COVID -19 ရောဂါထိန်းချုပ်ရေးအတွက် စစ်ကိုင်းမြို့အတွင်း ဈေးလာဝယ်မယ့်သူတွေကို ကန့်သတ်မှုတွေပြုလုပ်

COVID -19 ရောဂါထိန်းချုပ်ရေးအတွက် စစ်ကိုင်းမြို့အတွင်း ဈေးလာဝယ်မယ့်သူတွေကို ကန့်သတ်မှုတွေပြုလုပ်

အောက်တိုဘာ ၁၄ -၂၀၂၀
မောင်တာရာ (VOM)

ဧရာဝတီမြစ်လယ်မှာ ကျောက်ချရပ်နားထားတဲ့ မော်တော်ရေယာဉ်၊ ကုန်တင်သင်္ဘောတွေဆီက စက်လှေတွေနဲ့ စစ်ကိုင်းမြို့အတွင်း ဈေးဝယ်လာမယ့်သူတွေကို COVID -19 ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ဒီကနေ့ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ကန့်သတ်မှုတွေ ပြုလုပ်နေပါတယ်။

အဲ့ဒီကန့်သတ်မှုတွေကတော့ စစ်ကိုင်းမြို့အတွင်း ဈေးဝယ်လာမယ့် စက်လှေတွေဟာ ဧရာဝတီတံတား(ရတနာပုံ)အရှေ့ဘက် စစ်ကိုင်းမြို့၊ ‌တကောင်းသစ်ဆိပ်မှာပဲ ဆိုက်ကပ်ရမှာဖြစ်ပြီး စက်လှေတစ်စီးကို လူနှစ်ဦးနှုန်းသာ လာရောက်ဈေးဝယ်ခွင့်ပြုကာ ဈေးဝယ်ချိန်ကိုလည်း မနက် ၆ နာရီခွဲကနေ ၈ နာရီခွဲအထိသာ အချိန်ပေးထားတာဖြစ်ပါတယ်။

”သူတို့က ရေလယ်မှာကျောက်ချနေကြတယ်၊ အခု ရွှေကြက်ယက်ဘက်ကလည်း ဈေးဝယ်လို့မရတော့၊ သူတို့တွေက စက်လှေတွေနဲ့လာပြီး စစ်ကိုင်းဘက်ခြမ်းမှာ ဟိုဆိပ်ကမ်းကပ် ဒီဆိပ်ကမ်းကပ်နဲ့ ကပ်ပြီး ဈေးဝယ်ကြတော့ မြို့သူမြို့သားတွေအနေနဲ့လည်း လက်မခံကြတော့၊ မြို့နယ်မှာ အစည်းအဝေးထိုင်ပြီး မြို့နယ်က ညွှန်ကြားချက်နဲ့ အခု ကျွန်တော်တို့ တကောင်းရပ်၊ စိန်းကုန်ရပ်၊ ထုံးဘိုရပ်က အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသအရန်မီးသတ်တပ်ဖွဲ၊ ကြက်ခြေနီတွေနဲ့က လာတဲ့သူတွေကို အမည်စာရင်းကောက်ယူတာ၊ ဖုန်းနံပါတ်ယူတာတွေလုပ်ဆောင်နေပါတယ်။ ဈေးဝယ်ပြီပြန်ရင်လည်း ကျွန်တော်တို့ဆီ အကြောင်းကြားရမှာဖြစ်ပါတယ် ”လို့ တကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဟန်ရှိန်က ပြောပါတယ်။

ဧရာဝတီမြစ်လယ်မှာ ကျောက်ချရပ်နားထားတဲ့ မော်တော်ရေယာဉ်၊ကုန်တင်သင်္ဘောတွေဆီမှာနေထိုင်တဲ့သူတွေအနေနဲ့ COVID -19 ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ကန့်သတ်မှုတွေကို သိရှိနိုင်ဖို့အတွက် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာန နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)တို့ပူးပေါင်းပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရေယာဉ်နဲ့ ဧရာဝတီမြစ်အတွင်း Hand speakerနဲ့ လိုက်လံအသိပေးနိူးဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

”ရွှေကြက်ယက်မှာ ဈေးရောင်းတာတွေမရှိတော့ မြစ်လယ်မှာရှိတဲ့ သင်္ဘောတွေ မော်တော်ရေယာဉ်တွေက နေ့စဉ် အများကြီးပဲ တွေ့တဲ့နေရာရပ်နားပြီး ဈေးလာဝယ်ကြတယ်။ ကျွန်တော်တိုက မလာဖို့တော့ မဟုတ်ပါဘူး၊ COVID -19 ရောဂါပိုးကူးစက်မှုမရှိအောင် အတတ်နိုင်ဆုံး အဟန့်အတားတစ်ခုလုပ်တဲ့အနေနဲ့ သတ်မှတ်တဲ့နေရာကဝင်ဖို့၊ စနစ်တ ကျ နာမည်စာရင်းကောက်တယ်။ နှာခေါင်းစည်း MASK ပေးတယ်။ ဖြစ်လာရင် ဆက်သွယ်ဆောင်ရွက်လို့ရအောင် ဖုန်းနံပါတ်တွေယူထားတယ်။ အဓိကရည်ရွယ်ချက်ကတော့ COVID -19 ကူးစက်မှုမရှိအောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တာပါ”လို့ စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းကပြောပါတယ်။

ဈေးလာဝယ်မယ့် စက်လှေတွေအနေနဲ့ သတ်မှတ်ထားတဲ့ တကောင်းဆိပ်ကမ်းမှာသာ ရပ်နားပြီး စီစစ်စစ်‌ဆေးမှုများပြုလုပ်ပြီးမှသာ စစ်ကိုင်းမြို့ကို အဝင်ခံမှာဖြစ်ပြီး ဈေးဝယ်လာမယ့် စက်လှေတွေအနေနဲ့ သတ်မှတ်ထားတဲ့နေရာကို မဆိုက်ကပ်ဘဲ အခြားနေရာတွေကို ဆိုက်ကပ် ဈေးဝယ်မယ်ဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ နဲ့ အရေးယူသွားမှာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ကိုဗစ်

Zawgyi

COVID -19 ေရာဂါထိန္းခ်ုပ္ေရးအတြက္ စစ္ကုိင္းၿမဳိ႕အတြင္း ေစ်းလာဝယ္မယ့္သူေတြကုိ ကန့္သတ္မႈေတြၿပဳလုပ္

ေအာက္တုိဘာ ၁၄ -၂၀၂၀
ေမာင္တာရာ (VOM)

ဧရာ၀တီျမစ္လယ္မွာ ေက်ာက္ခ်ရပ္နားထားတဲ့ ေမာ္ေတာ္ေရယာဥ္၊ ကုန္တင္သေဘၤာေတြဆီက စက္ေလွေတြနဲ့ စစ္ကုိင္းၿမဳိ႕အတြင္း ေဈး၀ယ္လာမယ့္သူေတြကုိ COVID -19 ေရာဂါထိန္းခ်ုပ္ကာကြယ္ေရးအတြက္ ဒီကေန႔ ေအာက္တုိဘာ ၁၄ ရက္ေန႕ကစၿပီး ကန္႔သတ္မႈေတြ ၿပဳလုပ္ေနပါတယ္။

အဲ့ဒီကန္႕သတ္မႈေတြကေတာ့ စစ္ကုိင္းၿမိဳ႔အတြင္း ေဈး၀ယ္လာမယ့္ စက္ေလွေတြဟာ ဧရာ၀တီတံတား(ရတနာပုံ)အေရွ႕ဘက္ စစ္ကိုင္းၿမိဳ့၊ ‌တေကာင္းသစ္ဆိပ္မွာပဲ ဆိုက္ကပ္ရမွာၿဖစ္ျပီး စက္ေလွတစ္စီးကုိ လူႏွစ္ဦးႏႈန္းသာ လာေရာက္ေစ်းဝယ္ခြင့္ၿပဳကာ ေစ်းဝယ္ခ်ိန္ကုိလည္း မနက္ ၆ နာရီခြဲကေန ၈ နာရီခြဲအထိသာ အခ်ိန္ေပးထားတာျဖစ္ပါတယ္။

”သူတုိ့က ေရလယ္မွာေက်ာက္ခ်ေနၾကတယ္၊ အခု ေရႊျကက္ယက္ဘက္ကလည္း ေစ်းဝယ္လုိ့မရေတာ့၊ သူတုိ့ေတြက စက္ေလွေတြနဲ့လာၿပီး စစ္ကုိင္းဘက္ၿခမ္းမွာ ဟုိဆိပ္ကမ္းကပ္ ဒီဆိပ္ကမ္းကပ္နဲ့ ကပ္ျပီး ေစ်းဝယ္ၾကေတာ့ ၿမဳိ႕သူၿမိဳ႔သားေတြအေနနဲ့လည္း လက္မခံႀကေတာ့၊ ၿမဳိ႕နယ္မွာ အစည္းအေဝးထုိင္ျပီး ၿမဳိ႕နယ္က ညႊန္ႀကားခ်က္နဲ့ အခု ကြ်န္ေတာ္တုိ႔ တေကာင္းရပ္၊ စိန္းကုန္ရပ္၊ ထုံးဘုိရပ္က အုပ္ခ်ုပ္ေရးမွဴးေတြနဲ့ ေဒသအရန္မီးသတ္တပ္ဖြဲ၊ ႀကက္ေျခနီေတြနဲ့က လာတဲ့သူေတြကုိ အမည္စာရင္းေကာက္ယူတာ၊ ဖုန္းနံပါတ္ယူတာေတြလုပ္ေဆာင္ေနပါတယ္။ ေစ်းဝယ္ျပီၿပန္ရင္လည္း ကြ်န္ေတာ္တုိ့ဆီ အေႀကာင္းႀကားရမွာၿဖစ္ပါတယ္ ”လို႔ တေကာင္းရပ္ကြက္အုပ္ခ်ုပ္ေရးမွဴး ဦးဟန္ရွိန္က ေျပာပါတယ္။

ဧရာ၀တီျမစ္လယ္မွာ ေက်ာက္ခ်ရပ္နားထားတဲ့ ေမာ္ေတာ္ေရယာဥ္၊ကုန္တင္သေဘၤာေတြဆီမွာေနထုိင္တဲ့သူေတြအေနနဲ႔ COVID -19 ေရာဂါထိန္းခ်ုပ္ကာကြယ္ေရးအတြက္ ကန့္သတ္မႈေတြကုိ သိရွိႏုိင္ဖို႔အတြက္ ေအာက္တုိဘာလ ၁၃ ရက္ေန႕ ညေနပုိင္းက စစ္ကိုင္းခရိုင္မီးသတ္ဦးစီးဌာန နဲ့ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)တို့ပူးေပါင္းၿပီး အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ေရယာဥ္နဲ႕ ဧရာ၀တီျမစ္အတြင္း Hand speakerနဲ႔ လိုက္လံအသိေပးနိူးေဆာ္မွုေတြ ၿပဳလုပ္ခဲ့ပါတယ္။

”ေရႊႀကက္ယက္မွာ ေစ်းေရာင္းတာေတြမရွိေတာ့ ျမစ္လယ္မွာရွိတဲ့ သေဘၤာေတြ ေမာ္ေတာ္ေရယာဥ္ေတြက ေန႔စဥ္ အမ်ားႀကီးပဲ ေတြ႕တဲ့ေနရာရပ္နားၿပီး ေစ်းလာဝယ္ႀကတယ္။ ကြ်န္ေတာ္တုိက မလာဖုိ့ေတာ့ မဟုတ္ပါဘူး၊ COVID -19 ေရာဂါပုိးကူးစက္မႈမရွိေအာင္ အတတ္ႏုိင္ဆုံး အဟန့္အတားတစ္ခုလုပ္တဲ့အေနနဲ့ သတ္မွတ္တဲ့ေနရာကဝင္ဖုိ့၊ စနစ္တ က် နာမည္စာရင္းေကာက္တယ္။ ႏွာေခါင္းစည္း MASK ေပးတယ္။ ၿဖစ္လာရင္ ဆက္သြယ္ေဆာင္ရြက္လို႕ရေအာင္ ဖုန္းနံပါတ္ေတြယူထားတယ္။ အဓိကရည္ရြယ္ခ်က္ကေတာ့ COVID -19 ကူးစက္မႈမရွိေအာင္ႀကိဳတင္ကာကြယ္တဲ့အေနနဲ့ လုပ္ေဆာင္တာပါ”လို႔ စစ္ကုိင္းၿမဳိ႕နယ္အုပ္ခ်ုပ္ေရးမွဴး ဦးေက်ာ္ခုိင္ထြန္းကေျပာပါတယ္။

ေစ်းလာဝယ္မယ့္ စက္ေလွေတြအေနနဲ့ သတ္မွတ္ထားတဲ့ တေကာင္းဆိပ္ကမ္းမွာသာ ရပ္နားျပီး စီစစ္စစ္‌ေဆးမွုမ်ားျပဳလုပ္ၿပီးမွသာ စစ္ကိုင္းၿမိဳ့ကို အဝင္ခံမွာၿဖစ္ျပီး ေဈးဝယ္လာမယ့္ စက္ေလွေတြအေနနဲ့ သတ္မွတ္ထားတဲ့ေနရာကို မဆိုက္ကပ္ဘဲ အျခားေနရာေတြကို ဆိုက္ကပ္ ေစ်းဝယ္မယ္ဆုိရင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမွုဥပေဒ နဲ့ အေရးယူသြားမွာျဖစ္တယ္လို႔ စစ္ကိုင္းၿမိဳ့နယ္ေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကေန သိရပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း #ကိုဗစ္

Related posts

Leave a Comment

VOM News

FREE
VIEW