တရုတ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာ ရေကြီးရေလျှံမှုဖြစ်ပြီး လူပေါင်း တစ်သိန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း

တရုတ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာ ရေကြီးရေလျှံမှုဖြစ်ပြီး လူပေါင်း တစ်သိန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း

ပေကျင်း၊ သြဂုတ်-၁၉-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံရှိ ယန်ဇီမြစ်အထက်ပိုင်းမှာ ရေကြီးမြင့်လာမှုကြောင့် ဒေသခံတစ်သိန်းကျော်ကို အာဏာပိုင်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ပေးလိုက်ရပြီး နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နေရာကို ရေကြီးရေလျှံမှုတွေက ခြိမ်းခြောက်နေပါတယ်။

စီခွျှန်ပြည်နယ်အနောက်တောင်ပိုင်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုရှိ ၇၁ မီတာအရွယ်ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ကာကွယ်ဖို့အတွက် ပြည်နယ်တာဝန်ရှိသူတွေ၊ ရဲတပ်ဖွ့ဲဝင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေက သဲအိတ်တွေအသုံးပြု လုပ်ဆောင်နေကြပါတယ်။

ဒေသတွင်းမှာ ဒီလိုမြစ်ရေကြီးမှုတွေဟာ ၁၉၄၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။

ယန်ဇီမြစ်ရေကြီးမြင့်လာတာအပြင် မိုးသည်းထန်စွာရွာသွန်းမှု ဒဏ်ခံနေရတဲ့ စီခွျှမ်ပြည်နယ်ရဲ့ အရေးပေါ်တုံ့ပြန်မှုအဆင့်ကို သြဂုတ် ၁၈ ရက်မှာ အမြင့်ဆုံးအဆင့်ထိ တိုးမြင့်လိုက်ပါတယ်။

ယန်ဇီမြစ်စောင့်ကြည့်ရေး အစိုးရအဖွဲ့ကတော့ မြစ်ရေကြီးမှုအခြေအနေနဲ့ပတ်သက်ပြီး သြဂုတ် ၁၈ ရက်မှာ အရေးပေါ်အခြေအနေကြေညာလိုက်ပြီး မြစ်ရေကြီးမှုစောင့်ကြည့်ရေး အချို့စခန်းတွေမှာ စိုးရိမ်ရေမှတ်ထက် ငါးမီတာကျော်ထိ ရောက်ရှိဖွယ်ရှိတယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

တရုတ္ရိွ ကမၻာ႔ေရွးေဟာင္းအေမြအနွစ္ေနရာ ေရၾကီးေရလွ်ံမႈျဖစ္ၿပီး လူေပါင္း တစ္သိန္းေက်ာ္ ေဘးလြတ္ရာေရႊ႕ေျပာင္း

ေပက်င္း၊ ၾသဂုတ္-၁၉-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နိုင္ငံရိွ ယန္ဇီျမစ္အထက္ပိုင္းမွာ ေရၾကီးျမင္႔လာမႈေၾကာင္႔ ေဒသခံတစ္သိန္းေက်ာ္ကို အာဏာပို္င္ေတြက ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးလိုက္ရျပီး နွစ္ေပါင္း ၁၂၀၀ သက္တမ္းရိွ ကမၻာ႔ေရွးေဟာင္းအေမြအနွစ္ ေနရာကို ေရၾကိီးေရလွ်ံမႈေတြက ျခိမ္းေျခာက္ေနပါတယ္။

စီခႊ်န္ျပည္နယ္အေနာက္ေတာင္ပိုင္း ကမၻာ႔ေရွးေဟာင္းအေမြအနွစ္ေနရာတစ္ခုရိွ ၇၁ မီတာအရြယ္ရိွ ဗုဒၶရုပ္ပြားေတာ္ၾကီးကို ကာကြယ္ဖို႔အတြက္ ျပည္နယ္တာ၀န္ရိွသူေတြ၊ ရဲတပ္ဖြ႔ဲ၀င္ေတြနဲ႔ ေစတနာ႔၀န္ထမ္းေတြက သဲအိတ္ေတြအသံုးျပဳ လုပ္ေဆာင္ေနၾကပါတယ္။

ေဒသတြင္းမွာ ဒီလိုျမစ္ေရၾကီးမႈေတြဟာ ၁၉၄၉ ခုနွစ္ေနာက္ပိုင္း ပထမဆံုးအၾကိမ္ျဖစ္တယ္လို႔ စီစီတီဗီသတင္းဌာနက ေဖာ္ျပထားပါတယ္။

ယန္ဇီျမစ္ေရၾကီးျမင္႔လာတာအျပင္ မိုးသည္းထန္စြာရြာသြန္းမႈ ဒဏ္ခံေနရတဲ႔ စီခႊ်မ္ျပည္နယ္ရဲ႕ အေရးေပၚတံု႕ျပန္မႈအဆင္႔ကို ၾသဂုတ္ ၁၈ ရက္မွာ အျမင္႔ဆံုးအဆင္႔ထိ တိုးျမင္႔လိုက္ပါတယ္။

ယန္ဇီျမစ္ေစာင္႔ၾကည္႔ေရး အစိုးရအဖြဲ႔ကေတာ႔ ျမစ္ေရၾကီးမႈအေျခအေနနဲ႔ပတ္သက္ျပီး ၾသဂုတ္ ၁၈ ရက္မွာ အေရးေပၚအေျခအေနေၾကညာလိုက္ျပီး ျမစ္ေရၾကီးမႈေစာင္႔ၾကည္႔ေရး အခ်ိဳ႕စခန္းေတြမွာ စိုးရိမ္ေရမွတ္ထက္ ငါးမီတာေက်ာ္ထိ ေရာက္ရိွဖြယ္ရိွတယ္လို႔ ေျပာဆိုထားတာျဖစ္ပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW