မောင်တောမှာ စိတ်ကြွဆေးပြား သိန်း၅၀နီးပါး ဖမ်းဆီးရမိ

မောင်တောမှာ စိတ်ကြွဆေးပြား သိန်း၅၀နီးပါး ဖမ်းဆီးရမိ

မောင်တော၊ မတ် ၃- ၂၀၂၀
ခိုင်လင်းစံ (VOM)

မောင်တောခရိုင်၊မောင်တောမြို့နယ်မှာ မနေ့ မတ်လ ၂ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား သိန်း၅၀နီးပါးကို မောင်တောမြို့အထက်မှာ ဖမ်းဆီးရမိတယ်လို့ သတင်းရရှိပါတယ်။

” စိတ်ကြွဆေးပြား ဖမ်းမိတာက ၄၉ သိန်းလောက်ရှိတယ်။ ကားပေါ်တင်နေတုန်း သတင်းရလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိတာ။ မူးယစ်ဆေးဝါးကို မသုံးစေချင်တဲ့လူက သတင်းပေးလို့ ဖမ်းဆီးရမိတာပါ။ မူးယစ်ဆေးဝါးက ရဲကပဲဖမ်းတယ်။ သတင်းပေးတဲ့သူရှိတယ်ဆိုတော့လေ။”လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြားဟာ ကာလတန်ဖိုး ၂၀၀၀ ကျပ်လောက်ရှိပြီး စိတ်ကြွဆေးပြား သိန်း၅၀နီးပါးရဲ့ ကာလတန်ဖိုးဟာ မြန်မာကျပ်ငွေ သိန်း၁၀၀၀နီးပါးလောက်ရှိတယ်လို့ သိရပါတယ်။

စိတ်ကြွဆေးပြားတွေဖမ်းမိချိန်မှာ တရားခံကိုဖမ်းဆီးရမိတာမရှိဘဲ ထွက်ပြေးလွှတ်မြောက်နေတယ်လို့ သိရပါတယ်။

” အခုလောလောဆယ်မှာတော့ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ရဲတပ်ဖွဲ့က သက်သေခံအနေနဲ့ ဖမ်းဆီးထားတာပေါ့။ ဖျက်ဆီးတာက သူ့အချိန်တန်မှဖျက်ဆီးမှာပေါ့။ တရားခံကိုက မရသေးဘူး။ မမိသေးဘူး။ ထွက်ပြေးလွတ်မြောက်နေတယ်။” လို့ ဦးစိုးအောင်ကပြောပါတယ်။

အခုလိုမျိုး နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမှာ မူးယစ်ဆေးဝါတွေကို မကြာခဏဆိုသလို ဖမ်းဆီးရမိတာတွေရှိပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့တာဖြစ်နိုင်တယ်လို့ ဦးစိုးအောင်က သူရဲ့သုံးသပ်ချက်ကို ပြောပြပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့ကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

Photo crd# – Google
#VOM #voiceofmyanmar #မောင်တော #စိတ်ကြွဆေးပြားတွေဖမ်းမိ

Zawgyi

ေမာင္ေတာမွာ စိတ္ႂကြေဆးျပား သိန္း၅၀နီးပါး ဖမ္းဆီးရမိ

ေမာင္ေတာ၊ မတ္ ၃- ၂၀၂၀
ခိုင္လင္းစံ (VOM)

ေမာင္ေတာခ႐ိုင္၊ေမာင္ေတာၿမိဳ႕နယ္မွာ မေန႔ မတ္လ ၂ ရက္ေန႔က စိတ္ႂကြ႐ူးသြပ္ေဆးျပား သိန္း၅၀နီးပါးကို ေမာင္ေတာၿမိဳ႕အထက္မွာ ဖမ္းဆီးရမိတယ္လုိ႔ သတင္းရ႐ွိပါတယ္။

” စိတ္ႂကြေဆးျပား ဖမ္းမိတာက ၄၉ သိန္းေလာက္႐ွိတယ္။ ကားေပၚတင္ေနတုန္း သတင္းရလို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔က ဖမ္းဆီးရမိတာ။ မူးယစ္ေဆးဝါးကို မသံုးေစခ်င္တဲ့လူက သတင္းေပးလို႔ ဖမ္းဆီးရမိတာပါ။ မူးယစ္ေဆးဝါးက ရဲကပဲဖမ္းတယ္။ သတင္းေပးတဲ့သူ႐ွိတယ္ဆိုေတာ့ေလ။”လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးေအာင္ကေျပာပါတယ္။

ဖမ္းဆီးရမိတဲ့ စိတ္ႂကြ႐ူးသြပ္ေဆးျပား တစ္ျပားဟာ ကာလတန္ဖိုး ၂၀၀၀ က်ပ္ေလာက္႐ွိၿပီး စိတ္ႂကြေဆးျပား သိန္း၅၀နီးပါးရဲ႕ ကာလတန္ဖိုးဟာ ျမန္မာက်ပ္ေငြ သိန္း၁၀၀၀နီးပါးေလာက္႐ွိတယ္လုိ႔ သိရပါတယ္။

စိတ္ႂကြေဆးျပားေတြဖမ္းမိခ်ိန္မွာ တရားခံကိုဖမ္းဆီးရမိတာမ႐ွိဘဲ ထြက္ေျပးလႊတ္ေျမာက္ေနတယ္လုိ႔ သိရပါတယ္။

” အခုေလာေလာဆယ္မွာေတာ့ အဲ့ဒီမူးယစ္ေဆးဝါးေတြကို ရဲတပ္ဖြဲ႔က သက္ေသခံအေနနဲ႔ ဖမ္းဆီးထားတာေပါ့။ ဖ်က္ဆီးတာက သူ႔အခ်ိန္တန္မွဖ်က္ဆီးမွာေပါ့။ တရားခံကိုက မရေသးဘူး။ မမိေသးဘူး။ ထြက္ေျပးလြတ္ေျမာက္ေနတယ္။” လို႔ ဦးစိုးေအာင္ကေျပာပါတယ္။

အခုလိုမ်ိဳး နယ္စပ္ၿမိဳ႕ျဖစ္တဲ့ ေမာင္ေတာမွာ မူးယစ္ေဆးဝါေတြကို မၾကာခဏဆိုသလို ဖမ္းဆီးရမိတာေတြ႐ွိၿပီး တစ္ဖက္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံကို တင္ပို႔တာျဖစ္ႏိုင္တယ္လုိ႔ ဦးစိုးေအာင္က သူရဲ႕သံုးသပ္ခ်က္ကို ေျပာျပပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္လို႔ ေမာင္ေတာခ႐ိုင္ရဲတပ္ဖြဲ႔ကို ဆက္သြယ္ဖို႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။

Photo crd# – Google
#VOM #voiceofmyanmar #ေမာင္ေတာ #စိတ္ၾကြေဆးျပားေတြဖမ္းမိ

Related posts

Leave a Comment

VOM News

FREE
VIEW