ရွှေဘိုမြို့နယ်က မူးဘောင်ကျောက်ချောလမ်းစီမံကိန်းမှာ သက်တမ်းရင့်သစ်ပင်ကြီးတွေခုတ်လှဲမှုတွေကြောင့် ဒေသခံတွေ အွန်လိုင်းမှာ လက်မှတ်ထိုးလှုပ်ရှားမှုလုပ်

ရွှေဘိုမြို့နယ်က မူးဘောင်ကျောက်ချောလမ်းစီမံကိန်းမှာ သက်တမ်းရင့်သစ်ပင်ကြီးတွေခုတ်လှဲမှုတွေကြောင့် ဒေသခံတွေ အွန်လိုင်းမှာ လက်မှတ်ထိုးလှုပ်ရှားမှုလုပ်

မန္တလေး- အောက်တိုဘာ၊ ၁၄ – ၂၀၂၀
ရှိုင်းအောင်(VOM)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ မုဆိုးခြုံမြောင်းခွဲက မူးဘောင်လို့ လူသိများတဲ့ ရွှေဘိုကနေ ခင်ဦးန့ရေဦးဖက်ကို ဖြတ်သွားတဲ့ ကျောက်ချောလမ်းစီမံကိန်းမှာ သက်တမ်းရင့်သစ်ပင်ကြီးတွေခုတ်လှဲရမှာကြောင့် ဒေသခံတွေက အွန်လိုင်းကနေ လက်မှတ်စုပြီး ကန့်ကွက်နေကြပါတယ်။

အဲ့ဒီလိုကန့်ကွက်မှုတွေကို အွန်လိုင်းကန်ပိန်းနဲ့ ပြုလုပ်သွားမှာဖြစ်ပြီး တိုင်းအစိုးရကို မတင်ပြဘဲ JICA ကို တိုက်ရိုက်တင်ပြသွားမယ်လို့ ဒေသခံဖြစ်တဲ့ မစုကပြောပါတယ်။

“ကျနော်တို့ဘက်မှာက နွေရာသီဆိုလို့ရှိရင် ဆည်ရေပေးတဲ့ဟာက အဲ့ဒီချောင်းကသွားတယ်၊ ရေအရမ်းရှားတော့ အဲ့ဘေးမှာတွေသွားပြီး ရေးချိုးခဲ့ရတာတွေရှိတယ်၊ အဝတ်လျှော်တာတွေလည်း အဲ့မှာဘဲလုပ်ရတယ်၊ ပျော်တတ်တဲ့မိသားစုဆိုရင် ထမင်းချိုင့်သယ်လာပေါ့နော် အဲ့လမ်းမှာ အဲ့လိုမျိုးလုပ်တဲ့အလေ့လည်းရှိတယ်၊ အခုကကျတော့ လမ်းချဲ့ချင်တာ ၁၈ ပေလမ်းလို့ပြောတယ်။ အဲ့ဒါသူတို့က ဒီလမ်းကို ကုန်ထုတ်လမ်းဆိုပြီးပြန်ချဲ့တာ အဲ့တာကြောင့်မို့ အပင်တွေအများကြီးခုတ်မယ့်ဟာကို ကျနော်တို့ကတားတာပေါ့နော် လုံးဝအခုတ်ရဘူးလို့လည်းမဟုတ်ဘူး ဒေသအတွက်တစ်ကယ်ကိုလိုအပ်တာကြောင့် ခုတ်မယ်ဆိုရင်ရတယ် ဒါပေမယ့် ခုတ်လိုက်တဲ့အပင်တွေအတွက် ဘယ်နေရာမှာ ဘယ်နှစ်ပင်ကိုရှင်အောင် ဒီကုမ္ပဏီကတော့ ပြန်စိုက်ပေးမှာလည်းဆိုတဲ့ အကြောင်းအရာကို ကျနော်တို့က မသိရဘူးပေါ့နော် အဲ့ဒါကြောင့် ကျနော်တို့က အခုလိုမခုတ်ဖို့ရာအတွက်ပါ၊ ဒေသခံတွေအတွက် မိုးရာသီရော ၁၂ ရာသီပါသုံးလို့ရမယ်ဆို ကျနော်တို့က လက်ခံတယ်၊ ဒေသဖွံ့ဖြိုးဖို့အတွက် ခုတ်တယ်ဆိုလက်ခံပါတယ်” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ မစုက VOM ကိုပြောပါတယ်။

အဲဒီကျောက်ချောလမ်း၊ဟာ အခုကတော့ မြေအမာလမ်းဖြစ်ပြီး မိုးရာသီမိုးများရက်မှာတော့ လမ်းတွေပိတ်တတ်ပြီး ကျန်တဲ့ရက်တွေဆိုလို့ရှိရင် လမ်းကအမြဲအသွားအလာရှိပြီး လှည်းတွေကတော့ အောက်ကနေသွားကြလာကြတယ်လို့ သိရပါတယ်။

အဲ့ဒီစီမံကိန်းမှာ ဒေသခံတွေ့ရဲ့ကန့်ကွက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်ကို ဆက်သွယ်မေးမြန်းတဲ့အခါ “ကန့်ကွက်မှုလုပ်တယ်ဆိုတာ FaceBook မှာသစ်ပင်တွေမခုတ်ဖို့ အဲ့လိုမျိုးရေးတာပါ ဆန္ဒပြတာ၊ ကန့်ကွက်တာတွေလုပ်တာမဟုတ်ပါဘူး၊ သစ်ပင်တွေလည်းမခုတ်သေးပါဘူး၊ သစ်ပင်တွေခုတ်ဖို့၊ မခုတ်ဖို့ ကွင်းဆင်းနေတုန်းရှိသေးတယ် ဝန်ကြီးချုပ်အဲ့လမ်းကြောင်းခရီးစဉ်ရှိတယ်” လို့ ပြောပါတယ်။

ရွှေဘိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ်အေဇင်လတ်က VOM ကို အဲဒီလောက်ပဲဖြေပေမယ့် သူမရဲ့ FaceBook စာမျက်နှာမှာတော့ “မူးမြစ်ဝှမ်းဒေသက ရွှေဘိုဆန် က ဒီ နိုင်ငံမှာ ရောင်းတန်းဝင်နေတာကြာခဲ့ပါပြီ။ ဒါပေမဲ့ ရွှေဘိုဆန်ကသာ ရောင်းတန်းဝင်တာပါ ရွှေဘိုဆန်စိုက်ပျိူးထုတ်လုပ်တဲ့ ရွှေဘိုတောင်သူတွေက အရာမဝင်နိုင်သေး၊ လယ်တွေကြား ကုန်ထုတ်လမ်းမရှိ၊ စပါးထွက်ချိန်ဆို သယ်ရ ပိုးရ စရိတ် စက တွေက တယ်များလေတော့ ကုန်သည်အတွက်သာ ပိုမြတ်တာ တောင်သူတွေ အတွက်ကဘယ်တော့မှ အထုတ်အထည်မဖြစ်ခဲ့ပါဘူး။ တခါ ရွှေဘိုမယ် မြေသားမူးဘောင်လမ်းတွေဘေးမှာ ရွာတွေက တည်ထားတာမှ အများကြီး မိုးတွင်းဆို မူးဘောင်လမ်းကပိတ် လယ်တွေကြားဝယ် ကွေ့ပတ်ကာဝင် မြို့ကိုလာရနဲ့ လူမှူဘဝ နိမ့်ကျတဲ့နေရာတွေက ရွှေဘိုနယ်မှာ ရှိနေပါတယ်။ အခု JICA ကခင်းတဲ့ မူးဘောင်လမ်းတွေက တောင်သူတွေ ရဲ့ စပါးကားတွေ ရာသီမရွေး ဖြတ်မောင်းရမယ် ကားနှစ်စီး ရှောင်နိုင်ရမယ် ရာသီမရွေး ကြောင့်ကြမရှိ မြို့ကို ခဏရောက်နိုင် ဆေးခန်းပြနိုင်မယ်၊ မူးဘောင်ကို ရေရှည်ခိုင်ရမယ် ရွှေဘိုနယ်ကို စပါးလာသယ်သူတွေ လမ်းခရီးကြောင့် ခရီးမထောက်ရ လယ်ယာစီးပွားအတွက် ခင်းပေးတဲ့ JICA ချေးငွေလို့ ဆိုပါတယ်။ မချေးခင်ကတည်းက Survey တွေ အထပ်ထပ်ဆင်းတယ် သူတို့စီမံကိနိးကြောင့် ဒေသခံတွေ အကျိူးစီးပွားမပျက်စီးဖို့ သစ်ပင်တပင် ခုတ်ဖို့ဆိုရင် JICA ရဲ့ သဘာဝပတ်ဝန်းကျင် အဖွဲ့ကို တင်ပြ အစီရင်ခံရတယ်၊ ခွင့်ပြုချက်တောင်းခံရတယ်။ ဒါက သဘာဝပတ်ဝန်းကျင်နဲ့ စပ်လျဉ်းရင် JICAလုပ်ငန်းသဘောကို ကျမ သိသလောက် မျှဝေတာပါ ကျမ အဓိက မျှဝေချင်တာက JICA အကြောင်းတော့ မဟုတ်ပါဘူး အခုလောလောဆယ် သစ်ပင်ခုတ်တာ ပြည်သူတွေက ကန့်ကွက်တယ်တဲ့ ဝမ်းသာတယ်၊ သစ်ပင်က စိုက်ရမှာ၊ ခုတ်ရမှာ မဟုတ်ဘူးဆိုတာ ကျမတို့ ကောင်းကောင်းကြီး အော်ခွင့်ရပြီ ပြောခွင့်ရပြီ အချိန်အခါဆိုတာ အဲဒါပဲလေ သစ်တောတွေ တောလုံးပျောက်တဲ့အချိန်ကျမတို့ ပြောခွင့်မရခဲ့ပေမဲ့ သစ်တပင်ချင်းခုတ်မဲ့ အ‌ခြေအနေမှာတော့ ကျမတို့ အသံထုတ်ခွင့် ရခဲ့ပြီ တခုပဲ ချိန်ဆရမှာက အကျိူးနဲ့အပြစ်ကို ချိန်ဆပြီးမှက်မတို့ အသံထုတ္ခဲ့တာလား လာမည့် ရွှေဘိုရဲ့နှစ်၃၀ကို ရည်မှန်းပြီး ကျမတို့အသံထွက်ခဲ့လား အဲဒီသက်ရောက်ရာ နေရာက ဒေသခံတွေကို တွေ့ဆုံမေးမြန်းပြီးမှ ကျမတို့ အသံထွက်ခဲ့လား၊ ဘယ်လိုနည်း ဘယ်လိုဟန်နဲ့ ပြန်လည်ကုစားနိုင်စရာ မရှိလို့သာ ကျမတို့ အသံထွက်ခဲ့လာ တကယ်တော့ ဆင်းရဲတဲ့နိုင်ငံဟာ စီးပွား မတိုးတက်သရွေ့ မြို့ ရွာနား အနီးအပါးက သစ်တပင်ခြင်းကိုသာ ကာကွယ်နိုင်ရင် ကာကွယ်နိုင်မှာပါ လက်လှမ်းမမီတဲ့ နိုင်ငံ အဝန်းက သစ်တောတွေ မပြုန်းတီး မကုန်ဆုံးဖို့တော့ ဘယ်လိုမှ မတတ်နိုင်ရှာပါဘူး။ အခုဆို ဝက်လက်မြို့နယ်က စတင်ခင်းပြီးလာတဲ့ ဒီလမ်းဟာ ကျမတို့ ရွှေဘိုကို ရောက်လာပါပြီ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြည်သူ့အသံကို အစိုးရထံလည်း အရောက်ပို့မှာ ဖြစ်သလို
ပြည်သူကိုလည်း သိရှိသမျှ ပြန်လည် ဆွေးနွေးလိုက်ရင်း မြန်မာနိုင်ငံတဝန်း စိုက်ပျိူးစီးပွား ဝင်ငွေတိုးလို့သစ်တောတွေအလိုက် ထိန်းသိမ်းနိုင်တဲ့ ချမ်းသာတဲ့ နိုင်ငံငယ်‌အဖြစ် အမြန်ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်” လို့ ရေးသားထားတာကိုတွေ့ရပါတယ်။

အဲ့ဒီ မုဆိုးခြုံမြောင်းခွဲ လမ်းအလျား- ၁၂.၉၉ မိုင်၊ လမ်းအကျယ် ၁၈ ပေ ကျောက်ချောလမ်းခင်းမယ့်စီမံကိန်းကို သီဟမင်းဆွေဆောက်လုပ်ရေးကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့တာဖြစ်ပြီး လမ်းခင်းခြင်းအစီအစဉ်ကို
ဇွန်လ ၂၀ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်နေ့မှာ လုပ်ငန်းပြီးစီးဖို့ ရာထားခဲ့ပေမယ့် အခုအောက်တိုဘာ လ ၁၄ ရက်နေ့အထိ လုပ်ငန်းပြီးစီးချင်းမရှိသေးတာဖြစ်ပါတယ်။

#VOM #VoiceofMyanmar #ရွှေဘို #မူးဘောင် #သစ်ပင်မခုတ်ရေး

Zawgy

ေ႐ႊဘိုၿမိဳ႕နယ္က မူးေဘာင္ေက်ာက္ေခ်ာလမ္းစီမံကိန္းမွာ သက္တမ္းရင့္သစ္ပင္ႀကီးေတြခုတ္လွဲ
မႈေတြေၾကာင့္ ေဒသခံေတြ အြန္လိုင္းမွာ လက္မွတ္ထိုးလႈပ္ရွားမႈလုပ္

မႏၲေလး- ေအာက္တိုဘာ၊ ၁၄ – ၂၀၂၀
ရႈိင္းေအာင္(VOM)

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕နယ္မွာရွိတဲ့ မုဆိုးၿခဳံေျမာင္းခြဲက မူးေဘာင္လို႔ လူသိမ်ားတဲ့ ေ႐ႊဘိုကေန ခင္ဦးန႔ေရဦးဖက္ကို ျဖတ္သြားတဲ့ ေက်ာက္ေခ်ာလမ္းစီမံကိန္းမွာ သက္တမ္းရင့္သစ္ပင္ႀကီးေတြခုတ္လွဲရမွာေၾကာင့္ ေဒသခံေတြက အြန္လိုင္းကေန လက္မွတ္စုၿပီး ကန႔္ကြက္ေနၾကပါတယ္။

အဲ့ဒီလိုကန႔္ကြက္မႈေတြကို အြန္လိုင္းကန္ပိန္းနဲ႔ ျပဳလုပ္သြားမွာျဖစ္ၿပီး တိုင္းအစိုးရကို မတင္ျပဘဲ JICA ကို တိုက္႐ိုက္တင္ျပသြားမယ္လို႔ ေဒသခံျဖစ္တဲ့ မစုကေျပာပါတယ္။

“က်ေနာ္တို႔ဘက္မွာက ေႏြရာသီဆိုလို႔ရွိရင္ ဆည္ေရေပးတဲ့ဟာက အဲ့ဒီေခ်ာင္းကသြားတယ္၊ ေရအရမ္းရွားေတာ့ အဲ့ေဘးမွာေတြသြားၿပီး ေရးခ်ိဳးခဲ့ရတာေတြရွိတယ္၊ အဝတ္ေလွ်ာ္တာေတြလည္း အဲ့မွာဘဲလုပ္ရတယ္၊ ေပ်ာ္တတ္တဲ့မိသားစုဆိုရင္ ထမင္းခ်ိဳင့္သယ္လာေပါ့ေနာ္ အဲ့လမ္းမွာ အဲ့လိုမ်ိဳးလုပ္တဲ့အေလ့လည္းရွိတယ္၊ အခုကက်ေတာ့ လမ္းခ်ဲ႕ခ်င္တာ ၁၈ ေပလမ္းလို႔ေျပာတယ္။ အဲ့ဒါသူတို႔က ဒီလမ္းကို ကုန္ထုတ္လမ္းဆိုၿပီးျပန္ခ်ဲ႕တာ အဲ့တာေၾကာင့္မို႔ အပင္ေတြအမ်ားႀကီးခုတ္မယ့္ဟာကို က်ေနာ္တို႔ကတားတာေပါ့ေနာ္ လုံးဝအခုတ္ရဘူးလို႔လည္းမဟုတ္ဘူး ေဒသအတြက္တစ္ကယ္ကိုလိုအပ္တာေၾကာင့္ ခုတ္မယ္ဆိုရင္ရတယ္ ဒါေပမယ့္ ခုတ္လိုက္တဲ့အပင္ေတြအတြက္ ဘယ္ေနရာမွာ ဘယ္ႏွစ္ပင္ကိုရွင္ေအာင္ ဒီကုမၸဏီကေတာ့ ျပန္စိုက္ေပးမွာလည္းဆိုတဲ့ အေၾကာင္းအရာကို က်ေနာ္တို႔က မသိရဘူးေပါ့ေနာ္ အဲ့ဒါေၾကာင့္ က်ေနာ္တို႔က အခုလိုမခုတ္ဖို႔ရာအတြက္ပါ၊ ေဒသခံေတြအတြက္ မိုးရာသီေရာ ၁၂ ရာသီပါသုံးလို႔ရမယ္ဆို က်ေနာ္တို႔က လက္ခံတယ္၊ ေဒသဖြံ႕ၿဖိဳးဖို႔အတြက္ ခုတ္တယ္ဆိုလက္ခံပါတယ္” လို႔ ေဒသခံတစ္ဦးျဖစ္တဲ့ မစုက VOM ကိုေျပာပါတယ္။

အဲဒီေက်ာက္ေခ်ာလမ္း၊ဟာ အခုကေတာ့ ေျမအမာလမ္းျဖစ္ၿပီး မိုးရာသီမိုးမ်ားရက္မွာေတာ့ လမ္းေတြပိတ္တတ္ၿပီး က်န္တဲ့ရက္ေတြဆိုလို႔ရွိရင္ လမ္းကအၿမဲအသြားအလာရွိၿပီး လွည္းေတြကေတာ့ ေအာက္ကေနသြားၾကလာၾကတယ္လို႔ သိရပါတယ္။

အဲ့ဒီစီမံကိန္းမွာ ေဒသခံေတြ႕ရဲ႕ကန႔္ကြက္မႈေတြနဲ႔ပတ္သက္ၿပီး စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေအဇင္လတ္ကို ဆက္သြယ္ေမးျမန္းတဲ့အခါ “ကန႔္ကြက္မႈလုပ္တယ္ဆိုတာ FaceBook မွာသစ္ပင္ေတြမခုတ္ဖို႔ အဲ့လိုမ်ိဳးေရးတာပါ ဆႏၵျပတာ၊ ကန႔္ကြက္တာေတြလုပ္တာမဟုတ္ပါဘူး၊ သစ္ပင္ေတြလည္းမခုတ္ေသးပါဘူး၊ သစ္ပင္ေတြခုတ္ဖို႔၊ မခုတ္ဖို႔ ကြင္းဆင္းေနတုန္းရွိေသးတယ္ ဝန္ႀကီးခ်ဳပ္အဲ့လမ္းေၾကာင္းခရီးစဥ္ရွိတယ္” လို႔ ေျပာပါတယ္။

ေ႐ႊဘိုၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ္ေအဇင္လတ္က VOM ကို အဲဒီေလာက္ပဲေျဖေပမယ့္ သူမရဲ႕ FaceBook စာမ်က္ႏွာမွာေတာ့ “မူးျမစ္ဝွမ္းေဒသက ေ႐ႊဘိုဆန္ က ဒီ ႏိုင္ငံမွာ ေရာင္းတန္းဝင္ေနတာၾကာခဲ့ပါၿပီ။ ဒါေပမဲ့ ေ႐ႊဘိုဆန္ကသာ ေရာင္းတန္းဝင္တာပါ ေ႐ႊဘိုဆန္စိုက္ပ်ိဴးထုတ္လုပ္တဲ့ ေ႐ႊဘိုေတာင္သူေတြက အရာမဝင္ႏိုင္ေသး၊ လယ္ေတြၾကား ကုန္ထုတ္လမ္းမရွိ၊ စပါးထြက္ခ်ိန္ဆို သယ္ရ ပိုးရ စရိတ္ စက ေတြက တယ္မ်ားေလေတာ့ ကုန္သည္အတြက္သာ ပိုျမတ္တာ ေတာင္သူေတြ အတြက္ကဘယ္ေတာ့မွ အထုတ္အထည္မျဖစ္ခဲ့ပါဘူး။ တခါ ေ႐ႊဘိုမယ္ ေျမသားမူးေဘာင္လမ္းေတြေဘးမွာ ႐ြာေတြက တည္ထားတာမွ အမ်ားႀကီး မိုးတြင္းဆို မူးေဘာင္လမ္းကပိတ္ လယ္ေတြၾကားဝယ္ ေကြ႕ပတ္ကာဝင္ ၿမိဳ႕ကိုလာရနဲ႔ လူမႉဘဝ နိမ့္က်တဲ့ေနရာေတြက ေ႐ႊဘိုနယ္မွာ ရွိေနပါတယ္။ အခု JICA ကခင္းတဲ့ မူးေဘာင္လမ္းေတြက ေတာင္သူေတြ ရဲ႕ စပါးကားေတြ ရာသီမေ႐ြး ျဖတ္ေမာင္းရမယ္ ကားႏွစ္စီး ေရွာင္ႏိုင္ရမယ္ ရာသီမေ႐ြး ေၾကာင့္ၾကမရွိ ၿမိဳ႕ကို ခဏေရာက္ႏိုင္ ေဆးခန္းျပႏိုင္မယ္၊ မူးေဘာင္ကို ေရရွည္ခိုင္ရမယ္ ေ႐ႊဘိုနယ္ကို စပါးလာသယ္သူေတြ လမ္းခရီးေၾကာင့္ ခရီးမေထာက္ရ လယ္ယာစီးပြားအတြက္ ခင္းေပးတဲ့ JICA ေခ်းေငြလို႔ ဆိုပါတယ္။ မေခ်းခင္ကတည္းက Survey ေတြ အထပ္ထပ္ဆင္းတယ္ သူတို႔စီမံကိနိးေၾကာင့္ ေဒသခံေတြ အက်ိဴးစီးပြားမပ်က္စီးဖို႔ သစ္ပင္တပင္ ခုတ္ဖို႔ဆိုရင္ JICA ရဲ႕ သဘာဝပတ္ဝန္းက်င္ အဖြဲ႕ကို တင္ျပ အစီရင္ခံရတယ္၊ ခြင့္ျပဳခ်က္ေတာင္းခံရတယ္။ ဒါက သဘာဝပတ္ဝန္းက်င္နဲ႔ စပ္လ်ဥ္းရင္ JICAလုပ္ငန္းသေဘာကို က်မ သိသေလာက္ မွ်ေဝတာပါ က်မ အဓိက မွ်ေဝခ်င္တာက JICA အေၾကာင္းေတာ့ မဟုတ္ပါဘူး အခုေလာေလာဆယ္ သစ္ပင္ခုတ္တာ ျပည္သူေတြက ကန႔္ကြက္တယ္တဲ့ ဝမ္းသာတယ္၊ သစ္ပင္က စိုက္ရမွာ၊ ခုတ္ရမွာ မဟုတ္ဘူးဆိုတာ က်မတို႔ ေကာင္းေကာင္းႀကီး ေအာ္ခြင့္ရၿပီ ေျပာခြင့္ရၿပီ အခ်ိန္အခါဆိုတာ အဲဒါပဲေလ သစ္ေတာေတြ ေတာလုံးေပ်ာက္တဲ့အခ်ိန္က်မတို႔ ေျပာခြင့္မရခဲ့ေပမဲ့ သစ္တပင္ခ်င္းခုတ္မဲ့ အ‌ေျခအေနမွာေတာ့ က်မတို႔ အသံထုတ္ခြင့္ ရခဲ့ၿပီ တခုပဲ ခ်ိန္ဆရမွာက အက်ိဴးနဲ႔အျပစ္ကို ခ်ိန္ဆၿပီးမွက္မတို႔ အသံထုတၡဲ့တာလား လာမည့္ ေ႐ႊဘိုရဲ႕ႏွစ္၃၀ကို ရည္မွန္းၿပီး က်မတို႔အသံထြက္ခဲ့လား အဲဒီသက္ေရာက္ရာ ေနရာက ေဒသခံေတြကို ေတြ႕ဆုံေမးျမန္းၿပီးမွ က်မတို႔ အသံထြက္ခဲ့လား၊ ဘယ္လိုနည္း ဘယ္လိုဟန္နဲ႔ ျပန္လည္ကုစားႏိုင္စရာ မရွိလို႔သာ က်မတို႔ အသံထြက္ခဲ့လာ တကယ္ေတာ့ ဆင္းရဲတဲ့ႏိုင္ငံဟာ စီးပြား မတိုးတက္သေ႐ြ႕ ၿမိဳ႕ ႐ြာနား အနီးအပါးက သစ္တပင္ျခင္းကိုသာ ကာကြယ္ႏိုင္ရင္ ကာကြယ္ႏိုင္မွာပါ လက္လွမ္းမမီတဲ့ ႏိုင္ငံ အဝန္းက သစ္ေတာေတြ မျပဳန္းတီး မကုန္ဆုံးဖို႔ေတာ့ ဘယ္လိုမွ မတတ္ႏိုင္ရွာပါဘူး။ အခုဆို ဝက္လက္ၿမိဳ႕နယ္က စတင္ခင္းၿပီးလာတဲ့ ဒီလမ္းဟာ က်မတို႔ ေ႐ႊဘိုကို ေရာက္လာပါၿပီ လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ ျပည္သူ႔အသံကို အစိုးရထံလည္း အေရာက္ပို႔မွာ ျဖစ္သလို
ျပည္သူကိုလည္း သိရွိသမွ် ျပန္လည္ ေဆြးေႏြးလိုက္ရင္း ျမန္မာႏိုင္ငံတဝန္း စိုက္ပ်ိဴးစီးပြား ဝင္ေငြတိုးလို႔သစ္ေတာေတြအလိုက္ ထိန္းသိမ္းႏိုင္တဲ့ ခ်မ္းသာတဲ့ ႏိုင္ငံငယ္‌အျဖစ္ အျမန္ေရာက္ရွိပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းလိုက္ရပါတယ္” လို႔ ေရးသားထားတာကိုေတြ႕ရပါတယ္။

အဲ့ဒီ မုဆိုးၿခဳံေျမာင္းခြဲ လမ္းအလ်ား- ၁၂.၉၉ မိုင္၊ လမ္းအက်ယ္ ၁၈ ေပ ေက်ာက္ေခ်ာလမ္းခင္းမယ့္စီမံကိန္းကို သီဟမင္းေဆြေဆာက္လုပ္ေရးကုမၸဏီက တင္ဒါေအာင္ျမင္ခဲ့တာျဖစ္ၿပီး လမ္းခင္းျခင္းအစီအစဥ္ကို
ဇြန္လ ၂၀ ရက္ေန႔က စတင္ျပဳလုပ္ခဲ့ၿပီး စက္တင္ဘာ ၃၀ ရက္ေန႔မွာ လုပ္ငန္းၿပီးစီးဖို႔ ရာထားခဲ့ေပမယ့္ အခုေအာက္တိုဘာ လ ၁၄ ရက္ေန႔အထိ လုပ္ငန္းၿပီးစီးခ်င္းမရွိေသးတာျဖစ္ပါတယ္။

#VOM #VoiceofMyanmar #ေ႐ႊဘို #မူးေဘာင္ #သစ္ပင္မခုတ္ေရး

 

Related posts

Leave a Comment

VOM News

FREE
VIEW