ရခိုင်ပြည်နယ်အတွင်းက နေအိမ်မီးလောင်သွားတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ခက်ခဲနေ

ရခိုင်ပြည်နယ်အတွင်းက နေအိမ်မီးလောင်သွားတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ခက်ခဲနေ

ရသေ့တောင်၊ မတ် ၃-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မှာ ဒေသတွင်း စစ်ပွဲတွေပြင်းထန်နေသလို အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေရဲ့ကျေးရွာတွေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သူတို့ရဲ့နေအိမ်တွေမရှိတော့တဲ့အတွက် နေရပ်ပြန်လည်သွားရောက်နေထိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ နေအိမ်မီးလောင်ခံလိုက်ရတဲ့ စစ်ဘေးရှောင်မိသားစုတွေက ပြောဆိုနေကြပါတယ်။

“ကျွန်မတို့က တိုက်ပွဲတွေဖြစ်ပွားနေလို့ ရွာကိုစစ်ကြောင်းတွေဝင်လာရင် ဖမ်းမှာဆီမှာကိုကြောက်တယ်။ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှာကို ကြောက်တယ်။ အဲ့ဒါကြောင့် ထွက်ပြေးလာခဲ့ကြတာပါ။ တိုက်ပွဲမရှိရင် ရွာကိုပြန်မှာပဲ။ အခုတော့ ရွာကိုမီးလောင်တယ်။ အိမ်တွေလည်းမရှိတော့ဘူး။ ဘယ်မှာနေမလဲ။ ရွာပြန်ဖို့အတွက် စဉ်းတောင်မစဉ်းစားနိုင်တော့ဘူး။”လို့ ရသေ့တောင်မြို့နယ် သမီးလှရွာဟောင်းက စစ်တွေမြို့ကိုထွက်ပြေးရောက်ရှိနေတဲ့ ဒေါ်ခင်အေးနုက ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ အခုလိုမျိုး ကျေးရွာသားတွေနေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့အချိန် လက်နက်ကြီးတွေကျရောက်ပေါက်ကွဲပြီး နေအိမ်မီးလောင်မှုတွေ မကြာခဏဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမအပါတ်အတွင်းမှာ နေဗီက လက်နက်ကြီးပစ်ခတ်တဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးနေကြတဲ့အချိန် ကျေးရွာကိုစစ်ကြောင်းတွေရောက်ရှိလာခဲ့ပြီး မကြာခင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းနဲ့ အခုမတ်လ ၁ ရက်နေ့မှာလည်း ကျေးရွာသားတွေထွက်ပြေးနေကြတဲ့ ကျောက်တန်းကျေးရွာကို ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

“အဲ့ဒီနေ့ကမီးလောင်တာက လက်နက်ကြီးတွေကျတယ်။ ပြီးတော့ ရဟတ်ယာဉ်တွေနဲ့ ကျေးရွာအပေါ်ကနေ လာပစ်တယ်။ အဲ့ဒီမှာ ရွာထဲကိုကျည်တွေကျပြီး မီးလောင်သွားတာပါ။ အိမ် ၂၀ ကျော်မီးလောင်သွားပါတယ်။ အခုလိုရွာတွေကို တမင်ပစ်ခတ်နေတော့ အိမ်တွေမီးလောင်တာပေါ့။”လို့ ကျောက်တန်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

ကျေးရွာမီးလောင်နေတာကို သူတို့ထွက်ပြေးရောက်ရှိနေတဲ့ နေရာတွေကနေ မြင်တွေ့နေကြရပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် မီးလောင်နေတဲ့နေအိမ်တွေကို သွားရောက်ပြီး မီးငြှိမ်းတာတွေ မလုပ်နိုင်ဘဲ အဝေးကကြည့်နေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၀ ခုလောက်မှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတာဟာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာလည်း ၁၂၀၀၀၀ ကျော်အထိ မြင့်တက်လာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးRECကနေ သိရပါတယ်။

Photo-CJ
#VOM #voiceofmyanmar #ရသေ့တောင် #စစ်ဘေးရှောင်တွေ #နေရပ်ပြန်ဖို့ခက်ခဲ

Zawgyi

ရခိုင္ျပည္နယ္အတြင္းက ေနအိိမ္မီးေလာင္သြားတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြ ေနရပ္ျပန္ဖို႔ခက္ခဲေန

ရေသ့ေတာင္၊ မတ္ ၃-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္မွာ ေဒသတြင္း စစ္ပြဲေတြျပင္းထန္ေနသလို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေဘးေရွာင္ေတြရဲ႕ေက်းရြာေတြ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး သူတုိ႔ရဲ႕ေနအိမ္ေတြမရွိေတာ့တဲ့အတြက္ ေနရပ္ျပန္လည္သြားေရာက္ေနထိုင္ဖုိ႔ မျဖစ္ႏုိင္ေတာ့ဘူးလို႔ ေနအိမ္မီးေလာင္ခံလိုက္ရတဲ့ စစ္ေဘးေရွာင္မိသားစုေတြက ေျပာဆိုေနၾကပါတယ္။

“ကၽြန္မတုိ႔က တိုက္ပြဲေတြျဖစ္ပြားေနလို႔ ရြာကိုစစ္ေၾကာင္းေတြဝင္လာရင္ ဖမ္းမွာဆီမွာကိုေၾကာက္တယ္။ လက္နက္ႀကီးေတြနဲ႔ပစ္ခတ္မွာကို ေၾကာက္တယ္။ အဲ့ဒါေၾကာင့္ ထြက္ေျပးလာခဲ့ၾကတာပါ။ တိုက္ပြဲမရွိရင္ ရြာကိုျပန္မွာပဲ။ အခုေတာ့ ရြာကိုမီးေလာင္တယ္။ အိမ္ေတြလည္းမရွိေတာ့ဘူး။ ဘယ္မွာေနမလဲ။ ရြာျပန္ဖုိ႔အတြက္ စဥ္းေတာင္မစဥ္းစားႏုိင္ေတာ့ဘူး။”လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွရြာေဟာင္းက စစ္ေတြၿမိဳ႕ကိုထြက္ေျပးေရာက္ရွိေနတဲ့ ေဒၚခင္ေအးႏုက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာ အခုလိုမ်ိဳး ေက်းရြာသားေတြေနရပ္စြန္႔ခြာထြက္ေျပးေနၾကတဲ့အခ်ိန္ လက္နက္ႀကီးေတြက်ေရာက္ေပါက္ကြဲၿပီး ေနအိမ္မီးေလာင္မႈေတြ မၾကာခဏျဖစ္ပြားေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ပထမအပါတ္အတြင္းမွာ ေနဗီက လက္နက္ႀကီးပစ္ခတ္တဲ့အတြက္ ရြာလံုးကၽြတ္ထြက္ေျပးေနၾကတဲ့အခ်ိန္ ေက်းရြာကိုစစ္ေၾကာင္းေတြေရာက္ရွိလာခဲ့ၿပီး မၾကာခင္မွာ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္းနဲ႔ အခုမတ္လ ၁ ရက္ေန႔မွာလည္း ေက်းရြာသားေတြထြက္ေျပးေနၾကတဲ့ ေက်ာက္တန္းေက်းရြာကို ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ ေနအိမ္ေတြမီးေလာင္ကၽြမ္းမႈ ျဖစ္ပြားခဲ့ပါတယ္။

“အဲ့ဒီေန႔ကမီးေလာင္တာက လက္နက္ႀကီးေတြက်တယ္။ ၿပီးေတာ့ ရဟတ္ယာဥ္ေတြနဲ႔ ေက်းရြာအေပၚကေန လာပစ္တယ္။ အဲ့ဒီမွာ ရြာထဲကိုက်ည္ေတြက်ၿပီး မီးေလာင္သြားတာပါ။ အိမ္ ၂၀ ေက်ာ္မီးေလာင္သြားပါတယ္။ အခုလိုရြာေတြကို တမင္ပစ္ခတ္ေနေတာ့ အိမ္ေတြမီးေလာင္တာေပါ့။”လို႔ ေက်ာက္တန္းေက်းရြာသားတစ္ဦးက ေျပာပါတယ္။

ေက်းရြာမီးေလာင္ေနတာကို သူတုိ႔ထြက္ေျပးေရာက္ရွိေနတဲ့ ေနရာေတြကေန ျမင္ေတြ႔ေနၾကရေပမယ့္ အသက္အႏၱရာယ္ စိုးရိမ္ရတဲ့အတြက္ မီးေလာင္ေနတဲ့ေနအိမ္ေတြကို သြားေရာက္ၿပီး မီးၿငွိမ္းတာေတြ မလုပ္ႏုိင္ဘဲ အေဝးကၾကည့္ေနခဲ့ရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ရခုိင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၁၀ ခုေလာက္မွာ တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား တုိက္ပြဲေတြျဖစ္ပြားေနတာဟာ တစ္ႏွစ္ေက်ာ္ၾကာျမင့္လာခဲ့ၿပီး ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေဘးဒုကၡသည္အေရအတြက္ဟာလည္း ၁၂၀၀၀၀ ေက်ာ္အထိ ျမင့္တက္လာေနၿပီလို႔ ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအရံုးRECကေန သိရပါတယ္။

Photo-CJ
#VOM #voiceofmyanmar #ရေသ့ေတာင္ #စစ္ေဘးေရွာင္ေတြ #ေနရပ္ျပန္ဖို႔ခက္ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW