ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် အမျိုးသမီးတစ်ဦး အကျဉ်းထောင်ကနေလွတ်မြောက်

ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် အမျိုးသမီးတစ်ဦး အကျဉ်းထောင်ကနေလွတ်မြောက်

မန္တလေး၊ သြဂုတ် ၁၉-၂၀၂၀
မှူးသခင်(VOM)

၂၀၁၉ခုနှစ် မေလ ၁၇ ရက်နေ့ မှာ တပ်မတော်ရဲ့တရားစွဲဆိုမှုတွေကြောင့် ထောင်ဒဏ်၂နှစ်ချမှတ်ခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဆုရတနာမြင့်ဟာ ဒီကနေ့မနက်ပိုင်းက အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ လွတ်ရက်စေ့နဲ့ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

“ထောင်ထဲမှာတော့ အခက်အခဲတွေက အများကြီးပါဘဲ အမတို့ထောင်ဝင်စာတွေ့တဲ့အခါတွေ အကျဉ်းထောင်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ဆက်ဆံတာတွေ အများကြီးပါပဲ၊ ကိုဗစ်ကာလမှာ အကျဉ်းသားတွေအတွက်ပိုဆိုးတယ်၊ အင်းစိန်လော့ဒေါင်းချလိုက်တော့ ထောင်ဝင်စာတွေ နှစ်လလောက်ပိတ်လိုက်တယ်၊ အဲ့ဒီ နှစ်လအတွင်း မိသားစုနဲ့လုံ့ဝမ‌တွေ့ ရဘူး၊ ဒီတော့ အကုန်လုံးကစိုးရိမ်ကြတယ်၊ မိသားစုနဲ့မတွေ့ရဘူး၊ အပြင်ကရောဂါအခြေအနေကို အမတို့ကိုတိတိကျကျimformation ပေးတာမရှိဘူး၊ လော့ဒေါင်းတွေပြန်ဖွင့်တော့ ထောင်ဝင်စာက နှစ်ပတ်တစ်ကြိမ်ပဲတွေ့ရတဲ့ပုံစံမျိုးဖြစ်သွားတယ်၊ ပါဆယ်ထုပ်၊ စားစရာသောက်စရာ ပို့တာကလည်း နှစ်ပတ်မှ တစ်ကြိမ်ပဲရတယ်၊ အဲ့တာကိုမှ အရေအတွက်ကန့်သတ်တာတွေလုပ်သေးတယ်၊ လာဘ်ပေးလာဘ်ယူကိစ္စတွေလဲအများကြီး ရှိတယ်”လို့ ဒေါင်းတို့မျိူးဆက်သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်ကပြောပါတယ်။

ခုလက်ရှိအကျဉ်းထောင်မှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ယောက်ျားလေး၃ယောက်နဲ့ မိန်းကလေး ၁ယောက်ကျန်နေသေးတယ်လို့လည်း သိရပါတယ် ။

“သူတို့ကိုလည်း အမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်။ အမတို့ ဒီလိုမျိုးတောင်းဆိုကြတယ် နိုင်ငံတကာမှာရော ပြည်တွင်းကလူတွေရော နိုင်ငံရေးအသိုင်းအဝိုင်းကလူတွေကပါတောင်းဆိုကြတယ်၊ လူ့အခွင့်အရေးတတ်ကြွလှုပ်ရှားသူတွေကပါ ဝိုင်းဝန်းတောင်းဆိုကြတယ်၊ ဒါ‌ကိုမှ အမတို့မလွတ်မြောက်ဖူး အမတောင်လျှော့ရက်စေ့လို့ပေါ့၊ အမတယောက်ဆိုရင်တစ်လလောက်ထပ်နေရအုံးမယ်။ ယောက်ျားလေး၃ယောက်ဆိုရင်နောက်ထပ်၃နှစ်လောက်နေရအုံးမယ်၊ အားလုံးကတောင်းဆိုနေတာကိုမှ မလွတ်သေးတဲ့အပြင်
နယ်ကအမှုတွေပါ ထပ်တိုးတာတော့ ဘယ်လိုပြောရမလဲပေါ့ “လို့ မဆုရတာမြင့်ကပြောပါတယ်။

ဒီလိုမျိုး သံချပ်တစ်ခုနဲ့ ထောင်၆နှစ်လောက်ကျမှာက ဘယ်လိုမှ မတရားဘူးလို့ခံစားရပြီး ဒီနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတဲ့ နိုင်ငံဖြစ်တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေက ထပ်ပြီးတော့မရှိသင့်တော့ဘူး ယူဆပါတယ်လို့ မဆုရတနာမြင့်ကပြောပါတယ်။

“လွပ်လပ်စွာပြောဆိုခွင့်က အမတို့နိုင်ငံမှာ လုံးဝကိုမရှိသေးဘူးလို့ အမတော့မြင်တယ်၊ အခြေခံလူ့အခွင့်အရေးလွပ်လပ်ခွင့် စာနယ်ဇင်းလွပ်လပ်ခွင့်တွေကလဲ ဒီမိုကရေစီအတွက်အရမ်းကိုအရေးပါတယ်” လို့ မဆုရတနာမြင့်ကပြောပါတယ်။

ဒီကနေ့ပြန်လွတ်လာတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်ဟာ ဗိုလ်တထောင်မြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅(က)၊ပုဒ်မ ၆၆(ဃ)တို့နဲ့ ထောင်ဒဏ် ၁နှစ်ခွဲ၊ မရမ်းကုန်းမြို့နယ်တရားရုံးမှ ပုဒ်မ ၆၆(ဃ)နဲ့ ထောင်ဒဏ် ၆လ ချမှတ်ခံခဲ့ရပြီး အင်းစိန်ထောင်မှာ ၁နှစ် ၃လနဲ့ ၂ရက်ကျခဲ့တာဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက်အသင်း၏အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ကိုဇော်လင်းထွဋ်(ခ)ဖိုးသားနဲ့ ကိုငြိမ်းချမ်းစိုး (ခ) ကိုချစ်ယုံတို့လည်း ပြန်လည်လွတ်မြောက်လာခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ(ထောင်ဒဏ်၆နှစ်)၊ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူ(ထောင်ဒဏ် ၅နှစ်ခွဲ)၊ မကေခိုင်ထွန်း(ထောင်ဒဏ် ၂နှစ်ခွဲ)တို့မှာ အင်းစိန်အကျဉ်းထောင်ထဲမှာပဲ အကျဉ်းကျနေဆဲ ဖြစ်ပါတယ်။

Photo -ဒေါင်းတို့မျိုးဆက်သံချပ်အသင်း
#voiceofmyanmar #VOM #မန္တလေး

Zawgyi

ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႕ဝင္ အမ်ိဳးသမီးတစ္ဦး အက်ဥ္းေထာင္ကေနလြတ္ေျမာက္

မႏၲေလး၊ ၾသဂုတ္ ၁၉-၂၀၂၀
မႉးသခင္(VOM)

၂၀၁၉ခုႏွစ္ ေမလ ၁၇ ရက္ေန႔ မွာ တပ္မေတာ္ရဲ႕တရားစြဲဆိုမႈေတြေၾကာင့္ ေထာင္ဒဏ္၂ႏွစ္ခ်မွတ္ခံထားရတဲ့ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အသင္းရဲ႕ အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ မဆုရတနာျမင့္ဟာ ဒီကေန႔မနက္ပိုင္းက အင္းစိန္ဗဟိုအက်ဥ္းေထာင္ကေန လြတ္ရက္ေစ့နဲ႔ျပန္လည္လြတ္ေျမာက္လာတာ ျဖစ္ပါတယ္။

“ေထာင္ထဲမွာေတာ့ အခက္အခဲေတြက အမ်ားႀကီးပါဘဲ အမတို႔ေထာင္ဝင္စာေတြ႕တဲ့အခါေတြ အက်ဥ္းေထာင္ထဲမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ဆက္ဆံတာေတြ အမ်ားႀကီးပါပဲ၊ ကိုဗစ္ကာလမွာ အက်ဥ္းသားေတြအတြက္ပိုဆိုးတယ္၊ အင္းစိန္ေလာ့ေဒါင္းခ်လိုက္ေတာ့ ေထာင္ဝင္စာေတြ ႏွစ္လေလာက္ပိတ္လိုက္တယ္၊ အဲ့ဒီ ႏွစ္လအတြင္း မိသားစုနဲ႔လုံ႔ဝမ‌ေတြ႕ ရဘူး၊ ဒီေတာ့ အကုန္လုံးကစိုးရိမ္ၾကတယ္၊ မိသားစုနဲ႔မေတြ႕ရဘူး၊ အျပင္ကေရာဂါအေျခအေနကို အမတို႔ကိုတိတိက်က်imformation ေပးတာမရွိဘူး၊ ေလာ့ေဒါင္းေတြျပန္ဖြင့္ေတာ့ ေထာင္ဝင္စာက ႏွစ္ပတ္တစ္ႀကိမ္ပဲေတြ႕ရတဲ့ပုံစံမ်ိဳးျဖစ္သြားတယ္၊ ပါဆယ္ထုပ္၊ စားစရာေသာက္စရာ ပို႔တာကလည္း ႏွစ္ပတ္မွ တစ္ႀကိမ္ပဲရတယ္၊ အဲ့တာကိုမွ အေရအတြက္ကန႔္သတ္တာေတြလုပ္ေသးတယ္၊ လာဘ္ေပးလာဘ္ယူကိစၥေတြလဲအမ်ားႀကီး ရွိတယ္”လို႔ ေဒါင္းတို႔မ်ိဴးဆက္သံခ်ပ္အဖြဲ႕ဝင္ မဆုရတနာျမင့္ကေျပာပါတယ္။

ခုလက္ရွိအက်ဥ္းေထာင္မွာ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ေယာက္်ားေလး၃ေယာက္နဲ႔ မိန္းကေလး ၁ေယာက္က်န္ေနေသးတယ္လို႔လည္း သိရပါတယ္ ။

“သူတို႔ကိုလည္း အျမန္ဆုံးလြတ္ေျမာက္ေစခ်င္ပါတယ္။ အမတို႔ ဒီလိုမ်ိဳးေတာင္းဆိုၾကတယ္ ႏိုင္ငံတကာမွာေရာ ျပည္တြင္းကလူေတြေရာ ႏိုင္ငံေရးအသိုင္းအဝိုင္းကလူေတြကပါေတာင္းဆိုၾကတယ္၊ လူ႔အခြင့္အေရးတတ္ႂကြလႈပ္ရွားသူေတြကပါ ဝိုင္းဝန္းေတာင္းဆိုၾကတယ္၊ ဒါ‌ကိုမွ အမတို႔မလြတ္ေျမာက္ဖူး အမေတာင္ေလွ်ာ့ရက္ေစ့လို႔ေပါ့၊ အမတေယာက္ဆိုရင္တစ္လေလာက္ထပ္ေနရအုံးမယ္။ ေယာက္်ားေလး၃ေယာက္ဆိုရင္ေနာက္ထပ္၃ႏွစ္ေလာက္ေနရအုံးမယ္၊ အားလုံးကေတာင္းဆိုေနတာကိုမွ မလြတ္ေသးတဲ့အျပင္
နယ္ကအမႈေတြပါ ထပ္တိုးတာေတာ့ ဘယ္လိုေျပာရမလဲေပါ့ “လို႔ မဆုရတာျမင့္ကေျပာပါတယ္။

ဒီလိုမ်ိဳး သံခ်ပ္တစ္ခုနဲ႔ ေထာင္၆ႏွစ္ေလာက္က်မွာက ဘယ္လိုမွ မတရားဘူးလို႔ခံစားရၿပီး ဒီႏိုင္ငံဟာ ဒီမိုကေရစီလမ္းေၾကာင္းကိုသြားေနတဲ့ ႏိုင္ငံျဖစ္တဲ့အတြက္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြက ထပ္ၿပီးေတာ့မရွိသင့္ေတာ့ဘူး ယူဆပါတယ္လို႔ မဆုရတနာျမင့္ကေျပာပါတယ္။

“လြပ္လပ္စြာေျပာဆိုခြင့္က အမတို႔ႏိုင္ငံမွာ လုံးဝကိုမရွိေသးဘူးလို႔ အမေတာ့ျမင္တယ္၊ အေျခခံလူ႔အခြင့္အေရးလြပ္လပ္ခြင့္ စာနယ္ဇင္းလြပ္လပ္ခြင့္ေတြကလဲ ဒီမိုကေရစီအတြက္အရမ္းကိုအေရးပါတယ္” လို႔ မဆုရတနာျမင့္ကေျပာပါတယ္။

ဒီကေန႔ျပန္လြတ္လာတဲ့ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ မဆုရတနာျမင့္ဟာ ဗိုလ္တေထာင္ၿမိဳ႕နယ္တရား႐ုံးမွ ပုဒ္မ ၅၀၅(က)၊ပုဒ္မ ၆၆(ဃ)တို႔နဲ႔ ေထာင္ဒဏ္ ၁ႏွစ္ခြဲ၊ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးမွ ပုဒ္မ ၆၆(ဃ)နဲ႔ ေထာင္ဒဏ္ ၆လ ခ်မွတ္ခံခဲ့ရၿပီး အင္းစိန္ေထာင္မွာ ၁ႏွစ္ ၃လနဲ႔ ၂ရက္က်ခဲ့တာျဖစ္ပါတယ္။

ေဒါင္းတို႔မ်ိဳးဆက္အသင္း၏အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ကိုေဇာ္လင္းထြဋ္(ခ)ဖိုးသားနဲ႔ ကိုၿငိမ္းခ်မ္းစိုး (ခ) ကိုခ်စ္ယုံတို႔လည္း ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီးျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ကိုပိုင္ၿဖိဳးမင္း(ခ)ဒီေရ(ေထာင္ဒဏ္၆ႏွစ္)၊ ကိုေဇယ်ာလြင္နဲ႔ ကိုပိုင္ရဲသူ(ေထာင္ဒဏ္ ၅ႏွစ္ခြဲ)၊ မေကခိုင္ထြန္း(ေထာင္ဒဏ္ ၂ႏွစ္ခြဲ)တို႔မွာ အင္းစိန္အက်ဥ္းေထာင္ထဲမွာပဲ အက်ဥ္းက်ေနဆဲ ျဖစ္ပါတယ္။

Photo -ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အသင္း
#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW