တောင်ကုတ်မြို့နယ်က NLD အမတ်လောင်း (၃) ဦး ပျောက်ဆုံးနေ

တောင်ကုတ်မြို့နယ်က NLD အမတ်လောင်း (၃) ဦး ပျောက်ဆုံးနေ

အောက်တိုဘာ ၁၄- ၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ တောင်ကုတ်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်(အမတ်လောင်း(၃) ဦးကို ဒီကနေ့ အောက်တိုဘာလ ၁၄ ရက် နေ့လည်ပိုင်း ၁၂ နာရီလောက်က အမည်မသိအဖွဲ့တစ်ခုက ဖမ်းဆီးသွားကြောင်းနဲ့ လက်ရှိအချိန်အထိ သတင်းအစအန မရရှိသေးဘူးလို့ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အတွင်းရေးမှူး၊ လက်ရှိ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ ဦးခင်ရီက အတည်ပြုပြောပါတယ်။

အမည်မသိ အဖွဲ့တစ်ခုက ဖမ်းဆီးသွားတဲ့ တောင်ကုတ်မြို့နယ်က လွှတ်တော်အမတ်လောင်း (၃) ဦးမှာ တောင်ကုတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမြင့်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ် လက်ရှိ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပျောက်ဆုံးနေတဲ့ လွှတ်တော်အမတ်လောင်းတွေဟာ ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီလောက်က တောင်ကုတ်မြို့နယ် သလိန်တောင်နဲ့ မဒေကျွန်းကြား မဲဆွယ်ဖို့သွားစဉ် ဖောင်းခါးကျွန်းပေါ်မှာ အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးခင်ရီပြောပြတာက” ရမ်းဗြဲမြို့နယ် ကျောက်နီမောနဲ့ တစ်ဖက်တစ်ကမ်း ဖောင်းခါးကျွန်းမှာ အဖမ်းခံလိုက်ရတာပါ။ ဖမ်းခံရတာကတော့ ဒေါ်နီနီမြင့်ရယ်။ ကိုမင်းအောင်ရယ်၊ ဒေါ်ချစ်ချစ်ချောရယ်သုံးယောက်ကိုဖမ်းသွာတာပါ။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာမသိဘူး။ အဖမ်းခံရတယ်လို့ပဲ ကြားတယ်။ ကျန်တဲ့လူတွေကို ထားခဲ့ပြီးတော့ သူတို့ သုံးယောက်ကိုပဲခေါ်သွားတာလို့ သိရတယ်။ အဲ့ဒီဖက်က သတင်းအရတော့ ရမ်းဗြဲကျွန်းဖက်ကို ခေါ်သွားတယ်လို့ ပြောကြတယ်။” လို့ ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီးအဖွဲ့ချုပ်ပါတီ (NLD)က အမတ်လောင်းသုံးဦးဟာ အဲ့ဒီကျွန်းပေါ်ကို စက်တပ်လှေတွေနဲ့ သွားရောက်ချိန် အခြားပါတီကို ဝန်းရံထောက်ခံသူတွေလည်းပါကြောင်းသိရပြီး အဲ့ဒီအထဲက လွှတ်တော်အမတ်လောင်း (၃) ဦးကို ဖမ်းခေါ်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဘယ်အဖွဲ့က ဖမ်းခေါ်သွားတယ်ဆိုတာကို စုံစမ်းနေဆဲဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးသွားသူတွေဟာ စပီးဘုတ်တွေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဦးခင်ရီက ပြောပါတယ်။

#voiceofmyanmar #VOM #တောင်ကုတ် #NLDကိုယ်စားလှယ်လောင်း ၃ဦး #ဖမ်းဆီးခံရပြီးပျောက်ဆုံးနေ

Zawgyi

ေတာင္ကုတ္ၿမိဳ႕နယ္က NLD အမတ္ေလာင္း (၃) ဦး ေပ်ာက္ဆုံးေန

ေအာက္တိုဘာ ၁၄- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရခိုင္ျပည္နယ္ေတာင္ပိုင္းေဒသ ေတာင္ကုတ္ၿမိဳ႕နယ္က လႊတ္ေတာ္ကိုယ္စားလွယ္(အမတ္ေလာင္း(၃) ဦးကို ဒီကေန႔ ေအာက္တိုဘာလ ၁၄ ရက္ ေန႔လည္ပိုင္း ၁၂ နာရီေလာက္က အမည္မသိအဖြဲ႕တစ္ခုက ဖမ္းဆီးသြားေၾကာင္းနဲ႔ လက္ရွိအခ်ိန္အထိ သတင္းအစအန မရရွိေသးဘူးလို႔ ရမ္းၿဗဲၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD) အတြင္းေရးမႉး၊ လက္ရွိ ရမ္းၿဗဲၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း တစ္ဦးျဖစ္သူ ဦးခင္ရီက အတည္ျပဳေျပာပါတယ္။

အမည္မသိ အဖြဲ႕တစ္ခုက ဖမ္းဆီးသြားတဲ့ ေတာင္ကုတ္ၿမိဳ႕နယ္က လႊတ္ေတာ္အမတ္ေလာင္း (၃) ဦးမွာ ေတာင္ကုတ္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚခ်စ္ခ်စ္ေခ်ာ၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚနီနီျမင့္နဲ႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းလည္းျဖစ္ လက္ရွိ ေတာင္ကုတ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းေအာင္တို႔ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိ ေပ်ာက္ဆုံးေနတဲ့ လႊတ္ေတာ္အမတ္ေလာင္းေတြဟာ ဒီကေန႔ ေအာက္တိုဘာလ ၁၄ ရက္ေန႔ ေန႔လည္ ၁၂ နာရီေလာက္က ေတာင္ကုတ္ၿမိဳ႕နယ္ သလိန္ေတာင္နဲ႔ မေဒကြၽန္းၾကား မဲဆြယ္ဖို႔သြားစဥ္ ေဖာင္းခါးကြၽန္းေပၚမွာ အဖမ္းခံလိုက္ရတာျဖစ္တယ္လို႔ သိရပါတယ္။

ရမ္းၿဗဲၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အတြင္းေရးမႉး ဦးခင္ရီေျပာျပတာက” ရမ္းၿဗဲၿမိဳ႕နယ္ ေက်ာက္နီေမာနဲ႔ တစ္ဖက္တစ္ကမ္း ေဖာင္းခါးကြၽန္းမွာ အဖမ္းခံလိုက္ရတာပါ။ ဖမ္းခံရတာကေတာ့ ေဒၚနီနီျမင့္ရယ္။ ကိုမင္းေအာင္ရယ္၊ ေဒၚခ်စ္ခ်စ္ေခ်ာရယ္သုံးေယာက္ကိုဖမ္းသြာတာပါ။ ဘယ္အဖြဲ႕က ဖမ္းသြားတယ္ဆိုတာမသိဘူး။ အဖမ္းခံရတယ္လို႔ပဲ ၾကားတယ္။ က်န္တဲ့လူေတြကို ထားခဲ့ၿပီးေတာ့ သူတို႔ သုံးေယာက္ကိုပဲေခၚသြားတာလို႔ သိရတယ္။ အဲ့ဒီဖက္က သတင္းအရေတာ့ ရမ္းၿဗဲကြၽန္းဖက္ကို ေခၚသြားတယ္လို႔ ေျပာၾကတယ္။” လို႔ ေျပာပါတယ္။

ဖမ္းဆီးခံလိုက္ရတဲ့ အမ်ိဳးသားဒီမိုကေရစီးအဖြဲ႕ခ်ဳပ္ပါတီ (NLD)က အမတ္ေလာင္းသုံးဦးဟာ အဲ့ဒီကြၽန္းေပၚကို စက္တပ္ေလွေတြနဲ႔ သြားေရာက္ခ်ိန္ အျခားပါတီကို ဝန္းရံေထာက္ခံသူေတြလည္းပါေၾကာင္းသိရၿပီး အဲ့ဒီအထဲက လႊတ္ေတာ္အမတ္ေလာင္း (၃) ဦးကို ဖမ္းေခၚသြားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဘယ္အဖြဲ႕က ဖမ္းေခၚသြားတယ္ဆိုတာကို စုံစမ္းေနဆဲျဖစ္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃ ဦးကို ဖမ္းဆီးသြားသူေတြဟာ စပီးဘုတ္ေတြနဲ႔ ဖမ္းဆီးေခၚေဆာင္သြားတာျဖစ္တယ္လို႔ ဦးခင္ရီက ေျပာပါတယ္။

#voiceofmyanmar #VOM #ေတာင္ကုတ္ #NLDကိုယ္စားလွယ္ေလာင္း ၃ဦး #ဖမ္းဆီးခံရၿပီးေပ်ာက္ဆံုးေန

Related posts

Leave a Comment

VOM News

FREE
VIEW