စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ မိန့်ခွန်းထဲက စိတ်ဝင်စားစရာများ

စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ မိန့်ခွန်းထဲက စိတ်ဝင်စားစရာများ

နေပြည်တော်၊သြဂုတ် ၁၉၊၂၀၂၀
အေးချမ်းသူ – ရှိုင်းအောင် (VOM)

ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာပြုလုပ်တဲ့ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ပြောကြားခဲ့တဲ့ အစိုးရနဲ့တိုင်းရင်းသားခါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေထဲကနေ စိတ်ဝင်စားစရာစကားစုတွေကို ထုတ်နုတ်ထားတာဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ သေနတ်သံတွေ ဗုံးသံတွေ တိုက်ပွဲသံတွေ တိုးတက်သွားရုံသက်သက်မဟုတ်ဘူး။ လက်နက်အားကိုးမှ အင်အားအသုံးချမှ ထိရောက်မှုရှိမယ်။ လူရာဝင်မယ် အရေးပေးခံရမယ် ။အောင်မြင်မယ်ဆိုတဲ့ နိုင်ငံရေးဓလေ့ဆိုးကို ဖြတ်တောက်ပစ်ဖို့အထိ ဖြစိပေါ်စေခဲ့တဲ့အဇ္ဈတ္တ စိတ်သဏ္ဍာန်ရေသောက်မြစ်ကိုဖြတ်ပစ်ဖို့အထိ ရည်ရွယ်ထားတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

သူဒေသငြိမ်းချမ်းရေးမရတာ ငါနဲ့မဆိုင်ဘူး။ ကိုယ်လွတ်ရုန်းနေတဲ့စိတ်ဓာတ်မျိုး နောင်လာမဲ့မျိုးဆက် ကိစွ နောင်ခါလာနောင်ခါဈေးထည့်ထွက်စရာမလိုဘူးဆိုတဲ့ တာဝန်မသိတဲ့ခံယူချက်မျိုးတွေ ဖယ်ရှားပစ်ရမှာ တိုင်းရင်းသားပြည်သူလူထုကြီးကလည်း ငြိမ်းချမ်းရေးရရှိဖို့ ဝိုင်းကူပြီးတွန်းမှသာ ငြိမ်းချမ်းရေးကို ဖျက်ဆီးချင်သူတွေ ငြိမ်းချမ်းရေးကို နှောင့်နှေးအောင်လုပ်ချင်သူတွေအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို မလျှောက်လှမ်းလို့မရဘူးဆိုတဲ့ အခြေအနေမျိုးရောက်လာမှာဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံအစည်းအဝေးမှာ မိန့်ခွန်းပြောကြားတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံတော်ကိုဆန့်ကျင်တာဖြစ်ပါတယ်၊ တက်လာတဲ့အစိုးရတွေကို ဆန့်ကျင်တာဖြစ်ပါတယ်၊ ဒါကြောင့်နိုင်ငံတော်နဲ့ အစိုးရတိုင်းကို တပ်မတော်က ကာကွယ်ပေးနေတယ်ဆိုတာ ဖြစ်စဉ်ဖြစ်ရပ်များပေါ်မှာ ဓမ္မဓိဌာန်ကျကျ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။ ၁၉၅၀ ပြည့်နှစ်က အတွေးအခေါ်အယူအဆတွေနဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက် မောင်းနှင်စေလိုတဲ့ သဘောထားတွေဟာ မရိုးဖြောင့်ဘူးလို့ပြောလိုပါတယ်၊ အဲ့ဒီခေတ်က ခေတ်စားခဲ့တဲ့စကားနဲ့ ပြန်ပြောရရင် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့မကြိုးစားပါနဲ့လို့ ဆိုချင်ပါတယ်။”လို့ ပြောခဲ့တာဖြစ်ပါတယ်။

သျှမ်းပြည်နယ်ပြည်လည်ထူထောင်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း “ မိမိတို့အချင်းချင်းကြားမှာ မယုံကြည်မှုတွေ သံသယတွေ၊ လိုအပ်တာထက်ပိုတဲ့ သတိထားမှုတွေ ၊ သူ့မူ ကိုယ့်မူ အသေဆုတ်ကိုင်ထားမှုတွေ အောက်ခြေထိတွေ့မှုလေးတွေ လုပ်ငန်း လုပ်နည်းလုပ်ဟန် အဆင်မပြေမှုတွေကို မဖြေရှင်းနိုင်ခဲ့လို့၊ ထိုက်သင့်တဲ့အလျော့အတင်းတွေ မပြုလုပ်နိုင်ခဲ့လို့ ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်တွေကို ထင်သလောက်မရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုအတွေ့အကြုံတွေ၊ သင်ခန်းစာတွေကိုအသုံးပြုပြီး လာမယ့်ရှေ့ခရီးမှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့လိုပါတယ်။လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့လို့ လက်နက်ကိုင် ပတိပက္ခပြည်တွင်းစစ်ဖြစ်ပွားပြီး မိမိတို့တိုင်းပြည်ဟာ ကမ္ဘာမှာအစစအရာရာ နောက်ကျကျန်ရတာ အားလုံးအသိပဲဖြစ်ပါတယ်” လို့ မြန်မာလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမီုကရေစီအဖွဲ့ချုပ်က ဒုဥက္ကဌ(၁)စိုင်းညွန့်လွင်ကလည်း “မျိုးချစ်စိတ်ထက်စာရင် ပြည်ထောင်စုကိုချစ်မြတ်နိုးတဲ့ နိုင်ငံချစ်စိတ်ကသာလျှင် အမျိုးသားရင်ကြားစေ့ရေးကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်း ညီညွတ်ရေးကို တည်ဆောင်နိုင်မှာဘပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုအခြေအနေကတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးကို ထူထောင်နိုင်မယ်လို့ ကျနော်တို့က ယုံကြည်ထားပါတယ်လို့” ပြောကြားခဲ့ပါတယ်။

“တစ်စုတစ်ဖွဲ့ထဲက နိုင်ငံတစ်ခုလုံကို ကြီးစိုးချုပ်ကိုင်ခြယ်လှယ်သွားတာမျိုးဆိုတာလဲ မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စရပ်ဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံ စုးဝေးနေထိုင်နေကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ ပိုပြီးမဖြစ်သင့်ဘူးလို့ပြောချင်ပါတယ်။ ဘယ်လိုလူမျိုးဖြစ်နေပါစေ ၊ အရည်အချင်းရှိသူ ဘယ်သူမဆို ခေါင်းဆောင်ခွင့်ပေးရမယ့် အခြေအနေဖြစ်ပါတယ်။ အတူနေသူ တိုင်းရင်းသားအားလုံးရဲ့ အများပိုင်တိုင်းပြည်တစ်ခုအဖြစ်သာ ပုံဖော်ဖို့ ကြိုးစားအားထုတ်သင့်ပါတယ်လို့ တိုက်တွန်းလိုပါတယ်”လို့ ရှမ်းတိုင်းရင်းသားများ ဒီမီုကရေစီအဖွဲ့ချုပ်က ဒုဥက္ကဌ(၁)စိုင်းညွန့်လွင်က ပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ စတုတ္တကြိမ်မြောက် ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲအခမ်းအနားကို အမျိုးသားပြန်လည်သင့်မှတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနက ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ သျှမ်းပြည်နယ်ပြည်လည်ထူထောင်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမီုကရေစီအဖွဲ့ချုပ်က ဒုဥက္ကဌ(၁)စိုင်းညွန့်လွင်တို့ တက်ရောက်ပြီး အမှာစကားပြောကြခဲ့တာဖြစ်ပါတယ်။

#VoiceofMyanmar #VOM #၂၁ရာစု #ပင်လုံညီလာခံ

Zawgyi

စတုတၳအႀကိမ္ ၂၁ ရာစု ပင္လုံညီလာခံမွာ အစိုးရနဲ႔ တိုင္းရင္းသားေခါင္းေဆာင္ေတြရဲ႕ မိန႔္ခြန္းထဲက စိတ္ဝင္စားစရာမ်ား

ေနျပည္ေတာ္၊ၾသဂုတ္ ၁၉၊၂၀၂၀
ေအးခ်မ္းသူ – ရႈိင္းေအာင္ (VOM)

ဒီကေန႔မနက္ပိုင္းက ေနျပည္ေတာ္မွာျပဳလုပ္တဲ့ စတုတၳအႀကိမ္ ၂၁ ရာစု ပင္လုံညီလာခံမွာ ေျပာၾကားခဲ့တဲ့ အစိုးရနဲ႔တိုင္းရင္းသားခါင္းေဆာင္ေတြရဲ႕ မိန႔္ခြန္းေတြထဲကေန စိတ္ဝင္စားစရာစကားစုေတြကို ထုတ္ႏုတ္ထားတာျဖစ္ပါတယ္။

“ၿငိမ္းခ်မ္းေရးတည္ေဆာက္ရာမွာ ေသနတ္သံေတြ ဗုံးသံေတြ တိုက္ပြဲသံေတြ တိုးတက္သြား႐ုံသက္သက္မဟုတ္ဘူး။ လက္နက္အားကိုးမွ အင္အားအသုံးခ်မွ ထိေရာက္မႈရွိမယ္။ လူရာဝင္မယ္ အေရးေပးခံရမယ္ ။ေအာင္ျမင္မယ္ဆိုတဲ့ ႏိုင္ငံေရးဓေလ့ဆိုးကို ျဖတ္ေတာက္ပစ္ဖို႔အထိ ျဖစိေပၚေစခဲ့တဲ့အဇၥ်တၱ စိတ္သ႑ာန္ေရေသာက္ျမစ္ကိုျဖတ္ပစ္ဖို႔အထိ ရည္႐ြယ္ထားတယ္”လို႔ ေဒၚေအာင္ဆန္းစုၾကည္ကေျပာပါတယ္။

သူေဒသၿငိမ္းခ်မ္းေရးမရတာ ငါနဲ႔မဆိုင္ဘူး။ ကိုယ္လြတ္႐ုန္းေနတဲ့စိတ္ဓာတ္မ်ိဳး ေနာင္လာမဲ့မ်ိဳးဆက္ ကိစြ ေနာင္ခါလာေနာင္ခါေဈးထည့္ထြက္စရာမလိုဘူးဆိုတဲ့ တာဝန္မသိတဲ့ခံယူခ်က္မ်ိဳးေတြ ဖယ္ရွားပစ္ရမွာ တိုင္းရင္းသားျပည္သူလူထုႀကီးကလည္း ၿငိမ္းခ်မ္းေရးရရွိဖို႔ ဝိုင္းကူၿပီးတြန္းမွသာ ၿငိမ္းခ်မ္းေရးကို ဖ်က္ဆီးခ်င္သူေတြ ၿငိမ္းခ်မ္းေရးကို ေႏွာင့္ေႏွးေအာင္လုပ္ခ်င္သူေတြအေနနဲ႔ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကို မေလွ်ာက္လွမ္းလို႔မရဘူးဆိုတဲ့ အေျခအေနမ်ိဳးေရာက္လာမွာျဖစ္ေၾကာင္း အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟိုဌာနမွာ ဥကၠဌေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့တာျဖစ္ပါတယ္။

၂၁ ရာစု ပင္လုံအစည္းအေဝးမွာ မိန႔္ခြန္းေျပာၾကားတဲ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း “တိုင္းရင္းသားလက္နက္ကိုင္ေတြဟာ ႏိုင္ငံေတာ္ကိုဆန႔္က်င္တာျဖစ္ပါတယ္၊ တက္လာတဲ့အစိုးရေတြကို ဆန႔္က်င္တာျဖစ္ပါတယ္၊ ဒါေၾကာင့္ႏိုင္ငံေတာ္နဲ႔ အစိုးရတိုင္းကို တပ္မေတာ္က ကာကြယ္ေပးေနတယ္ဆိုတာ ျဖစ္စဥ္ျဖစ္ရပ္မ်ားေပၚမွာ ဓမၼဓိဌာန္က်က် ေလ့လာၾကည့္ရင္ ေတြ႕ႏိုင္ပါတယ္။ ၁၉၅၀ ျပည့္ႏွစ္က အေတြးအေခၚအယူအဆေတြနဲ႔ လက္ရွိၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ဆက္လက္ ေမာင္းႏွင္ေစလိုတဲ့ သေဘာထားေတြဟာ မ႐ိုးေျဖာင့္ဘူးလို႔ေျပာလိုပါတယ္၊ အဲ့ဒီေခတ္က ေခတ္စားခဲ့တဲ့စကားနဲ႔ ျပန္ေျပာရရင္ ဆိတ္ေခါင္းခ်ိတ္ၿပီး ေခြးသားေရာင္းဖို႔မႀကိဳးစားပါနဲ႔လို႔ ဆိုခ်င္ပါတယ္။”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

သွ်မ္းျပည္နယ္ျပည္လည္ထူေထာင္ေရးေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ကလည္း “ မိမိတို႔အခ်င္းခ်င္းၾကားမွာ မယုံၾကည္မႈေတြ သံသယေတြ၊ လိုအပ္တာထက္ပိုတဲ့ သတိထားမႈေတြ ၊ သူ႔မူ ကိုယ့္မူ အေသဆုတ္ကိုင္ထားမႈေတြ ေအာက္ေျခထိေတြ႕မႈေလးေတြ လုပ္ငန္း လုပ္နည္းလုပ္ဟန္ အဆင္မေျပမႈေတြကို မေျဖရွင္းႏိုင္ခဲ့လို႔၊ ထိုက္သင့္တဲ့အေလ်ာ့အတင္းေတြ မျပဳလုပ္ႏိုင္ခဲ့လို႔ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ပါ အခ်က္ေတြကို ထင္သေလာက္မရရွိခဲ့တာပဲျဖစ္ပါတယ္။ ဒီလိုအေတြ႕အႀကဳံေတြ၊ သင္ခန္းစာေတြကိုအသုံးျပဳၿပီး လာမယ့္ေရွ႕ခရီးမွာ အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ထားဖို႔လိုပါတယ္။လြတ္လပ္ေရးရရွိၿပီးေနာက္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းျဖင့္ မေျဖရွင္းႏိုင္ခဲ့လို႔ လက္နက္ကိုင္ ပတိပကၡျပည္တြင္းစစ္ျဖစ္ပြားၿပီး မိမိတို႔တိုင္းျပည္ဟာ ကမာၻမွာအစစအရာရာ ေနာက္က်က်န္ရတာ အားလုံးအသိပဲျဖစ္ပါတယ္” လို႔ ျမန္မာလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ရွမ္းတိုင္းရင္းသားမ်ား ဒီမီုကေရစီအဖြဲ႕ခ်ဳပ္က ဒုဥကၠဌ(၁)စိုင္းၫြန႔္လြင္ကလည္း “မ်ိဳးခ်စ္စိတ္ထက္စာရင္ ျပည္ေထာင္စုကိုခ်စ္ျမတ္ႏိုးတဲ့ ႏိုင္ငံခ်စ္စိတ္ကသာလွ်င္ အမ်ိဳးသားရင္ၾကားေစ့ေရးကို ဦးေဆာင္ႏိုင္မွာျဖစ္ပါတယ္။ ျပည္ေထာင္စုအတြင္း ညီၫြတ္ေရးကို တည္ေဆာင္ႏိုင္မွာဘပဲ ျဖစ္ပါတယ္။ အဲ့ဒီလိုအေျခအေနကတစ္ဆင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ထူေထာင္ႏိုင္မယ္လို႔ က်ေနာ္တို႔က ယုံၾကည္ထားပါတယ္လို႔” ေျပာၾကားခဲ့ပါတယ္။

“တစ္စုတစ္ဖြဲ႕ထဲက ႏိုင္ငံတစ္ခုလုံကို ႀကီးစိုးခ်ဳပ္ကိုင္ျခယ္လွယ္သြားတာမ်ိဳးဆိုတာလဲ မျဖစ္သင့္မျဖစ္ထိုက္တဲ့ကိစၥရပ္ျဖစ္ပါတယ္။ တိုင္းရင္းသားေပါင္းစုံ အဖြဲ႕အစည္းေပါင္းစုံ စုးေဝးေနထိုင္ေနၾကတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ဖို႔ ပိုၿပီးမျဖစ္သင့္ဘူးလို႔ေျပာခ်င္ပါတယ္။ ဘယ္လိုလူမ်ိဳးျဖစ္ေနပါေစ ၊ အရည္အခ်င္းရွိသူ ဘယ္သူမဆို ေခါင္းေဆာင္ခြင့္ေပးရမယ့္ အေျခအေနျဖစ္ပါတယ္။ အတူေနသူ တိုင္းရင္းသားအားလုံးရဲ႕ အမ်ားပိုင္တိုင္းျပည္တစ္ခုအျဖစ္သာ ပုံေဖာ္ဖို႔ ႀကိဳးစားအားထုတ္သင့္ပါတယ္လို႔ တိုက္တြန္းလိုပါတယ္”လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမီုကေရစီအဖြဲ႕ခ်ဳပ္က ဒုဥကၠဌ(၁)စိုင္းၫြန႔္လြင္က ေျပာၾကားခဲ့ပါတယ္။

ေနျပည္ေတာ္မွာ ဒီကေန႔က်င္းပတဲ့ စတုတၱႀကိမ္ေျမာက္ ၂၁ ရာစု ပင္လုံ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံဖြင့္ပြဲအခမ္းအနားကို အမ်ိဳးသားျပန္လည္သင့္မွတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟိုဌာနက ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္၊ သွ်မ္းျပည္နယ္ျပည္လည္ထူေထာင္ေရးေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမီုကေရစီအဖြဲ႕ခ်ဳပ္က ဒုဥကၠဌ(၁)စိုင္းၫြန႔္လြင္တို႔ တက္ေရာက္ၿပီး အမွာစကားေျပာၾကခဲ့တာျဖစ္ပါတယ္။

#VoiceofMyanmar #VOM #၂၁ရာစု #ပင္လုံညီလာခံ

Related posts

Leave a Comment

VOM News

FREE
VIEW