အရာတိုင်းက သားလေးအတွက်ဖြစ်သွားတယ် ဆိုတဲ့ ယွန်းဝတီလွင်မိုး

ရန်ကုန်၊ နိုဝင်ဘာ ၁၈- ၂၀၁၈

သင်းသဒ္ဒါ

 

ပရိသတ်အများကချစ်စနိုးနဲ့  ခေးလို့ ခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ယွန်းဝတီလွင်မိုးကို အိမ်ထောင်ပြုပြီးချိန်နဲ့ အပျိုတုန်းက ဘ၀နဲ့ အခုက ဘာတွေကွာခြားသွားလဲလို့ မေးကြည့်တော့

 

”အများကြီးပဲ တစ်ခုမှကို မတူတော့ပါဘူး။ အခုကတော့ ဘာမဆို ဒီသားလေးအတွက်ပဲဖြစ်သွားတယ်။ညီမ ဘာလုပ်လုပ်ပေါ့။ ကိုယ်သွားမလဲ၊ ဘာဝတ်မလဲအစ စဉ်းစားတယ်။ Liam တစ်ချိန်ကြီးလာရင် ဒီလိုပုံစံ ကြိုက်မလားပေါ့။ ကိုယ်ကအနုပညာရှင်ဖြစ်တော့ ကိုယ့်ပုံတွေက Online ပေါ်မှာရှိနေမှာဆိုတော့လေ။ ကြီးလာရင်ပြန်တွေ့နိုင်တယ်။ သူကရော ကြိုက်ပါ့မလားဆိုတာ အမြဲစဉ်းစားဖြစ်တယ်။ နောက်ဆို ကျောင်းတက်ရမှာဆိုတော့ ခုထဲက ပြင်ဆင်နေပါတယ်။”

 

လက်ရှိမှာတော့ သားလေးဖြစ်သူ Liam က အခုအဖွားနဲ့ အတူနေတယ်ဆိုပေမယ့် အပေါ်ထပ်နဲ့ အောက်ထပ်ပါပဲ။ တခါတလေ အဖွားဖြစ်သူနဲ့ အိပ်လိုက် ညီမနဲ့ အိပ်လိုက်ပါပဲ။ Liam လေးက စကားလည်း နည်းနည်းပြောတတ်နေပြီ။ အိပ်ယာပေါ်မှာလည်း လိမ့်ချင်နေတတ်ပါပြီ။ လမ်းကလည်း လျှောက်ချင်နေပြီပေါ့။ အခုမှ ၃ လကျော်ပဲရှိသေးတာကိုလေ။ နေ့တိုင်းကတော့ Liam လေးနဲ့ ဖြတ်သန်းဖြစ်ပါတယ်။ ညီမက ကျောင်းသွားတတ်ရတော့မယ်ဆိုတော့ ရသလောက်အချိန်မှာ Liamလေးနဲ့ပါပဲ” ဟု ဆိုလာပါတယ်။

 

ယွန်းဝတီလွင်မိုးဟာ မကြာခင်အချိန်မှာ သြစတြေးလျနိုင်ငံတွင် ပညာဆက်လက်သင်ကြားရန် စီစဉ်နေပါတယ်။

 

လက်ရှိသူ့ရဲ့ ဝတ်စားဆင်မှုဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ”ညီမ အရမ်းပြောင်းလဲစရာမလိုဘူးပေါ့။ ကိုယ့်ကလည်း အစထဲက အရမ်းပေါ်တာတွေလည်း မ၀တ်ဘူး။ အရမ်း ပြုပြင်ရတာ မရှိပါဘူး။ ဒီအတိုင်းပါပဲ” လို့ဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW