အိမ်သာကျင်းထဲကဖုန်းကိုဆယ်ယူတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖ အပါအဝင် လူ ၃ ယောက် အိမ်သာကျင်းထဲပြုတ်ကျသေဆုံး

အိမ်သာကျင်းထဲကဖုန်းကိုဆယ်ယူတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖ အပါအဝင် လူ ၃ ယောက် အိမ်သာကျင်းထဲပြုတ်ကျသေဆုံး

အောက်တိုဘာ ၁၄-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကြို့ပင်ရွာက နေအိမ်တစ်ခုမှာ အိမ်သာကျင်းထဲ ပြုတ်ကျသွားတဲ့ဖုန်းကို ပြန်ဆယ်ယူရာမှာ လူ ၃ ယောက် အိမ်သာကျင်းထဲပြုတ်ကျ သေဆုံး သွားတယ်လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” ဆားဗစ်ကျင်းထဲက ဖုန်းကိုပြန်ဆယ်ယူရင်း ဆယ်တဲ့သူတွေပါ အောက်စီဂျင်ပြတ်ပြီး ဆားဗစ်ကျင်းထဲကို ပြုတ်ကျသေဆုံးတာပါ ၊ ဖြစ်စဉ်က အောက်တိုဘာ ၁၂ ရက်နေ့ည ၁၀ နာရီမှာဖြစ်တယ်၊ ပထမလူနဲ့ ဒုတိယလူက အဲ့ဒီနေ့မှာ ဆုံးတယ် ၊ ကျန်တစ်ယောက် တတိယလူကတော့ မနေ့ကမှ ထပ်ဆုံးတယ်” လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ည ၉ နာရီခွဲ အချိန်လောက်မှာ ကောလင်းမြို့နယ်၊ ကြို့ပင်ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမောင်မြင့်ရဲ့သားဖြစ်သူ ကိုအေဝမ်းဟာ သူ့ရဲ့ဖုန်း အိမ်သာကျင်းထဲ ပြုတ်ကျသွားလို့ ဦးပြုံးမောင် ဆိုသူကို ဆယ်ယူခိုင်းခဲ့ပါတယ်။

အဲ့ဒီနောက် ဖုန်းဆယ်ယူနေသူ ဦးပြုံးမောင် ပေါ်မလာတာကြောင့် အိမ်သာကျင်းဘက်ကို သွားကြည့်တဲ့အခါ ဦးပြုံးမောင်ဟာ အိမ်သာကျင်းထဲ ပြုတ်ကျသေဆုံးနေတာတွေ့ရအတွက် အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူက ဦးပြုံးမောင်ကို ဆင်းဆယ်ရာကနေ ပြုတ်ကျသေဆုံးခဲ့တာဖြစ်ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမောင်မြင့်ဟာ ဖုန်းဆယ်ယူသူ ဦးပြုံးမောင်နဲ့ သားဖြစ်သူ ကိုအေဝမ်းတို့ အသံမကြားတာကြောင့် အိမ်သာကို သွားကြည့်တဲ့အခါ သူတို့၂ ယောက်စလုံး အိမ်သာကျင်းထဲပြုတ်ကျသေဆုံးနေတာကိုတွေ့ရတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမောင်မြင့်က ဆင်းဆယ်ရာမှာ သူပါပြုတ်ကျပြီး သတိလစ်သွားတာဖြစ်ပါတယ်။

ပတ်ဝန်းကျင်ကနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆယ်ယူပြီး ကောလင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ဆေးကုသနေရင်း မနေ့ အောက်တိုဘာ ၁၃ရက် နေ့လယ်မှာပဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အဓိကအနေနဲ့ အောက်စီဂျင်ပြတ်နေတဲ့ အခြေအနေကို ကြိုတင်တွက်စတတ်ဖို့လိုပြီး အဲ့ဒီအရာကို အလေးမမူမိဘဲ ဖုန်းတစ်လုံးကြောင့် အသက်သုံးချောင်း ဆုံးရှုံးသွားရတာဖြစ်တယ်လို့လည်း ကောလင်းခရိုင်မီးသတ်ဦးစီးဌာနက ကယ်ဆယ်ရေးဝန်ထမ်းတစ်ယောက်ရဲ့ေ ပြာပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ကောလင်း

Zawgyi

အိမ္သာက်င္းထဲကဖုန္းကိုဆယ္ယူတဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး သားအဖ အပါအဝင္ လူ ၃ ေယာက္ အိမ္သာက်င္းထဲျပဳတ္က်ေသဆုံး

ေအာက္တိုဘာ ၁၄-၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း၊ ေကာလင္းၿမိဳ႕နယ္၊ ႀကိဳ႕ပင္႐ြာက ေနအိမ္တစ္ခုမွာ အိမ္သာက်င္းထဲ ျပဳတ္က်သြားတဲ့ဖုန္းကို ျပန္ဆယ္ယူရာမွာ လူ ၃ ေယာက္ အိမ္သာက်င္းထဲျပဳတ္က် ေသဆုံး သြားတယ္လို႔ စစ္ကိုင္းတိုင္းမီးသတ္ဦးစီးဌာနကေန သိရပါတယ္။

” ဆားဗစ္က်င္းထဲက ဖုန္းကိုျပန္ဆယ္ယူရင္း ဆယ္တဲ့သူေတြပါ ေအာက္စီဂ်င္ျပတ္ၿပီး ဆားဗစ္က်င္းထဲကို ျပဳတ္က်ေသဆုံးတာပါ ၊ ျဖစ္စဥ္က ေအာက္တိုဘာ ၁၂ ရက္ေန႔ည ၁၀ နာရီမွာျဖစ္တယ္၊ ပထမလူနဲ႔ ဒုတိယလူက အဲ့ဒီေန႔မွာ ဆုံးတယ္ ၊ က်န္တစ္ေယာက္ တတိယလူကေတာ့ မေန႔ကမွ ထပ္ဆုံးတယ္” လို႔ စစ္ကိုင္းတိုင္းမီးသတ္ဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးမင္းစမ္းေအးက ေျပာပါတယ္။

ေအာက္တိုဘာ ၁၂ ရက္ေန႔ည ၉ နာရီခြဲ အခ်ိန္ေလာက္မွာ ေကာလင္းၿမိဳ႕နယ္၊ ႀကိဳ႕ပင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႈး ဦးေမာင္ျမင့္ရဲ႕သားျဖစ္သူ ကိုေအဝမ္းဟာ သူ႔ရဲ႕ဖုန္း အိမ္သာက်င္းထဲ ျပဳတ္က်သြားလို႔ ဦးၿပဳံးေမာင္ ဆိုသူကို ဆယ္ယူခိုင္းခဲ့ပါတယ္။

အဲ့ဒီေနာက္ ဖုန္းဆယ္ယူေနသူ ဦးၿပဳံးေမာင္ ေပၚမလာတာေၾကာင့္ အိမ္သာက်င္းဘက္ကို သြားၾကည့္တဲ့အခါ ဦးၿပဳံးေမာင္ဟာ အိမ္သာက်င္းထဲ ျပဳတ္က်ေသဆုံးေနတာေတြ႕ရအတြက္ အုပ္ခ်ဳပ္ေရးမွဴးရဲ႔သားျဖစ္သူက ဦးၿပဳံးေမာင္ကို ဆင္းဆယ္ရာကေန ျပဳတ္က်ေသဆုံးခဲ့တာျဖစ္ပါတယ္။

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႈး ဦးေမာင္ျမင့္ဟာ ဖုန္းဆယ္ယူသူ ဦးၿပဳံးေမာင္နဲ႔ သားျဖစ္သူ ကိုေအဝမ္းတို႔ အသံမၾကားတာေၾကာင့္ အိမ္သာကို သြားၾကည့္တဲ့အခါ သူတို႔၂ ေယာက္စလုံး အိမ္သာက်င္းထဲျပဳတ္က်ေသဆုံးေနတာကိုေတြ႕ရတဲ့အတြက္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႈး ဦးေမာင္ျမင့္က ဆင္းဆယ္ရာမွာ သူပါျပဳတ္က်ၿပီး သတိလစ္သြားတာျဖစ္ပါတယ္။

ပတ္ဝန္းက်င္ကေန ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကို ဆယ္ယူၿပီး ေကာလင္းျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ေဆးကုသေနရင္း မေန႔ ေအာက္တိုဘာ ၁၃ရက္ ေန႔လယ္မွာပဲ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ ရဲမွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

အဓိကအေနနဲ႔ ေအာက္စီဂ်င္ျပတ္ေနတဲ့ အေျခအေနကို ႀကိဳတင္တြက္စတတ္ဖို႔လိုၿပီး အဲ့ဒီအရာကို အေလးမမူမိဘဲ ဖုန္းတစ္လုံးေၾကာင့္ အသက္သုံးေခ်ာင္း ဆုံးရႈံးသြားရတာျဖစ္တယ္လို႔လည္း ေကာလင္းခ႐ိုင္မီးသတ္ဦးစီးဌာနက ကယ္ဆယ္ေရးဝန္ထမ္းတစ္ေယာက္ရဲ႔ေ ျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ေကာလင္း

Related posts

Leave a Comment

VOM News

FREE
VIEW