အာဖဂန် စစ်ဘက်ရဟတ်ယာဉ်နှစ်စင်း လေထဲမှာတိုက်မိ ၊ လူ ၁၅ ဦးသေဆုံး

အာဖဂန် စစ်ဘက်ရဟတ်ယာဉ်နှစ်စင်း လေထဲမှာတိုက်မိ ၊ လူ ၁၅ ဦးသေဆုံး

ကဘူး၊ အောက်တိုဘာ-၁၄-၂၀၂၀
မျိုးဆက် (VOM)

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟမ်လ်မန်ပြည်နယ်ရှိ နာဝါခရိုင်မှာ အောက်တိုဘာ ၁၃ ရက်ညပိုင်းက အာဖဂန်စစ်ဘက်ရဟတ်ယာဉ်နှစ်စင်း တိုက်မိတာကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲ့ဒီမတော်တဆမှုဟာ ပြည်နယ်မြို့တော် လာရှ်ခါဂါရဲ့အနောက်တောင်ဘက် နာဝါခရိုင်မှာဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ပြောပါတယ်။

ဆိုဗီယက်ခေတ်က ထုတ်လုပ်ထားတဲ့ Mi-17 ရဟတ်ယာဉ်နှစ်စင်းဟာ နာဝါခရိုင်မှာ ဆင်းသက်ဖို့ကြိုးစားစဉ် နည်းပညာချို့ယွင်းမှုကြောင့် တိုက်မိခဲ့တယ်လို့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီပြည်နယ်မှာ ဒေသခံစစ်သွေးကြွတွေနဲ့ အိမ်နီးချင်းပြည်နယ်တွေက တာလီဘန်အဖွဲ့တွေ ပူးပေါင်းပြီး လာရှ်ခါဂါမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေပြီးနောက် ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ အာဖဂန်အစိုးရတပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

စက်တင်ဘာ ၂၄ ရက်ကလည်း အာဖဂန်လေတပ် ရဟတ်ယာဉ်တစ်စင်းဟာ နည်းပညာချို့ယွင်းမှုကြောင့် နိုင်ငံမြောက်ပိုင်း ဘတ်ဟလန်ပြည်နယ်မှာ ပျက်ကျခဲ့ပြီး လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ပါတယ်။

Ref : CGTN
Photo: Getty Images
#voiceofmyanmar #VOM #ကဘူး

Zawgyi

အာဖဂန္ စစ္ဘက္ရဟတ္ယာဥ္နွစ္စင္း ေလထဲမွာတိုက္မိ ၊ လူ ၁၅ ဦးေသဆံုး

ကဘူး၊ ေအာက္တိုဘာ-၁၄-၂၀၂၀
မ်ိဳးဆက္ (VOM)

အာဖဂန္နစၥတန္နိုင္ငံေတာင္ပိုင္း ဟမ္လ္မန္ျပည္နယ္ရိွ နာ၀ါခရိုင္မွာ ေအာက္တိုဘာ ၁၃ ရက္ညပိုင္းက အာဖဂန္စစ္ဘက္ရဟတ္ယာဥ္နွစ္စင္း တိုက္မိတာေၾကာင္႔ လူ ၁၅ ဦးထက္မနည္းေသဆံုးသြားတယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

အဲ့ဒီမေတာ္တဆမႈဟာ ျပည္နယ္ျမိဳ႕ေတာ္ လာရွ္ခါဂါရဲ႕အေနာက္ေတာင္ဘက္ နာ၀ါခရိုင္မွာျဖစ္ပြားခဲ႔တာ ျဖစ္တယ္လို႔ သတင္းေတြက ေျပာပါတယ္။

ဆိုဗီယက္ေခတ္က ထုတ္လုပ္ထားတဲ႔ Mi-17 ရဟတ္ယာဥ္နွစ္စင္းဟာ နာ၀ါခရိုင္မွာ ဆင္းသက္ဖို႔ၾကိဳးစားစဥ္ နည္းပညာခ်ိဳ႕ယြင္းမႈေၾကာင္႔ တိုက္မိခဲ႔တယ္လို႔ အာဖဂန္ကာကြယ္ေရး၀န္ၾကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

အဲ့ဒီျပည္နယ္မွာ ေဒသခံစစ္ေသြးၾကြေတြနဲ႔ အိမ္နီးခ်င္းျပည္နယ္ေတြက တာလီဘန္အဖြဲ႔ေတြ ပူးေပါင္းျပီး လာရွ္ခါဂါျမိဳ႕ကို သိမ္းပိုက္ဖို႔ ၾကိဳးစားေနျပီးေနာက္ ျပီးခဲ႔တဲ႔ ရက္ေတြအတြင္းမွာ အာဖဂန္အစိုးရတပ္ေတြနဲ႔ အျပင္းအထန္ တိုက္ပြဲေတြျဖစ္ပြားေနပါတယ္။

စက္တင္ဘာ ၂၄ ရက္ကလည္း အာဖဂန္ေလတပ္ ရဟတ္ယာဥ္တစ္စင္းဟာ နည္းပညာခ်ိဳ႕ယြင္းမႈေၾကာင္႔ နိုင္ငံေျမာက္ပိုင္း ဘတ္ဟလန္ျပည္နယ္မွာ ပ်က္က်ခဲ႔ျပီး ေလယာဥ္မွဴးနွစ္ဦး ေသဆံုးခဲ႔ပါတယ္။

Ref : CGTN
Photo: Getty Images
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW