စက်ရုံပိတ်ရတဲ့အခါ အလုပ်သမားဆန္ဒမပြဖိုနဲ့ အခြားအချက်များအား လုပ်ငန်းရှင်တွေက အစိုးရကိုတောင်းဆိုမယ်

စက်ရုံပိတ်ရတဲ့အခါ အလုပ်သမားဆန္ဒမပြဖိုနဲ့ အခြားအချက်များအား လုပ်ငန်းရှင်တွေက အစိုးရကိုတောင်းဆိုမယ်

ရန်ကုန် မတ် ၃ – ၂၀၂၀
သိင်္ဂီ(VOM)

ရန်ကုန်မြို့က စက်ရုံတွေမှာ ကုန်ကြမ်းပြတ်လပ်မှုကြောင့် စက်ရုံပိတ်တာ ၊ယာယီရပ်နားတာ နဲ့ အလုပ်သမားလျှော့တာတွေဖြစ်လာခဲ့ရင် အလုပ်သမားတွေ ဆန္ဒပြသပိတ်မမှောက်ဖို့ ၊ မေလမှာ ပြင်ဆင်သတ်မှတ်မယ့် အနည်းဆုံးလုပ်ခလစာကိစ္စကို စက်တင်ဘာလထိ နောက်ဆုတ်ပေးဖို့အတွက် လုပ်ငန်းရှင်တွေက အစိုးရကိုတောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဆွေးနွေးနေတာ ၃ ကြိမ်ရှိပါပြီ။ ဆွေးနွေးချက်တွေလည်း ရထားပါပြီ။ ဒါတွေကို နိုင်ငံတော်အကြီးအကဲဆီ တင်ပြမယ်။ သူတို့ ဘယ်လိုစီစဉ်ပေးမလဲတော့ မသိသေးပါဘူး။ စက်ရုံလုပ်ငန်းရှင်တွေကတော့ ဘယ်သူမှ လုပ်ငန်းမပိတ်ချင်ပါဘူး။ ဒီအခြေအနေကို အလုပ်သမားတွေလည်း နားလည်ဖို့လိုပါတယ်။”လို့ ရွှေလင်ဗန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောပါတယ်။

အလုပ်ရှင်တွေက အစိုးရကိုတောင်းဆိုမယ့် တောင်းဆိုချက်တွေထဲမှာ ကုန်ကြမ်းပြတ်လပ်တာကြောင့် ကုန်ချောတွေ အချိန်မှီတင်ပို့နိုင်ခြင်းမရှိတဲ့အတွက် စာချုပ်ကတိကဝတ်ဖောက်ဖျက်ကာ လျော်ကြေးတွေ ပေးရတာကနေကာကွယ်ဖို့အတွက် အစိုးရက တရားဝင်ကြေညာချက် စာထုတ်ပေးဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် အခက်အခဲကြုံတွေ့နေရတဲ့ လုပ်ငန်းရှင်တွေကို လုပ်ငန်းလည်ပတ်ရပ်တည်နိုင်ဖို့ ဘဏ်တွေကနေ အတိုးနှုန်းသက်သာစွာနဲ့ ချေးငွေတွေထုတ်ချေးပေးဖို့ ၊အလုပ်သမားတွေရဲ့ လုပ်သက်ခွင့်/ရှောင်တခင်ခွင့်ကဲ့သို့ ခွင့်ရက်တွေကို လစာငွေမပေးဘဲ ခွင့်ရက်ပေးခြင်း (Temporary Leave Without Pay) ဖြင့် ဗိုင်းရပ်(စ်) ရောဂါပြန့်ပွားမှု ငြိမ်သက်သွားတဲ့အထိ ယာယီ ဆောင်ရွက်ခွင့်ပေးဖို့အချက်တွေ ပါဝင်နေပါတယ်။

ဥပဒေအရ လျော်ကြေးငွေပေးရမယ်ဆိုရင်လည်း အနည်းဆုံးလုပ်ခလစာအပေါ်မှာသာ တွက်ချက် ပေးခွင့်ပြုဖို့အပါအဝင် စတဲ့အချက်တွေကို တောင်းဆိုသွားမယ်လို့ သိရပါတယ်။

” စက်ရုံပိတ်လိုက်ရင် ကျွန်မတို့လည်း အလုပ်လက်မဲ့ဖြစ်သွားမှာပဲ။ အဲ့ဒီအတွက် ထိုက်သင့်တဲ့ပမာဏတော့ ရဖို့လိုအပ်ပါတယ်။ ရမှလည်းဖြစ်မှာပါ။ အခြေအနေက ဘယ်လိုလာမလဲဆိုတာ မသိရသေးတော့ သေချာတော့မပြောနိုင်သေးပါဘူး” လို့ ရွှေပြည်သာ အထည်ချုပ်စက်ရုံတစ်ခုမှာလုပ်ကိုင်နေတဲ့ မသင်ဇာကပြောပါတယ်။

မြန်မာနိုင်ငံမှာလည်ပတ်နေတဲ့ CMP အထည်ချုပ် နဲ့ အခြားCMP ဖိနပ်ချုပ်၊ အိတ်ချုပ်နဲ့Electronic partsတွေထုတ်လုပ်တဲ့လုပ်ငန်းတွေရဲ့ လက်ရှိကုန်ကြမ်းအခြေအနေက လာမယ့်(၂)ပတ် ဒါမှမဟုတ် မတ်လမကုန်မီမှာ ပစ္စည်းပြတ်လပ်နိုင်တဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေတယ်လို့ ကုန်သည်စက်မှုအသင်းချုပ်ကနေ သိရပါတယ်။

လက်ရှိမှာ တရုတ်ပြည်ရဲ့ COVID-19ရောဂါကြောင့် တရုတ်ပြည်ဘက်ကနေ ကုန်ကြမ်းဝင်ရောက်မှု ရပ်တန့်နေပေမယ့် စက်ရုံတွေလုပ်ငန်းလည်ပတ်တာကို (ဧပြီလ)သင်္ကြန်မတိုင်မီ ဖြစ်စေ၊ သင်္ကြန်ပြီး အထိဖြစ်စေ ဆွဲဆန့်နိုင်ဖို့ နေ့စဉ်ပုံမှန်အလုပ်ချိန် ၈ နာရီသာ လုပ်ကိုင်စေသလို စနေ၊ တနင်္ဂနွေ နဲ့ အစိုးရရုံးပိတ်ရက်ကိုလည်း လစာအပြည့်နဲ့ အနားပေးထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင်ထားတဲ့ အထည်ချုပ်လုပ်ငန်းပေါင်း ၅၆၀ ရှိပြီး တဆင့်ခံ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေလည်း ရှိနေတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #စက်ရုံပိတ်ရင် #အလုပ်သမားဆန္ဒမပြဖို့ #အစိုးရကိုတောင်းဆိုမယ်

Zawgyi

စက္႐ုံပိတ္ရတဲ႔အခါ အလုပ္သမားဆႏၵမျပဖိုနဲ႔ အျခားအခ်က္မ်ားအား လုပ္ငန္းရွင္ေတြက အစိုးရကိုေတာင္းဆိုမယ္

ရန္ကုန္ မတ္ ၃ – ၂၀၂၀
သိဂႌ(VOM)

ရန္ကုန္ၿမိဳ႕က စက္ရံုေတြမွာ ကုန္ၾကမ္းျပတ္လပ္မႈေၾကာင့္ စက္႐ုံပိတ္တာ ၊ယာယီရပ္နားတာ နဲ႔ အလုပ္သမားေလ်ွာ့တာေတြျဖစ္လာခဲ့ရင္ အလုပ္သမားေတြ ဆႏၵျပသပိတ္မေမွာက္ဖို႔ ၊ ေမလမွာ ျပင္ဆင္သတ္မွတ္မယ့္ အနည္းဆုံးလုပ္ခလစာကိစၥကို စက္တင္ဘာလထိ ေနာက္ဆုတ္ေပးဖို႔အတြက္ လုပ္ငန္းရွင္ေတြက အစိုးရကိုေတာင္းဆိုသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ေဆြးေႏြးေနတာ ၃ ႀကိမ္႐ွိပါၿပီ။ ေဆြးေႏြးခ်က္ေတြလည္း ရထားပါၿပီ။ ဒါေတြကို ႏိုင္ငံေတာ္အႀကီးအကဲဆီ တင္ျပမယ္။ သူတို႔ ဘယ္လိုစီစဥ္ေပးမလဲေတာ့ မသိေသးပါဘူး။ စက္႐ုံလုပ္ငန္း႐ွင္ေတြကေတာ့ ဘယ္သူမွ လုပ္ငန္းမပိတ္ခ်င္ပါဘူး။ ဒီအေျခအေနကို အလုပ္သမားေတြလည္း နားလည္ဖို႔လိုပါတယ္။”လို႔ ေရႊလင္ဗန္းစက္မႈဇုန္ဥကၠ႒ ဦးေအးေသာင္းက ေျပာပါတယ္။

အလုပ္ရွင္ေတြက အစိုးရကိုေတာင္းဆိုမယ့္ ေတာင္းဆိုခ်က္ေတြထဲမွာ ကုန္ၾကမ္းျပတ္လပ္တာေၾကာင့္ ကုန္ေခ်ာေတြ အခ်ိန္မွီတင္ပို႔နိုင္ျခင္းမရွိတဲ့အတြက္ စာခ်ဳပ္ကတိကဝတ္ေဖာက္ဖ်က္ကာ ေလ်ာ္ေၾကးေတြ ေပးရတာကေနကာကြယ္ဖို႔အတြက္ အစိုးရက တရားဝင္ေၾကညာခ်က္ စာထုတ္ေပးဖို႔လည္း ပါဝင္ပါတယ္။

ဒါ့အျပင္ အခက္အခဲႀကဳံေတြ႔ေနရတဲ့ လုပ္ငန္း႐ွင္ေတြကို လုပ္ငန္းလည္ပတ္ရပ္တည္နိုင္ဖို႔ ဘဏ္ေတြကေန အတိုးႏွုန္းသက္သာစြာနဲ႔ ေခ်းေငြေတြထုတ္ေခ်းေပးဖို႔ ၊အလုပ္သမားေတြရဲ႕ လုပ္သက္ခြင့္/ေရွာင္တခင္ခြင့္ကဲ့သို႔ ခြင့္ရက္ေတြကို လစာေငြမေပးဘဲ ခြင့္ရက္ေပးျခင္း (Temporary Leave Without Pay) ျဖင့္ ဗိုင္းရပ္(စ္) ေရာဂါျပန႔္ပြားမွု ၿငိမ္သက္သြားတဲ့အထိ ယာယီ ေဆာင္ရြက္ခြင့္ေပးဖို႔အခ်က္ေတြ ပါဝင္ေနပါတယ္။

ဥပေဒအရ ေလ်ာ္ေၾကးေငြေပးရမယ္ဆုိရင္လည္း အနည္းဆုံးလုပ္ခလစာအေပၚမွာသာ တြက္ခ်က္ ေပးခြင့္ျပဳဖို႔အပါအဝင္ စတဲ့အခ်က္ေတြကို ေတာင္းဆိုသြားမယ္လုိ႔ သိရပါတယ္။

” စက္႐ုံပိတ္လိုက္ရင္ ကၽြန္မတို႔လည္း အလုပ္လက္မဲ့ျဖစ္သြားမွာပဲ။ အဲ့ဒီအတြက္ ထိုက္သင့္တဲ့ပမာဏေတာ့ ရဖို႔လိုအပ္ပါတယ္။ ရမွလည္းျဖစ္မွာပါ။ အေျခအေနက ဘယ္လိုလာမလဲဆိုတာ မသိရေသးေတာ့ ေသခ်ာေတာ့မေျပာႏိုင္ေသးပါဘူး” လုိ႔ ေရႊျပည္သာ အထည္ခ်ဳပ္စက္႐ုံတစ္ခုမွာလုပ္ကိုင္ေနတဲ့ မသင္ဇာကေျပာပါတယ္။

ျမန္မာနိုင္ငံမွာလည္ပတ္ေနတဲ့ CMP အထည္ခ်ဳပ္ နဲ႔ အျခားCMP ဖိနပ္ခ်ဳပ္၊ အိတ္ခ်ဳပ္နဲ႔Electronic partsေတြထုတ္လုပ္တဲ့လုပ္ငန္းေတြရဲ႕ လက္ရွိကုန္ၾကမ္းအေျခအေနက လာမယ့္(၂)ပတ္ ဒါမွမဟုတ္ မတ္လမကုန္မီမွာ ပစၥည္းျပတ္လပ္ႏိုင္တဲ့ စိုးရိမ္ဖြယ္ရာ အေျခအေန႐ွိေနတယ္လို႔ ကုန္သည္စက္မွုအသင္းခ်ဳပ္ကေန သိရပါတယ္။

လက္႐ွိမွာ တ႐ုတ္ျပည္ရဲ႕ COVID-19ေရာဂါေၾကာင့္ တ႐ုတ္ျပည္ဘက္ကေန ကုန္ၾကမ္းဝင္ေရာက္မွု ရပ္တန႔္ေနေပမယ့္ စက္႐ုံေတြလုပ္ငန္းလည္ပတ္တာကို (ဧၿပီလ)သၾကၤန္မတိုင္မီ ျဖစ္ေစ၊ သၾကၤန္ၿပီး အထိျဖစ္ေစ ဆြဲဆန႔္နိုင္ဖို႔ ေန႔စဥ္ပုံမွန္အလုပ္ခ်ိန္ ၈ နာရီသာ လုပ္ကိုင္ေစသလို စေန၊ တနဂၤေႏြ နဲ႔ အစိုးရ႐ုံးပိတ္ရက္ကိုလည္း လစာအျပည့္နဲ႔ အနားေပးထားတယ္လုိ႔ သိရပါတယ္။

လက္႐ွိမွာ ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္း႐ွင္မ်ားအသင္းဝင္ထားတဲ့ အထည္ခ်ဳပ္လုပ္ငန္းေပါင္း ၅၆၀ ႐ွိၿပီး တဆင့္ခံ လုပ္ကိုင္ေနတဲ့ လုပ္ငန္းေတြလည္း ႐ွိေနတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #စက္ရံုပိတ္ရင္ #အလုပ္သမားဆႏၵမျပဖို႔ #အစိုးရကိုေတာင္းဆိုမယ္

Related posts

Leave a Comment

VOM News

FREE
VIEW