စီအင်န်အင်န်သတင်းထောက်ကို အိမ်ဖြူတော်သတင်းယူခွင့်ပြန်ပေးဖို့ တရားရုံးအမိန့်ထုတ်

ဝါရှင်တန်၊ နိုဝင်ဘာ-၁၉

မျိုးဆက် (VOM)

 

စီအင်န်အင်န်သတင်းဌာနက ဂျင်အကော့စတာရဲ့ အိမ်ဖြူတော် သတင်းယူခွင့်ကို ချက်ချင်းပြန်ပေးဖို့ အမေရိကန် ဖက်ဒရယ်တရားရုံးက သမ္မတ ဒေါ်နယ်ထရန့်အစိုးရကို နိုဝင်ဘာ ၁၇ ရက်က အမိန့်ထုတ်လိုက်ပြီးနောက် ဂျင်အကော်စတာဟာ အိမ်ဖြူတော်ဝင်ခွင့် ပြန်လည်ရရှိပြီဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့သီတင်းပတ်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သမ္မတ ထရန့်နဲ့ ဂျင်အကော်စတာတို့ သတင်းကိစ္စ နဲ့ပတ်သတက်၍ ခွန်းကြီးခွန်းငယ်ဖြစ်ပွားခဲ့ပြီးနောက် ၎င်းရဲ့ သတင်းယူခွင့်ကို အိမ်ဖြူတော်က ချက်ချင်းပိတ်ပင်လိုက်တာဖြစ်ပါတယ်။

 

ယင်းကိစ္စအပေါ် စီအင်န်အင်န်သတင်းဌာနက သမ္မတထရန့်အပါအ၀င် အိမ်ဖြူတော်တာဝန်ရှိသူ ခြောက်ဦးကို တရားစွဲဆိုခဲ့ပြီး သတင်းယူခွင့်ဆိုင်ရာများ ချိုးဖောက်ခံခဲ့ရတယ်လို့ စွပ်စွဲပြောဆိုခဲ့ကာ ယခုအခါမှာတော့ တရားရင်ဆိုင်နေရစဉ်အတွင်း အိမ်ဖြူတော်မှာ ယာယီသတင်းပြန်ရယူခွင့်ပေးဖို့ တရားရုံးက အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

 

တရားရုံးက အမိန့်ထုတ်ပြန်ပြီးနောက်မှာတော့ အိမ်ဖြူတော်မှာ သတင်းယူနေတဲ့ သတင်းထောက်တွေအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ထပ်ပြီးရေးဆွဲနေတယ်လို့ သမ္မတဒေါ်နယ်ထရန့် ပြောဆိုလိုက်ပါတယ်။ စီအင်န်အင်န်သတင်းဌာနတစ်ခုတည်းကိုမဟုတ်ဘဲ အမေရိကန်နိုင်ငံ သတင်းလောက လွတ်လပ်၊ အားကောင်းပြီး အမှီအခိုကင်းဖို့အတွက် ထောက်ခံပေးသူအားလုံးကို ကျေးဇူးတင်တယ်လို့ တရားရုံးက သတင်းယူခွင့်ပြန်ပေးဖို့အမိန့်ထုတ်အပြီးမှာ စီအင်န်အင်န် သတင်းဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

 

Ref: AP/ CNN

Photo : Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW