar #ပုပ္ဗါး
ဓာတ်ပုံ…Mount Popa