AA နဲ့ အစိုးရတပ်မတော် ရသေ့တောင်မြို့နယ်အတွင်းက တိုက်ပွဲအခြေအနေ

AA နဲ့ အစိုးရတပ်မတော် ရသေ့တောင်မြို့နယ်အတွင်းက တိုက်ပွဲအခြေအနေ

နေပြည်တော်၊ အောက်တိုဘာ – ၁၄-၂၀၂၀
တာတီး (VOM)

AA တပ်ဖွဲ့ဝင်တွေဟာ ရသေ့တောင်မြို့နယ်၊ ထီးဆွဲကျေးရွာအနီးက စိုးမိုးကုန်းနေရာတွေမှာ အခိုင်အမာနေရာယူပြီး လမ်းပန်း ဆက်သွယ်မှုဖြတ်တောက်ပြီး၊ ရေယာဉ်တွေကို မကြာခဏပစ်ခတ်နေပြီး ခြိမ်းခြောက်နေတာကြောင့် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့သတင်းကို အောက်တိုဘာ ၄ ရက်နေ့ညပိုင်းမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို VOM ကဆက်သွယ်မေးကြည့်တော့
“ကျနော်တို့သတင်းထုတ်ပြန်ထားတဲ့အတိုင်းပါဘဲ ရသေ့တောင်နဲ့ပတ်သက်လို့ သူတို့ကလမ်းပမ်းဆက်သွယ်မှုဖြတ်တောက်ထားတာပေါ့ အဲ့ဒါကို ကျနော်တို့က သိမ်းလိုက်တယ်၊ သူတို့က အင်အားအလုံးအရင်းနဲ့ ပြန်တိုက်တော့ အင်အားပြန်စုစည်းဖို့အတွက် နောက်ကိုဆုတ်ပြီးတော့ သူတို့ကို ပြန်ကိုင်ထားလိုက်တယ်၊ AA ဘက်ကတပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ ၅ ဦးနဲ့ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်သေဆုံးခဲ့တယ်။၊ အဲ့ဒီဘက်ကရွာတွေမှာလည်းလူမရှိတော့ပါဘူး၊ ဆုတ်သွားတော့ သူတို့စခန်းကို မီးရှို့သွားတယ်၊ အဲ့ဒီရဲ့အရှေ့ဘက်မှာ တောင်ကုန်းလေးတွေရှိသေးတယ်၊ အဲ့နေရာမှာ‌တော့သူတို့ရှိသေးတယ်၊ အခုရှိနေတဲ့နေရာတွေက အရေးပါတဲ့နေရာတွေတော့မဟုတ်တော့ပါဘူး၊” လို့ ဖြေပါတယ်။

AA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားပြီးတဲ့နောက် ညနေပိုင်းမှာ ကျောက်တန်းကျေးရွာ၊ အောင်သာစည်ကျေးရွာအတွင်းမှာ မီးလောင်ကျွမ်းနေတာကို သိရှိရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်လို့ AA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနာမည်နဲ့ တွစ်တာအကောင့်မှာ တင်ထားတာကတော့ အောင်သာစည်၊ ထီးစွဲ၊ ကျောက်တန်းရွာ မှ လူနေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့ရတာဟာ မြန်မာ့တပ်မတော်က မရပ်မနားပစ်ခတ်တိုက်ခိုက်နေမှုတွေကြောင့်သာဖြစ်ပြီး ဒေသခံပြည်သူလူထုတွေ အသိဆုံးဖြစ်တယ်လို့ ရေးသားထားသလို အောက်တိုဘာ (၁၃) ရက်နေ့မှာ တပ်မတော်ရဲ့ထိုးစစ်ကြောင့် AA တပ်သား (၂) ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ ရှိခဲ့ရုံမှလွဲပြီး AA ဘက်က ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုမျိုးမရှိဘဲ မြန်မာ့တပ်မတော်ဘက်က အရာရှိစစ်သည်များ အပါအဝင် (၄၀) ကျော်ထပ်မံသေဆုံးခဲ့တယ်လို့ ရေးသားထားတာကိုတွေ့ရပြန်ပါတယ်။

မြန်မာတပ်မတော်ဘက်က ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာပတ်ဝန်းကျင်မှာ ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဆင်ရေးကို ကမ္ဘာ့ကပ်ရောဂါကာလအတွင်းမှာ မရပ်မတန့်ဘဲ အရှိန်အဟုန်မြှင့် ဆက်တိုက်ပြုလုပ်နေတာ လေးလကျော်ခဲ့ပြီဖြစ်ပြီး အထူးသဖြင့် အောင်သာစည်၊ ထီးစွဲ ရွာအနီးပတ်ဝန်းကျင်မှာရှိတဲ့ AA တပ်ဖွဲ့ကို ကြီးမားပြင်းထန်ပြီး၊ လချီကြာမြင့်တဲ့ ထိုးစစ်တွေကို ဆက်လက်ပြုလုပ်နေတယ်လို့လည်း ရေးသားထားပါတယ်။

မြန်မာ့တပ်မတော်ဟာ အဲ့ဒီစခန်းကို အောက်တိုဘာ (၅) ရက်နေ့ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့တိုင်းပစ်ခတ်တိုက်ခိုက်နေပြီး အောက်တိုဘာလ (၁၃) ရက်နေ့မှာ ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းနဲ့ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တပ်မတော်ဘက်က မြေပြင်အင်အား (၇၀၀) ကျော်အထိ အသုံးပြုခဲ့တာဖြစ်တယ်လို့လည်း AA က ရေးသားထားပါတယ်။

တပ်မတော်ဘက်က ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ မနက် (၉) နာရီ (၃၀) မိနစ်ကနေ ညနေ (၆) နာရီအတွင်း (၁၅) မိနစ်စီ လေးကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ရေတပ်စစ်သင်္ဘောများ၊ ဘူးသီးတောင်ဗျူဟာက (MLRS) အတွဲလိုက်ဒုံးများ၊ ရစိုးချောင်းဗျူဟာက လက်နက်ကြီးပစ်ကူအမြောက်အမြာက်များနဲ့ မနက် (၆) နာရီက စတင်ပြီး တစ်နေ့လုံး မရပ်မနား တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA ဘက်ရေးသားထားတာတွေမှာပါရှိပါတယ်။

မြန်မာ့တပ်မတော်ဘက်က AA ကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ကြေငြာပြီးနောက်ပိုင်း AA ဘက်ကလည်း မြန်မာ့တပ်မတော်ကို လူမျိုးရေးအစွန်းရောက် နယ်ချဲ့ဖက်ဆစ်ကျူးကျော်တပ်ဖွဲ့လို့ သုံးနှုန်းထားတာကို တွေ့ရပါတယ်။

#VOM #VoiceofMyanmar #AA #တပ်မတော် #တိုက်ပွဲ #ရသေ့တောင်#ဗိုလ်ချုပ်ဇော်မင်းထွန်း #ခိုင်သုခ

Zawgy

AA နဲ႔ အစိုးရတပ္မေတာ္ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းက တိုက္ပြဲအေျခအေန

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၁၄-၂၀၂၀
တာတီး (VOM)

AA တပ္ဖြဲ႕ဝင္ေတြဟာ ရေသ့ေတာင္ၿမိဳ႕နယ္၊ ထီးဆြဲေက်း႐ြာအနီးက စိုးမိုးကုန္းေနရာေတြမွာ အခိုင္အမာေနရာယူၿပီး လမ္းပန္း ဆက္သြယ္မႈျဖတ္ေတာက္ၿပီး၊ ေရယာဥ္ေတြကို မၾကာခဏပစ္ခတ္ေနၿပီး ၿခိမ္းေျခာက္ေနတာေၾကာင့္ တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက တိုက္ခိုက္သိမ္းပိုက္ရရွိခဲ့တဲ့သတင္းကို ေအာက္တိုဘာ ၄ ရက္ေန႔ညပိုင္းမွာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ဒီတိုက္ပြဲအေျခအေနနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒၊ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ကို VOM ကဆက္သြယ္ေမးၾကည့္ေတာ့
“က်ေနာ္တို႔သတင္းထုတ္ျပန္ထားတဲ့အတိုင္းပါဘဲ ရေသ့ေတာင္နဲ႔ပတ္သက္လို႔ သူတို႔ကလမ္းပမ္းဆက္သြယ္မႈျဖတ္ေတာက္ထားတာေပါ့ အဲ့ဒါကို က်ေနာ္တို႔က သိမ္းလိုက္တယ္၊ သူတို႔က အင္အားအလုံးအရင္းနဲ႔ ျပန္တိုက္ေတာ့ အင္အားျပန္စုစည္းဖို႔အတြက္ ေနာက္ကိုဆုတ္ၿပီးေတာ့ သူတို႔ကို ျပန္ကိုင္ထားလိုက္တယ္၊ AA ဘက္ကတပ္ရင္းမႉး ၁ ဦး အပါအဝင္ အရာရွိ ၅ ဦးနဲ႔ တပ္ဖြဲ႕ဝင္ အင္အား ၁၀၀ ေက်ာ္ေသဆုံးခဲ့တယ္။၊ အဲ့ဒီဘက္က႐ြာေတြမွာလည္းလူမရွိေတာ့ပါဘူး၊ ဆုတ္သြားေတာ့ သူတို႔စခန္းကို မီးရႈိ႕သြားတယ္၊ အဲ့ဒီရဲ႕အေရွ႕ဘက္မွာ ေတာင္ကုန္းေလးေတြရွိေသးတယ္၊ အဲ့ေနရာမွာ‌ေတာ့သူတို႔ရွိေသးတယ္၊ အခုရွိေနတဲ့ေနရာေတြက အေရးပါတဲ့ေနရာေတြေတာ့မဟုတ္ေတာ့ပါဘူး၊” လို႔ ေျဖပါတယ္။

AA တပ္ဖြဲ႕ဝင္ေတြ ဆုတ္ခြာသြားၿပီးတဲ့ေနာက္ ညေနပိုင္းမွာ ေက်ာက္တန္းေက်း႐ြာ၊ ေအာင္သာစည္ေက်း႐ြာအတြင္းမွာ မီးေလာင္ကြၽမ္းေနတာကို သိရွိရတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးရဲ႕ သတင္းထုတ္ျပန္ခ်က္အရသိရပါတယ္။

ဒီတိုက္ပြဲနဲ႔ပတ္သက္လို႔ AA အဖြဲ႕က ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခနာမည္နဲ႔ တြစ္တာအေကာင့္မွာ တင္ထားတာကေတာ့ ေအာင္သာစည္၊ ထီးစြဲ၊ ေက်ာက္တန္း႐ြာ မွ လူေနအိမ္အခ်ိဳ႕မွာ မီးေလာင္ပ်က္စီးခဲ့ရတာဟာ ျမန္မာ့တပ္မေတာ္က မရပ္မနားပစ္ခတ္တိုက္ခိုက္ေနမႈေတြေၾကာင့္သာျဖစ္ၿပီး ေဒသခံျပည္သူလူထုေတြ အသိဆုံးျဖစ္တယ္လို႔ ေရးသားထားသလို ေအာက္တိုဘာ (၁၃) ရက္ေန႔မွာ တပ္မေတာ္ရဲ႕ထိုးစစ္ေၾကာင့္ AA တပ္သား (၂) ဦး က်ဆုံးကာ ထိခိုက္ဒဏ္ရာရသူအခ်ိဳ႕ ရွိခဲ့႐ုံမွလြဲၿပီး AA ဘက္က ႀကီးမားတဲ့ထိခိုက္ဆုံးရႈံးမႈမ်ိဳးမရွိဘဲ ျမန္မာ့တပ္မေတာ္ဘက္က အရာရွိစစ္သည္မ်ား အပါအဝင္ (၄၀) ေက်ာ္ထပ္မံေသဆုံးခဲ့တယ္လို႔ ေရးသားထားတာကိုေတြ႕ရျပန္ပါတယ္။

ျမန္မာတပ္မေတာ္ဘက္က ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္း႐ြာပတ္ဝန္းက်င္မွာ ၾကည္း၊ ေရ၊ ေလ ပူးတြဲစစ္ဆင္ေရးကို ကမာၻ႔ကပ္ေရာဂါကာလအတြင္းမွာ မရပ္မတန႔္ဘဲ အရွိန္အဟုန္ျမႇင့္ ဆက္တိုက္ျပဳလုပ္ေနတာ ေလးလေက်ာ္ခဲ့ၿပီျဖစ္ၿပီး အထူးသျဖင့္ ေအာင္သာစည္၊ ထီးစြဲ ႐ြာအနီးပတ္ဝန္းက်င္မွာရွိတဲ့ AA တပ္ဖြဲ႕ကို ႀကီးမားျပင္းထန္ၿပီး၊ လခ်ီၾကာျမင့္တဲ့ ထိုးစစ္ေတြကို ဆက္လက္ျပဳလုပ္ေနတယ္လို႔လည္း ေရးသားထားပါတယ္။

ျမန္မာ့တပ္မေတာ္ဟာ အဲ့ဒီစခန္းကို ေအာက္တိုဘာ (၅) ရက္ေန႔ကတည္းက လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ေန႔တိုင္းပစ္ခတ္တိုက္ခိုက္ေနၿပီး ေအာက္တိုဘာလ (၁၃) ရက္ေန႔မွာ ၾကည္း၊ ေရ၊ ေလ အင္အားအလုံးအရင္းနဲ႔ ထပ္မံထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီး တပ္မေတာ္ဘက္က ေျမျပင္အင္အား (၇၀၀) ေက်ာ္အထိ အသုံးျပဳခဲ့တာျဖစ္တယ္လို႔လည္း AA က ေရးသားထားပါတယ္။

တပ္မေတာ္ဘက္က ဂ်က္တိုက္ေလယာဥ္ (၂) စီးနဲ႔ မနက္ (၉) နာရီ (၃၀) မိနစ္ကေန ညေန (၆) နာရီအတြင္း (၁၅) မိနစ္စီ ေလးႀကိမ္တိုင္ လာေရာက္ဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီး၊ ေရတပ္စစ္သေဘၤာမ်ား၊ ဘူးသီးေတာင္ဗ်ဴဟာက (MLRS) အတြဲလိုက္ဒုံးမ်ား၊ ရစိုးေခ်ာင္းဗ်ဴဟာက လက္နက္ႀကီးပစ္ကူအေျမာက္အျမာက္မ်ားနဲ႔ မနက္ (၆) နာရီက စတင္ၿပီး တစ္ေန႔လုံး မရပ္မနား ေတာက္ေလွ်ာက္ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ AA ဘက္ေရးသားထားတာေတြမွာပါရွိပါတယ္။

ျမန္မာ့တပ္မေတာ္ဘက္က AA ကို အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕အစည္းအျဖစ္ ေၾကျငာၿပီးေနာက္ပိုင္း AA ဘက္ကလည္း ျမန္မာ့တပ္မေတာ္ကို လူမ်ိဳးေရးအစြန္းေရာက္ နယ္ခ်ဲ႕ဖက္ဆစ္က်ဴးေက်ာ္တပ္ဖြဲ႕လို႔ သုံးႏႈန္းထားတာကို ေတြ႕ရပါတယ္။

#VOM #VoiceofMyanmar #AA #တပ္မေတာ္ #တိုက္ပြဲ #ရေသ့ေတာင္

 

Related posts

Leave a Comment

VOM News

FREE
VIEW