‘လင်္ကာဒီပချစ်သူ ပြဇာတ်ကို လူမင်းနဲ့ အနုပညာရှင်များက မန္တလေးမှာ ကပြမည်

ရန်ကုန် နိုဝင်ဘာ ၁၉ -၂၀၁၈

သင်းသဒ္ဒါ

 

ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ယနေအချိန်ထိရရှိထားတဲ့ အကယ်ဒမီ လူမင်းက လင်္ကာဒီပချစ်သူ ပြဇာတ်ကို သူနဲ့ အနုပညာရှင်များက မန္တလေးမှာကပြမယ်လို့ ဆိုပါတယ်။

Mandalay Entertainment ကနေ ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်မှာ မန္တလေးမြို့မှာ ကပြမှာဖြစ်ပြီး၊ ဝတ္ထု ချစ်ဦးညို ၊ ဇာတ်ညွှန်းကိုတော့ သန်းထိုက်(ရွှေရိပ်) ၊ တွဲဖက်ဒါရိုက်တာ လင်္ကာညို ၊ ဒါရိုက်တာ မောင်သီရိုက်မယ့် ”လင်္ကာဒီပချစ်သူ စင်တင်ပြဇာတ်” မှာတော့ သီတာဒေဝီ အဖြစ် ဝတ်မှုန်ရွှေရည် ၊ ခိုင်သင်းကြည် စတဲ့အနုပညာ တွေ အတူ ရာဝန နေရာက လူမင်းက ပါဝင်မှာဖြစ်ပါတယ်။

”ကျွန်တော်က တကယ်ကို နာမည်ကြီးခဲ့တဲ့ ရာဝန နေရာပေါ့။ ငယ်ငယ်တုန်းက အရမ်းကြိုက်တဲ့ ဇာတ်လည်း ဖြစ်တယ်။ တချိန်လုံး လူဆိုးလို့ ထင်တဲ့နေရာကို မင်းသားတစ်ယောက်ဖြစ်ရမယ်ပေါ့။ ပြဇာတ် ဆိုတော့ အမှားလည်းမခံပါဘူး။ အဓိက ဇာတ်ညွှန်းထဲမှာတော့ ရာဝန ဖြစ်ဖို့ စကားလုံးတွေ ၊ အမူအရာတွေက ပါပြီးသားပါ။ မန္တလေးက ထုတ်လုပ်ရေးမို့ အဲမှာကမယ်လို့လည်း သိရပါတယ်။ကျွန်တော်တို့ ဇာတ်တော်ကြီး လိုတော့သွားမှာ မဟုတ်ပါဘူး။ ရုပ်ရှင်လိုလည်း မဟုတ်ပါဘူး။ ဒီကြားထဲက လင်္ကာဒီပကြီး တစ်ခုထွက်လာ မယ်လို့ ထင်တယ်။ ဇာတ်ကိုညှက်ညှက်ကျေအောင်လုပ်ရမယ်။ အသွင်အသစ်တစ်ခု ဖန်တီးရ မှာဖြစ်လို့ ကိုယ် တိုင်လည်း စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ ကိုယ့်လုပ်ဆောင်နေကျအတိုင်း မဟုတ်ပဲလုပ်ရတာမို့ တွန်းအားပေး ရာလည်း ရောက်ပါတယ်။ ကိုယ့်အမြဲဖန်တီးနေကျ မဟုတ်တဲ့ င်္လကာဒီပကို လုပ်ဆောင်ရမှာမို့ တာဝန်တွေ လည်း ပိုကြီးပါတယ်။ စာတွေလည်း ကျက်သင့်ရင် ကျက်ပါမယ်” လို့လည်း ထပ်မံပြောလာပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW