ရေမဆေးနှင့် လုပ်ကွက်လုံခြုံရေးများ ပဋိပက္ခဖြစ်

ဖားကန့်၊ နိုဝင်ဘာ ၁၉၊ ၂၀၁၈

ဇော်မိုးထက်

 

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု၊ နမ့်မှော်ရွာနားက ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်ထဲမှာ ရေမဆေးကျောက်ရှာသူတွေနဲ့ လုပ်ကွက်လုံခြုံရေးတွေ ပဋိပက္ခဖြစ်နေပါတယ်။ ကုမ္ပဏီပိုင် အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးတာတွေ ဖြစ်နေပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

“ညနေ ၃ နာရီခွဲလောက် စဖြစ်တာပါ။ ရေမဆေးသမားတယောက်သေတယ်လို့လဲကြားတယ်၊ ဒဏ်ရာရတယ်လို့လည်း ကြားတယ်။ ခုချိန်ထိတော့ အတည်ပြုချက်မရသေးဘူး။ မီးကတော့ ငြိမ်းသွားပြီ၊ လူစုလည်း ကွဲသွားပါပြီ၊ အပျက်အစီးစာရင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး” လို့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က အတည်ပြု ပြောဆိုခဲ့ပါတယ်။

 

မော်လကင်ရွာမှာ နေတဲ့ ဆိုင်းအောင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကတော့ “မီးကတော့ ငြိမ်းသွားပါပြီ၊ ကုမ္ပဏီအဆောင် ၂ ခု မီးလောင်သွားတယ်။ ကျင်းထဲမှာတော့ ကားတစီး မီးလောင်နေတာ တွေ့တယ်။ ကုမ္ပဏီ အဆောင်ထဲမှာတော့ ကားဘယ်နှစီးလောင်တယ်တော့ မသိရသေးဘူး” လို့ ဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW