ယူရိုသန်း(၇၀) ချေးယူမယ့်ကိစ္စ မဆိုင်တဲ့ water taxi ကောင်းစားဖို့အတွက်လို့ လွှတ်တော်ကိုယ်စားလှယ်ပြော

နေပြည်တော်၊ နိုဝင်ဘာ(၁၉)၊၂၀၁၈ ဒီပ(နေပြည်တော်)   နိုင်ငံတော်သမ္မထံက ပေးပို့ထားတဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံကနေ ချေးငွေယူရိုသန်း(၇၀) ရယူရန်ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်(၉)ဦးက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးသွားတဲ့ ကိုယ်စားလှယ်ထဲက ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က သတင်းထောက်များကို အခုလိုပြောပါတယ် “ကားလမ်းရယ် ရထားလမ်းရယ် ရေကြောင်းလမ်းရယ်ပေါ့ အဲ့ဒါကိုလုပ်ဖို့ ကြိုးစားနေတာ လုပ်တဲ့အခါမှာလည်း မြန်မာငွေနဲ့ လုပ်လို့ရတဲ့ဟာပဲ ဒီကိစ္စကို ကြွေးမြီတင်ခံမယ်ဆိုလို့ရှိရင် ဦးတို့နိုင်ငံက အကြွေးလည်းပိနေတယ် အတိုးလည်းပေးနေရတဲ့ အခြေနေမှာရှိနေပြီး ကိုယ့်ပိုက်ဆံကိုယ် လုပ်လို့ရတဲ့အရာလို့ ဦးအနေနဲ့ သဘောထားတင်ပြချင်တယ်၊ ကမ်းခြေမှာ ပတ်လမ်းတွေလုပ်မယ်ဆိုတော့ ဒို့နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းက အများကြီးလိုနေသေးတယ် ရန်ကုန်မြို့တော်မှာ အဓိကလိုအပ်ချက် လမ်းမီးတွေမရှိဘူး ရာဇ၀တ်မှုတွေတိုးပွားတယ် ယာဉ်တိုက်မှုတွေဖြစ်တယ် ဒါတွေကို ဦးစားပေးပြီးလုပ်ရမယ် ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေကို ပြေပျောက်အောင်လုပ်ရမယ်။ မဆိုင်တဲ့…

Read More

‘လင်္ကာဒီပချစ်သူ ပြဇာတ်ကို လူမင်းနဲ့ အနုပညာရှင်များက မန္တလေးမှာ ကပြမည်

ရန်ကုန် နိုဝင်ဘာ ၁၉ -၂၀၁၈ သင်းသဒ္ဒါ   ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ယနေအချိန်ထိရရှိထားတဲ့ အကယ်ဒမီ လူမင်းက လင်္ကာဒီပချစ်သူ ပြဇာတ်ကို သူနဲ့ အနုပညာရှင်များက မန္တလေးမှာကပြမယ်လို့ ဆိုပါတယ်။ Mandalay Entertainment ကနေ ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်မှာ မန္တလေးမြို့မှာ ကပြမှာဖြစ်ပြီး၊ ဝတ္ထု ချစ်ဦးညို ၊ ဇာတ်ညွှန်းကိုတော့ သန်းထိုက်(ရွှေရိပ်) ၊ တွဲဖက်ဒါရိုက်တာ လင်္ကာညို ၊ ဒါရိုက်တာ မောင်သီရိုက်မယ့် ”လင်္ကာဒီပချစ်သူ စင်တင်ပြဇာတ်” မှာတော့ သီတာဒေဝီ အဖြစ် ဝတ်မှုန်ရွှေရည် ၊ ခိုင်သင်းကြည် စတဲ့အနုပညာ တွေ အတူ ရာဝန နေရာက လူမင်းက ပါဝင်မှာဖြစ်ပါတယ်။ ”ကျွန်တော်က တကယ်ကို နာမည်ကြီးခဲ့တဲ့ ရာဝန နေရာပေါ့။ ငယ်ငယ်တုန်းက အရမ်းကြိုက်တဲ့…

Read More

ရေမဆေးနှင့် လုပ်ကွက်လုံခြုံရေးများ ပဋိပက္ခဖြစ်

ဖားကန့်၊ နိုဝင်ဘာ ၁၉၊ ၂၀၁၈ ဇော်မိုးထက်   ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု၊ နမ့်မှော်ရွာနားက ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်ထဲမှာ ရေမဆေးကျောက်ရှာသူတွေနဲ့ လုပ်ကွက်လုံခြုံရေးတွေ ပဋိပက္ခဖြစ်နေပါတယ်။ ကုမ္ပဏီပိုင် အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးတာတွေ ဖြစ်နေပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။   “ညနေ ၃ နာရီခွဲလောက် စဖြစ်တာပါ။ ရေမဆေးသမားတယောက်သေတယ်လို့လဲကြားတယ်၊ ဒဏ်ရာရတယ်လို့လည်း ကြားတယ်။ ခုချိန်ထိတော့ အတည်ပြုချက်မရသေးဘူး။ မီးကတော့ ငြိမ်းသွားပြီ၊ လူစုလည်း ကွဲသွားပါပြီ၊ အပျက်အစီးစာရင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး” လို့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က အတည်ပြု ပြောဆိုခဲ့ပါတယ်။   မော်လကင်ရွာမှာ နေတဲ့ ဆိုင်းအောင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကတော့ “မီးကတော့ ငြိမ်းသွားပါပြီ၊ ကုမ္ပဏီအဆောင် ၂ ခု မီးလောင်သွားတယ်။ ကျင်းထဲမှာတော့ ကားတစီး မီးလောင်နေတာ တွေ့တယ်။…

Read More

ကျောက်ဆည်ဘုရားပွဲမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ရိုက်ခံရ

ကျောက်ဆည် နိုဝင်ဘာ ၁၉-၂၀၁၈ မောင်တာရာ (VOM)   မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားပွဲမှာ  ပွဲခင်းလုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ရိုက်ခံရကြောင်း ကျောက်ဆည်မြို့မရဲစခန်းက သိရပါတယ်။     ယခုလ ၁၇ ရက်နေ့ ည ၁၀ နာရီအချိန် ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားပွဲမှာ မန္တလာထိပ်ခေါင်ဇာတ်အဖွဲ့ ကပြဖျော်ဖြေနေစဉ်  အရှေ့ငယ်တိုးကျေးရွာနေ ကိုသူ(ခ)ကျော်မြတ်သူကို သင်တောင်းကြီးကျေးရွာနေ မင်းသိုက်(ခ)ရှည်ကြီး က အရှည် ၂ ပေခန့်ရှိ သုံးဆစ်ထုတ် စတီးသံတုတ်နဲ့ ရိုက်နှက်ရာမှ ကိုသူ(ခ) ကိုကျော်မြတ်သူရဲ့ ယာဘက်ချိုစောင်း တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာရှိသွားခဲ့ပါတယ်။   အဲလို ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တဲ့ အတွက် ဒုရဲအုပ် သက်ဆွေ ခေါင်းဆောင်တဲ့ ပွဲခင်းလုံခြုံရေးရဲတပ်ဖွဲ့ဝင် ၄ ဦးကနေ ၄င်းတို့နှစ်ဦးကို မော်တော်ယာဉ်နဲ့ ဆေးရုံနဲ့ ရဲစခန်းသို့ပို့ဖို့ စီစဉ်နေစဉ်မှာ သင်တောင်းကြီးရွာနေ…

Read More

ကျောက်ဆည် GTI ကျောင်းသား အသတ်ခံရမှု  သေဒဏ်အပါအဝင် ထောင်ဒဏ်အသီးသီးချမှတ်

ကျောက်ဆည်၊နိုဝင်ဘာ ၁၉-၂၀၁၈ မောင်တာရာ (VOM) ကျောက်ဆည်အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသားကို  ဝိုင်းဝန်းထိုးကြိတ်ဓားနဲ့ ထိုးသတ်ခဲ့သူသုံးဦးအား ဒီနေ့ ကျောက်ဆည်ခရိုင်တရားရုံးကနေ  သေဒဏ် အပါအဝင် ထောင်ဒဏ် အသီးသီးအမိန့်ချမှတ်ခဲ့ကြောင်းသိရပါတယ်။ ကျောက်​ဆည်​GTI​​နောက်​ဆုံးနှစ်​ကျောင်းသား ​မောင်​​နေမင်းထက်​ဟာ ၂၀၁၈ သြဂုတ်လ ၂၉ ရက်ညက ကျူးလွန်သူတရားခံတွေနဲ့ စကားများရန်ဖြစ်ပြီး အသတ်​ခံရတာဖြစ်ပါတယ်။ အဲဒီ ကျူးလွန်​သူတရားခံ ၃ ဦးအနက်​ ဓားနဲထိုးခဲ့သူ ​အောင်​သူဟိန်းကို သေဒဏ်​ချမှတ်​ခဲ့ပြီး၊ ကျူးလွန်​ရာမှာ ပါဝင်​ခဲ့သူနှစ်​ဦးဖြစ်​​တဲ့အလီဘိုင်​(ခ)မင်းခန့်​​ကျော်​ကို ထောင်​ဒဏ်​ ၂၁နှစ်​ ၊မင်းချစ်​​အောင်​(ခ)ဖိုးချစ်​ကို  ​ထောင်​ဒဏ်​ ၂၀နှစ်​စီ အသီးသီးချမှတ်​ခဲ့ခြင်း ဖြစ်ပါတယ်။ ကျောက်​ဆည်​GTI​​ နောက်​ဆုံးနှစ်​ကျောင်းသား ​မောင်​​နေမင်းထက်​ အသတ်​ခံရမှုမှာ ကျူးလွန်​သူတရားခံ ၃ ဦးဖြစ်​​တဲ့ တရားခံအလီဘိုင်​(ခ)မင်းခန့်​​ကျော်​အား ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)/၁၁၄၊ ၃၂၃ အရလည်း​ကောင်း။ တရားခံ ​အောင်​သူဟိန်းအားရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)အရလည်း​ကောင်း၊တရားခံမင်းချစ်​​အောင်​(ခ)ဖိုးချစ်​အား ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)/၁၁၄ အရလည်း​ကောင်း အသီးသီး…

Read More

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ပတ်ဝန်းကျင်သတ်မှတ်ချက် မလိုက်နာမှု ရှိနေ။

လက်ပံတောင်း၊ နိုဝင်ဘာ ၁၉၊ ၂၀၁၈ ဗျဂ္ဃ (Voice of Myanmar)   စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကမ္ဘာကျော်စီမံကိန်းဖြစ်နေပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး စည်းကမ်းချက် ချိုးဖောက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။   ECC ခေါ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ သက်သေခံလက်မှတ်မှာ စီမံကိန်းမှာ အက်ဆစ်ဖျန်းတဲ့စနစ်ကို အသုံးမပြုရဘူးလို့ ကတိကဝတ်ပါရှိပြီး အစက်ချတဲ့စနစ်နဲ့သာ ပြုလုပ်ရမယ်လို့ ပါရှိထားပါတယ်။ ကတိကဝတ်ကို မလိုက်နာဘဲ လွန်ခဲ့တဲ့ ၂ ပတ်ကျော်က စီမံကိန်းအတွင်း အက်ဆစ်ဖျန်းခဲ့တဲ့အတွက် အနီးအနားမှာရှိတဲ့ ဒေသခံတွေရဲ့ သီးနှံစိုက်ခင်း ဧက ၁၄၀ နီးပါး ထိခိုက်နစ်နာပျက်စီးတာတွေ ကြုံခဲ့ရတာပါ။   သီးနှံစိုက်ခင်းတွေတင်မက အနီးအနားက သစ်ပင်ကြီးတွေဖြစ်တဲ့ မန်ကျည်း၊ တမာ၊ ကန္တာရပင်တွေပါ ခြောက်သွေ့သေဆုံးတာတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက နိုဝင်ဘာလ ၆ ရက်၊ ၁၂…

Read More

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေးအစီအစဉ် ၂၀၁၉ ခုနှစ်မှာပြန်စမည်

ကော့ဘဇား၊ နိုဝင်ဘာ-၁၉ မျိုးဆက်( VOM)   ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့ကို နေရပ်ပြန်ပို့ရေး အစီအစဉ်တွေကို လာမည့်နှစ်သစ်ကူးလကာလအထိ ဆိုင်းငံ့ထားမှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲပြီးမှသာ ပြန်လည်ပို့ဆောင်ရေးနဲ့ နေရာချထားရေးလုပ်ငန်းတွေ ပြန်လည်စတင်မှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၁၈ ရက်က ပြောပါတယ်။ ဒုက္ခသည်တွေ အဓိကတောင်းဆိုထားတဲ့ အချက်တွေကို ၂၀၁၉ ခုနှစ် ပြန်လည်ပို့ဆောင်ရေးလုပ်ရာမှာ ထည့်သွင်းသွားဖို့ လိုအပ်မှာဖြစ်ကြောင်း ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်ပို့ဆောင်ရေး ကော်မရှင်မင်းကြီး အဘူကာလန်က ပြောဆိုပြီး ဒါဟာ၎င်းရဲ့ အမြင်သာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောထားမဟုတ်ဘူးလို့ နောက်ပိုင်းမှာ ပြန်လည်ရှင်းလင်းပြောဆိုပါတယ်။ အောက်တိုဘာလနှောင်းပိုင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ ထွက်ပြေးသူတွေကို ပြန်လည်လက်ခံရေးအစီအစဉ်ကို နိုဝင်ဘာ ၁၅ ရက်မှာ စတင်ခဲ့ပေမယ့် ရခိုင်ပြည်နယ်က အခြေအနေတွေဟာ ပြန်လည်နေထိုင်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိဘူးဆိုပြီး ဘင်္ဂလားဒေ့ရှ်က…

Read More

အရာတိုင်းက သားလေးအတွက်ဖြစ်သွားတယ် ဆိုတဲ့ ယွန်းဝတီလွင်မိုး

ရန်ကုန်၊ နိုဝင်ဘာ ၁၈- ၂၀၁၈ သင်းသဒ္ဒါ   ပရိသတ်အများကချစ်စနိုးနဲ့  ခေးလို့ ခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ယွန်းဝတီလွင်မိုးကို အိမ်ထောင်ပြုပြီးချိန်နဲ့ အပျိုတုန်းက ဘ၀နဲ့ အခုက ဘာတွေကွာခြားသွားလဲလို့ မေးကြည့်တော့   ”အများကြီးပဲ တစ်ခုမှကို မတူတော့ပါဘူး။ အခုကတော့ ဘာမဆို ဒီသားလေးအတွက်ပဲဖြစ်သွားတယ်။ညီမ ဘာလုပ်လုပ်ပေါ့။ ကိုယ်သွားမလဲ၊ ဘာဝတ်မလဲအစ စဉ်းစားတယ်။ Liam တစ်ချိန်ကြီးလာရင် ဒီလိုပုံစံ ကြိုက်မလားပေါ့။ ကိုယ်ကအနုပညာရှင်ဖြစ်တော့ ကိုယ့်ပုံတွေက Online ပေါ်မှာရှိနေမှာဆိုတော့လေ။ ကြီးလာရင်ပြန်တွေ့နိုင်တယ်။ သူကရော ကြိုက်ပါ့မလားဆိုတာ အမြဲစဉ်းစားဖြစ်တယ်။ နောက်ဆို ကျောင်းတက်ရမှာဆိုတော့ ခုထဲက ပြင်ဆင်နေပါတယ်။”   လက်ရှိမှာတော့ သားလေးဖြစ်သူ Liam က အခုအဖွားနဲ့ အတူနေတယ်ဆိုပေမယ့် အပေါ်ထပ်နဲ့ အောက်ထပ်ပါပဲ။ တခါတလေ အဖွားဖြစ်သူနဲ့ အိပ်လိုက် ညီမနဲ့ အိပ်လိုက်ပါပဲ။ Liam လေးက…

Read More

စီအင်န်အင်န်သတင်းထောက်ကို အိမ်ဖြူတော်သတင်းယူခွင့်ပြန်ပေးဖို့ တရားရုံးအမိန့်ထုတ်

ဝါရှင်တန်၊ နိုဝင်ဘာ-၁၉ မျိုးဆက် (VOM)   စီအင်န်အင်န်သတင်းဌာနက ဂျင်အကော့စတာရဲ့ အိမ်ဖြူတော် သတင်းယူခွင့်ကို ချက်ချင်းပြန်ပေးဖို့ အမေရိကန် ဖက်ဒရယ်တရားရုံးက သမ္မတ ဒေါ်နယ်ထရန့်အစိုးရကို နိုဝင်ဘာ ၁၇ ရက်က အမိန့်ထုတ်လိုက်ပြီးနောက် ဂျင်အကော်စတာဟာ အိမ်ဖြူတော်ဝင်ခွင့် ပြန်လည်ရရှိပြီဖြစ်ပါတယ်။   လွန်ခဲ့တဲ့သီတင်းပတ်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သမ္မတ ထရန့်နဲ့ ဂျင်အကော်စတာတို့ သတင်းကိစ္စ နဲ့ပတ်သတက်၍ ခွန်းကြီးခွန်းငယ်ဖြစ်ပွားခဲ့ပြီးနောက် ၎င်းရဲ့ သတင်းယူခွင့်ကို အိမ်ဖြူတော်က ချက်ချင်းပိတ်ပင်လိုက်တာဖြစ်ပါတယ်။   ယင်းကိစ္စအပေါ် စီအင်န်အင်န်သတင်းဌာနက သမ္မတထရန့်အပါအ၀င် အိမ်ဖြူတော်တာဝန်ရှိသူ ခြောက်ဦးကို တရားစွဲဆိုခဲ့ပြီး သတင်းယူခွင့်ဆိုင်ရာများ ချိုးဖောက်ခံခဲ့ရတယ်လို့ စွပ်စွဲပြောဆိုခဲ့ကာ ယခုအခါမှာတော့ တရားရင်ဆိုင်နေရစဉ်အတွင်း အိမ်ဖြူတော်မှာ ယာယီသတင်းပြန်ရယူခွင့်ပေးဖို့ တရားရုံးက အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။   တရားရုံးက အမိန့်ထုတ်ပြန်ပြီးနောက်မှာတော့ အိမ်ဖြူတော်မှာ သတင်းယူနေတဲ့ သတင်းထောက်တွေအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ထပ်ပြီးရေးဆွဲနေတယ်လို့ သမ္မတဒေါ်နယ်ထရန့်…

Read More
VOM News

FREE
VIEW