ရန်ကုန်ရောက် ခူမီးချင်း စစ်ဘေးရှောင်တွေရဲ့ အနာဂတ်

ရန်ကုန်ရောက် ခူမီးချင်း စစ်ဘေးရှောင်တွေရဲ့ အနာဂတ် ရန်ကုန်၊ သြဂုတ် ၁၈-၂၀၂၀ အေးချမ်းသူ(VOM) “ဒီနေရာကနေ ဘယ်အချိန်ပြောင်းရမယ်မှန်း မသိဘူး။နောက် ဘယ်မှာနေရမှန်း စဉ်းစားလို့မရဘူး။ ဖြစ်နိုင်ရင် ကိုယ့်အရပ်ဒေသမှာပဲ နေချင်တာပေါ့။ တိုက်ပွဲတွေ ဖြစ်နေလို့သာ”လို့ ပြောလာသူကတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ စစ်ဘေးရှောင်ရင်း ရန်ကုန်ကို ရောက်ရှိလာသူ အသက်၅၂အရွယ် ခူမီးတိုင်းရင်းသား ဦးအောင်ကျော်ဦးပဲ ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်က ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ရဲ့ မကြာခဏဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ပလက်ဝမြို့၊ ကြွေသောင် ကျေးရွာမှာ ဆက်လက်နေထိုင်မယ်ဆိုရင် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် ကိုအောင်ကျော်ဦးတို့နေထိုင်ရာ ဒေသကနေ ၁၅မိုင်ဝေးတဲ့ ပီချောင်းကို စက်လှေနဲ့ဖြတ်ပြီး ရန်ကုန်ကို ကားနဲ့ မိသားစုလေးယောက် ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့ ဦးအောင်ကျော်ဦးက ပြောပါတယ်။ “ရန်ကုန်လာတာတော့ ခက်ခဲတာပေါ့။ လမ်းမှာ AA နဲ့ပဲ တွေ့မလား စစ်တပ်နဲ့ပဲ တွေ့မလား ပိုက်ဆံကိုလည်း ချွေတာပြီးလာရတာ…

Read More

တရုတ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာ ရေကြီးရေလျှံမှုဖြစ်ပြီး လူပေါင်း တစ်သိန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း

တရုတ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာ ရေကြီးရေလျှံမှုဖြစ်ပြီး လူပေါင်း တစ်သိန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း ပေကျင်း၊ သြဂုတ်-၁၉-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံရှိ ယန်ဇီမြစ်အထက်ပိုင်းမှာ ရေကြီးမြင့်လာမှုကြောင့် ဒေသခံတစ်သိန်းကျော်ကို အာဏာပိုင်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ပေးလိုက်ရပြီး နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နေရာကို ရေကြီးရေလျှံမှုတွေက ခြိမ်းခြောက်နေပါတယ်။ စီခွျှန်ပြည်နယ်အနောက်တောင်ပိုင်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုရှိ ၇၁ မီတာအရွယ်ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ကာကွယ်ဖို့အတွက် ပြည်နယ်တာဝန်ရှိသူတွေ၊ ရဲတပ်ဖွ့ဲဝင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေက သဲအိတ်တွေအသုံးပြု လုပ်ဆောင်နေကြပါတယ်။ ဒေသတွင်းမှာ ဒီလိုမြစ်ရေကြီးမှုတွေဟာ ၁၉၄၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။ ယန်ဇီမြစ်ရေကြီးမြင့်လာတာအပြင် မိုးသည်းထန်စွာရွာသွန်းမှု ဒဏ်ခံနေရတဲ့ စီခွျှမ်ပြည်နယ်ရဲ့ အရေးပေါ်တုံ့ပြန်မှုအဆင့်ကို သြဂုတ် ၁၈ ရက်မှာ အမြင့်ဆုံးအဆင့်ထိ တိုးမြင့်လိုက်ပါတယ်။ ယန်ဇီမြစ်စောင့်ကြည့်ရေး အစိုးရအဖွဲ့ကတော့ မြစ်ရေကြီးမှုအခြေအနေနဲ့ပတ်သက်ပြီး သြဂုတ် ၁၈ ရက်မှာ အရေးပေါ်အခြေအနေကြေညာလိုက်ပြီး မြစ်ရေကြီးမှုစောင့်ကြည့်ရေး…

Read More

Covid19 ကာကွယ်ဆေး ဒီဇင်ဘာလကုန်မှာ တရုတ်နိုင်ငံက ထုတ်လုပ်ဖြန့်ချီနိုင်မယ်

Covid19 ကာကွယ်ဆေး ဒီဇင်ဘာလကုန်မှာ တရုတ်နိုင်ငံက ထုတ်လုပ်ဖြန့်ချီနိုင်မယ် ဩဂုတ် ၁၉-၂၀၂၀ လဲ့လဲ့ဝင်း ( VOM ) တရုတ်နိုင်ငံက Covid19ကာကွယ်ဆေး ဒီဇင်ဘာလကုန်မှာ ထုတ်လုပ်ဖြန့်ချီနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း Guangmingribao သတင်းဌာနကတဆင့် ထုတ်ပြန်လိုက်ပါတယ်။ “ကျွန်တော်COVID-19 ကာကွယ်ဆေးရဲ့ရလဒ် နှစ်ခုကိုကြည့်ပြီးဆိုးရွားတဲ့တုံ့ပြန်မှုမရှိခဲ့ပါဘူး” လို့ တရုတ်ဆေးဝါးအုပ်စု (China Sinopharm group)ရဲ့ဥက္ကဌ LiuJingzhen က ပြောပြထားပါတယ်။ ကာကွယ်ဆေးရဲ့ထိရောက်မှုကိုအတည်ပြုဖို့ ကြွက်ကြီး၊ ကြွက်လေး၊ ဂီနီဝက်၊ ရက်ဆစ်မျောက် ၊ cynomolgus မျောက်တွေနဲ့ ယုန်တွေအပါအဝင် တိရိစ္ဆာန်ခုနစ်ကောင်အပေါ်ကာကွယ်ဆေးထိုးပြီး လေ့လာဆန်းစစ်မှုကို ၂၀၂၀ ဖေဖော်ဝါရီ ၁၆ရက်ကစပြီး စမ်းသပ်ခဲ့တာပါ။ ပထမအဆင့်သည်ကာကွယ်ဆေးရဲ့လုံခြုံမှုကိုအဓိကအကဲဖြတ်ပြီး ဒုတိယအဆင့် ကာကွယ်ဆေးရဲ့လုံခြုံမှုနှင့်ကာကွယ်နိုင်စွမ်းကိုအကဲဖြတ်ပြီး တတိယအဆင့်မှာ ကာကွယ်ဆေးရဲ့ လုံခြုံမှုနှင့်ထိရောက်မှုကိုအကဲဖြတ်ကြောင်း LiuJingzhenကပြောပါတယ်။ တတိယအဆင့်အပြီးမှာ ကာကွယ်ဆေးအတည်ပြု ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်းနဲ့ အခုနှစ်ဒီဇင်ဘာလအကုန်တွင်ဈေးကွက်သို့ရောက်ရှိလိမ့်မည်ဟုမျှော်လင့်ထားပါတယ်။ ဒီဆေးကို ပထမတစ်ကြိမ်ထိုးရင်တ ၉၇ ရာနုန်းကာကွယ်နိုင်မှာဖြစ်ပြီး…

Read More

စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ မိန့်ခွန်းထဲက စိတ်ဝင်စားစရာများ

စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ မိန့်ခွန်းထဲက စိတ်ဝင်စားစရာများ နေပြည်တော်၊သြဂုတ် ၁၉၊၂၀၂၀ အေးချမ်းသူ – ရှိုင်းအောင် (VOM) ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာပြုလုပ်တဲ့ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ပြောကြားခဲ့တဲ့ အစိုးရနဲ့တိုင်းရင်းသားခါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေထဲကနေ စိတ်ဝင်စားစရာစကားစုတွေကို ထုတ်နုတ်ထားတာဖြစ်ပါတယ်။ “ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ သေနတ်သံတွေ ဗုံးသံတွေ တိုက်ပွဲသံတွေ တိုးတက်သွားရုံသက်သက်မဟုတ်ဘူး။ လက်နက်အားကိုးမှ အင်အားအသုံးချမှ ထိရောက်မှုရှိမယ်။ လူရာဝင်မယ် အရေးပေးခံရမယ် ။အောင်မြင်မယ်ဆိုတဲ့ နိုင်ငံရေးဓလေ့ဆိုးကို ဖြတ်တောက်ပစ်ဖို့အထိ ဖြစိပေါ်စေခဲ့တဲ့အဇ္ဈတ္တ စိတ်သဏ္ဍာန်ရေသောက်မြစ်ကိုဖြတ်ပစ်ဖို့အထိ ရည်ရွယ်ထားတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ သူဒေသငြိမ်းချမ်းရေးမရတာ ငါနဲ့မဆိုင်ဘူး။ ကိုယ်လွတ်ရုန်းနေတဲ့စိတ်ဓာတ်မျိုး နောင်လာမဲ့မျိုးဆက် ကိစွ နောင်ခါလာနောင်ခါဈေးထည့်ထွက်စရာမလိုဘူးဆိုတဲ့ တာဝန်မသိတဲ့ခံယူချက်မျိုးတွေ ဖယ်ရှားပစ်ရမှာ တိုင်းရင်းသားပြည်သူလူထုကြီးကလည်း ငြိမ်းချမ်းရေးရရှိဖို့ ဝိုင်းကူပြီးတွန်းမှသာ ငြိမ်းချမ်းရေးကို ဖျက်ဆီးချင်သူတွေ ငြိမ်းချမ်းရေးကို နှောင့်နှေးအောင်လုပ်ချင်သူတွေအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို မလျှောက်လှမ်းလို့မရဘူးဆိုတဲ့ အခြေအနေမျိုးရောက်လာမှာဖြစ်ကြောင်း…

Read More

သြဂုတ်လ ၁၅ နဲ့ ၁၆ ရက် DVB ရုပ်သံမှာတင်ဆက်သွားတဲ့ NLD အစိုးရလက်ထက်မှာ “မီဒီယာလွတ်လပ်ခွင့်ကျဆင်းနေပြီလား” DVB Debate အစီအစဉ်မှာပါဝင်ဆွေး‌နွေးဖို့ အချက်အလက်တွေ ရှာဖွေစုဆောင်းရာကနေ တွေ့ရှိရတဲ့ ဒေါ်တင်ထားဆွေရဲ့အမြင်တချို့ကိုစုစည်းတင်ပြခြင်း

သြဂုတ်လ ၁၅ နဲ့ ၁၆ ရက် DVB ရုပ်သံမှာတင်ဆက်သွားတဲ့ NLD အစိုးရလက်ထက်မှာ “မီဒီယာလွတ်လပ်ခွင့်ကျဆင်းနေပြီလား” DVB Debate အစီအစဉ်မှာပါဝင်ဆွေး‌နွေးဖို့ အချက်အလက်တွေ ရှာဖွေစုဆောင်းရာကနေ တွေ့ရှိရတဲ့ ဒေါ်တင်ထားဆွေရဲ့အမြင်တချို့ကိုစုစည်းတင်ပြခြင်း သြဂုတ်လ ၁၉- ၂၀၂၀ တင်ထားဆွေ ၁။ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်ကျဆင်းနေသလား ပြင်သစ်အခြေစိုက် အစိုးရမဟုတ်တဲ့ အပြည်အပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့၊ နယ်စည်းမခြားသတင်းထောက်အဖွဲ့ (RSF)ရဲ့ ၂၀၂၀ ခုနှစ် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာအရ မြန်မာ့မီဒီယာလွတ်လပ်ခွင့်ဟာ ယခင်ထက်ကျဆင်းနေပါတယ်။ ယမန်နှစ်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အဆင့်အညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၃၈ မှာရပ်တည်နိုင်ခဲ့ပေမယ့် အခု ၂၀၂၀ ခုနှစ်အတွက် ထုတ်ပြန်ချက်မှာ အဆင့် ၁၃၉ ကို ကျဆင်းသွားပါတယ်။ ဆိုလိုချင်တာက RSF အဖွဲ့ဝင်နိုင်ငံပေါင်း၁၈၀ အနက် မြန်မာနိုင်ငံက ၁၃၉ အဆင့်မှာသာရှိပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ အထိ…

Read More

စစ်တပ်ရဲ့ဖမ်းဆီးမှုခံရပြီးနောက် မာလီသမ္မတ ရာထူးကနေနှုတ်ထွက်

စစ်တပ်ရဲ့ဖမ်းဆီးမှုခံရပြီးနောက် မာလီသမ္မတ ရာထူးကနေနှုတ်ထွက် ဘာမာကို၊ သြဂုတ်-၁၉-၂၀၂၀ မျိုးဆက် (VOM) မာလီသမ္မတ အီဘရာဟမ်ဘော့ဘာကတ်တာဟာ စစ်တပ်ရဲ့ဖမ်းဆီးခံရလိုက်ရပြီးနောက်ပိုင်း ရာထူးကနေနှုတ်ထွက်သွားတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုနှုတ်ထွက်လိုက်ပြီးနောက်မှာတော့ မာလီအစိုးရအဖွဲ့နဲ့ ပါလီမန်ကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြောကြားတဲ့မိန့်ခွန်းမှာ မစ္စတာကတ်တာကပြောပါတယ်။ မိမိအာဏာကိုင်စွဲထားဖို့အတွက် သွေးမြေကျတာမျိုးမလိုချင်ဘူးလို့ သူကဆိုပါတယ်။မာလီဝန်ကြီးချုပ်ဆစ်ဆေးကို မြို့တော် ဘာမာကိုအနီးမှာရှိတဲ့ စစ်စခန်းတစ်ခုမှာ ထိန်းသိမ်းခံရပြီးနောက် နာရီအနည်းငယ်အကြာမှာ မာလီသမ္မတရဲ့ ရာထူးကနေနှုတ်ထွက်မှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ စစ်ဘက်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဒေသတွင်း အင်အားကြီးနိုင်ငံတွေနဲ့ ပြင်သစ်နိုင်ငံတို့က ပြစ်တင်ရှုတ်ချမှုတွေပြုခဲ့ကြပါတယ်။ တစ်ကယ်လို့ ရွေးချယ်ခွင့်များရှိခဲ့တယ်ဆိုရင် နိုင်ငံရေးကိစ္စတွေမှာ စစ်ဘက်ရဲ့ ပါဝင်ပတ်သက်မှုကို အဆုံးသတ်စေချင်တယ်လို့ သမ္မတကတ်တာကဆိုပါတယ်။ မစ္စတာကတ်တာဟာ ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲမှာ ဒုတိယသက်တမ်းအနိုင်ရရှိခဲ့ပေမယ့် အကျင့်ပျက်ချစားမှု၊ နိုင်ငံစီးပွားရေးအပေါ် စီမံခန့်ခွဲမှုအလွဲတွေနဲ့ နိုင်ငံအတွင်းမှာ လူမျိုးရေးအကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် သူ့အပေါ် ပြည်သူတွေက အမျက်ဒေါသထွက်နေကြတာလည်းဖြစ်ပါတယ်။ Ref : BBC Photo:…

Read More

ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် အမျိုးသမီးတစ်ဦး အကျဉ်းထောင်ကနေလွတ်မြောက်

ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် အမျိုးသမီးတစ်ဦး အကျဉ်းထောင်ကနေလွတ်မြောက် မန္တလေး၊ သြဂုတ် ၁၉-၂၀၂၀ မှူးသခင်(VOM) ၂၀၁၉ခုနှစ် မေလ ၁၇ ရက်နေ့ မှာ တပ်မတော်ရဲ့တရားစွဲဆိုမှုတွေကြောင့် ထောင်ဒဏ်၂နှစ်ချမှတ်ခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဆုရတနာမြင့်ဟာ ဒီကနေ့မနက်ပိုင်းက အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ လွတ်ရက်စေ့နဲ့ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။ “ထောင်ထဲမှာတော့ အခက်အခဲတွေက အများကြီးပါဘဲ အမတို့ထောင်ဝင်စာတွေ့တဲ့အခါတွေ အကျဉ်းထောင်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ဆက်ဆံတာတွေ အများကြီးပါပဲ၊ ကိုဗစ်ကာလမှာ အကျဉ်းသားတွေအတွက်ပိုဆိုးတယ်၊ အင်းစိန်လော့ဒေါင်းချလိုက်တော့ ထောင်ဝင်စာတွေ နှစ်လလောက်ပိတ်လိုက်တယ်၊ အဲ့ဒီ နှစ်လအတွင်း မိသားစုနဲ့လုံ့ဝမ‌တွေ့ ရဘူး၊ ဒီတော့ အကုန်လုံးကစိုးရိမ်ကြတယ်၊ မိသားစုနဲ့မတွေ့ရဘူး၊ အပြင်ကရောဂါအခြေအနေကို အမတို့ကိုတိတိကျကျimformation ပေးတာမရှိဘူး၊ လော့ဒေါင်းတွေပြန်ဖွင့်တော့ ထောင်ဝင်စာက နှစ်ပတ်တစ်ကြိမ်ပဲတွေ့ရတဲ့ပုံစံမျိုးဖြစ်သွားတယ်၊ ပါဆယ်ထုပ်၊ စားစရာသောက်စရာ ပို့တာကလည်း နှစ်ပတ်မှ တစ်ကြိမ်ပဲရတယ်၊ အဲ့တာကိုမှ အရေအတွက်ကန့်သတ်တာတွေလုပ်သေးတယ်၊ လာဘ်ပေးလာဘ်ယူကိစ္စတွေလဲအများကြီး ရှိတယ်”လို့ ဒေါင်းတို့မျိူးဆက်သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်ကပြောပါတယ်။ ခုလက်ရှိအကျဉ်းထောင်မှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်…

Read More

သိန်း ၇၀၀၀ အကုန်ကျခံတည်ဆောက်ထားတဲ့ မြေထိန်းနံရံ တစ်နှစ်မပြည့်ခင်ပြိုကျ

သိန်း ၇၀၀၀ အကုန်ကျခံတည်ဆောက်ထားတဲ့ မြေထိန်းနံရံ တစ်နှစ်မပြည့်ခင်ပြိုကျ မော်လိုက် ၊ သြဂုတ် ၁၉-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ အခုရက်ပိုင်း ချင်းတွင်းမြစ်ရေဟာ တဟုန်ထိုးမြင့်တက်နေပြီး မြစ်ရေတိုက်စားမူဖြစ်ပေါ်လာမှာကို စိုးရိမ်တကြီးဖြစ်နေတဲ့အချိန်မှာ မော်လိုက်ကလေးကျေးရွာက မြေထိန်းနံရံပြိုကျမူတွေဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ” အဲ့ဒီ မြေထိန်းနံရံဟာ ၂၀၁၈ / ၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရံပုံငွေ ကျပ် သန်း ၇၀၀ နဲ့ တည်ဆောက်တာဖြစ်တယ်။ ဒီလ ၁ ရက်နေ့ကစပြီး တအိအိပြိုကျနေတာဖြစ်တယ် ”လို့ မော်လိုက်ကလေး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဲ့ဒီ မြေထိန်းနံရံပြိုကျတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ မော်လိုက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုးဝင်းပြောပြတာကတော့ “ဒီလ ၇ ရက်နေ့က ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ အရေးတကြီးတင်ပြစာတစ်စောင် ပေးပို့ထားတယ်”လို့ သိရပါတယ်။ အဆောက်အဦး လမ်းတံတားနဲ့ မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းတွေရဲ့…

Read More

အိမ်သုံးမီတာတွေကို ၅ လတိတိ တစ်လ ယူနစ် ၁၅၀ ထပ်မံကင်းလွတ်ခွင့်ပြု

အိမ်သုံးမီတာတွေကို ၅ လတိတိ တစ်လ ယူနစ် ၁၅၀ ထပ်မံကင်းလွတ်ခွင့်ပြု နေပြည်တော်၊ဩဂုတ် ၁၈-၂၀၂၀ ကောင်းလက်ျာ(VOM) ကိုဗစ်ကာလဖြစ်ပွားနေချိန် မေလခန့်က စတင်ပြီး အိမ်သုံးလျှပ်စစ်မီတာခကို ကျသင့်ယူနစ်ထက် ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ပြုခဲ့တဲ့အပြင် ဩဂုတ်လ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ၅ လတိုင် ထပ်မံကင်းလွတ်ခွင့်ပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဩဂုတ် ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၇၅ ယူနစ်သာ ကင်းလွတ်ခွင့်ပေးခဲ့တာကိုလည်း ဇူလိုင်လ ၁၆ ရက်နေ့ကနေ ၃၁ ရက်နေ့စာ ၇၅ ယူနစ်ကင်းလွတ်ခွင့်ပေးမှာဖြစ်ပြီး ဩဂုတ် ၁ ရက် နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ထိကိုလည်း တစ်လ ယူနစ် ၁၅၀ ပေးဆောင်ရန်မလိုအပ်ဘူးလို့ သိရပါတယ်။…

Read More
VOM News

FREE
VIEW