မဲဆန္ဒရှင်တွေ ဘာ့ကြောင့် ရွေးကောက်ပွဲကျင်းပမယ့်နေ့နဲ့ မဲထည့်ရမယ့်ကိုယ်စားလှယ်တွေကို မသိကြသလဲ?

မဲဆန္ဒရှင်တွေ ဘာ့ကြောင့် ရွေးကောက်ပွဲကျင်းပမယ့်နေ့နဲ့ မဲထည့်ရမယ့်ကိုယ်စားလှယ်တွေကို မသိကြသလဲ?

 

မန္တလေး-အောက်တိုဘာ၁၄-၂၀၂၀

ဆွေလင်းထွန်း+နေလင်း

 

 

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ၂၅ ရက်သာ လိုတော့တဲ့အချိန်မှာ မန္တလေးမြို့က မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ရှိမရှိ၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အသိပညာ မည်မျှရှိသလဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာဘယ်လို အစိုးရမျိုးကို လိုလားသလဲ စတဲ့ အချက်တွေကို သိရှိနိုင်ဖို့ မန္တလေးမြို့ပေါ်မှာရှိတဲ့ မြို့ဟောင်းဈေး၊ ၄၁လမ်း ကုန်စိမ်းတန်းညဈေး၊ ရာသီစာပုရစ်ဈေးတို့က ဈေးသည်၊ ဈေးဝယ်တွေကို Voice Of Myanmar (VOM)က စစ်တမ်းတခု ကောက်ယူခဲ့ပါတယ်။

 

ဒီစစ်တမ်းမှာ တိတိကျကျပါဝင်ဖြေဆိုသူ ၆၆ ဦးရှိပြီး အမျိုးသား ၁၀ဦးနဲ့ အမျိုးသမီး ၅၆ ဦးတို့ ဖြစ်ပါတယ်။ ဒီထဲမှာ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုသိသူက လေးပုံတပုံလောက်ကပဲ သိပြီး မိမိဆန္ဒနယ်က ကိုယ်စားလှယ်လောင်းကို မသိသူတွေချည်းဖြစ်နေပါတယ်။

 

ပါဝင်ဖြေဆိုသူ ၆၆ ဦးအနက် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားသူ ၅၉ ဦး၊ စိတ်မဝင်စားသူ ၄ ဦး၊ မဖြေဆိုသူ ၃ ဦး ရှိပါတယ်။

 

ပါဝင်ဖြေဆိုသူ ၆၆ ဦးအနက် မဲပေးမည့်သူ ၆၂ဦး၊ မဲမပေးမည့်သူ ၂ ဦး၊ မဲပေးရန် မသေချာသေးသူ ၂ဦး ရှိပါတယ်။

 

ပါဝင်ဖြေဆိုသူ ၆၆ ဦးအနက် မဲစာရင်းစစ်ပြီးသူ ၄၇ ဦး၊ မဲစာရင်းမစစ်ရသေးသူ ၁၄ ဦး၊ မဖြေဆိုသူ ၅ ဦး ရှိပါတယ်။

 

ပါဝင်ဖြေဆိုသူ ၆၆ ဦးအနက် ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို သိရှိသူ ၁၇ ဦး၊ ရွေးကောက်ပွဲကျင်းမမည့်ရက်ကို လုံးဝ မသိရှိသူ၂၆ ဦး၊ ရွေး‌ကောက်ပွဲကျင်းပမည့်ရက်ကို အတိအကျ မသိရှိသူ ၂၃ ဦး ရှိပါတယ်။

 

ပါဝင်ဖြေဆိုသူ ၆၆ ဦးအနက် မိမိတို့ မြို့နယ် ကိုယ်စားပြုယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်ရေးအချက်အလက်ကို မသိရှိသူက ရာနှုန်းပြည့် ဖြစ်ပါတယ်။

 

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်တွေ အသိပညာရရှိမှု နည်းပါးတဲ့ကိစ္စ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးရှိန်ဝင်းကို VOM က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ

 

“ ပြည်သူတွေအနေနဲ့ လေ့လာမှု အားနည်းလို့သာ ရွေးကောက်ပွဲလုပ်မယ့်ရက်ကို မသိကြတာပါ။ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကိုဗစ် ၁၉ ကူးစက်မှုကြောင့် အရင်ရွေးကောက်ပွဲတွေလောက် ပညာပေးတာတွေ မလုပ်နိုင်ပေမယ့် သတင်းစာ၊တီဗီတွေကနေတဆင့် ရွေးကောက်ပွဲရက်ကို ကြေငြာပေးတာအပြင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲအသိပညာပေးတာတွေ လုပ်နေပါတယ်”

လို့ ဖြေကြားခဲ့ပါတယ်။

 

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို အသိပညာပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ ( PACE )ရဲ့ အစီအစဉ်မန်နေဂျာ ဦးဟန်စိုးထွန်းကတော့

 

“၂၀၁၅ ရွေးကောက်ပွဲအပြီး ကျနော်တို့ လုပ်တဲ့စစ်တမ်းမှာ ကိုယ့်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုပင် မသိတာ ၇၀ ရာနုန်းရှိတယ် ကိုယ့်ရပ်ရွာရဲ့ အုပ်ချုပ်ရေးမှူးနာမည်ကိုသိတာက ၈၀ရာနုန်းလောက်တွေ့ရတယ်။ ခုတလော ရွေးကောက်ပွဲနဲ့ဆိုင်တဲ့အသိပညာပေးတာတွေကတော့

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအသိပညာပေးဖို့အတွက် mvoters ဆိုတဲ့ app ကို ပြုလုပ်ထားတယ်။ PACE အဖွဲ့အနေနဲ့လည်း Phandeeyar နဲ့ပေါင်းပြီး votemm ဆိုတဲ့ app ကို လွှင့်တင်ထားတယ်။ ဒါပေမယ့် အသိပညာပေးတာကိုစောစောစီးစီးလုပ်လို့မရဘဲ ကပ်မှ လုပ်ရတဲ့အတွက် အခက်အခဲတော့ရှိတယ်။ ပါတီတွေအနေနဲ့လည်း ပါတီကိုတင်မဟုတ်ဘဲကိုယ်စားလှယ်လောင်းကိုပါ မဲဆန္ဒရှင်တွေ သိအောင် လုပ်ဖို့လိုတယ်။

ရွေးကောက်ပွဲကော်မရှင်ကလည်း information တွေကို soft copy အနေနဲ့ ရအောင် လုပ်ပေးဖို့ လိုပါတယ်” လို့ ရှင်းပြပါတယ်။

 

Voice of Myanmar  (VOM) က ကောက်ယူကြည့်တဲ့ စစ်တမ်းမှာ ၂၀၂၀ ရွေးကောက်ပွဲအပြီး ဘယ်လို အစိုးရကိုလိုလားသလဲဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ ဖြေကြားသူတွေရဲ့ တဝက်လောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးမယ်လို့သာ ဖြေကြားခဲ့ပါတယ်။ ကျန်တဝက်လောက်က ပြည်သူ့အတွက် အကျိုးပြုနိုင်မယ့် အစိုးရ၊ ပညာရေးကိုအလေးထားမယ့် အစိုးရ၊ ဒီမိုကရေစီ အမှန်တကယ် ဆောင်ကျဉ်းပေးနိုင်မယ့် အစိုးရ စတဲ့ အဖြေတွေကို ဖြေကြားခဲ့ပါတယ်။

 

ဖြေဆိုသူတချို့က ရွေးကောက်ပွဲမှာ ဆန္ဒမဲသွားပေးဖို့အတွက် ကျန်းမာရေးအရ စိုးရိမ်မှုရှိကြပြီး မဲပေးရာမှာ အသုံးပြုရမယ့်တံဆိပ်တုံး၊ ဘောပင်တွေကနေတဆင့် ရောဂါပိုး မကူးစက်စေဖို့ လိုကြောင်း ရွေးကောက်ပွဲကော်မရှင်ကို သေချာပြင်ဆင်ဖို့တိုက်တွန်းခဲ့ကြတာကိုတွေ့ရပါတယ်။

 

#votereducation #Voiceofmyanmar #electionsurvey #VOM #ရွေးကောက်ပွဲ

Zawgy

မဲဆႏၵရွင္ေတြ ဘာ့ေၾကာင့္ ေ႐ြးေကာက္ပြဲက်င္းပမယ့္ေန႔နဲ႔ မဲထည့္ရမယ့္ကိုယ္စားလွယ္ေတြကို မသိၾကသလဲ?

