ထိုင်းနိင်ငံမှာဖြစ်ခဲ့တဲ့လူသတ်မူက သံသယတရားခံ တရုတ်နိုင်ငံသားနစ်ဦးကို ငွေဆောင်မှာဖမ်းမိ

ထိုင်းနိင်ငံမှာဖြစ်ခဲ့တဲ့လူသတ်မူက သံသယတရားခံ တရုတ်နိုင်ငံသားနစ်ဦးကို ငွေဆောင်မှာဖမ်းမိ

ပုသိမ်၊ မတ် ၃-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေမြို့မှာ မနေ့ မတ်လ ၂ရက်နေ့က ထိုင်းနိင်ငံကနေ
လူသတ်မူနဲ့အလိုရှိနေတဲ့ သံသယတရားခံ တရုတ်နိင်ငံသား၄ဦးအနက်က
၂ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေသိရပါတယ်။

အဲ့ဒီတရုတ်နိင်ငံသားနစ်ဦးဟာ ရခိုင်ပြည်နယ်ဂွမြို့ကို ရေလမ်းခရီးနဲ့ထွက်ခွာဖို့ ထိုင်းဘတ်ငွေ တွေရောင်းချနေပြီး စက်လှေတစ်စီးကို လိုက်လံဌားရမ်းနေတဲ့အတွက်
ဒေသခံတွေကမသင်္ကာလို့ သတင်းပေးစစ်ဆေးရာကနေ ထိုင်းနိုင်ငံက လူသတ်မူနဲ့အလိုရှိနေတဲ့ သံသယတရားခံပြေး၂ဦးဖြစ်နေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

“သူတို့ဟာ ထိုင်းနိုင်ငံက လူသတ်မူနဲ့အလိုရှိလို့ အကူအညီတောင်းထားတဲ့လူတွေပါ၊ မြဝတီ ကနေ မြန်မာနိင်ငံကို ဝင်ရောက်လာတယ်လို့လဲ သတင်းရပြီးသားဖြစ်လို့ ခုလိုဖမ်းဆီးလိုက်နိင်တာပါ ” လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမူးကြီးထွန်းရွှေကပြောပါတယ်။

သံသယတရားခံတွေဖြစ်တဲ့ တရုတ်နိုင်ငံသားနှစ်ဦးဟာ အသက် ၃၁ အရွယ် Mr. Qinmiao နဲ့ အသက် ၂၄ နှစ်အရွယ် Mr. Gang Gang တို့ဖြစ်တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ရဲတပ်ဖွဲ့ကဖမ်းမိတဲ့ သံသယတရားခံ ၂ ဦးကို ထိုင်းနိုင်ငံကို ပြန်လည်လွဲပြောင်းပေးဖို့အတွက် ဒီကနေ့နေ့လယ်ပိုင်းမှာပဲ ပုသိမ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်အဖွဲ့နဲ့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့တို့က မြဝတီမြို့ကိုထွက်ခွာသွားပြီလို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မူးရုံးကနေ သိရပါတယ်။

#VOM #voiceofmyanmar #ပုသိမ် #ငွေဆောင် #ထိုင်းနိုင်ငံလူသတ်မှု #သံသယတရားခံမိ

Zawgyi

ထိုင္းနိင္ငံမွာျဖစ္ခဲ့တဲ့လူသတ္မူက သံသယတရားခံ တ႐ုတ္ႏိုင္ငံသားနစ္ဦးကို ေငြေဆာင္မွာဖမ္းမိ

ပုသိမ္၊ မတ္ ၃-၂၀၂၀
ကိုေအာင္(VOM)

ဧရာ၀တီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္၊ ေငြေဆာင္ကမ္းေျခၿမိဳ႕မွာ မေန႔ မတ္လ ၂ရက္ေန႔က ထိုင္းနိင္ငံကေန
လူသတ္မူနဲ႔အလိုရွိေနတဲ့ သံသယတရားခံ တ႐ုတ္နိင္ငံသား၄ဦးအနက္က
၂ဦးကို ဖမ္းဆီးရမိခဲ့တယ္လို႔ ဧရာ၀တီတိုင္းရဲတပ္ဖြဲ႕ကေနသိရပါတယ္။

အဲ့ဒီတ႐ုတ္နိင္ငံသားနစ္ဦးဟာ ရခိုင္ျပည္နယ္ဂြၿမိဳ႕ကို ေရလမ္းခရီးနဲ႔ထြက္ခြာဖို႔ ထိုင္းဘတ္ေငြ ေတြေရာင္းခ်ေနၿပီး စက္ေလွတစ္စီးကို လိုက္လံဌားရမ္းေနတဲ့အတြက္
ေဒသခံေတြကမသကၤာလို႔ သတင္းေပးစစ္ေဆးရာကေန ထိုင္းႏို္င္ငံက လူသတ္မူနဲ႔အလိုရွိေနတဲ့ သံသယတရားခံေျပး၂ဦးျဖစ္ေနတာကို ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

“သူတို႔ဟာ ထိုင္းႏိုင္ငံက လူသတ္မူနဲ႔အလိုရွိလို႔ အကူအညီေတာင္းထားတဲ့လူေတြပါ၊ ျမ၀တီ ကေန ျမန္မာနိင္ငံကို ၀င္ေရာက္လာတယ္လို႔လဲ သတင္းရၿပီးသားျဖစ္လို႔ ခုလိုဖမ္းဆီးလိုက္နိင္တာပါ ” လို႔ ဧရာ၀တီတိုင္းရဲတပ္ဖြဲ႕မွ ဒုတိယရဲမူးႀကီးထြန္းေ႐ႊကေျပာပါတယ္။

သံသယတရားခံေတြျဖစ္တဲ့ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးဟာ အသက္ ၃၁ အ႐ြယ္ Mr. Qinmiao နဲ႔ အသက္ ၂၄ ႏွစ္အ႐ြယ္ Mr. Gang Gang တို႔ျဖစ္တယ္လုိ႔ ဧရာ၀တီတိုင္းရဲတပ္ဖြဲ႕ကေန သိရပါတယ္။

ရဲတပ္ဖြဲ႕ကဖမ္းမိတဲ့ သံသယတရားခံ ၂ ဦးကို ထိုင္းႏိုင္ငံကို ျပန္လည္လြဲေျပာင္းေပးဖို႔အတြက္ ဒီကေန႔ေန႔လယ္ပိုင္းမွာပဲ ပုသိမ္ၿမိဳ႕နယ္ လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ လူစြမ္းအားအရင္းအျမစ္အဖြဲ႔နဲ႔ ပုသိမ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕တို႔က ျမ၀တီၿမိဳ႕ကိုထြက္ခြာသြားၿပီလို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မူး႐ုံးကေန သိရပါတယ္။

#VOM #voiceofmyanmar #ပုသိမ္ #ေငြေဆာင္ #ထိုင္းႏိုင္ငံလူသတ္မွဳ #သံသယတရားခံမိ

Related posts

Leave a Comment

VOM News

FREE
VIEW