သြဂုတ်လ ၁၅ နဲ့ ၁၆ ရက် DVB ရုပ်သံမှာတင်ဆက်သွားတဲ့ NLD အစိုးရလက်ထက်မှာ “မီဒီယာလွတ်လပ်ခွင့်ကျဆင်းနေပြီလား” DVB Debate အစီအစဉ်မှာပါဝင်ဆွေး‌နွေးဖို့ အချက်အလက်တွေ ရှာဖွေစုဆောင်းရာကနေ တွေ့ရှိရတဲ့ ဒေါ်တင်ထားဆွေရဲ့အမြင်တချို့ကိုစုစည်းတင်ပြခြင်း

သြဂုတ်လ ၁၅ နဲ့ ၁၆ ရက် DVB ရုပ်သံမှာတင်ဆက်သွားတဲ့ NLD အစိုးရလက်ထက်မှာ
“မီဒီယာလွတ်လပ်ခွင့်ကျဆင်းနေပြီလား” DVB Debate အစီအစဉ်မှာပါဝင်ဆွေး‌နွေးဖို့
အချက်အလက်တွေ ရှာဖွေစုဆောင်းရာကနေ တွေ့ရှိရတဲ့ ဒေါ်တင်ထားဆွေရဲ့အမြင်တချို့ကိုစုစည်းတင်ပြခြင်း

သြဂုတ်လ ၁၉- ၂၀၂၀
တင်ထားဆွေ

၁။ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်ကျဆင်းနေသလား

ပြင်သစ်အခြေစိုက် အစိုးရမဟုတ်တဲ့ အပြည်အပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့၊
နယ်စည်းမခြားသတင်းထောက်အဖွဲ့ (RSF)ရဲ့ ၂၀၂၀ ခုနှစ် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ
အစီရင်ခံစာအရ မြန်မာ့မီဒီယာလွတ်လပ်ခွင့်ဟာ ယခင်ထက်ကျဆင်းနေပါတယ်။
ယမန်နှစ်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အဆင့်အညွှန်းကိန်းမှာ
မြန်မာနိုင်ငံက အဆင့် ၁၃၈ မှာရပ်တည်နိုင်ခဲ့ပေမယ့် အခု ၂၀၂၀ ခုနှစ်အတွက်
ထုတ်ပြန်ချက်မှာ အဆင့် ၁၃၉ ကို ကျဆင်းသွားပါတယ်။ ဆိုလိုချင်တာက RSF
အဖွဲ့ဝင်နိုင်ငံပေါင်း၁၈၀ အနက် မြန်မာနိုင်ငံက ၁၃၉ အဆင့်မှာသာရှိပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ အထိ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်မှု အညွန်းကိန်းမှာ မြန်မာက အဆင့် ၂၀ အထိ တက်ခဲ့ပေမယ့် အခုအခါ အခြေအနေကပြောင်းပြန်ဖြစ်နေပါတယ်။
RSF ရဲ့ အစီရင်ခံစာထဲမှာ NLD အစိုးရလက်ထက် မီဒီယာအခန်းကဏ္ဍ ပိုတိုးတက်လာပြီး
သတင်းလွတ်လပ်ခွင့်ပိုရရှိလာမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့်လည်း မျှော်လင့်သလိုမဖြစ်လာဘူးလို့ ဖော်ပြထားပါတယ်။

လွတ်လပ်စွာထုတ်ဖော်ခွင့်အတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ ‘အသံ’ အဖွဲ့ရဲ့ အစိုးရ
လေးနှစ်သက်တန်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆန်းစစ်တဲ့အစီရင်ခံစာမှာ လေးနှစ်အတွင်း တရားစွဲခံရတဲ့ သတင်းမီဒီယာသမား ၆၇ ဦးရှိပြီး ဒီအထဲမှာ
ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူခံရတာ ၃၄ မှု၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ နဲ့
အရေးယူခံရတာ ၈ မှုရှိတယ်လို့ ဖော်ပြထားပါတယ်။
အလားတူပဲ Think Tank သုတေသန အင်စတီကျူးရှင်း Freedom House ကထုတ်တဲ့ ၂၀၂၀အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေတွေကို အသုံးချပြီး
လွတ်လပ်စွာထုတ်ဖော်မှု ကို ဖိနှိပ်ကန့်သတ်ထားတယ်လို့ပါရှိပါတယ်။ Freedom House ရဲ့ ညွန်းကိန်းအရ သတင်းလွတ်လပ်မှု အပြည့်အဝရရှိတဲ့နိုင်ငံတွေကို လေးမှတ်ပေးရင် မြန်မာက တစ်မှတ်သာရရှိပါတယ်။

၂။ သတင်းလွတ်လပ်ခွင့်လျော့နည်းလာရတဲ့အကြောင်းရင်း
အစိုးရ ဦးစားပေးဆောင်ရွက်မယ့် လုပ်ငန်းတွေအထဲမှာ မီဒီယာဖွံ့ဖြိုးမှု မပါဘူးလို့ ယေဘုယျ သုံးသပ်နိုင်ပါတယ်။ မီဒီယာဖွံ့ဖြိုးမှုကို ပြန်ကြား‌ရေးဝန်ကြီးဌာနက ဦးဆောင်လုပ်ပေးရမှာဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ၄ နှစ်ကာလမှာ ထူးခြားတဲ့တိုးတက်မှုတွေ မတွေ့ရတဲ့အပြင် အရင်ကထက် မီဒီယာလွတ်လပ်ခွင့်ကျဆင်းလာတာတွေ့ရပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံမီဒီယာဖွံ့ဖြိုးမှုကို ကူညီဆောင်ရွက်ပေးနေတဲ့
ကုလသမဂ္ဂ ပညာရေးသိပ္ပံ နှင့် ယဉ်ကျေးမှုအဖွဲ့အစည်း UNESCO က အကြံပေးခဲ့တဲ့အတိုင်း အစိုးရမီဒီယာကို အများပြည်သူဝန်ဆောင်မှုရုပ်သံလွင့် public service broadcast, PSBကိုပြောင်းဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ NLD အစိုးရ တက်လာပြီးနောက် ပထမခြောက်လမှာ အစိုးရသတင်းစာတွေမှာ အပြောင်းအလဲတချို့တွေ့ရပေမယ့် နောက်ပိုင်းမှာတော့ အရင်ပုံစံအတိုင်းပြန်ဖြစ်သွားပြီး PSBကို ဆက်လက်အကောင်အထည်ဖော်တာမတွေ့ရပါဘူး။

ယူနက်စကိုကပြုစုထားတဲ့ “မြန်မာနိုင်ငံမီဒီယာဖွံ့ဖြိုးမှုအကဲဖြတ်မှတ်တမ်း ၂၀၁၄-၂၀၁၆”အစီရင်ခံစာမှာတော့ အများပြည်သူဝန်ဆောင်မှု ဥပဒေကြမ်းကို
ရုပ်သိမ်းထားဆဲလို့ဖော်ပြထားပါတယ်။ သတင်းလွတ်လပ်မှုကို အကာအကွယ်ပေးဖို့
အမှီအခိုကင်းပြီး မီဒီယာကိုကြီးကြပ်ပေးမယ့် စနစ်တခုရှိဖို့လည်းလိုပါတယ်။
၂၀၁၄-၂၀၁၆ အစီရင်ခံစာထဲမှာ မြန်မာ့မီဒီယာတိုးတက်ဖွံ့ဖြိုးလာအောင် အစိုးရက
အရေးယူ ဆောင်ရွက်ပေးဖို့ ယူနက်စကိုက အချက် ၅၆ ချက် အကြံပြုထားပါတယ်။

၂၀၁၈ခုဧပြီလမှာ ယူနက်စကိုကထုတ်ပြန်တဲ့ “မြန်မာနိုင်ငံမီဒီယာဖွံ့ဖြိုးတိုးတက်မှုအခြေပြမြေပုံ၂၀၁၈” အစီရင်ခံစာမှာတော့ အစိုးရက အကြံပြုချက် ၅၆ချက်အထဲက ၁၈ ချက်ကို အရေးယူဆောင်ရွက်ဖို့ ကနဦးအစပျိုးနေပြီး ၂ ချက်ကတော့ ဆုတ်ယုတ်မှုရှိလာတယ်လို့ ဆိုပါတယ်။ အကြံပြုချက် ၅၆ ချက်ထဲက ၃၇ ချက် ကို အရေးယူဆောင်ရွက်ခြင်း တခုမှမလုပ်ရသေးတဲ့အပြင်၊ ပြီးမြောက်အောင် အရေးယူဆောင်ရွက်ထားတဲ့အချက် တစ်ချက်တောင်မရှိဘူးလို့ဖော်ပြထားပါတယ်။
ဒါကိုကြည့်ရင် အစိုးရမှာ မီဒီယာကို တိုးတက်အောင်လုပ်ပေးဖို့ နိုင်ငံရေးသန္နိဋ္ဌာန် political willမရှိဘူးလို့ဆိုရမှာပါ။

၃။ မြန်မာသတင်းမီဒီယာကောင်စီ
မြန်မာသတင်းမီဒီယာကောင်စီက သတင်းလွတ်လပ်ခွင့်အတွက် အရေးကြီးတဲ့
အဖွဲ့အစည်းဖြစ်ပါတယ်။ စာနယ်ဇင်းသမားတွေ အငြင်းပွားမှုနှင့် တိုင်ကြားမှုတွေကို
ညှိနှိုင်းဖြေရှင်းပေးတဲ့ မီဒီယာကိုထိန်းကျောင်းတဲ့ အဖွဲ့အစည်းအဖြစ်
ဆောင်ရွက်ပေးနေပေမယ့်လည်း သတင်းထောက်တွေရဲ့အမြင်မှာ ကောင်စီက
သတင်းထောက်တွေရဲ့အကျိုးစီးပွားထက် အစိုးရရဲ့လိုအပ်ချက်ကိုဖြည့်စည်းပေးနေပြီး
စစ်တပ်ကိုအကာအကွယ်ပေးနေတယ်လို့ မြင်ပါတယ်။
ယူနက်စကိုကလုပ်တဲ့ စစ်တမ်းမှာလည်း မီဒီယာကောင်စီက လုပ်ကိုင်ရာမှာ အကန့်အသတ်ရှိနေတဲ့အပြင် တချို့အမှုကိစ္စတွေဖြေရှင်းရာမှာ ထိရောက်မှုမရှိဘူးလို့ ထောက်ပြထားပါတယ်။ MPCသတင်းမီဒီယာကောင်စီကို အမှီအခိုကင်းတဲ့ အဖွဲ့အစည်းလို့ သတင်းထောက်တွေက လက်မခံနိုင်တာကလည်း အဖွဲ့ရဲ့ထိရောက်မှုကို အားနည်းစေပါတယ်။

ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက သတင်းမီဒီယာကောင်စီကို
သြဇာရှိတဲ့အဖွဲ့အစည်းဖြစ်စေချင်တယ်လို့ RFA မြန်မာဌာန နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ
ပြောသွားပါတယ်။
“သတင်းရေးသားမှုနဲ့ပတ်သက်လို့ မကြေနပ်တာတွေရှိနေရင် မှားယွင်းလို့ စသဖြင့်
သူ့ကိုဖြေရှင်းခွင့်မပေးခဲ့ရင် impartial ဖြစ်ရင် သူ့ကိုရဲစခန်းမှာ အမှုမဖွင့်ခင် သတင်းမီဒီယာကောင်စီမှာ အရင်တိုင်ကြားပါလို့ ပါပါတယ်။ လူတွေက သတင်းမီဒီယာကောင်စီကိုမတိုင်တော့ဘူး၊ ရဲစခန်းကိုတန်းသွားတယ်။ သတင်းမီဒီယာကောင်စီတို့ဘာတို့ သိပ်သြဇာရှိဖို့လိုပါတယ်။” မီဒီယာကောင်စီကို သြဇာရှိတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ မြင်လိုရင် အခုထက်ပိုပြီး လုပ်ပိုင်ခွင့်တွေ ပေးဖို့လိုပါတယ်။ အစိုးရရဲ့ အားပေးကူညီမှုမပါဘဲနဲ့ သတင်းထောက်တွေကို ကိုယ်စားပြုနိုင်တဲ့ သြဇာရှိတဲ့ကောင်စီ ဖြစ်လာဖို့ဆိုတာကတော့
လက်တွေ့မဆန်ဘူးလို့သာပြောရမှာပါ။

ယူနက်စကိုကအကြံပေးထားသလို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို
ကိုယ်တိုင်ထိန်းကျောင်းတဲ့မီဒီယာအဖွဲ့အစည်း(media self-regulatory body)
ဖြစ်လာအောင် တနည်းပြောရရင် ကောင်စီက သတင်းအရည်အသွေးမီတဲ့ မီဒီယာလား၊
ကျင့်ဝတ်နဲ့ညီတဲ့မီဒီယာလားဆိုတာကို ဆန်းစစ်ပေးနိုင်တဲ့အဖွဲ့၊
သတင်းလွတ်လပ်မှုကိုထိခိုက်စေတဲ့ နိုင်ငံရေး၊ စီးပွားရေးဖိအားတွေက အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းအဖြစ် တိုးချဲ့ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလိုဖြစ်လာဖို့ အစိုးရရဲ့
အကူအညီတွေအများကြီးလိုပါတယ်။ အစိုးရက ငွေကြေးအကူအညီအပါအဝင် ကောင်စီကအကြံပြုတင်ပြချက်တွေကို အလေးထား ဆောင်ရွက်ပေးဖို့လိုပါတယ်။

၅။ မီဒီယာဥပဒေ
သတင်းမီဒီယာဥပဒေ ပုဒ်မ (၉) ပြဋ္ဌာန်းချက်အရ သတင်းထောက်တွေက တာဝန် နဲ့
ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ဖောက်ဖျက်တယ်လို့ယူဆရင် သတင်းမီဒီယာကောင်စီကို
တိုင်ကြားနိုင်ပါတယ်။ ကောင်စီက တွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးရမှာပါ။ ဒီလို ညှိနှိုင်းလို့
အဆင်မပြေမှသာ ပုဒ်မ ၂၃ အရ သတင်းမီဒီယာဥပဒေနဲ့ အရေးယူရမှာ ဖြစ်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက
သတင်းမီဒီယာဥပဒေမှာပါဝင်တဲ့ ပြစ်မှု ပြစ်ဒဏ်က အားနည်းတဲ့အတွက် မီဒီယာတွေကို
မီဒီယာဥပဒေနဲ့ မစွဲဘဲ အခြားဥပဒေ ပုဒ်မတွေနဲ့ တရားစွဲ နေရတာလို့ ၂၀၁၉ ဧပြီလ ၃၀
ရက်နေ့ ပြန်ကြားရေးဝန်ကြီးဌာန (နေပြည်တော်) မှာ ကျင်းပပြုလုပ်တဲ့ တတိယ
အကြိမ်မြောက် မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်။ သတင်း မီဒီယာဥပဒေအရ ပြစ်မှုကျူးလွန်သူကို အနည်းဆုံးက ငွေဒဏ် ၁ သိန်း၊ အများဆုံး ၃ သိန်း နဲ့ ၁၀ သိန်း လောက်ပဲဖြစ်နေတဲ့အတွက် အခြား ဥပဒေတွေ နဲ့ အရေးယူ နေရတာ လို့ပြောပါတယ်။

မီဒီယာဥပဒေကိုကျော်ပြီး တခြားဥပဒေတွေနဲ့ အရေးယူတာက တရားဥပဒေကို မထီမဲ့မြင်ပြုရာ ရောက်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ဥပဒေဆိုင်ရာကန့်သတ်ချက်တွေ တခြားသော ဒီမိုကရေစီနိုင်ငံတွေမှာလည်းရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ကွာခြားတာက ကန့်သတ်ချက်တွေကို တိကျစွာ အဓိပ္ပါယ်ဖွင့်ဆိုထားကြပြီး ပြစ်မှုနှင့် ပြစ်ဒဏ်တွေက အချိုးညီညီရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်ကို ကန့်သတ်ထားတဲ့ဥပဒေတွေက ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိသလို ပြစ်မှု နဲ့ ပြစ်ဒဏ် အချိုးမညီတာကိုတွေ့ရပါတယ်။

သတင်းအချက်အလက်ရယူသိရှိပိုင်ခွင့်ဥပဒေ Right to Information
ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးတဲ့အတွက် အစိုးရနဲ့ ပတ်သက်တဲ့သတင်းတွေရယူရာမှာ
အဟန့်အတားများစွာရှိနေပါတယ်။ အစိုးရဌာနတွေမှာ
ပြောခွင့်ရပုဂ္ဂိုလ်တွေခန့်ထားပေမယ့်လည်း အများစုကို ဆက်သွယ်လို့မရဘူးလို့
သတင်းထောက်တွေဆီက မကြာခဏ ညည်းတွားသံကြားရပါတယ်။

မြန်မာနိုင်ငံက “ပြည်သူနှင့်နိုင်ငံရေးအခွင့်အရေးများဆိုင်ရာအပြည်ပြည်ဆိုင်ရာပဋိညာဉ်(International Covenant on Civil and Political Rights – ICCPR)” လိုမျိုး
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အထောက်ကူပြုနိုင်တဲ့စာချုပ်ကို လက်မှတ်မထိုးရ
သေးပါဘူး။ မီဒီယာတိုးတက်ဖွံ့ဖြိုးတာကိုလိုလားတယ်ဆိုရင် ICCPR ပဋိညာဉ်ကို လက်မှတ်ထိုးဖို့လိုပါတယ်။ ယူနက်စကိုရဲ့ အကြံပေးချက်ထဲမှာ လက်မှတ်ထိုးဖို့အကြံပေးထားပေမယ့်အစိုးရက အရေးယူဆောင်ရွက်ခြင်းမရှိပါဘူး။

၆။ ၂၀၁၃ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)
အသံအဖွဲ့ရဲ့ အစီရင်ခံစာအရ NLD အစိုးရလက်ထက်မှာ ဆက်သွယ်ရေးဥပဒေ
ပုဒ်မ၆၆(ဃ)နဲ့ တရားစွဲတဲ့အမှု ၂၂၉ မှုရှိပါတယ်။ ယခင်အစိုးရလက်ထက်မှာ ပုဒ်မ ၆၆
(ဃ)နဲ့ တရားစွဲတဲ့အမှု ၂၂ မှုသာရှိပါတယ်။ ပုဒ်မ ၆၆ (ဃ)ကို ပြင်ဖို့ လူ့အခွင့်အရေး
တက်ကြွလှုပ်ရှားသူတွေရဲ့ အရေးဆိုမှုတွေကြောင့် ၂၀၁၇ ခုနှစ်မှာပြင်ဆင်လိုက်ပါတယ်။
ဒါပေမဲ့ ပြင်ဆင်တဲ့အပိုင်းက အများဆုံးပြစ်ဒဏ် ၃ နှစ် ကနေ ၂ နှစ်လျော့ပေါ့ပြီး
အချုပ်လွတ် ထုချေခွင့်ပေးတဲ့ ပြင်ဆင်ချက်သာဖြစ်ပြီး အဓိကတောင်းဆိုနေတဲ့
အသရေဖျက်မှုအပိုင်းကို ပယ်ဖျက်ပေးခြင်းမရှိပါဘူး။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀
ကလည်း အသရေဖျက်မှုပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊
ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်ဖြစ်စေ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။ အသရေဖျက်မှု ဥပဒေ
နှစ်ခုရှိနေတော့ သတင်းထောက်တစ်ယောက်ကို အသေရေဖျက်မှု နဲ့ စွဲချင်ရင် ၆၆ (ဃ) နဲ့
ဖြစ်စေ ရာဇသတ်ကြီးပုဒ်မ၅၀၀ နဲ့ဖြစ်စေ စွဲနိုင်တဲ့အပြင် ဥပဒေနှစ်ခုစလုံးက
ရာဇဝတ်ပြစ်မှုတွေဖြစ်ပါတယ်။

ရာဇသတ်ကြီးဥပဒေက အင်္ဂလိပ်ကိုလိုနီခေတ်က ဥပဒေဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ
အသရေဖျက်မှုကို ရာဇဝတ်ပြစ်မှုလို့ ယခင်ကသတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ
အသရေဖျက်မှုကြောင့် ထောင်ထဲပို့တာဟာ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ထိပါးရာ
ရောက်တယ်ဆိုပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ထောက်ပြကြပါတယ်။
ပါလီမန်က ၂၀၁၃ ခုနှစ်မှာ အသေ‌ရေဖျက်မှုဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်ပြီး၊
တရားမကြောင်းအရသာ တရားစွဲခွင့်ပြုပါတယ်။ အရင် ရာဇဝတ်ကြောင်း နဲ့ အရေးယူနိုင်တဲ့ဥပဒေဟောင်းကို ဖျက်သိမ်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အသေရေဖျက်မှု ဥပဒေ နှစ်ခုရှိနေပြီး၊ နှစ်ခုစလုံးက
ရာဇဝတ်ပြစ်မှုဖြစ်နေတာကို အလေးအနက် ပြန်လည်သုံးသပ် ဖို့လိုပါတယ်။
သတင်းထောက်တွေရဲ့လုံခြုံရေး မီဒီယာဖိနှိပ်မှုတွေတိုးလာနေတာကြောင့် သတင်းထောက်ဖက်ကလည်း စိုးရိမ်မှုတွေပိုရှိလာကြပါတယ်။ အထူးသဖြင့်ပဋိပက္ခ ဖြစ်နေတဲ့နေရာတွေမှာ သတင်းယူတဲ့အခါမှာ ( ဥပမာ-ရခိုင်ပြည်နယ်မြောက်ပိုင်း) စစ်တပ်ရော လက်နက်ကိုင်ရော နှစ်ဖက်စလုံးက ရန်ပြုမှာကို စိုးရိမ်နေကြပါတယ်။

မီဒီယာသမားတွေရဲ့ ဘေးကင်းလုံခြုံမှုကနယ်မြေဒေသအလိုက် မတူကြပါဘူး။ ပဋိပက္ခနဲ့
အန္တရာယ်များတဲ့ နေရာတွေမှာ သတင်းယူသူတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊
ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အကာအကွယ်ပေးနိုင်မယ့် ယန္တယားတစ်ခုလိုအပ်ပါတယ်။
တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းရေးတပ်ဖွဲ့များက မီဒီယာသမားတွေကို
စောင့်ကြည့်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ရံဖန်ရံခါတွင်ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်း
များကိုပါပြုလုပ်လျှက် ရှိတယ်လို့ ယူနက်စကိုရဲ့“မြန်မာနိုင်ငံမီဒီယာဖွံ့ဖြိုးမှုအကဲဖြတ်မှတ်တမ်း ၂၀၁၄-၂၀၁၆” မှာ အတိအလင်းဖော်ပြထားပါတယ်။
အခုလို အချိန်မရွေး ခြိမ်းခြောက်၊ နှောင့်ယှက်ခံရနိုင်တဲ့ လုံခြုံစိတ်ချရမှုမရှိတဲ့ ပတ်ဝန်းကျင်မှာ သတင်းထောက်နှင့် မီဒီယာသမားတွေ အလုပ်လုပ်ကိုင်ကြရမည်ဆိုရင် သူတို့ရဲ့
သတင်းပေးပို့ချက်တွေက ဘက်မလိုက်ဘဲ မျှတစွာရေးသားဖော်ပြနိုင်မယ်လို့
မျှော်လင့်လို့မရပါဘူး။

၇။ စတုတ္ထမဏ္ဍိုင်
သတင်းလွတ်လပ်ခွင့်က ဒီမိုကရေစီစံနစ်ရဲ့ မဏ္ဍိုင်တစ်ရပ်လို့ပြောရခြင်းက
ဒီမိုကရေစီဆိုတာ လူအများကရွေးချယ်တင်မြှောက်တဲ့အစိုးရက အုပ်ချုပ်တဲ့စနစ်ပါ။
မဲထည့်မယ့်လူထုဟာ ဘယ်ပါတီကိုရွေးမလဲ၊ ဘာကြောင့်ရွေးသလဲဆိုတာကို ဆုံးဖြတ်နိုင်ဖို့ သူ့တို့မှာ အသိဉာဏ် ဗဟုသုတရှိဖို့လိုပါတယ်။
နိုင်ငံသားတွေရဲ့ရပိုင်ခွင့်ဆိုတာဘာကိုဆိုလိုတာလဲ၊ သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေက ဘာတွေလဲ၊ သူတို့ဘာဖြစ်လို့ အဖက်ဖက်မှာချို့တဲ့နိမ့်ကျနေတာလဲ စသဖြင့် လူအများရဲ့ နား၊မျက်စိတွေကိုဖွင့်ပေးဖို့လိုပါတယ်။ ဖွင့်ပေးနိုင်သူတွေက သတင်းမီဒီယာပါ။ ဒါကြောင့်လည်း သတင်းလွတ်လပ်မှုကို ဒီမိုကရေစီရဲ့ မဏ္ဍိုင်တစ်ရပ်လို့ ရည်ညွှန်းပါတယ်။

မဲပေးမယ့်သူတွေဗဟုသုတရှိမှ၊ အသိအမြင်တွေတိုးပွားမှသာ မှန်ကန်တဲ့ရွေးချယ်မှု
ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူတွေဆီ သတင်းအချက်အလက်တွေရောက်ဖို့
လိုသလို၊ သုံးသပ်ချက်တွေ အခြေအတင်ဆွေးနွေးပွဲ ဒီဘိတ်တွေလုပ်နိုင်အောင်လို့
ပွင့်လင်းမြင်သာမှုရှိဖို့ အင်မတန် အရေးကြီးပါတယ်။
အဖမ်းအဆီးခံရမှာစိုးလို့ အတိမ်းအစောင်းမခံတဲ့ သတင်းမျိုးတွေကိုရှောင်တာမျိုး၊
အယ်ဒီတာတွေက သတင်းတွေကို ကိုယ့်ဖာသာကိုယ် ဆင်ဆာလုပ်တာမျိုးတွေ
လုပ်လာမယ်ဆိုရင် အခြေအနေမှန်ကို သိဖို့မလွယ်ပါဘူး။ အခြေအနေမှန်ကို မသိရတဲ့အခါမှာ ဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။ အခုဆို ဝက်ဆိုက်၂၀၀ ကျော်
အပိတ်ခံနေရပါတယ်။ အသံအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်အရ NLD ရဲ့ လေးနှစ်သက်တန်းမှာ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကိုချိုးဖောက်တဲ့ အမှု ၅၂၉ မှုရှိပြီး တရားစွဲခံရသူ
အနည်းဆုံး၁၀၅၁ ဦးရှိပါတယ်။

ဒီနေရာမှာ ကျွန်မရဲ့ အတွေ့အကြုံကိုပြောပြချင်ပါတယ်။ စစ်အစိုးရလက်ထက်
သတင်းအမှောင်ချထားခံနေရတဲ့အချိန်မှာ ပြည်တွင်းကလူတွေက ပြည်ပမီဒီယာတွေ
ကိုအားကိုးရပါတယ်။ ပြည်ပမီဒီယာတွေကလည်း ပြည်တွင်းကအခြေအနေကို
တတ်အားသမျှ ကြိုးစားပြီးတင်ပြပေးပါတယ်။ အဲဒီအချိန်က မီဒီယာက ရေဒီယို နဲ့
ဂျာနယ်သာဖြစ်ပြီး ဆိုရှယ်မီဒီယာမပေါ်သေးပါဘူး။ သတင်းစာကလည်း
အစိုးရသတင်းစာပဲရှိပါတယ်။ ပြည်တွင်းအခြေအနေ ယုတ်စွအဆုံး ကိုယ့်အိမ်နောက်ဖေးခြံမှာ ဘာဖြစ်နေသလဲကအစ ပြည်ပမီဒီယာတွေကို အားကိုးကြရပါတယ်။
ပြည်ပမီဒီယာတွေရဲ့တင်ပြချက်တွေကနေ လူထုက သူတို့ရဲ့
နိုင်ငံသားအခွင့်အရေးဆိုတာဘာလဲ နိုင်ငံသားအခွင့်အရေးတွေဘာလို့ ဆုံးရှုံးနေရတာလဲ
ဆိုတာကို နားလည်သဘောပေါက်လာကြပါတယ်။ အဲဒီအချိန်က နယ်စပ်က
စစ်ရှောင်စခန်းတွေ နဲ့ ရွာတွေမှာ ပညာပေးသင်တန်းတွေလုပ်ပေးနေကြတဲ့ NGO တွေက
စခန်းထဲကလူတွေနဲ့ ရွာထဲကလူတွေကို ပြည်တွင်းကအခြေအနေတွေကို သိသလားလို့
မေးရင် သူတို့အကုန်သိနေတယ်လို့ ပြောပြပါတယ်။ ဘယ်သူပြောလို့သိတာလဲလို့ မေးရင်
ဘီဘီစီ၊ ဗီအိုအေ အစရှိတဲ့ ရေဒီယိုတွေကကြားတယ်လို့ ပြန်ဖြေကြတဲ့အကြောင်း
ပြောပြပါတယ်။ ပြည်ပမီဒီယာတွေက အပြင်ကနေ သတင်းတွေ လွတ်လွတ်လပ်လပ်
တင်ပြပေးနိုင်ခဲ့လို့လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုက မှန်ကန်တဲ့ရွေးချယ်မှုကို
ပြုလုပ်နိုင်ခဲ့ပါတယ်။

၈။ ဆိုရှယ်မီဒီယာ
မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာကို အသုံးပြုတဲ့လူ သန်းချီရှိလာတဲ့အလျောက် ဖေ့စ်ဘွတ် ပေ့ချ်တွေကနေ သတင်းအမှား ဖြန့်ဝေမှုတွေ၊ အမုန်းစကား ဖြန့်ဝေမှုတွေ ဘာသာရေး
လူမျိူးရေးဆိုင်ရာ လှူံ့ဆော်တဲ့ အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ
နေတာကိုတွေ့ရပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးနေဖုန်းလတ်က
“ဆိုရှယ်မီဒီယာကတဆင့် သတင်းတု သတင်းမှားတွေ ဖြန့်တာကို
သေချာကိုင်တွယ်ဖို့လိုတယ်။ သေချာစောင့်ကြည့်ပြီးအရေးယူဖို့လိုတယ်။
နိုင်ငံတကာမှာလည်း ဆိုင်ဘာရဲတွေရှိတယ်။ နည်းပညာအရ စောင့်ကြည့်ပြီး
ထိထိရောက်ရောက်အရေးယူတယ်” လို့ ဘီဘီစီ Friday Live အစီအစဉ်မှာ ဆိုရှယ်မီဒီယာကို ထိန်းဖို့အတွက် ယန္တယားလိုတယ်ဆိုတာကိုပြောပါတယ်။

ဖေ့စ်ဘွတ် ပေ့ချ်တွေကို စောင့်ကြည့်ရာမှာအသုံးပြုဖို့ သမ္မတအထူးရန်ပုံငွေထဲက ကျပ်ငွေ သန်းပေါင်း ၆၄၂၆ သန်းကို ထုတ်ယူသုံးစွဲထားပေမယ့် ဘယ်နေရာမှာသုံးတယ် ဆိုတာကို အစိုးရက ထုတ်ဖော်ပြောဆိုတာမတွေ့ရပါဘူး။ ဒါနဲပတ်သက်လို့ မိတ္ထီလာမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ
ပြုလုပ်တဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။
အခုတခါ အစိုးရက ဆိုရှယ်မီဒီယာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့ဖို့လုပ်နေတယ်လို့
ဇူလိုင်၁၉ရက် ဘီဘီစီ အွန်လိုင်းသတင်းမှာဖော်ပြထားတယ်။ အသေးစိတ်ကိုတော့
မကြာခင်ကျင်းပမယ့် မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲမှာ ကျယ်ကျယ်ပြန့်ပြန့်
ဆွေးနွေးဖို့ရှိတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။ ဆိုင်ဘာရဲလို အဖွဲ့လား
ဒါမှမဟုတ်ရင် အစိုးရကိုဝေဖန်တာတွေကို စောင့်ကြည့်ဖို့လားဆိုတာ မသဲကွဲပါဘူး။
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သူပေးချင်တဲ့
မက်ဆေ့ချ်ပေးနိုင်အောင် ဖေ့ဘုတ်ပေ့ချ်ကို အသုံးပြုလာတာတွေ့ရပါတယ်။

၂၀၁၈ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်တွေကို တည်ခင်းတဲ့ညစာစားပွဲမှာ
ပြောသွားတဲ့မိန့်ခွန်းထဲမှာ “သတင်းဌာနတွေရဲ့ သြဇာနဲ့ ဆိုရှယ်မီဒီယာရဲ့သြဇာကပြိုင်နေတယ်လို့ ကျမဒီလိုမြင်ရတယ်။ ပြိုင်နေတဲ့အခါကျတော့ ဘယ်သူနိုင်မလဲဆိုတာလည်းမသေချာဘူး။ နောင်ဘယ်သူနိုင်မလဲဆိုတာလည်းပြောရတော့ခက်တယ်။ ဆိုရှယ်မီဒီယာပဲဖြစ်ဖြစ် သာမန်မီဒီယာပဲဖြစ်ဖြစ် ဘယ်လိုင်းက ကျမတို့ကမ္ဘာကြီးကို အကျိုးပြုလည်းဆိုတာ အဲဒါကတော့ ကျမနောက်ဆုံးသိချင်တဲ့အဖြေပါပဲ။ မေးခွန်းရဲ့အဖြေကို ကျမသိချင်တာပါ”
ဆိုရှယ်မီဒီယာရဲ့ အားသာချက်က ပရိသတ်က ချက်ချင်းတုံ့ပြန်ပြောဆိုနိုင်တာပါ။ ဒါပေမဲ့
ယုံကြည်မှုအပိုင်းမှာတော့ ပရိုဖက်ရှင်နယ်မီဒီယာကို ဆိုရှယ်မီဒီယာထက် ယုံကြည်မှု
ရှိတယ်ဆိုတာ စစ်တမ်းတိုင်းလိုလိုမှာတွေ့နိုင်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်
သတင်းဌာနတွေတင်တဲ့ သတင်းတွေက အသေအချာစစ်ပြီးတော့မှ သတင်းစံနဲ့
အညီတင်ပြတာဖြစ်ပါတယ်။
အချိန်နဲ့ တပြေးညီ တင်ပြနိုင်တဲ့ ဆိုရှယ်မီဒီယာရဲ့ သြဇာက အင်မတန်ကြီးပါတယ်။
တကမ္ဘာလုံးမှာ ဆိုရှယ်မီဒီယာကို အသုံးပြုသူတွေက ဘီလီယံချီရှိပါတယ်။ တွစ်တာ၊
ယူကျွတ်၊ ဖေ့ဘုတ် ဆိုရှယ်မီဒီယာကို သုံးပြီး အမုန်းစကားဖြန့်တာ၊ သတင်းအမှားတွေဖြန့်တာ၊ ရွေးကောက်ပွဲတွေမှာ ဝင်စွက်ဖက်တာ အစရှိတာတွေကို ဘယ်လိုထိန်းမလဲဆိုတဲ့ပြဿနာက ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းကို အကြီးအကျယ်စိန်ခေါ်နေပါတယ်။ ဒီအမုန်းစကားတွေ သတင်းမှားတွေ တင်နေတဲ့ ပလက်ဖောင်းတွေကိုပိုင်တဲ့သူတွေက ပုဂ္ဂလိက ကုမ္ပဏီတွေပါ။ ဒီကုမ္ပဏီတွေက အန္တရာယ်ရှိတဲ့ ပို့စ်တွေကို community guidelines , terms of conditions တွေချမှတ်ပြီး အကောင့်ပိတ်တာ၊ ပိုစ့်ဖြုတ်တာလောက်သာ လုပ်နိုင်ပါတယ်။

ဆိုရှယ်မီဒီယာကို အပြုသဘောအသုံးပြုတဲ့လူတွေလည်း အများကြီးရှိပါတယ်။ လူအများရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို မထိခိုက်ဘဲ မသင့်တော်တဲ့ပို့စ်တွေကို ရှင်းနိုင်တဲ့ နည်းစနစ်တွေ အလျှင်အမြန်လိုအပ်နေပါတယ်။
ဒါကြောင့် ၂၀၁၉ ဖေဖော်ဝါရီလမှာ အမေရိကန်နိုင်ငံ Standford တက္ကသိုလ် Global Digital Policy Incubator (GDPi)ဌာန , ARTICLE 19, နဲ့ ကုလသမဂ္ဂ လွတ်လပ်စွာသဘောထားအမြင် ဖော်ထုတ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye တို့တွေ့ဆုံပြီး
“ဆိုရှယ်မီဒီယာကောင်စီ” အဖွဲ့ ဖွဲ့ဖို့သဘောတူလိုက်ပါတယ်။ ကောင်စီရဲ့ အဓိက
ရည်ရွယ်ချက်က တနိုင်ငံနဲ့တနိုင်ငံ အလွယ်တကူ ချိတ်ဆက်နိုင်တဲ့
ဒီဂျစ်တယ်ပလက်ဖောင်းပေါ်မှာ သတင်းတု ၊သတင်းမှားတွေ အမုန်းစကားတွေ
ဖြန့်နေတဲ့သူတွေကို လွတ်လပ်စွာပြောဆိုရေးသားခွင့်နဲ့ ဒီမိုကရေစီတန်ဖိုးတွေကို
မထိခိုက်စေပဲ အရေးယူနိုင်ဖို့ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာမှာ စံနဲ့မကိုက်ညီတဲ့ ပို့စ်တွေ အစိုးရတွေက အရေးယူတယ်ဆိုတာကလည်း
လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ပိတ်ပင်တားဆီးတဲ့နည်းနဲ့ အရေးယူတာသာဖြစ်ပါတယ်။
အဲဒါကြောင့် ဆိုရှယ်မီဒီယာကောင်စီက လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ လူ့အခွင့်အရေးတွေကိုအကာအကွယ်ပေးပြီး အရေးယူနိုင်တဲ့ ဥပဒေတွေချမှတ်နိုင်ဖို့ကြိုးစားနေပါတယ်။

စာရေးဆရာကြီး George Orwell ပြောစကားကိုကိုကိုးကားရမယ်ဆိုရင်
“လွတ်လပ်စွာထုတ်ဖော် ပြောဆိုတဲ့အတွက် အပြစ်ပေးခြင်းဟာ လူတွေကို
အာဏာမဲ့အောင်လုပ်တာနဲ့အတူတူပါပဲ”လို့ ဒေါ်တင်ထားဆွေကဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒေါ်တင်ထားဆွေဟာ BBC မြန်မာပိုင်းရဲ့ ဌာနမှူးအငြိမ်းစားတစ်ဦးဖြစ်ပါတယ်။

Photo – Reuters
#voiceofmyanmar #VOM #ဒေါ်တင်ထားဆွေ

Zawgyi

 

ၾသဂုတ္လ ၁၅ နဲ႔ ၁၆ ရက္ DVB ႐ုပ္သံမွာတင္ဆက္သြားတဲ့ NLD အစိုးရလက္ထက္မွာ
“မီဒီယာလြတ္လပ္ခြင့္က်ဆင္းေနၿပီလား” DVB Debate အစီအစဥ္မွာပါဝင္ေဆြး‌ေႏြးဖို႔
အခ်က္အလက္ေတြ ရွာေဖြစုေဆာင္းရာကေန ေတြ႕ရွိရတဲ့ ေဒၚတင္ထားေဆြရဲ႕အျမင္တခ်ိဳ႕ကိုစုစည္းတင္ျပျခင္း

ၾသဂုတ္လ ၁၉- ၂၀၂၀
တင္ထားေဆြ

၁။ ျမန္မာႏိုင္ငံမွာ မီဒီယာလြတ္လပ္ခြင့္က်ဆင္းေနသလား

ျပင္သစ္အေျခစိုက္ အစိုးရမဟုတ္တဲ့ အျပည္အျပည္ဆိုင္ရာအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့၊
နယ္စည္းမျခားသတင္းေထာက္အဖြဲ႕ (RSF)ရဲ႕ ၂၀၂၀ ခုႏွစ္ သတင္းလြတ္လပ္ခြင့္ဆိုင္ရာ
အစီရင္ခံစာအရ ျမန္မာ့မီဒီယာလြတ္လပ္ခြင့္ဟာ ယခင္ထက္က်ဆင္းေနပါတယ္။
ယမန္ႏွစ္က ထုတ္ျပန္ခဲ့တဲ့ ကမာၻ႔သတင္းလြတ္လပ္ခြင့္အဆင့္အၫႊန္းကိန္းမွာ
ျမန္မာႏိုင္ငံက အဆင့္ ၁၃၈ မွာရပ္တည္ႏိုင္ခဲ့ေပမယ့္ အခု ၂၀၂၀ ခုႏွစ္အတြက္
ထုတ္ျပန္ခ်က္မွာ အဆင့္ ၁၃၉ ကို က်ဆင္းသြားပါတယ္။ ဆိုလိုခ်င္တာက RSF
အဖြဲ႕ဝင္ႏိုင္ငံေပါင္း၁၈၀ အနက္ ျမန္မာႏိုင္ငံက ၁၃၉ အဆင့္မွာသာရွိပါတယ္။

၂၀၁၃ ခုႏွစ္ကေန ၂၀၁၇ အထိ ကမာၻ႔သတင္းမီဒီယာလြတ္လပ္မႈ အၫြန္းကိန္းမွာ ျမန္မာက အဆင့္ ၂၀ အထိ တက္ခဲ့ေပမယ့္ အခုအခါ အေျခအေနကေျပာင္းျပန္ျဖစ္ေနပါတယ္။
RSF ရဲ႕ အစီရင္ခံစာထဲမွာ NLD အစိုးရလက္ထက္ မီဒီယာအခန္းက႑ ပိုတိုးတက္လာၿပီး
သတင္းလြတ္လပ္ခြင့္ပိုရရွိလာမယ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္လည္း ေမွ်ာ္လင့္သလိုမျဖစ္လာဘူးလို႔ ေဖာ္ျပထားပါတယ္။

လြတ္လပ္စြာထုတ္ေဖာ္ခြင့္အတြက္ လႈပ္ရွားေဆာင္႐ြက္ေနတဲ့ ‘အသံ’ အဖြဲ႕ရဲ႕ အစိုးရ
ေလးႏွစ္သက္တန္းအတြင္း လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို ဆန္းစစ္တဲ့အစီရင္ခံစာမွာ ေလးႏွစ္အတြင္း တရားစြဲခံရတဲ့ သတင္းမီဒီယာသမား ၆၇ ဦးရွိၿပီး ဒီအထဲမွာ
ဆက္သြယ္ေရးဥပေဒနဲ႔ အေရးယူခံရတာ ၃၄ မႈ၊ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒ နဲ႔
အေရးယူခံရတာ ၈ မႈရွိတယ္လို႔ ေဖာ္ျပထားပါတယ္။
အလားတူပဲ Think Tank သုေတသန အင္စတီက်ဴးရွင္း Freedom House ကထုတ္တဲ့ ၂၀၂၀အစီရင္ခံစာမွာလည္း ျမန္မာႏိုင္ငံမွာ တည္ဆဲဥပေဒေတြကို အသုံးခ်ၿပီး
လြတ္လပ္စြာထုတ္ေဖာ္မႈ ကို ဖိႏွိပ္ကန႔္သတ္ထားတယ္လို႔ပါရွိပါတယ္။ Freedom House ရဲ႕ ၫြန္းကိန္းအရ သတင္းလြတ္လပ္မႈ အျပည့္အဝရရွိတဲ့ႏိုင္ငံေတြကို ေလးမွတ္ေပးရင္ ျမန္မာက တစ္မွတ္သာရရွိပါတယ္။

၂။ သတင္းလြတ္လပ္ခြင့္ေလ်ာ့နည္းလာရတဲ့အေၾကာင္းရင္း
အစိုးရ ဦးစားေပးေဆာင္႐ြက္မယ့္ လုပ္ငန္းေတြအထဲမွာ မီဒီယာဖြံ႕ၿဖိဳးမႈ မပါဘူးလို႔ ေယဘုယ် သံုးသပ္ႏိုင္ပါတယ္။ မီဒီယာဖြံ႕ၿဖိဳးမႈကို ျပန္ၾကား‌ေရးဝန္ႀကီးဌာနက ဦးေဆာင္လုပ္ေပးရမွာျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ ၄ ႏွစ္ကာလမွာ ထူးျခားတဲ့တိုးတက္မႈေတြ မေတြ႕ရတဲ့အျပင္ အရင္ကထက္ မီဒီယာလြတ္လပ္ခြင့္က်ဆင္းလာတာေတြ႕ရပါတယ္။
ဦးသိန္းစိန္အစိုးရလက္ထက္မွာ ျမန္မာႏိုင္ငံမီဒီယာဖြံ႕ၿဖိဳးမႈကို ကူညီေဆာင္႐ြက္ေပးေနတဲ့
ကုလသမဂၢ ပညာေရးသိပၸံ ႏွင့္ ယဥ္ေက်းမႈအဖြဲ႕အစည္း UNESCO က အႀကံေပးခဲ့တဲ့အတိုင္း အစိုးရမီဒီယာကို အမ်ားျပည္သူဝန္ေဆာင္မႈ႐ုပ္သံလြင့္ public service broadcast, PSBကိုေျပာင္းဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမဲ့ NLD အစိုးရ တက္လာၿပီးေနာက္ ပထမေျခာက္လမွာ အစိုးရသတင္းစာေတြမွာ အေျပာင္းအလဲတခ်ိဳ႕ေတြ႕ရေပမယ့္ ေနာက္ပိုင္းမွာေတာ့ အရင္ပုံစံအတိုင္းျပန္ျဖစ္သြားၿပီး PSBကို ဆက္လက္အေကာင္အထည္ေဖာ္တာမေတြ႕ရပါဘူး။

ယူနက္စကိုကျပဳစုထားတဲ့ “ျမန္မာႏိုင္ငံမီဒီယာဖြံ႕ၿဖိဳးမႈအကဲျဖတ္မွတ္တမ္း ၂၀၁၄-၂၀၁၆”အစီရင္ခံစာမွာေတာ့ အမ်ားျပည္သူဝန္ေဆာင္မႈ ဥပေဒၾကမ္းကို
႐ုပ္သိမ္းထားဆဲလို႔ေဖာ္ျပထားပါတယ္။ သတင္းလြတ္လပ္မႈကို အကာအကြယ္ေပးဖို႔
အမွီအခိုကင္းၿပီး မီဒီယာကိုႀကီးၾကပ္ေပးမယ့္ စနစ္တခုရွိဖို႔လည္းလိုပါတယ္။
၂၀၁၄-၂၀၁၆ အစီရင္ခံစာထဲမွာ ျမန္မာ့မီဒီယာတိုးတက္ဖြံ႕ၿဖိဳးလာေအာင္ အစိုးရက
အေရးယူ ေဆာင္႐ြက္ေပးဖို႔ ယူနက္စကိုက အခ်က္ ၅၆ ခ်က္ အႀကံျပဳထားပါတယ္။

၂၀၁၈ခုဧၿပီလမွာ ယူနက္စကိုကထုတ္ျပန္တဲ့ “ျမန္မာႏိုင္ငံမီဒီယာဖြံ႕ၿဖိဳးတိုးတက္မႈအေျချပေျမပုံ၂၀၁၈” အစီရင္ခံစာမွာေတာ့ အစိုးရက အႀကံျပဳခ်က္ ၅၆ခ်က္အထဲက ၁၈ ခ်က္ကို အေရးယူေဆာင္႐ြက္ဖို႔ ကနဦးအစပ်ိဳးေနၿပီး ၂ ခ်က္ကေတာ့ ဆုတ္ယုတ္မႈရွိလာတယ္လို႔ ဆိုပါတယ္။ အႀကံျပဳခ်က္ ၅၆ ခ်က္ထဲက ၃၇ ခ်က္ ကို အေရးယူေဆာင္႐ြက္ျခင္း တခုမွမလုပ္ရေသးတဲ့အျပင္၊ ၿပီးေျမာက္ေအာင္ အေရးယူေဆာင္႐ြက္ထားတဲ့အခ်က္ တစ္ခ်က္ေတာင္မရွိဘူးလို႔ေဖာ္ျပထားပါတယ္။
ဒါကိုၾကည့္ရင္ အစိုးရမွာ မီဒီယာကို တိုးတက္ေအာင္လုပ္ေပးဖို႔ ႏိုင္ငံေရးသႏၷိ႒ာန္ political willမရွိဘူးလို႔ဆိုရမွာပါ။

၃။ ျမန္မာသတင္းမီဒီယာေကာင္စီ
ျမန္မာသတင္းမီဒီယာေကာင္စီက သတင္းလြတ္လပ္ခြင့္အတြက္ အေရးႀကီးတဲ့
အဖြဲ႕အစည္းျဖစ္ပါတယ္။ စာနယ္ဇင္းသမားေတြ အျငင္းပြားမႈႏွင့္ တိုင္ၾကားမႈေတြကို
ညႇိႏႈိင္းေျဖရွင္းေပးတဲ့ မီဒီယာကိုထိန္းေက်ာင္းတဲ့ အဖြဲ႕အစည္းအျဖစ္
ေဆာင္႐ြက္ေပးေနေပမယ့္လည္း သတင္းေထာက္ေတြရဲ႕အျမင္မွာ ေကာင္စီက
သတင္းေထာက္ေတြရဲ႕အက်ိဳးစီးပြားထက္ အစိုးရရဲ႕လိုအပ္ခ်က္ကိုျဖည့္စည္းေပးေနၿပီး
စစ္တပ္ကိုအကာအကြယ္ေပးေနတယ္လို႔ ျမင္ပါတယ္။
ယူနက္စကိုကလုပ္တဲ့ စစ္တမ္းမွာလည္း မီဒီယာေကာင္စီက လုပ္ကိုင္ရာမွာ အကန႔္အသတ္ရွိေနတဲ့အျပင္ တခ်ိဳ႕အမႈကိစၥေတြေျဖရွင္းရာမွာ ထိေရာက္မႈမရွိဘူးလို႔ ေထာက္ျပထားပါတယ္။ MPCသတင္းမီဒီယာေကာင္စီကို အမွီအခိုကင္းတဲ့ အဖြဲ႕အစည္းလို႔ သတင္းေထာက္ေတြက လက္မခံႏိုင္တာကလည္း အဖြဲ႕ရဲ႕ထိေရာက္မႈကို အားနည္းေစပါတယ္။

ျပန္ၾကားေရး ဒုတိယဝန္ႀကီး ဦးေအာင္လွထြန္းက သတင္းမီဒီယာေကာင္စီကို
ၾသဇာရွိတဲ့အဖြဲ႕အစည္းျဖစ္ေစခ်င္တယ္လို႔ RFA ျမန္မာဌာန နဲ႔ ေတြ႕ဆုံေမးျမန္းခန္းမွာ
ေျပာသြားပါတယ္။
“သတင္းေရးသားမႈနဲ႔ပတ္သက္လို႔ မေၾကနပ္တာေတြရွိေနရင္ မွားယြင္းလို႔ စသျဖင့္
သူ႔ကိုေျဖရွင္းခြင့္မေပးခဲ့ရင္ impartial ျဖစ္ရင္ သူ႔ကိုရဲစခန္းမွာ အမႈမဖြင့္ခင္ သတင္းမီဒီယာေကာင္စီမွာ အရင္တိုင္ၾကားပါလို႔ ပါပါတယ္။ လူေတြက သတင္းမီဒီယာေကာင္စီကိုမတိုင္ေတာ့ဘူး၊ ရဲစခန္းကိုတန္းသြားတယ္။ သတင္းမီဒီယာေကာင္စီတို႔ဘာတို႔ သိပ္ၾသဇာရွိဖို႔လိုပါတယ္။” မီဒီယာေကာင္စီကို ၾသဇာရွိတဲ့ အဖြဲ႕အစည္းတစ္ခုအေနနဲ႔ ျမင္လိုရင္ အခုထက္ပိုၿပီး လုပ္ပိုင္ခြင့္ေတြ ေပးဖို႔လိုပါတယ္။ အစိုးရရဲ႕ အားေပးကူညီမႈမပါဘဲနဲ႔ သတင္းေထာက္ေတြကို ကိုယ္စားျပဳႏိုင္တဲ့ ၾသဇာရွိတဲ့ေကာင္စီ ျဖစ္လာဖို႔ဆိုတာကေတာ့
လက္ေတြ႕မဆန္ဘူးလို႔သာေျပာရမွာပါ။

ယူနက္စကိုကအႀကံေပးထားသလို ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီကို
ကိုယ္တိုင္ထိန္းေက်ာင္းတဲ့မီဒီယာအဖြဲ႕အစည္း(media self-regulatory body)
ျဖစ္လာေအာင္ တနည္းေျပာရရင္ ေကာင္စီက သတင္းအရည္အေသြးမီတဲ့ မီဒီယာလား၊
က်င့္ဝတ္နဲ႔ညီတဲ့မီဒီယာလားဆိုတာကို ဆန္းစစ္ေပးႏိုင္တဲ့အဖြဲ႕၊
သတင္းလြတ္လပ္မႈကိုထိခိုက္ေစတဲ့ ႏိုင္ငံေရး၊ စီးပြားေရးဖိအားေတြက အကာအကြယ္ေပးတဲ့ အဖြဲ႕အစည္းအျဖစ္ တိုးခ်ဲ႕ေဆာင္႐ြက္ဖို႔လိုပါတယ္။ ဒီလိုျဖစ္လာဖို႔ အစိုးရရဲ႕
အကူအညီေတြအမ်ားႀကီးလိုပါတယ္။ အစိုးရက ေငြေၾကးအကူအညီအပါအဝင္ ေကာင္စီကအႀကံျပဳတင္ျပခ်က္ေတြကို အေလးထား ေဆာင္႐ြက္ေပးဖို႔လိုပါတယ္။

၅။ မီဒီယာဥပေဒ
သတင္းမီဒီယာဥပေဒ ပုဒ္မ (၉) ျပ႒ာန္းခ်က္အရ သတင္းေထာက္ေတြက တာဝန္ နဲ႔
က်င့္ဝတ္သိကၡာ တစ္ရပ္ရပ္ကို ေဖာက္ဖ်က္တယ္လို႔ယူဆရင္ သတင္းမီဒီယာေကာင္စီကို
တိုင္ၾကားႏိုင္ပါတယ္။ ေကာင္စီက ေတြ႕ဆုံညႇိႏႈိင္း ေျဖရွင္းေပးရမွာပါ။ ဒီလို ညႇိႏႈိင္းလို႔
အဆင္မေျပမွသာ ပုဒ္မ ၂၃ အရ သတင္းမီဒီယာဥပေဒနဲ႔ အေရးယူရမွာ ျဖစ္ပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက
သတင္းမီဒီယာဥပေဒမွာပါဝင္တဲ့ ျပစ္မႈ ျပစ္ဒဏ္က အားနည္းတဲ့အတြက္ မီဒီယာေတြကို
မီဒီယာဥပေဒနဲ႔ မစြဲဘဲ အျခားဥပေဒ ပုဒ္မေတြနဲ႔ တရားစြဲ ေနရတာလို႔ ၂၀၁၉ ဧၿပီလ ၃၀
ရက္ေန႔ ျပန္ၾကားေရးဝန္ႀကီးဌာန (ေနျပည္ေတာ္) မွာ က်င္းပျပဳလုပ္တဲ့ တတိယ
အႀကိမ္ေျမာက္ မ႑ိဳင္ေလးရပ္ ေတြ႕ဆုံပြဲမွာ ေျပာၾကားခဲ့တယ္။ သတင္း မီဒီယာဥပေဒအရ ျပစ္မႈက်ဴးလြန္သူကို အနည္းဆုံးက ေငြဒဏ္ ၁ သိန္း၊ အမ်ားဆုံး ၃ သိန္း နဲ႔ ၁၀ သိန္း ေလာက္ပဲျဖစ္ေနတဲ့အတြက္ အျခား ဥပေဒေတြ နဲ႔ အေရးယူ ေနရတာ လို႔ေျပာပါတယ္။

မီဒီယာဥပေဒကိုေက်ာ္ၿပီး တျခားဥပေဒေတြနဲ႔ အေရးယူတာက တရားဥပေဒကို မထီမဲ့ျမင္ျပဳရာ ေရာက္ပါတယ္။ လြတ္လပ္စြာထုတ္ေဖာ္ေရးသားေျပာဆိုခြင့္နဲ႔ ပတ္သက္ၿပီး ဥပေဒဆိုင္ရာကန႔္သတ္ခ်က္ေတြ တျခားေသာ ဒီမိုကေရစီႏိုင္ငံေတြမွာလည္းရွိပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံနဲ႔ ကြာျခားတာက ကန႔္သတ္ခ်က္ေတြကို တိက်စြာ အဓိပၸါယ္ဖြင့္ဆိုထားၾကၿပီး ျပစ္မႈႏွင့္ ျပစ္ဒဏ္ေတြက အခ်ိဳးညီညီရွိၾကပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ လြတ္လပ္စြာထုတ္ေဖာ္ေရးသားေျပာဆိုခြင့္ကို ကန႔္သတ္ထားတဲ့ဥပေဒေတြက ရွင္းရွင္းလင္းလင္း အဓိပၸါယ္ဖြင့္ဆိုထားျခင္းမရွိသလို ျပစ္မႈ နဲ႔ ျပစ္ဒဏ္ အခ်ိဳးမညီတာကိုေတြ႕ရပါတယ္။

သတင္းအခ်က္အလက္ရယူသိရွိပိုင္ခြင့္ဥပေဒ Right to Information
ျပ႒ာန္းႏိုင္ျခင္းမရွိေသးတဲ့အတြက္ အစိုးရနဲ႔ ပတ္သက္တဲ့သတင္းေတြရယူရာမွာ
အဟန႔္အတားမ်ားစြာရွိေနပါတယ္။ အစိုးရဌာနေတြမွာ
ေျပာခြင့္ရပုဂၢိဳလ္ေတြခန႔္ထားေပမယ့္လည္း အမ်ားစုကို ဆက္သြယ္လို႔မရဘူးလို႔
သတင္းေထာက္ေတြဆီက မၾကာခဏ ညည္းတြားသံၾကားရပါတယ္။

ျမန္မာႏိုုင္ငံက “ျပည္သူႏွင့္ႏိုင္ငံေရးအခြင့္အေရးမ်ားဆိုင္ရာအျပည္ျပည္ဆိုင္ရာပဋိညာဥ္(International Covenant on Civil and Political Rights – ICCPR)” လိုမ်ိဳး
လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို အေထာက္ကူျပဳႏိုင္တဲ့စာခ်ဳပ္ကို လက္မွတ္မထိုးရ
ေသးပါဘူး။ မီဒီယာတိုးတက္ဖြံ႕ၿဖိဳးတာကိုလိုလားတယ္ဆိုရင္ ICCPR ပဋိညာဥ္ကို လက္မွတ္ထိုးဖို႔လိုပါတယ္။ ယူနက္စကိုရဲ႕ အႀကံေပးခ်က္ထဲမွာ လက္မွတ္ထိုးဖို႔အႀကံေပးထားေပမယ့္အစိုးရက အေရးယူေဆာင္႐ြက္ျခင္းမရွိပါဘူး။

၆။ ၂၀၁၃ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆ (ဃ)
အသံအဖြဲ႕ရဲ႕ အစီရင္ခံစာအရ NLD အစိုးရလက္ထက္မွာ ဆက္သြယ္ေရးဥပေဒ
ပုဒ္မ၆၆(ဃ)နဲ႔ တရားစြဲတဲ့အမႈ ၂၂၉ မႈရွိပါတယ္။ ယခင္အစိုးရလက္ထက္မွာ ပုဒ္မ ၆၆
(ဃ)နဲ႔ တရားစြဲတဲ့အမႈ ၂၂ မႈသာရွိပါတယ္။ ပုဒ္မ ၆၆ (ဃ)ကို ျပင္ဖို႔ လူ႔အခြင့္အေရး
တက္ႂကြလႈပ္ရွားသူေတြရဲ႕ အေရးဆိုမႈေတြေၾကာင့္ ၂၀၁၇ ခုႏွစ္မွာျပင္ဆင္လိုက္ပါတယ္။
ဒါေပမဲ့ ျပင္ဆင္တဲ့အပိုင္းက အမ်ားဆုံးျပစ္ဒဏ္ ၃ ႏွစ္ ကေန ၂ ႏွစ္ေလ်ာ့ေပါ့ၿပီး
အခ်ဳပ္လြတ္ ထုေခ်ခြင့္ေပးတဲ့ ျပင္ဆင္ခ်က္သာျဖစ္ၿပီး အဓိကေတာင္းဆိုေနတဲ့
အသေရဖ်က္မႈအပိုင္းကို ပယ္ဖ်က္ေပးျခင္းမရွိပါဘူး။ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၀
ကလည္း အသေရဖ်က္မႈပုဒ္မျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ ၂ ႏွစ္အထိ ျဖစ္ေစ၊
ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ ရပ္ျဖစ္ေစ ျပစ္ဒဏ္က်ခံရႏိုင္ပါတယ္။ အသေရဖ်က္မႈ ဥပေဒ
ႏွစ္ခုရွိေနေတာ့ သတင္းေထာက္တစ္ေယာက္ကို အေသေရဖ်က္မႈ နဲ႔ စြဲခ်င္ရင္ ၆၆ (ဃ) နဲ႔
ျဖစ္ေစ ရာဇသတ္ႀကီးပုဒ္မ၅၀၀ နဲ႔ျဖစ္ေစ စြဲႏိုင္တဲ့အျပင္ ဥပေဒႏွစ္ခုစလုံးက
ရာဇဝတ္ျပစ္မႈေတြျဖစ္ပါတယ္။

ရာဇသတ္ႀကီးဥပေဒက အဂၤလိပ္ကိုလိုနီေခတ္က ဥပေဒျဖစ္ပါတယ္။ အဂၤလန္ႏိုင္ငံမွာ
အသေရဖ်က္မႈကို ရာဇဝတ္ျပစ္မႈလို႔ ယခင္ကသတ္မွတ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ
အသေရဖ်က္မႈေၾကာင့္ ေထာင္ထဲပို႔တာဟာ လြတ္လပ္စြာထုတ္ေဖာ္ခြင့္ကို ထိပါးရာ
ေရာက္တယ္ဆိုၿပီး လူ႔အခြင့္အေရးလႈပ္ရွားသူေတြက ေဝဖန္ေထာက္ျပၾကပါတယ္။
ပါလီမန္က ၂၀၁၃ ခုႏွစ္မွာ အေသ‌ေရဖ်က္မႈဥပေဒသစ္ကို ျပ႒ာန္းလိုက္ၿပီး၊
တရားမေၾကာင္းအရသာ တရားစြဲခြင့္ျပဳပါတယ္။ အရင္ ရာဇဝတ္ေၾကာင္း နဲ႔ အေရးယူႏိုင္တဲ့ဥပေဒေဟာင္းကို ဖ်က္သိမ္းလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ အေသေရဖ်က္မႈ ဥပေဒ ႏွစ္ခုရွိေနၿပီး၊ ႏွစ္ခုစလုံးက
ရာဇဝတ္ျပစ္မႈျဖစ္ေနတာကို အေလးအနက္ ျပန္လည္သုံးသပ္ ဖို႔လိုပါတယ္။
သတင္းေထာက္ေတြရဲ႕လုံၿခဳံေရး မီဒီယာဖိႏွိပ္မႈေတြတိုးလာေနတာေၾကာင့္ သတင္းေထာက္ဖက္ကလည္း စိုးရိမ္မႈေတြပိုရွိလာၾကပါတယ္။ အထူးသျဖင့္ပဋိပကၡ ျဖစ္ေနတဲ့ေနရာေတြမွာ သတင္းယူတဲ့အခါမွာ ( ဥပမာ-ရခိုင္ျပည္နယ္ေျမာက္ပိုင္း) စစ္တပ္ေရာ လက္နက္ကိုင္ေရာ ႏွစ္ဖက္စလုံးက ရန္ျပဳမွာကို စိုးရိမ္ေနၾကပါတယ္။

မီဒီယာသမားေတြရဲ႕ ေဘးကင္းလုံၿခဳံမႈကနယ္ေျမေဒသအလိုက္ မတူၾကပါဘူး။ ပဋိပကၡနဲ႔
အႏၲရာယ္မ်ားတဲ့ ေနရာေတြမွာ သတင္းယူသူေတြကို ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ၊
ဥပေဒပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြကို အကာအကြယ္ေပးႏိုင္မယ့္ ယႏၲယားတစ္ခုလိုအပ္ပါတယ္။
တပ္မေတာ္၊ ရဲတပ္ဖြဲ႕ႏွင့္ အထူးစုံစမ္းေရးတပ္ဖြဲ႕မ်ားက မီဒီယာသမားေတြကို
ေစာင့္ၾကည့္ျခင္း၊ ေႏွာင့္ယွက္ျခင္းႏွင့္ ရံဖန္ရံခါတြင္ကိုယ္ထိလက္ေရာက္ တိုက္ခိုက္ျခင္း
မ်ားကိုပါျပဳလုပ္လွ်က္ ရွိတယ္လို႔ ယူနက္စကိုရဲ႕“ျမန္မာႏိုင္ငံမီဒီယာဖြံ႕ၿဖိဳးမႈအကဲျဖတ္မွတ္တမ္း ၂၀၁၄-၂၀၁၆” မွာ အတိအလင္းေဖာ္ျပထားပါတယ္။
အခုလို အခ်ိန္မေ႐ြး ၿခိမ္းေျခာက္၊ ေႏွာင့္ယွက္ခံရႏိုင္တဲ့ လုံၿခဳံစိတ္ခ်ရမႈမရွိတဲ့ ပတ္ဝန္းက်င္မွာ သတင္းေထာက္ႏွင့္ မီဒီယာသမားေတြ အလုပ္လုပ္ကိုင္ၾကရမည္ဆိုရင္ သူတို႔ရဲ႕
သတင္းေပးပို႔ခ်က္ေတြက ဘက္မလိုက္ဘဲ မွ်တစြာေရးသားေဖာ္ျပႏိုင္မယ္လို႔
ေမွ်ာ္လင့္လို႔မရပါဘူး။

၇။ စတုတၳမ႑ိဳင္
သတင္းလြတ္လပ္ခြင့္က ဒီမိုကေရစီစံနစ္ရဲ႕ မ႑ိဳင္တစ္ရပ္လို႔ေျပာရျခင္းက
ဒီမိုကေရစီဆိုတာ လူအမ်ားကေ႐ြးခ်ယ္တင္ေျမႇာက္တဲ့အစိုးရက အုပ္ခ်ဳပ္တဲ့စနစ္ပါ။
မဲထည့္မယ့္လူထုဟာ ဘယ္ပါတီကိုေ႐ြးမလဲ၊ ဘာေၾကာင့္ေ႐ြးသလဲဆိုတာကို ဆုံးျဖတ္ႏိုင္ဖို႔ သူ႔တို႔မွာ အသိဉာဏ္ ဗဟုသုတရွိဖို႔လိုပါတယ္။
ႏိုင္ငံသားေတြရဲ႕ရပိုင္ခြင့္ဆိုတာဘာကိုဆိုလိုတာလဲ၊ သူတို႔ရဲ႕ ဆုံးရႈံးနစ္နာမႈေတြက ဘာေတြလဲ၊ သူတို႔ဘာျဖစ္လို႔ အဖက္ဖက္မွာခ်ိဳ႕တဲ့နိမ့္က်ေနတာလဲ စသျဖင့္ လူအမ်ားရဲ႕ နား၊မ်က္စိေတြကိုဖြင့္ေပးဖို႔လိုပါတယ္။ ဖြင့္ေပးႏိုင္သူေတြက သတင္းမီဒီယာပါ။ ဒါေၾကာင့္လည္း သတင္းလြတ္လပ္မႈကို ဒီမိုကေရစီရဲ႕ မ႑ိဳင္တစ္ရပ္လို႔ ရည္ၫႊန္းပါတယ္။

မဲေပးမယ့္သူေတြဗဟုသုတရွိမွ၊ အသိအျမင္ေတြတိုးပြားမွသာ မွန္ကန္တဲ့ေ႐ြးခ်ယ္မႈ
ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ လူေတြဆီ သတင္းအခ်က္အလက္ေတြေရာက္ဖို႔
လိုသလို၊ သုံးသပ္ခ်က္ေတြ အေျခအတင္ေဆြးေႏြးပြဲ ဒီဘိတ္ေတြလုပ္ႏိုင္ေအာင္လို႔
ပြင့္လင္းျမင္သာမႈရွိဖို႔ အင္မတန္ အေရးႀကီးပါတယ္။
အဖမ္းအဆီးခံရမွာစိုးလို႔ အတိမ္းအေစာင္းမခံတဲ့ သတင္းမ်ိဳးေတြကိုေရွာင္တာမ်ိဳး၊
အယ္ဒီတာေတြက သတင္းေတြကို ကိုယ့္ဖာသာကိုယ္ ဆင္ဆာလုပ္တာမ်ိဳးေတြ
လုပ္လာမယ္ဆိုရင္ အေျခအေနမွန္ကို သိဖို႔မလြယ္ပါဘူး။ အေျခအေနမွန္ကို မသိရတဲ့အခါမွာ ဆုံးရႈံးမႈေတြ အမ်ားႀကီးရွိပါတယ္။ အခုဆို ဝက္ဆိုက္၂၀၀ ေက်ာ္
အပိတ္ခံေနရပါတယ္။ အသံအဖြဲ႕ရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ NLD ရဲ႕ ေလးႏွစ္သက္တန္းမွာ လြတ္လပ္စြာေျပာဆိုေရးသားခြင့္ကိုခ်ိဳးေဖာက္တဲ့ အမႈ ၅၂၉ မႈရွိၿပီး တရားစြဲခံရသူ
အနည္းဆုံး၁၀၅၁ ဦးရွိပါတယ္။

ဒီေနရာမွာ ကြၽန္မရဲ႕ အေတြ႕အႀကဳံကိုေျပာျပခ်င္ပါတယ္။ စစ္အစိုးရလက္ထက္
သတင္းအေမွာင္ခ်ထားခံေနရတဲ့အခ်ိန္မွာ ျပည္တြင္းကလူေတြက ျပည္ပမီဒီယာေတြ
ကိုအားကိုးရပါတယ္။ ျပည္ပမီဒီယာေတြကလည္း ျပည္တြင္းကအေျခအေနကို
တတ္အားသမွ် ႀကိဳးစားၿပီးတင္ျပေပးပါတယ္။ အဲဒီအခ်ိန္က မီဒီယာက ေရဒီယို နဲ႔
ဂ်ာနယ္သာျဖစ္ၿပီး ဆိုရွယ္မီဒီယာမေပၚေသးပါဘူး။ သတင္းစာကလည္း
အစိုးရသတင္းစာပဲရွိပါတယ္။ ျပည္တြင္းအေျခအေန ယုတ္စြအဆုံး ကိုယ့္အိမ္ေနာက္ေဖးၿခံမွာ ဘာျဖစ္ေနသလဲကအစ ျပည္ပမီဒီယာေတြကို အားကိုးၾကရပါတယ္။
ျပည္ပမီဒီယာေတြရဲ႕တင္ျပခ်က္ေတြကေန လူထုက သူတို႔ရဲ႕
ႏိုင္ငံသားအခြင့္အေရးဆိုတာဘာလဲ ႏိုင္ငံသားအခြင့္အေရးေတြဘာလို႔ ဆုံးရႈံးေနရတာလဲ
ဆိုတာကို နားလည္သေဘာေပါက္လာၾကပါတယ္။ အဲဒီအခ်ိန္က နယ္စပ္က
စစ္ေရွာင္စခန္းေတြ နဲ႔ ႐ြာေတြမွာ ပညာေပးသင္တန္းေတြလုပ္ေပးေနၾကတဲ့ NGO ေတြက
စခန္းထဲကလူေတြနဲ႔ ႐ြာထဲကလူေတြကို ျပည္တြင္းကအေျခအေနေတြကို သိသလားလို႔
ေမးရင္ သူတို႔အကုန္သိေနတယ္လို႔ ေျပာျပပါတယ္။ ဘယ္သူေျပာလို႔သိတာလဲလို႔ ေမးရင္
ဘီဘီစီ၊ ဗီအိုေအ အစရွိတဲ့ ေရဒီယိုေတြကၾကားတယ္လို႔ ျပန္ေျဖၾကတဲ့အေၾကာင္း
ေျပာျပပါတယ္။ ျပည္ပမီဒီယာေတြက အျပင္ကေန သတင္းေတြ လြတ္လြတ္လပ္လပ္
တင္ျပေပးႏိုင္ခဲ့လို႔လည္း ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ လူထုက မွန္ကန္တဲ့ေ႐ြးခ်ယ္မႈကို
ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

၈။ ဆိုရွယ္မီဒီယာ
ျမန္မာႏိုင္ငံမွာ ဆိုရွယ္မီဒီယာကို အသုံးျပဳတဲ့လူ သန္းခ်ီရွိလာတဲ့အေလ်ာက္ ေဖ့စ္ဘြတ္ ေပ့ခ်္ေတြကေန သတင္းအမွား ျဖန႔္ေဝမႈေတြ၊ အမုန္းစကား ျဖန႔္ေဝမႈေတြ ဘာသာေရး
လူမ်ိဴးေရးဆိုင္ရာ လႉံ႔ေဆာ္တဲ့ အေၾကာင္းအရာေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ ျဖန႔္ေဝ
ေနတာကိုေတြ႕ရပါတယ္။
ရန္ကုန္တိုင္းလႊတ္ေတာ္အမတ္ ဦးေနဖုန္းလတ္က
“ဆိုရွယ္မီဒီယာကတဆင့္ သတင္းတု သတင္းမွားေတြ ျဖန႔္တာကို
ေသခ်ာကိုင္တြယ္ဖို႔လိုတယ္။ ေသခ်ာေစာင့္ၾကည့္ၿပီးအေရးယူဖို႔လိုတယ္။
ႏိုင္ငံတကာမွာလည္း ဆိုင္ဘာရဲေတြရွိတယ္။ နည္းပညာအရ ေစာင့္ၾကည့္ၿပီး
ထိထိေရာက္ေရာက္အေရးယူတယ္” လို႔ ဘီဘီစီ Friday Live အစီအစဥ္မွာ ဆိုရွယ္မီဒီယာကို ထိန္းဖို႔အတြက္ ယႏၲယားလိုတယ္ဆိုတာကိုေျပာပါတယ္။

ေဖ့စ္ဘြတ္ ေပ့ခ်္ေတြကို ေစာင့္ၾကည့္ရာမွာအသုံးျပဳဖို႔ သမၼတအထူးရန္ပုံေငြထဲက က်ပ္ေငြ သန္းေပါင္း ၆၄၂၆ သန္းကို ထုတ္ယူသုံးစြဲထားေပမယ့္ ဘယ္ေနရာမွာသုံးတယ္ ဆိုတာကို အစိုးရက ထုတ္ေဖာ္ေျပာဆိုတာမေတြ႕ရပါဘူး။ ဒါနဲပတ္သက္လို႔ မိတၳီလာမဲဆႏၵနယ္က လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေမာင္သင္းက ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာ ၂၀ ရက္မွာ
ျပဳလုပ္တဲ့ ျပည္သူ႔ လႊတ္ေတာ္အစည္းအေဝးမွာ ေမးခြန္းေမးျမန္းခဲ့ပါတယ္။
အခုတခါ အစိုးရက ဆိုရွယ္မီဒီယာနဲ႔ ဆိုင္တဲ့ အဖြဲ႕အစည္းတစ္ခု ဖြဲ႕ဖို႔လုပ္ေနတယ္လို႔
ဇူလိုင္၁၉ရက္ ဘီဘီစီ အြန္လိုင္းသတင္းမွာေဖာ္ျပထားတယ္။ အေသးစိတ္ကိုေတာ့
မၾကာခင္က်င္းပမယ့္ မ႑ိဳင္ေလးရပ္ ေတြ႕ဆုံပြဲမွာ က်ယ္က်ယ္ျပန႔္ျပန႔္
ေဆြးေႏြးဖို႔ရွိတယ္လို႔လည္း သတင္းမွာေဖာ္ျပထားပါတယ္။ ဆိုင္ဘာရဲလို အဖြဲ႕လား
ဒါမွမဟုတ္ရင္ အစိုးရကိုေဝဖန္တာေတြကို ေစာင့္ၾကည့္ဖို႔လားဆိုတာ မသဲကြဲပါဘူး။
ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သူေပးခ်င္တဲ့
မက္ေဆ့ခ်္ေပးႏိုင္ေအာင္ ေဖ့ဘုတ္ေပ့ခ်္ကို အသုံးျပဳလာတာေတြ႕ရပါတယ္။

၂၀၁၈ခုႏွစ္ ႏိုဝင္ဘာလ ၂၃ ရက္ေန႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က
ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီဝင္ေတြကို တည္ခင္းတဲ့ညစာစားပြဲမွာ
ေျပာသြားတဲ့မိန႔္ခြန္းထဲမွာ “သတင္းဌာနေတြရဲ႕ ၾသဇာနဲ႔ ဆိုရွယ္မီဒီယာရဲ႕ၾသဇာကၿပိဳင္ေနတယ္လို႔ က်မဒီလိုျမင္ရတယ္။ ၿပိဳင္ေနတဲ့အခါက်ေတာ့ ဘယ္သူႏိုင္မလဲဆိုတာလည္းမေသခ်ာဘူး။ ေနာင္ဘယ္သူႏိုင္မလဲဆိုတာလည္းေျပာရေတာ့ခက္တယ္။ ဆိုရွယ္မီဒီယာပဲျဖစ္ျဖစ္ သာမန္မီဒီယာပဲျဖစ္ျဖစ္ ဘယ္လိုင္းက က်မတို႔ကမာၻႀကီးကို အက်ိဳးျပဳလည္းဆိုတာ အဲဒါကေတာ့ က်မေနာက္ဆုံးသိခ်င္တဲ့အေျဖပါပဲ။ ေမးခြန္းရဲ႕အေျဖကို က်မသိခ်င္တာပါ”
ဆိုရွယ္မီဒီယာရဲ႕ အားသာခ်က္က ပရိသတ္က ခ်က္ခ်င္းတုံ႔ျပန္ေျပာဆိုႏိုင္တာပါ။ ဒါေပမဲ့
ယုံၾကည္မႈအပိုင္းမွာေတာ့ ပ႐ိုဖက္ရွင္နယ္မီဒီယာကို ဆိုရွယ္မီဒီယာထက္ ယုံၾကည္မႈ
ရွိတယ္ဆိုတာ စစ္တမ္းတိုင္းလိုလိုမွာေတြ႕ႏိုင္ပါတယ္။ ဆိုရွယ္မီဒီယာေပၚ
သတင္းဌာနေတြတင္တဲ့ သတင္းေတြက အေသအခ်ာစစ္ၿပီးေတာ့မွ သတင္းစံနဲ႔
အညီတင္ျပတာျဖစ္ပါတယ္။
အခ်ိန္နဲ႔ တေျပးညီ တင္ျပႏိုင္တဲ့ ဆိုရွယ္မီဒီယာရဲ႕ ၾသဇာက အင္မတန္ႀကီးပါတယ္။
တကမာၻလုံးမွာ ဆိုရွယ္မီဒီယာကို အသုံးျပဳသူေတြက ဘီလီယံခ်ီရွိပါတယ္။ တြစ္တာ၊
ယူကြၽတ္၊ ေဖ့ဘုတ္ ဆိုရွယ္မီဒီယာကို သုံးၿပီး အမုန္းစကားျဖန႔္တာ၊ သတင္းအမွားေတြျဖန႔္တာ၊ ေ႐ြးေကာက္ပြဲေတြမွာ ဝင္စြက္ဖက္တာ အစရွိတာေတြကို ဘယ္လိုထိန္းမလဲဆိုတဲ့ျပႆနာက ဒစ္ဂ်စ္တယ္လူ႔အဖြဲ႕အစည္းကို အႀကီးအက်ယ္စိန္ေခၚေနပါတယ္။ ဒီအမုန္းစကားေတြ သတင္းမွားေတြ တင္ေနတဲ့ ပလက္ေဖာင္းေတြကိုပိုင္တဲ့သူေတြက ပုဂၢလိက ကုမၸဏီေတြပါ။ ဒီကုမၸဏီေတြက အႏၲရာယ္ရွိတဲ့ ပို႔စ္ေတြကို community guidelines , terms of conditions ေတြခ်မွတ္ၿပီး အေကာင့္ပိတ္တာ၊ ပိုစ့္ျဖဳတ္တာေလာက္သာ လုပ္ႏိုင္ပါတယ္။

ဆိုရွယ္မီဒီယာကို အျပဳသေဘာအသုံးျပဳတဲ့လူေတြလည္း အမ်ားႀကီးရွိပါတယ္။ လူအမ်ားရဲ႔ လြတ္လပ္စြာထုတ္ေဖာ္ခြင့္ကို မထိခိုက္ဘဲ မသင့္ေတာ္တဲ့ပို႔စ္ေတြကို ရွင္းႏိုင္တဲ့ နည္းစနစ္ေတြ အလွ်င္အျမန္လိုအပ္ေနပါတယ္။
ဒါေၾကာင့္ ၂၀၁၉ ေဖေဖာ္ဝါရီလမွာ အေမရိကန္ႏိုင္ငံ Standford တကၠသိုလ္ Global Digital Policy Incubator (GDPi)ဌာန , ARTICLE 19, နဲ႔ ကုလသမဂၢ လြတ္လပ္စြာသေဘာထားအျမင္ ေဖာ္ထုတ္ခြင့္ဆိုင္ရာ အထူးကိုယ္စားလွယ္ David Kaye တို႔ေတြ႕ဆုံၿပီး
“ဆိုရွယ္မီဒီယာေကာင္စီ” အဖြဲ႕ ဖြဲ႕ဖို႔သေဘာတူလိုက္ပါတယ္။ ေကာင္စီရဲ႕ အဓိက
ရည္႐ြယ္ခ်က္က တႏိုင္ငံနဲ႔တႏိုင္ငံ အလြယ္တကူ ခ်ိတ္ဆက္ႏိုင္တဲ့
ဒီဂ်စ္တယ္ပလက္ေဖာင္းေပၚမွာ သတင္းတု ၊သတင္းမွားေတြ အမုန္းစကားေတြ
ျဖန႔္ေနတဲ့သူေတြကို လြတ္လပ္စြာေျပာဆိုေရးသားခြင့္နဲ႔ ဒီမိုကေရစီတန္ဖိုးေတြကို
မထိခိုက္ေစပဲ အေရးယူႏိုင္ဖို႔ျဖစ္ပါတယ္။
ဆိုရွယ္မီဒီယာမွာ စံနဲ႔မကိုက္ညီတဲ့ ပို႔စ္ေတြ အစိုးရေတြက အေရးယူတယ္ဆိုတာကလည္း
လြတ္လပ္စြာထုတ္ေဖာ္ခြင့္ကို ပိတ္ပင္တားဆီးတဲ့နည္းနဲ႔ အေရးယူတာသာျဖစ္ပါတယ္။
အဲဒါေၾကာင့္ ဆိုရွယ္မီဒီယာေကာင္စီက လြတ္လပ္စြာထုတ္ေဖာ္ခြင့္နဲ႔ လူ႔အခြင့္အေရးေတြကိုအကာအကြယ္ေပးၿပီး အေရးယူႏိုင္တဲ့ ဥပေဒေတြခ်မွတ္ႏိုင္ဖို႔ႀကိဳးစားေနပါတယ္။

စာေရးဆရာႀကီး George Orwell ေျပာစကားကိုကိုကိုးကားရမယ္ဆိုရင္
“လြတ္လပ္စြာထုတ္ေဖာ္ ေျပာဆိုတဲ့အတြက္ အျပစ္ေပးျခင္းဟာ လူေတြကို
အာဏာမဲ့ေအာင္လုပ္တာနဲ႔အတူတူပါပဲ”လို႔ ေဒၚတင္ထားေဆြကေဆြးေႏြးခဲ့တာျဖစ္ပါတယ္။
ေဒၚတင္ထားေဆြဟာ BBC ျမန္မာပိုင္းရဲ႕ ဌာနမွဴးအၿငိမ္းစားတစ္ဦးျဖစ္ပါတယ္။

Photo – Reuters
#voiceofmyanmar #VOM #ေဒၚတင္ထားေဆြ

Related posts

Leave a Comment

VOM News

FREE
VIEW