မႏၲေလး-ေအာက္တိုဘာ၁၄-၂၀၂၀
ေဆြလင္းထြန္း+ေနလင္း

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲက်င္းပဖို႔ ၂၅ ရက္သာ လိုေတာ့တဲ့အခ်ိန္မွာ မႏၲေလးၿမိဳ႕က မဲဆႏၵရွင္ျပည္သူေတြ အေနနဲ႔ ေ႐ြးေကာက္ပြဲအေပၚ စိတ္ဝင္စားမႈ ရွိမရွိ၊ ေ႐ြးေကာက္ပြဲနဲ႔ သက္ဆိုင္တဲ့ အသိပညာ မည္မွ်ရွိသလဲနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီးမွာ ဘယ္လို အစိုးရမ်ိဳးကို လိုလားသလဲ စတဲ့ အခ်က္ေတြကို သိရွိႏိုင္ဖို႔ မႏၲေလးၿမိဳ႕ေပၚမွာရွိတဲ့ ၿမိဳ႕ေဟာင္းေဈး၊ ၄၁လမ္း ကုန္စိမ္းတန္းညေဈး၊ ရာသီစာပုရစ္ေဈးတို႔က ေဈးသည္၊ ေဈးဝယ္ေတြကို Voice Of Myanmar (VOM)က စစ္တမ္းတခု ေကာက္ယူခဲ့ပါတယ္။

ဒီစစ္တမ္းမွာ တိတိက်က်ပါဝင္ေျဖဆိုသူ ၆၆ ဦးရွိၿပီး အမ်ိဳးသား ၁၀ဦးနဲ႔ အမ်ိဳးသမီး ၅၆ ဦးတို႔ ျဖစ္ပါတယ္။ ဒီထဲမွာ ေ႐ြးေကာက္ပြဲက်င္းပမယ့္ရက္ကိုသိသူက ေလးပုံတပုံေလာက္ကပဲ သိၿပီး မိမိဆႏၵနယ္က ကိုယ္စားလွယ္ေလာင္းကို မသိသူေတြခ်ည္းျဖစ္ေနပါတယ္။

ပါဝင္ေျဖဆိုသူ ၆၆ ဦးအနက္ ေ႐ြးေကာက္ပြဲအေပၚ စိတ္ဝင္စားသူ ၅၉ ဦး၊ စိတ္မဝင္စားသူ ၄ ဦး၊ မေျဖဆိုသူ ၃ ဦး ရွိပါတယ္။

ပါဝင္ေျဖဆိုသူ ၆၆ ဦးအနက္ မဲေပးမည့္သူ ၆၂ဦး၊ မဲမေပးမည့္သူ ၂ ဦး၊ မဲေပးရန္ မေသခ်ာေသးသူ ၂ဦး ရွိပါတယ္။

ပါဝင္ေျဖဆိုသူ ၆၆ ဦးအနက္ မဲစာရင္းစစ္ၿပီးသူ ၄၇ ဦး၊ မဲစာရင္းမစစ္ရေသးသူ ၁၄ ဦး၊ မေျဖဆိုသူ ၅ ဦး ရွိပါတယ္။

ပါဝင္ေျဖဆိုသူ ၆၆ ဦးအနက္ ေ႐ြးေကာက္ပြဲက်င္းပမယ့္ရက္ကို သိရွိသူ ၁၇ ဦး၊ ေ႐ြးေကာက္ပြဲက်င္းမမည့္ရက္ကို လုံးဝ မသိရွိသူ ၂၆ ဦး၊ ေ႐ြး‌ေကာက္ပြဲက်င္းပမည့္ရက္ကို အတိအက် မသိရွိသူ ၂၃ ဦး ရွိပါတယ္။

ပါဝင္ေျဖဆိုသူ ၆၆ ဦးအနက္ မိမိတို႔ ၿမိဳ႕နယ္ ကိုယ္စားျပဳယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းရဲ႕ ကိုယ္ေရးအခ်က္အလက္ကို မသိရွိသူက ရာႏႈန္းျပည့္ ျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး မဲဆႏၵရွင္ေတြ အသိပညာရရွိမႈ နည္းပါးတဲ့ကိစၥ မႏၲေလးတိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠဌ ဦးရွိန္ဝင္းကို VOM က ဆက္သြယ္ေမးျမန္းၾကည့္တဲ့အခါမွာ

