စစ်တပ်ရဲ့ဖမ်းဆီးမှုခံရပြီးနောက် မာလီသမ္မတ ရာထူးကနေနှုတ်ထွက်

စစ်တပ်ရဲ့ဖမ်းဆီးမှုခံရပြီးနောက် မာလီသမ္မတ ရာထူးကနေနှုတ်ထွက်

ဘာမာကို၊ သြဂုတ်-၁၉-၂၀၂၀
မျိုးဆက် (VOM)

မာလီသမ္မတ အီဘရာဟမ်ဘော့ဘာကတ်တာဟာ စစ်တပ်ရဲ့ဖမ်းဆီးခံရလိုက်ရပြီးနောက်ပိုင်း ရာထူးကနေနှုတ်ထွက်သွားတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုနှုတ်ထွက်လိုက်ပြီးနောက်မှာတော့ မာလီအစိုးရအဖွဲ့နဲ့ ပါလီမန်ကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြောကြားတဲ့မိန့်ခွန်းမှာ မစ္စတာကတ်တာကပြောပါတယ်။

မိမိအာဏာကိုင်စွဲထားဖို့အတွက် သွေးမြေကျတာမျိုးမလိုချင်ဘူးလို့ သူကဆိုပါတယ်။မာလီဝန်ကြီးချုပ်ဆစ်ဆေးကို မြို့တော် ဘာမာကိုအနီးမှာရှိတဲ့ စစ်စခန်းတစ်ခုမှာ ထိန်းသိမ်းခံရပြီးနောက် နာရီအနည်းငယ်အကြာမှာ မာလီသမ္မတရဲ့ ရာထူးကနေနှုတ်ထွက်မှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။

စစ်ဘက်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဒေသတွင်း အင်အားကြီးနိုင်ငံတွေနဲ့ ပြင်သစ်နိုင်ငံတို့က ပြစ်တင်ရှုတ်ချမှုတွေပြုခဲ့ကြပါတယ်။

တစ်ကယ်လို့ ရွေးချယ်ခွင့်များရှိခဲ့တယ်ဆိုရင် နိုင်ငံရေးကိစ္စတွေမှာ စစ်ဘက်ရဲ့ ပါဝင်ပတ်သက်မှုကို အဆုံးသတ်စေချင်တယ်လို့ သမ္မတကတ်တာကဆိုပါတယ်။

မစ္စတာကတ်တာဟာ ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲမှာ ဒုတိယသက်တမ်းအနိုင်ရရှိခဲ့ပေမယ့် အကျင့်ပျက်ချစားမှု၊ နိုင်ငံစီးပွားရေးအပေါ် စီမံခန့်ခွဲမှုအလွဲတွေနဲ့ နိုင်ငံအတွင်းမှာ လူမျိုးရေးအကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် သူ့အပေါ် ပြည်သူတွေက အမျက်ဒေါသထွက်နေကြတာလည်းဖြစ်ပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဘာမာကို

Zawgyi

စစ္တပ္ရဲ႕ဖမ္းဆီးမႈခံရျပီးေနာက္ မာလီသမၼတ ရာထူးကေနနႈတ္ထြက္

ဘာမာကို၊ ၾသဂုတ္-၁၉-၂၀၂၀
မ်ိဳးဆက္ (VOM)

မာလီသမၼတ အီဘရာဟမ္ေဘာ႔ဘာကတ္တာဟာ စစ္တပ္ရဲ႕ဖမ္းဆီးခံရလိုက္ရျပီးေနာက္ပိုင္း ရာထူးကေနနႈတ္ထြက္သြားတယ္လို႔ နုိင္ငံပိုင္သတင္းဌာနက ထုတ္ျပန္လိုက္ပါတယ္။

ဒီလိုနႈတ္ထြက္လိုက္ျပီးေနာက္မွာေတာ့ မာလီအစိုးရအဖြဲ႔နဲ႔ ပါလီမန္ကိုလည္း ဖ်က္သိမ္းလိုက္တယ္လို႔ နိုင္ငံပိုင္ရုပ္ျမင္သံၾကားကေန ေျပာၾကားတဲ႔မိန္႔ခြန္းမွာ မစၥတာကတ္တာကေျပာပါတယ္။

မိမိအာဏာကိုင္စြဲထားဖို႔အတြက္ ေသြးေျမက်တာမ်ိဳးမလိုခ်င္ဘူးလို႔ သူကဆိုပါတယ္။မာလီ၀န္ၾကီးခ်ဳပ္ဆစ္ေဆးကို ျမိဳ႔ေတာ္ ဘာမာကိုအနီးမွာရိွတဲ႔ စစ္စခန္းတစ္ခုမွာ ထိန္းသိမ္းခံရျပီးေနာက္ နာရီအနည္းငယ္အၾကာမွာ မာလီသမၼတရဲ႕ ရာထူးကေနနႈတ္ထြက္မႈျဖစ္ေပၚလာတာျဖစ္ပါတယ္။

စစ္ဘက္ရဲ႕ လုပ္ရပ္နဲ႔ပတ္သက္ျပီး ေဒသတြင္း အင္အားၾကီးနိုင္ငံေတြနဲ႔ ျပင္သစ္နုိင္ငံတို႔က ျပစ္တင္ရႈတ္ခ်မႈေတြျပဳခဲ႔ၾကပါတယ္။

တစ္ကယ္လို႔ ေရြးခ်ယ္ခြင္႔မ်ားရိွခဲ႔တယ္ဆိုရင္ နိုင္ငံေရးကိစၥေတြမွာ စစ္ဘက္ရဲ႕ ပါ၀င္ပတ္သက္မႈကို အဆံုးသတ္ေစခ်င္တယ္လို႔ သမၼတကတ္တာကဆိုပါတယ္။

မစၥတာကတ္တာဟာ ၂၀၁၈ ခုနွစ္ေရြးေကာက္ပြဲမွာ ဒုတိယသက္တမ္းအနိုင္ရရိွခဲ့ေပမယ့္ အက်င္႔ပ်က္ခ်စားမႈ၊ နုိင္ငံစီးပြားေရးအေပၚ စီမံခန္႔ခြဲမႈအလြဲေတြနဲ႔ နိုင္ငံအတြင္းမွာ လူမ်ိဳးေရးအၾကမ္းဖက္မႈေတြ ျမင္႔တက္လာတာေၾကာင္႔ သူ႔အေပၚ ျပည္သူေတြက အမ်က္ေဒါသထြက္ေနၾကတာလည္းျဖစ္ပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဘာမာကို

Related posts

Leave a Comment

VOM News

FREE
VIEW