ကျောက်ဆည်ဘုရားပွဲမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ရိုက်ခံရ

ကျောက်ဆည် နိုဝင်ဘာ ၁၉-၂၀၁၈

မောင်တာရာ (VOM)

 

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားပွဲမှာ  ပွဲခင်းလုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ရိုက်ခံရကြောင်း ကျောက်ဆည်မြို့မရဲစခန်းက သိရပါတယ်။

 

 

ယခုလ ၁၇ ရက်နေ့ ည ၁၀ နာရီအချိန် ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားပွဲမှာ မန္တလာထိပ်ခေါင်ဇာတ်အဖွဲ့ ကပြဖျော်ဖြေနေစဉ်  အရှေ့ငယ်တိုးကျေးရွာနေ ကိုသူ(ခ)ကျော်မြတ်သူကို သင်တောင်းကြီးကျေးရွာနေ မင်းသိုက်(ခ)ရှည်ကြီး က အရှည် ၂ ပေခန့်ရှိ သုံးဆစ်ထုတ် စတီးသံတုတ်နဲ့ ရိုက်နှက်ရာမှ ကိုသူ(ခ) ကိုကျော်မြတ်သူရဲ့ ယာဘက်ချိုစောင်း တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာရှိသွားခဲ့ပါတယ်။

 

အဲလို ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တဲ့ အတွက် ဒုရဲအုပ် သက်ဆွေ ခေါင်းဆောင်တဲ့ ပွဲခင်းလုံခြုံရေးရဲတပ်ဖွဲ့ဝင် ၄ ဦးကနေ ၄င်းတို့နှစ်ဦးကို မော်တော်ယာဉ်နဲ့ ဆေးရုံနဲ့ ရဲစခန်းသို့ပို့ဖို့ စီစဉ်နေစဉ်မှာ သင်တောင်းကြီးရွာနေ ဝေမင်းထွန်း နဲ့ အမည်မသိ လူငယ် ၅ ဦးခန့်ရောက်ရှိလာပြီး ဝေမင်းထွန်းက ကျွန်တော်သူငယ်ချင်းကို လွှတ်ပေးပါ မလွှတ်ပေးရင် ရိုက်မယ်ဟု ပြောဆိုပြီး ၄င်းရဲ့လက်ထဲမှာ အသင့်ပါလာတဲ့ အရှည် ၂ ပေခန့်ရှိ အဆစ်ပိတ်ဝါးတုတ်နဲ့ ရိုက်နှက်ရာ ရဲတပ်သားနှစ်ဦးဒဏ်ရာ ထပ်ရခဲ့ပါတယ်။ အခြား ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ်မှာတော့ အမည်မသိလူငယ်များ ထွက်ပြေးသွားပြီး ဝေမင်းထွန်းဆိုသူကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှုခင်းမှတ်တမ်းများအရ သိရပါတယ်။

 

အဲဒီဖြစ်စဉ် နဲ့ ပတ်သက်ပြီး ဝေမင်းထွန်းနဲ့အမည်မသိလူငယ် ၅ ဦးကို ကျောက်ဆည်မြို့မရဲစခန်းက (ပ)၉၄၅/၂၀၁၈ ရာဇာတ်ကြီးဥပဒေပုဒ်မ ၃၃၂ အရအမှုဖွင့်လှစ်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၅ ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW