မန္တလေးဆေးရုံကြီးမှာ အနံ့ပျောက်လူနာတွေ သီးခြားထားဖို့ပြင်ဆင်

မန္တလေးဆေးရုံကြီးမှာ အနံ့ပျောက်လူနာတွေ သီးခြားထားဖို့ပြင်ဆင် အောက်တိုဘာ ၁၄-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ အနံ့ပျောက်လူနာတွေ သီးသန့်ထားရှိဖို့ ပြင်ဆင်ထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။ ဆေးရုံကြီးကိုလာရောက်ပြသတဲ့လူနာတွေထဲက ကိုဗစ်ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာရှိသူတွေကို သံသယလူနာအဖြစ် သီးသန့်စောင့်ကြည့်ရာမှာ အနံ့ပျောက်လူနာတွေမှာ ကိုဗစ်ပိုးတေ့ွရှိမှုများနေတာဖြစ်တယ်လို့ သိရပါတယ်။ “အနံ့ပျောက်လူနာမဟုတ်ဘဲ သံသယလူနာအဖြစ်ထားထားတဲ့သူတွေမှာက ပိုးတွေ့ဖို့ အဲလောက်မများဘူး။ အနံ့ပျောက်သူကတော့ တစ်ရာမှာ ရှစ်ဆယ်လောက်က positive(ပိုးတွေ့ရှိ) ဖြစ်တာတွေ့ရတယ်”လို့ ဒေါက်တာစုစုဒွေးက ပြောပါတယ်။ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို လာရောက်ကုသသူတွေထဲမှာ ကိုဗစ် ပိုးတွေ့လူနာနဲ့ ဆက်စပ်သူ၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး၊ ပြင်းထန်အဆုပ်ရောင်ရောဂါလက္ခဏာရှိသူ၊ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ် စတဲ့ရောဂါအခံရှိသူတွေဖြစ်ပြီး ပြင်းပြင်းထန်ထန်ဖျားနာသူ၊ အနံ့ပျောက်သူတွေကို ကိုဗစ် ၁၉ သံသယလူနာအဖြစ် ခွဲခြားစောင့်ကြည့်နေတာဖြစ်ပါတယ်။ ကိုဗစ် ဒုတိယလှိုင်းဖြစ်တဲ့ သြဂုတ်လနောက်ပိုင်း စောင့်ကြည့်လူနာများအနက် ၆၆ ယောက်မှာ ကိုဗစ်ပိုးတေ့ွရှိခဲ့ပြီး ၅၆…

Read More

နှစ်ပေါင်း ၅၀ ခန့်အတွင်း ကိုကိုးကျွန်းမှာ ပထမအကြိမ် ဆန္ဒပြမှုပြုလုပ်ခဲ့

နှစ်ပေါင်း ၅၀ ခန့်အတွင်း ကိုကိုးကျွန်းမှာ ပထမအကြိမ် ဆန္ဒပြမှုပြုလုပ်ခဲ့ အောက်တိုဘာ ၁၄-၂၀၂၀ ယဉ်ပပထွန်း ( VOM ) ရန်ကုန်ကနေ အောက်တိုဘာ ၁၈ ရက်နေ့ ထွက်ခွာလာမယ့် ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောမှာ လူဦးရေ ၇၆ ဦးခန့်လိုက်ပါမှာကို ကိုကိုကျွန်းဒေသခံတွေက လူတွေ မလိုက်လာစေဖို့အတွက် မနေ့ အောက်တိုဘာ ၁၃ရက်နေ့က ဒေသခံ ၅၀ခန့် ဆန္ဒပြမှုပြုလုပ်ခဲ့ကြပါတယ်။ ကိုကိုကျွန်းဒေသမှာ နှစ်ပေါင်း ၅၀ ခန့်အတွင်း ပထမအကြိမ် လူအင်အားနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့လည်း ကိုကိုးကျွန်းမြို့နယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က VOM ကိုပြောပါတယ် ။ ကိုကိုးကျွန်းကိုရောက်လာမယ့် ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောမှာ လိုက်ပါမယ်လူတွေဟာ ဆိုလာစီမံကိန်းအတွက်လုပ်ကိုင်မယ့် အလုပ်သမား ၊ ဝန်ထမ်းနဲ့ ဒေသခံတွေပါ ပါနေတယ်လို့သိရပါတယ်။ ” ကျွန်တော်တို့ဆီမှာက ရောဂါကင်းရှင်းတဲ့နယ်မြေမှာ သင်္ဘောက ခရီးသည်တွေပါလာမယ်ဆိုတော့…

Read More

ရွှေဘိုမြို့နယ်က မူးဘောင်ကျောက်ချောလမ်းစီမံကိန်းမှာ သက်တမ်းရင့်သစ်ပင်ကြီးတွေခုတ်လှဲမှုတွေကြောင့် ဒေသခံတွေ အွန်လိုင်းမှာ လက်မှတ်ထိုးလှုပ်ရှားမှုလုပ်

ရွှေဘိုမြို့နယ်က မူးဘောင်ကျောက်ချောလမ်းစီမံကိန်းမှာ သက်တမ်းရင့်သစ်ပင်ကြီးတွေခုတ်လှဲမှုတွေကြောင့် ဒေသခံတွေ အွန်လိုင်းမှာ လက်မှတ်ထိုးလှုပ်ရှားမှုလုပ် မန္တလေး- အောက်တိုဘာ၊ ၁၄ – ၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ မုဆိုးခြုံမြောင်းခွဲက မူးဘောင်လို့ လူသိများတဲ့ ရွှေဘိုကနေ ခင်ဦးန့ရေဦးဖက်ကို ဖြတ်သွားတဲ့ ကျောက်ချောလမ်းစီမံကိန်းမှာ သက်တမ်းရင့်သစ်ပင်ကြီးတွေခုတ်လှဲရမှာကြောင့် ဒေသခံတွေက အွန်လိုင်းကနေ လက်မှတ်စုပြီး ကန့်ကွက်နေကြပါတယ်။ အဲ့ဒီလိုကန့်ကွက်မှုတွေကို အွန်လိုင်းကန်ပိန်းနဲ့ ပြုလုပ်သွားမှာဖြစ်ပြီး တိုင်းအစိုးရကို မတင်ပြဘဲ JICA ကို တိုက်ရိုက်တင်ပြသွားမယ်လို့ ဒေသခံဖြစ်တဲ့ မစုကပြောပါတယ်။ “ကျနော်တို့ဘက်မှာက နွေရာသီဆိုလို့ရှိရင် ဆည်ရေပေးတဲ့ဟာက အဲ့ဒီချောင်းကသွားတယ်၊ ရေအရမ်းရှားတော့ အဲ့ဘေးမှာတွေသွားပြီး ရေးချိုးခဲ့ရတာတွေရှိတယ်၊ အဝတ်လျှော်တာတွေလည်း အဲ့မှာဘဲလုပ်ရတယ်၊ ပျော်တတ်တဲ့မိသားစုဆိုရင် ထမင်းချိုင့်သယ်လာပေါ့နော် အဲ့လမ်းမှာ အဲ့လိုမျိုးလုပ်တဲ့အလေ့လည်းရှိတယ်၊ အခုကကျတော့ လမ်းချဲ့ချင်တာ ၁၈ ပေလမ်းလို့ပြောတယ်။ အဲ့ဒါသူတို့က ဒီလမ်းကို ကုန်ထုတ်လမ်းဆိုပြီးပြန်ချဲ့တာ အဲ့တာကြောင့်မို့ အပင်တွေအများကြီးခုတ်မယ့်ဟာကို ကျနော်တို့ကတားတာပေါ့နော် လုံးဝအခုတ်ရဘူးလို့လည်းမဟုတ်ဘူး…

Read More

ပုဗ္ဗသီရိမြို့နယ်မှာ ပစ္စည်းလုပြီး လူသတ်မှုဖြစ်စဉ်က တရားခံကို ဖမ်းမိ

ပုဗ္ဗသီရိမြို့နယ်မှာ ပစ္စည်းလုပြီး လူသတ်မှုဖြစ်စဉ်က တရားခံကို ဖမ်းမိ အောက်တိုဘာ ၁၄-၂၀၂၀ တာတီး(VOM) နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်းကြီးစုကျေးရွာ၊ သပြေလမ်းက နေအိမ်တစ်အိမ်မှာ မီးခံသေတ္တာအတွင်းက လက်ဝတ်ရတနာတွေကို လုယက်သွားပြီး နေအိမ်မှာရှိတဲ့ အမျိုးသမီးကို သတ်သွားခဲ့တဲ့ဖြစ်စဉ် စက်တင်ဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အခုလို လူသတ်မှုကျူးလွန်ခဲ့သူကို ဒီကနေ့ အောက်တိုဘာ ၁၄ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူဟာ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ” ဖမ်းဆီးရမိတဲ့ဖြစ်စဉ်ကတော့ လူသတ်သတ်မှုဖြစ်စဉ်မှာ ရွှေထည်ပစ္စည်းတွေပါသွားတယ်၊ ဘယ်လိုဖြစ်ဖြစ်ရောင်းလိမ့်မယ်ဆိုတဲ့ကြိုတင်ခန့်မှန်းချက်အရ နေပြည်တော်က ရွှေဆိုင်တွေမှာ စောင့်ကြည့်နေတဲ့အချိန် မသင်္ကာဖွယ်ရာအပြုအမှုနဲ့ ရွှေထည်ပစ္စည်းတွေ လာရောက်ရောင်းချချိန် ခေါ်ယူစစ်ဆေးရာကနေ ဖမ်းဆီးရမိတာဖြစ်တယ်၊ ရဲလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေတယ်”လို့ ရဲတပ်ဖွဲဝင်တစ်ဦးကပြောပါတယ်။ အသတ်ခံရတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ နေအိမ်ကို ပြန်လာချိန် နေအိမ်ခြံရှေ့ တံခါးဝမှာ သွေးကွက်တွေကိုတွေ့ရှိခဲ့ရပြီး…

Read More

AA နဲ့ အစိုးရတပ်မတော် ရသေ့တောင်မြို့နယ်အတွင်းက တိုက်ပွဲအခြေအနေ

AA နဲ့ အစိုးရတပ်မတော် ရသေ့တောင်မြို့နယ်အတွင်းက တိုက်ပွဲအခြေအနေ နေပြည်တော်၊ အောက်တိုဘာ – ၁၄-၂၀၂၀ တာတီး (VOM) AA တပ်ဖွဲ့ဝင်တွေဟာ ရသေ့တောင်မြို့နယ်၊ ထီးဆွဲကျေးရွာအနီးက စိုးမိုးကုန်းနေရာတွေမှာ အခိုင်အမာနေရာယူပြီး လမ်းပန်း ဆက်သွယ်မှုဖြတ်တောက်ပြီး၊ ရေယာဉ်တွေကို မကြာခဏပစ်ခတ်နေပြီး ခြိမ်းခြောက်နေတာကြောင့် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့သတင်းကို အောက်တိုဘာ ၄ ရက်နေ့ညပိုင်းမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို VOM ကဆက်သွယ်မေးကြည့်တော့ “ကျနော်တို့သတင်းထုတ်ပြန်ထားတဲ့အတိုင်းပါဘဲ ရသေ့တောင်နဲ့ပတ်သက်လို့ သူတို့ကလမ်းပမ်းဆက်သွယ်မှုဖြတ်တောက်ထားတာပေါ့ အဲ့ဒါကို ကျနော်တို့က သိမ်းလိုက်တယ်၊ သူတို့က အင်အားအလုံးအရင်းနဲ့ ပြန်တိုက်တော့ အင်အားပြန်စုစည်းဖို့အတွက် နောက်ကိုဆုတ်ပြီးတော့ သူတို့ကို ပြန်ကိုင်ထားလိုက်တယ်၊ AA ဘက်ကတပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ ၅ ဦးနဲ့ တပ်ဖွဲ့ဝင် အင်အား ၁၀၀…

Read More

အာဖဂန် စစ်ဘက်ရဟတ်ယာဉ်နှစ်စင်း လေထဲမှာတိုက်မိ ၊ လူ ၁၅ ဦးသေဆုံး

အာဖဂန် စစ်ဘက်ရဟတ်ယာဉ်နှစ်စင်း လေထဲမှာတိုက်မိ ၊ လူ ၁၅ ဦးသေဆုံး ကဘူး၊ အောက်တိုဘာ-၁၄-၂၀၂၀ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟမ်လ်မန်ပြည်နယ်ရှိ နာဝါခရိုင်မှာ အောက်တိုဘာ ၁၃ ရက်ညပိုင်းက အာဖဂန်စစ်ဘက်ရဟတ်ယာဉ်နှစ်စင်း တိုက်မိတာကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲ့ဒီမတော်တဆမှုဟာ ပြည်နယ်မြို့တော် လာရှ်ခါဂါရဲ့အနောက်တောင်ဘက် နာဝါခရိုင်မှာဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ပြောပါတယ်။ ဆိုဗီယက်ခေတ်က ထုတ်လုပ်ထားတဲ့ Mi-17 ရဟတ်ယာဉ်နှစ်စင်းဟာ နာဝါခရိုင်မှာ ဆင်းသက်ဖို့ကြိုးစားစဉ် နည်းပညာချို့ယွင်းမှုကြောင့် တိုက်မိခဲ့တယ်လို့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီပြည်နယ်မှာ ဒေသခံစစ်သွေးကြွတွေနဲ့ အိမ်နီးချင်းပြည်နယ်တွေက တာလီဘန်အဖွဲ့တွေ ပူးပေါင်းပြီး လာရှ်ခါဂါမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေပြီးနောက် ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ အာဖဂန်အစိုးရတပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ စက်တင်ဘာ ၂၄ ရက်ကလည်း အာဖဂန်လေတပ် ရဟတ်ယာဉ်တစ်စင်းဟာ နည်းပညာချို့ယွင်းမှုကြောင့်…

Read More

မဲဆန္ဒရှင်တွေ ဘာ့ကြောင့် ရွေးကောက်ပွဲကျင်းပမယ့်နေ့နဲ့ မဲထည့်ရမယ့်ကိုယ်စားလှယ်တွေကို မသိကြသလဲ?

မဲဆန္ဒရှင်တွေ ဘာ့ကြောင့် ရွေးကောက်ပွဲကျင်းပမယ့်နေ့နဲ့ မဲထည့်ရမယ့်ကိုယ်စားလှယ်တွေကို မသိကြသလဲ?   မန္တလေး-အောက်တိုဘာ၁၄-၂၀၂၀ ဆွေလင်းထွန်း+နေလင်း     ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ၂၅ ရက်သာ လိုတော့တဲ့အချိန်မှာ မန္တလေးမြို့က မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ရှိမရှိ၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အသိပညာ မည်မျှရှိသလဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာဘယ်လို အစိုးရမျိုးကို လိုလားသလဲ စတဲ့ အချက်တွေကို သိရှိနိုင်ဖို့ မန္တလေးမြို့ပေါ်မှာရှိတဲ့ မြို့ဟောင်းဈေး၊ ၄၁လမ်း ကုန်စိမ်းတန်းညဈေး၊ ရာသီစာပုရစ်ဈေးတို့က ဈေးသည်၊ ဈေးဝယ်တွေကို Voice Of Myanmar (VOM)က စစ်တမ်းတခု ကောက်ယူခဲ့ပါတယ်။   ဒီစစ်တမ်းမှာ တိတိကျကျပါဝင်ဖြေဆိုသူ ၆၆ ဦးရှိပြီး အမျိုးသား ၁၀ဦးနဲ့ အမျိုးသမီး ၅၆ ဦးတို့ ဖြစ်ပါတယ်။ ဒီထဲမှာ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုသိသူက လေးပုံတပုံလောက်ကပဲ သိပြီး မိမိဆန္ဒနယ်က…

Read More

အိမ်သာကျင်းထဲကဖုန်းကိုဆယ်ယူတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖ အပါအဝင် လူ ၃ ယောက် အိမ်သာကျင်းထဲပြုတ်ကျသေဆုံး

အိမ်သာကျင်းထဲကဖုန်းကိုဆယ်ယူတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖ အပါအဝင် လူ ၃ ယောက် အိမ်သာကျင်းထဲပြုတ်ကျသေဆုံး အောက်တိုဘာ ၁၄-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကြို့ပင်ရွာက နေအိမ်တစ်ခုမှာ အိမ်သာကျင်းထဲ ပြုတ်ကျသွားတဲ့ဖုန်းကို ပြန်ဆယ်ယူရာမှာ လူ ၃ ယောက် အိမ်သာကျင်းထဲပြုတ်ကျ သေဆုံး သွားတယ်လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” ဆားဗစ်ကျင်းထဲက ဖုန်းကိုပြန်ဆယ်ယူရင်း ဆယ်တဲ့သူတွေပါ အောက်စီဂျင်ပြတ်ပြီး ဆားဗစ်ကျင်းထဲကို ပြုတ်ကျသေဆုံးတာပါ ၊ ဖြစ်စဉ်က အောက်တိုဘာ ၁၂ ရက်နေ့ည ၁၀ နာရီမှာဖြစ်တယ်၊ ပထမလူနဲ့ ဒုတိယလူက အဲ့ဒီနေ့မှာ ဆုံးတယ် ၊ ကျန်တစ်ယောက် တတိယလူကတော့ မနေ့ကမှ ထပ်ဆုံးတယ်” လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက ပြောပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့ည ၉ နာရီခွဲ…

Read More

တောင်ကုတ်မြို့နယ်က NLD အမတ်လောင်း (၃) ဦး ပျောက်ဆုံးနေ

တောင်ကုတ်မြို့နယ်က NLD အမတ်လောင်း (၃) ဦး ပျောက်ဆုံးနေ အောက်တိုဘာ ၁၄- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ တောင်ကုတ်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်(အမတ်လောင်း(၃) ဦးကို ဒီကနေ့ အောက်တိုဘာလ ၁၄ ရက် နေ့လည်ပိုင်း ၁၂ နာရီလောက်က အမည်မသိအဖွဲ့တစ်ခုက ဖမ်းဆီးသွားကြောင်းနဲ့ လက်ရှိအချိန်အထိ သတင်းအစအန မရရှိသေးဘူးလို့ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အတွင်းရေးမှူး၊ လက်ရှိ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ ဦးခင်ရီက အတည်ပြုပြောပါတယ်။ အမည်မသိ အဖွဲ့တစ်ခုက ဖမ်းဆီးသွားတဲ့ တောင်ကုတ်မြို့နယ်က လွှတ်တော်အမတ်လောင်း (၃) ဦးမှာ တောင်ကုတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမြင့်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ် လက်ရှိ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်တို့ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ပျောက်ဆုံးနေတဲ့ လွှတ်တော်အမတ်လောင်းတွေဟာ ဒီကနေ့ အောက်တိုဘာလ ၁၄…

Read More

မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ချမ်းမြသာစည်မြို့နယ်)

မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ချမ်းမြသာစည်မြို့နယ်) မန္တလေး- အောက်တိုဘာ ၁၄-၂၀၂၀ ဆွေလင်းထွန်း+နေလင်း (VOM) ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့…

Read More
VOM News

FREE
VIEW