ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချင်းတွင်းသင်္ကြန် အခုနှစ်မှာ ကျင်းပတော့မည်မဟုတ်
မုံရွာ၊ မတ် ၃-၂၀၂၀
မောင်တာရာ(VOM)
မုံရွာမြို့၊ ချင်းတွင်းသဲသောင်ပြင်ပေါ်မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ ကြီးမှူးကျင်းပတဲ့ ချင်းတွင်းသင်္ကြန်ပွဲတော်ကို ဒီနှစ်မှာ ကျင်းပတော့မှာမဟုတ်ဘူးလို့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။
”ကျန်းမာရေးအခြေအနေရကြောင့်ပါ။ အဓိကက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ အခြေအနေရကြောင့်ပေါ့၊လူစုလူဝေးနဲ့ မနေရအောင် ချင်းတွင်းသင်္ကြန်က ကျ လူအရမ်းစည်းကားတော့ ကျန်းမာရေးအခြေအနေရကြောင့် ကျင်းပတော့မှာ မဟုတ်ပါဘူူး ” စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးသစ်ထူးမြင့် ကပြောပါတယ်။
ဒီကနေ့နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ သင်္ကြန်အစည်းအဝေးမှာ ချင်းတွင်းသင်္ကြန်ပွဲတော်ကို ဒီနှစ်မှာ ကျင်းပတော့မှာမဟုတ်ကြောင်းကို ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ချင်းတွင်းသဲသောင်ပြင်သင်္ကြန်ကို ၂၀၁၈ ခုနှစ်ကစတင်ပြီး တိုင်းအစိုးရအဖွဲ့က ကြီးမှူးပြီး ကျင်းပလာခဲ့တာဖြစ်ပြီး အခုနှစ် ၂၀၂၀မှာတော့ နိုင်ငံအနှံ့အပြားမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့အတွက် ချင်းတွင်းသဲသောင်ပြင်သင်္ကြန်ကို မကျင်းပဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
Photo – ချင်းတွင်းသင်္ကြန်
#VOM #voiceofmyanmar #စစ်ကိုင်း #ချင်းတွင်းသင်္ကြန် #ကိုရိုနာဗိုင်းရပ်စ် #မကျင်းပဖြစ်
Zawgyi
ကုိရိုနာဗိုင္းရပ္စ္ေၾကာင့္ ခ်င္းတြင္းသႀကၤန္ အခုႏွစ္မွာ က်င္းပေတာ့မည္မဟုတ္
မုံရြာ၊ မတ္ ၃-၂၀၂၀
ေမာင္တာရာ(VOM)
မုံရြာၿမဳိ႕၊ ခ်င္းတြင္းသဲေသာင္ျပင္ေပၚမွာ စစ္ကိုင္းတုိင္းအစုိးရအဖြဲ႕ကေန ႀကီးမွဴးက်င္းပတဲ့ ခ်င္းတြင္းသႀကၤန္ပြဲေတာ္ကုိ ဒီႏွစ္မွာ က်င္းပေတာ့မွာမဟုတ္ဘူးလုိ႔ စစ္ကုိင္းတုိင္း စည္ပင္သာယာေရးအဖြဲ႕ကေန သိရပါတယ္။
”က်န္းမာေရးအေျခအေနရေႀကာင့္ပါ။ အဓိကက ကုိရုိနာ ဗုိင္းရပ္စ္ေရာဂါ အေျခအေနရေႀကာင့္ေပါ့၊လူစုလူေဝးနဲ႕ မေနရေအာင္ ခ်င္းတြင္းသႀကၤန္က က် လူအရမ္းစည္းကားေတာ့ က်န္းမာေရးအေျခအေနရေႀကာင့္ က်င္းပေတာ့မွာ မဟုတ္ပါဘူူး ” စစ္ကိုင္းတုိင္းေဒသႀကီးစည္ပင္သာယာေရးအဖြဲ႕ ညြန္ႀကားေရးမွဴး ဦးသစ္ထူးျမင့္ ကေျပာပါတယ္။
ဒီကေန႔ေန႔လယ္ပုိင္းက စစ္ကုိင္းတုိင္းအစုိးရအဖြဲ႕ရုံး အစည္းအေဝးခန္းမမွာ က်င္းပတဲ့ သႀကၤန္အစည္းအေဝးမွာ ခ်င္းတြင္းသႀကၤန္ပြဲေတာ္ကုိ ဒီႏွစ္မွာ က်င္းပေတာ့မွာမဟုတ္ေႀကာင္းကုိ ဆုံးၿဖတ္ခဲ့ၾကတာ ၿဖစ္ပါတယ္။
ခ်င္းတြင္းသဲေသာင္ျပင္သႀကၤန္ကုိ ၂၀၁၈ ခုႏွစ္ကစတင္ၿပီး တုိင္းအစုိးရအဖြဲ႕က ႀကီးမွဴးၿပီး က်င္းပလာခဲ့တာျဖစ္ၿပီး အခုနွစ္ ၂၀၂၀မွာေတာ့ ႏုိင္ငံအႏွံ႔အၿပားမွာ ကုိရုိနာဗုိင္းရပ္စ္ ၿဖစ္ပြားေနတဲ့အတြက္ ခ်င္းတြင္းသဲေသာင္ျပင္သႀကၤန္ကုိ မက်င္းပဖို႔အတြက္ ဆံုးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။
Photo – ခ်င္းတြင္းသႀကၤန္္
#VOM #voiceofmyanmar #စစ္ကုိင္း #ခ်င္းတြင္းသႀကၤန္္ #ကိုရိုနာဗိုင္းရပ္စ္ #မက်င္းပျဖစ္