ပုဗ္ဗသီရိမြို့နယ်မှာ ပစ္စည်းလုပြီး လူသတ်မှုဖြစ်စဉ်က တရားခံကို ဖမ်းမိ

ပုဗ္ဗသီရိမြို့နယ်မှာ ပစ္စည်းလုပြီး လူသတ်မှုဖြစ်စဉ်က တရားခံကို ဖမ်းမိ

အောက်တိုဘာ ၁၄-၂၀၂၀
တာတီး(VOM)

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်းကြီးစုကျေးရွာ၊ သပြေလမ်းက နေအိမ်တစ်အိမ်မှာ မီးခံသေတ္တာအတွင်းက လက်ဝတ်ရတနာတွေကို လုယက်သွားပြီး နေအိမ်မှာရှိတဲ့ အမျိုးသမီးကို သတ်သွားခဲ့တဲ့ဖြစ်စဉ် စက်တင်ဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အခုလို လူသတ်မှုကျူးလွန်ခဲ့သူကို ဒီကနေ့ အောက်တိုဘာ ၁၄ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူဟာ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

” ဖမ်းဆီးရမိတဲ့ဖြစ်စဉ်ကတော့ လူသတ်သတ်မှုဖြစ်စဉ်မှာ ရွှေထည်ပစ္စည်းတွေပါသွားတယ်၊ ဘယ်လိုဖြစ်ဖြစ်ရောင်းလိမ့်မယ်ဆိုတဲ့ကြိုတင်ခန့်မှန်းချက်အရ နေပြည်တော်က ရွှေဆိုင်တွေမှာ စောင့်ကြည့်နေတဲ့အချိန် မသင်္ကာဖွယ်ရာအပြုအမှုနဲ့ ရွှေထည်ပစ္စည်းတွေ လာရောက်ရောင်းချချိန် ခေါ်ယူစစ်ဆေးရာကနေ ဖမ်းဆီးရမိတာဖြစ်တယ်၊ ရဲလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေတယ်”လို့ ရဲတပ်ဖွဲဝင်တစ်ဦးကပြောပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ နေအိမ်ကို ပြန်လာချိန် နေအိမ်ခြံရှေ့ တံခါးဝမှာ သွေးကွက်တွေကိုတွေ့ရှိခဲ့ရပြီး နေအိမ်အတွင်းဝင်ရောက်တဲ့အခါ အိပ်ခန်းအတွင်းက မီးခံသေတ္တာဟာ သော့တန်းလန်းပွင့်နေပြီး ဇနီးဖြစ်သူကို ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

ဇနီးဖြစ်သူကို နေအိမ်အနောက်ဘက် ရေနုတ်မြောင်းအတွင်းမှာ သွေးထွက်ဒဏ်ရာတွေနဲ့ လဲကျနေတာကို တွေ့ရှိခဲ့ရပြီး လှုပ်နှိုးကြည့်ချိန်အသက်မရှိတာကို သိခဲ့ရတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

မီးခံသေတ္တာအတွင်းကနေ အမျိုးသမီးဝတ် စိန်ချယ်လက်စွပ်(၁)ကွင်း(အလေးချိန်မမှတ်မိ)၊ ကျောက်ပြာလက်စွပ်(၆)ကွင်း၊ နှစ်ကျပ်သားခန့်ရှိတဲ့ ရွှေဆဲွဲကြိုး (၁)ကုံးတို့နဲ့အတူ SamSung Galaxy A71 အနက်ရောင်ဖုံးတစ်လုံး(09401578271)တို့ပျောက်ဆုံးနေတယ်လို့ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူက ရဲစခန်းမှာ သက်သေထွက်ဆိုထားတာာဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပတ္တာနယ်မြေရဲစခန်းက (ပ)၇၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ – ၃၀၂ /၃၉၂ နဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceomyanmar #VOM #နေပြည်တော် #ပစ္စည်းယူပြီးလူသတ်

Related posts

Leave a Comment

VOM News

FREE
VIEW