“ ျပည္သူေတြအေနနဲ႔ ေလ့လာမႈ အားနည္းလို႔သာ ေ႐ြးေကာက္ပြဲလုပ္မယ့္ရက္ကို မသိၾကတာပါ။ ကြၽန္ေတာ္တို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ကိုဗစ္ ၁၉ ကူးစက္မႈေၾကာင့္ အရင္ေ႐ြးေကာက္ပြဲေတြေလာက္ ပညာေပးတာေတြ မလုပ္ႏိုင္ေပမယ့္ သတင္းစာ၊ တီဗီေတြကေနတဆင့္ ေ႐ြးေကာက္ပြဲရက္ကို ေၾကျငာေပးတာအျပင္ အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းၿပီး ေ႐ြးေကာက္ပြဲ အသိပညာေပးတာေတြ လုပ္ေနပါတယ္”
လို႔ ေျဖၾကားခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ျပည္သူလူထုကို အသိပညာေပးေနတဲ့ အရပ္ဖက္အဖြဲ႕အစည္းျဖစ္တဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာျပည္သူ႔လႈပ္ရွားမႈအဖြဲ႕ ( PACE )ရဲ႕ အစီအစဥ္မန္ေနဂ်ာ ဦးဟန္စိုးထြန္းကေတာ့

“၂၀၁၅ ေ႐ြးေကာက္ပြဲအၿပီး က်ေနာ္တို႔ လုပ္တဲ့စစ္တမ္းမွာ ကိုယ့္ၿမိဳ႕နယ္ရဲ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ကိုပင္ မသိတာ ၇၀ ရာႏုန္းရွိတယ္ ကိုယ့္ရပ္႐ြာရဲ႕ အုပ္ခ်ဳပ္ေရးမႉးနာမည္ကိုသိတာက ၈၀ရာႏုန္းေလာက္ေတြ႕ရတယ္။ ခုတေလာ ေ႐ြးေကာက္ပြဲနဲ႔ဆိုင္တဲ့အသိပညာေပးတာေတြကေတာ့
ေ႐ြးေကာက္ပြဲေကာ္မရွင္က ေ႐ြးေကာက္ပြဲအသိပညာေပးဖို႔အတြက္ mvoters ဆိုတဲ့ app ကို ျပဳလုပ္ထားတယ္။ PACE အဖြဲ႕အေနနဲ႔လည္း Phandeeyar နဲ႔ေပါင္းၿပီး votemm ဆိုတဲ့ app ကို လႊင့္တင္ထားတယ္။ ဒါေပမယ့္ အသိပညာေပးတာကို ေစာေစာစီးစီးလုပ္လို႔မရဘဲ ကပ္မွ လုပ္ရတဲ့အတြက္ အခက္အခဲေတာ့ရွိတယ္။ ပါတီေတြအေနနဲ႔လည္း ပါတီကိုတင္မဟုတ္ဘဲ ကိုယ္စားလွယ္ေလာင္းကိုပါ မဲဆႏၵရွင္ေတြ သိေအာင္ လုပ္ဖို႔လိုတယ္။
ေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း information ေတြကို soft copy အေနနဲ႔ ရေအာင္ လုပ္ေပးဖို႔ လိုပါတယ္” လို႔ ရွင္းျပပါတယ္။

Voice of Myanmar (VOM) က ေကာက္ယူၾကည့္တဲ့ စစ္တမ္းမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီး ဘယ္လို အစိုးရကိုလိုလားသလဲ ဆိုတဲ့ ေမးခြန္းကို ေျဖၾကားရာမွာ ေျဖၾကားသူေတြရဲ႕ တဝက္ေလာက္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို မဲေပးမယ္လို႔သာ ေျဖၾကားခဲ့ပါတယ္။ က်န္တဝက္ေလာက္က ျပည္သူ႔အတြက္ အက်ိဳးျပဳႏိုင္မယ့္ အစိုးရ၊ ပညာေရးကို အေလးထားမယ့္ အစိုးရ၊ ဒီမိုကေရစီ အမွန္တကယ္ ေဆာင္က်ဥ္းေပးႏိုင္မယ့္ အစိုးရ စတဲ့ အေျဖေတြကို ေျဖၾကားခဲ့ပါတယ္။

ေျဖဆိုသူတခ်ိဳ႕က ေ႐ြးေကာက္ပြဲမွာ ဆႏၵမဲသြားေပးဖို႔အတြက္ က်န္းမာေရးအရ စိုးရိမ္မႈရွိၾကၿပီး မဲေပးရာမွာ အသုံးျပဳရမယ့္ တံဆိပ္တုံး၊ ေဘာပင္ေတြကေနတဆင့္ ေရာဂါပိုး မကူးစက္ေစဖို႔ လိုေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ေသခ်ာျပင္ဆင္ဖို႔ တိုက္တြန္းခဲ့ၾကတာကိုေတြ႕ရပါတယ္။

#votereducation #Voiceofmyanmar #electionsurvey #VOM #ေ႐ြးေကာက္ပြဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW