ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချင်းတွင်းသင်္ကြန် အခုနှစ်မှာ ကျင်းပတော့မည်မဟုတ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချင်းတွင်းသင်္ကြန် အခုနှစ်မှာ ကျင်းပတော့မည်မဟုတ် မုံရွာ၊ မတ် ၃-၂၀၂၀ မောင်တာရာ(VOM) မုံရွာမြို့၊ ချင်းတွင်းသဲသောင်ပြင်ပေါ်မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ ကြီးမှူးကျင်းပတဲ့ ချင်းတွင်းသင်္ကြန်ပွဲတော်ကို ဒီနှစ်မှာ ကျင်းပတော့မှာမဟုတ်ဘူးလို့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။ ”ကျန်းမာရေးအခြေအနေရကြောင့်ပါ။ အဓိကက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ အခြေအနေရကြောင့်ပေါ့၊လူစုလူဝေးနဲ့ မနေရအောင် ချင်းတွင်းသင်္ကြန်က ကျ လူအရမ်းစည်းကားတော့ ကျန်းမာရေးအခြေအနေရကြောင့် ကျင်းပတော့မှာ မဟုတ်ပါဘူူး ” စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးသစ်ထူးမြင့် ကပြောပါတယ်။ ဒီကနေ့နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ သင်္ကြန်အစည်းအဝေးမှာ ချင်းတွင်းသင်္ကြန်ပွဲတော်ကို ဒီနှစ်မှာ ကျင်းပတော့မှာမဟုတ်ကြောင်းကို ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ချင်းတွင်းသဲသောင်ပြင်သင်္ကြန်ကို ၂၀၁၈ ခုနှစ်ကစတင်ပြီး တိုင်းအစိုးရအဖွဲ့က ကြီးမှူးပြီး ကျင်းပလာခဲ့တာဖြစ်ပြီး အခုနှစ် ၂၀၂၀မှာတော့ နိုင်ငံအနှံ့အပြားမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့အတွက် ချင်းတွင်းသဲသောင်ပြင်သင်္ကြန်ကို မကျင်းပဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ Photo…

Read More

စက်ရုံပိတ်ရတဲ့အခါ အလုပ်သမားဆန္ဒမပြဖိုနဲ့ အခြားအချက်များအား လုပ်ငန်းရှင်တွေက အစိုးရကိုတောင်းဆိုမယ်

စက်ရုံပိတ်ရတဲ့အခါ အလုပ်သမားဆန္ဒမပြဖိုနဲ့ အခြားအချက်များအား လုပ်ငန်းရှင်တွေက အစိုးရကိုတောင်းဆိုမယ် ရန်ကုန် မတ် ၃ – ၂၀၂၀ သိင်္ဂီ(VOM) ရန်ကုန်မြို့က စက်ရုံတွေမှာ ကုန်ကြမ်းပြတ်လပ်မှုကြောင့် စက်ရုံပိတ်တာ ၊ယာယီရပ်နားတာ နဲ့ အလုပ်သမားလျှော့တာတွေဖြစ်လာခဲ့ရင် အလုပ်သမားတွေ ဆန္ဒပြသပိတ်မမှောက်ဖို့ ၊ မေလမှာ ပြင်ဆင်သတ်မှတ်မယ့် အနည်းဆုံးလုပ်ခလစာကိစ္စကို စက်တင်ဘာလထိ နောက်ဆုတ်ပေးဖို့အတွက် လုပ်ငန်းရှင်တွေက အစိုးရကိုတောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ဆွေးနွေးနေတာ ၃ ကြိမ်ရှိပါပြီ။ ဆွေးနွေးချက်တွေလည်း ရထားပါပြီ။ ဒါတွေကို နိုင်ငံတော်အကြီးအကဲဆီ တင်ပြမယ်။ သူတို့ ဘယ်လိုစီစဉ်ပေးမလဲတော့ မသိသေးပါဘူး။ စက်ရုံလုပ်ငန်းရှင်တွေကတော့ ဘယ်သူမှ လုပ်ငန်းမပိတ်ချင်ပါဘူး။ ဒီအခြေအနေကို အလုပ်သမားတွေလည်း နားလည်ဖို့လိုပါတယ်။”လို့ ရွှေလင်ဗန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောပါတယ်။ အလုပ်ရှင်တွေက အစိုးရကိုတောင်းဆိုမယ့် တောင်းဆိုချက်တွေထဲမှာ ကုန်ကြမ်းပြတ်လပ်တာကြောင့် ကုန်ချောတွေ အချိန်မှီတင်ပို့နိုင်ခြင်းမရှိတဲ့အတွက် စာချုပ်ကတိကဝတ်ဖောက်ဖျက်ကာ လျော်ကြေးတွေ ပေးရတာကနေကာကွယ်ဖို့အတွက် အစိုးရက တရားဝင်ကြေညာချက်…

Read More

ရခိုင်ပြည်နယ်အတွင်းက နေအိမ်မီးလောင်သွားတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ခက်ခဲနေ

ရခိုင်ပြည်နယ်အတွင်းက နေအိမ်မီးလောင်သွားတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ခက်ခဲနေ ရသေ့တောင်၊ မတ် ၃-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မှာ ဒေသတွင်း စစ်ပွဲတွေပြင်းထန်နေသလို အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေရဲ့ကျေးရွာတွေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သူတို့ရဲ့နေအိမ်တွေမရှိတော့တဲ့အတွက် နေရပ်ပြန်လည်သွားရောက်နေထိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ နေအိမ်မီးလောင်ခံလိုက်ရတဲ့ စစ်ဘေးရှောင်မိသားစုတွေက ပြောဆိုနေကြပါတယ်။ “ကျွန်မတို့က တိုက်ပွဲတွေဖြစ်ပွားနေလို့ ရွာကိုစစ်ကြောင်းတွေဝင်လာရင် ဖမ်းမှာဆီမှာကိုကြောက်တယ်။ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှာကို ကြောက်တယ်။ အဲ့ဒါကြောင့် ထွက်ပြေးလာခဲ့ကြတာပါ။ တိုက်ပွဲမရှိရင် ရွာကိုပြန်မှာပဲ။ အခုတော့ ရွာကိုမီးလောင်တယ်။ အိမ်တွေလည်းမရှိတော့ဘူး။ ဘယ်မှာနေမလဲ။ ရွာပြန်ဖို့အတွက် စဉ်းတောင်မစဉ်းစားနိုင်တော့ဘူး။”လို့ ရသေ့တောင်မြို့နယ် သမီးလှရွာဟောင်းက စစ်တွေမြို့ကိုထွက်ပြေးရောက်ရှိနေတဲ့ ဒေါ်ခင်အေးနုက ပြောပါတယ်။ ရသေ့တောင်မြို့နယ်အတွင်းမှာ အခုလိုမျိုး ကျေးရွာသားတွေနေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့အချိန် လက်နက်ကြီးတွေကျရောက်ပေါက်ကွဲပြီး နေအိမ်မီးလောင်မှုတွေ မကြာခဏဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမအပါတ်အတွင်းမှာ နေဗီက လက်နက်ကြီးပစ်ခတ်တဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးနေကြတဲ့အချိန် ကျေးရွာကိုစစ်ကြောင်းတွေရောက်ရှိလာခဲ့ပြီး မကြာခင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းနဲ့ အခုမတ်လ…

Read More

ရိုဟင်ဂျာတွေကို ပြန်မခေါ်မချင်း မြန်မာနိုင်ငံနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဂျာမနီနိုင်ငံကဆိုင်းငံ့မယ်

ရိုဟင်ဂျာတွေကို ပြန်မခေါ်မချင်း မြန်မာနိုင်ငံနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဂျာမနီနိုင်ငံကဆိုင်းငံ့မယ် ကော့ဘဇား၊ မတ်-၃-၂၀၂၀ မျိုးဆက် (VOM) ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံးခြုံစွာ နေရပ်ပြန်ပို့နိုင်တဲ့အချိန်ထိ မြန်မာနိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအားလုံးကို ဆိုင်းငံ့သွားမယ်လို့ ဂျာမနီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဂတ်မူလာက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သန်းနဲ့ချီတဲ့ဒုက္ခသည်တွေကို လုံခြုံဘေးကင်းစွာနေရပ်ပြန်နိုင်ဖို့ တာဝန်ရှိပြီး အဲဒီကတိကဝတ်ကို မပေးမချင်း မြန်မာနိုင်ငံနဲ့ မိမိတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်တာကို ဆိုင်းငံ့သွားမယ်လို့ ဂတ်မူလာရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မိမိအနေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံစကားပြောခဲ့ကြောင်း၊ သူတို့ဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းထဲက အခြေအနေဆိုးရွားတဲ့ တဲတွေထဲမှာ နေထိုင်နေကြရတယ်၊ မျိုးနွယ်စုရှင်းလင်းခြင်းနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းများကို ဂျာမနီအနေနဲ့ လက်သင့်မခံကြောင်း ဂတ်မူလာက ပြောပါတယ်။ ဂျာမနီနိုင်ငံဟာ ရိုဟင်ဂျာတွေကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝိုင်းအပါအဝင် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတွေ ရပ်တည်ရှင်သန်ရေးကူညီဖို့ ပညာရေးနဲ့ သန့်ရှင်းရေးအစီအမံတွေအတွက် ယူရို ၁၅ သန်းရန်ပုံငွေ ထပ်ပြီးထောက်ပံ့သွားမှာဖြစ်ပါတယ်။ Ref…

Read More

ထိုင်းနိင်ငံမှာဖြစ်ခဲ့တဲ့လူသတ်မူက သံသယတရားခံ တရုတ်နိုင်ငံသားနစ်ဦးကို ငွေဆောင်မှာဖမ်းမိ

ထိုင်းနိင်ငံမှာဖြစ်ခဲ့တဲ့လူသတ်မူက သံသယတရားခံ တရုတ်နိုင်ငံသားနစ်ဦးကို ငွေဆောင်မှာဖမ်းမိ ပုသိမ်၊ မတ် ၃-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေမြို့မှာ မနေ့ မတ်လ ၂ရက်နေ့က ထိုင်းနိင်ငံကနေ လူသတ်မူနဲ့အလိုရှိနေတဲ့ သံသယတရားခံ တရုတ်နိင်ငံသား၄ဦးအနက်က ၂ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေသိရပါတယ်။ အဲ့ဒီတရုတ်နိင်ငံသားနစ်ဦးဟာ ရခိုင်ပြည်နယ်ဂွမြို့ကို ရေလမ်းခရီးနဲ့ထွက်ခွာဖို့ ထိုင်းဘတ်ငွေ တွေရောင်းချနေပြီး စက်လှေတစ်စီးကို လိုက်လံဌားရမ်းနေတဲ့အတွက် ဒေသခံတွေကမသင်္ကာလို့ သတင်းပေးစစ်ဆေးရာကနေ ထိုင်းနိုင်ငံက လူသတ်မူနဲ့အလိုရှိနေတဲ့ သံသယတရားခံပြေး၂ဦးဖြစ်နေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ “သူတို့ဟာ ထိုင်းနိုင်ငံက လူသတ်မူနဲ့အလိုရှိလို့ အကူအညီတောင်းထားတဲ့လူတွေပါ၊ မြဝတီ ကနေ မြန်မာနိင်ငံကို ဝင်ရောက်လာတယ်လို့လဲ သတင်းရပြီးသားဖြစ်လို့ ခုလိုဖမ်းဆီးလိုက်နိင်တာပါ ” လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမူးကြီးထွန်းရွှေကပြောပါတယ်။ သံသယတရားခံတွေဖြစ်တဲ့ တရုတ်နိုင်ငံသားနှစ်ဦးဟာ အသက် ၃၁ အရွယ် Mr. Qinmiao နဲ့ အသက် ၂၄ နှစ်အရွယ် Mr.…

Read More

မောင်တောမှာ စိတ်ကြွဆေးပြား သိန်း၅၀နီးပါး ဖမ်းဆီးရမိ

မောင်တောမှာ စိတ်ကြွဆေးပြား သိန်း၅၀နီးပါး ဖမ်းဆီးရမိ မောင်တော၊ မတ် ၃- ၂၀၂၀ ခိုင်လင်းစံ (VOM) မောင်တောခရိုင်၊မောင်တောမြို့နယ်မှာ မနေ့ မတ်လ ၂ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား သိန်း၅၀နီးပါးကို မောင်တောမြို့အထက်မှာ ဖမ်းဆီးရမိတယ်လို့ သတင်းရရှိပါတယ်။ ” စိတ်ကြွဆေးပြား ဖမ်းမိတာက ၄၉ သိန်းလောက်ရှိတယ်။ ကားပေါ်တင်နေတုန်း သတင်းရလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိတာ။ မူးယစ်ဆေးဝါးကို မသုံးစေချင်တဲ့လူက သတင်းပေးလို့ ဖမ်းဆီးရမိတာပါ။ မူးယစ်ဆေးဝါးက ရဲကပဲဖမ်းတယ်။ သတင်းပေးတဲ့သူရှိတယ်ဆိုတော့လေ။”လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။ ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြားဟာ ကာလတန်ဖိုး ၂၀၀၀ ကျပ်လောက်ရှိပြီး စိတ်ကြွဆေးပြား သိန်း၅၀နီးပါးရဲ့ ကာလတန်ဖိုးဟာ မြန်မာကျပ်ငွေ သိန်း၁၀၀၀နီးပါးလောက်ရှိတယ်လို့ သိရပါတယ်။ စိတ်ကြွဆေးပြားတွေဖမ်းမိချိန်မှာ တရားခံကိုဖမ်းဆီးရမိတာမရှိဘဲ ထွက်ပြေးလွှတ်မြောက်နေတယ်လို့ သိရပါတယ်။ ” အခုလောလောဆယ်မှာတော့ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ရဲတပ်ဖွဲ့က သက်သေခံအနေနဲ့ ဖမ်းဆီးထားတာပေါ့။…

Read More
VOM News

FREE
VIEW