ကျောက်ဆည် GTI ကျောင်းသား အသတ်ခံရမှု  သေဒဏ်အပါအဝင် ထောင်ဒဏ်အသီးသီးချမှတ်

ကျောက်ဆည်၊နိုဝင်ဘာ ၁၉-၂၀၁၈

မောင်တာရာ (VOM)

ကျောက်ဆည်အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသားကို  ဝိုင်းဝန်းထိုးကြိတ်ဓားနဲ့ ထိုးသတ်ခဲ့သူသုံးဦးအား ဒီနေ့ ကျောက်ဆည်ခရိုင်တရားရုံးကနေ  သေဒဏ် အပါအဝင် ထောင်ဒဏ် အသီးသီးအမိန့်ချမှတ်ခဲ့ကြောင်းသိရပါတယ်။

ကျောက်​ဆည်​GTI​​နောက်​ဆုံးနှစ်​ကျောင်းသား ​မောင်​​နေမင်းထက်​ဟာ ၂၀၁၈ သြဂုတ်လ ၂၉ ရက်ညက ကျူးလွန်သူတရားခံတွေနဲ့ စကားများရန်ဖြစ်ပြီး အသတ်​ခံရတာဖြစ်ပါတယ်။ အဲဒီ ကျူးလွန်​သူတရားခံ ၃ ဦးအနက်​ ဓားနဲထိုးခဲ့သူ ​အောင်​သူဟိန်းကို သေဒဏ်​ချမှတ်​ခဲ့ပြီး၊ ကျူးလွန်​ရာမှာ ပါဝင်​ခဲ့သူနှစ်​ဦးဖြစ်​​တဲ့အလီဘိုင်​(ခ)မင်းခန့်​​ကျော်​ကို ထောင်​ဒဏ်​ ၂၁နှစ်​ ၊မင်းချစ်​​အောင်​(ခ)ဖိုးချစ်​ကို  ​ထောင်​ဒဏ်​ ၂၀နှစ်​စီ အသီးသီးချမှတ်​ခဲ့ခြင်း ဖြစ်ပါတယ်။

ကျောက်​ဆည်​GTI​​ နောက်​ဆုံးနှစ်​ကျောင်းသား ​မောင်​​နေမင်းထက်​ အသတ်​ခံရမှုမှာ ကျူးလွန်​သူတရားခံ ၃ ဦးဖြစ်​​တဲ့ တရားခံအလီဘိုင်​(ခ)မင်းခန့်​​ကျော်​အား ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)/၁၁၄၊ ၃၂၃ အရလည်း​ကောင်း။ တရားခံ ​အောင်​သူဟိန်းအားရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)အရလည်း​ကောင်း၊တရားခံမင်းချစ်​​အောင်​(ခ)ဖိုးချစ်​အား ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)/၁၁၄ အရလည်း​ကောင်း အသီးသီး စွဲချက်​တင်​ခဲ့ပြီး တရားခံပြသက်​​သေများကို ဆက်​လက်​စစ်​​ဆေးခဲ့ပြီး​နောက်​ ယ​နေ့မှာ နှစ်​ဖက်​​လျှောက်​လဲချက်​ကြားနားခဲ့ပြီး​ အထက်​ပါအတိုင်းအပြီးသတ်​အမိန့်​ချမှတ်​ခဲ့ပါတယ်။

#voiceofmyanmar #ကျောက်ဆည်လူသတ်မှုသေဒဏ်ချ

ဓါတ်ပုံ စိုးသီဟ

Related posts

Leave a Comment

VOM News

FREE
VIEW