ကျောက်ဆည်၊နိုဝင်ဘာ ၁၉-၂၀၁၈
မောင်တာရာ (VOM)
ကျောက်ဆည်အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသားကို ဝိုင်းဝန်းထိုးကြိတ်ဓားနဲ့ ထိုးသတ်ခဲ့သူသုံးဦးအား ဒီနေ့ ကျောက်ဆည်ခရိုင်တရားရုံးကနေ သေဒဏ် အပါအဝင် ထောင်ဒဏ် အသီးသီးအမိန့်ချမှတ်ခဲ့ကြောင်းသိရပါတယ်။
ကျောက်ဆည်GTIနောက်ဆုံးနှစ်ကျောင်းသား မောင်နေမင်းထက်ဟာ ၂၀၁၈ သြဂုတ်လ ၂၉ ရက်ညက ကျူးလွန်သူတရားခံတွေနဲ့ စကားများရန်ဖြစ်ပြီး အသတ်ခံရတာဖြစ်ပါတယ်။ အဲဒီ ကျူးလွန်သူတရားခံ ၃ ဦးအနက် ဓားနဲထိုးခဲ့သူ အောင်သူဟိန်းကို သေဒဏ်ချမှတ်ခဲ့ပြီး၊ ကျူးလွန်ရာမှာ ပါဝင်ခဲ့သူနှစ်ဦးဖြစ်တဲ့အလီဘိုင်(ခ)မင်းခန့်ကျော်ကို ထောင်ဒဏ် ၂၁နှစ် ၊မင်းချစ်အောင်(ခ)ဖိုးချစ်ကို ထောင်ဒဏ် ၂၀နှစ်စီ အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ကျောက်ဆည်GTI နောက်ဆုံးနှစ်ကျောင်းသား မောင်နေမင်းထက် အသတ်ခံရမှုမှာ ကျူးလွန်သူတရားခံ ၃ ဦးဖြစ်တဲ့ တရားခံအလီဘိုင်(ခ)မင်းခန့်ကျော်အား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၁)(ဂ)/၁၁၄၊ ၃၂၃ အရလည်းကောင်း။ တရားခံ အောင်သူဟိန်းအားရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၁)(ဂ)အရလည်းကောင်း၊တရားခံမင်းချစ်အောင်(ခ)ဖိုးချစ်အား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၁)(ဂ)/၁၁၄ အရလည်းကောင်း အသီးသီး စွဲချက်တင်ခဲ့ပြီး တရားခံပြသက်သေများကို ဆက်လက်စစ်ဆေးခဲ့ပြီးနောက် ယနေ့မှာ နှစ်ဖက်လျှောက်လဲချက်ကြားနားခဲ့ပြီး အထက်ပါအတိုင်းအပြီးသတ်အမိန့်ချမှတ်ခဲ့ပါတယ်။
#voiceofmyanmar #ကျောက်ဆည်လူသတ်မှုသေဒဏ်ချ
ဓါတ်ပုံ စိုးသီဟ