Remdesivir ဆေးဟာ ကိုဗစ်-၁၉ ရောဂါကုသရာမှာ အစွမ်းမထက်ဘူးလို့ WHOထုတ်ပြန်
ဂျီနီဗာ၊ အောက်တိုဘာ-၁၆-၂၀၂၀
မျိုးဆက်(VOM)
Gilead ကုမ္ပဏီကနေထုတ်လုပ်တဲ့ Remdesivir ဆေးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေ အမြန်သက်သာဖို့နဲ့ အသက်ရှင်သန်ဖို့အခွင့်အလမ်းအပေါ် အနည်းငယ်သာသက်ရောက်မှုရှိတယ် ဒါမှမဟုတ် လုံးဝသက်ရောက်မှုမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ လက်တွေ့စမ်းသပ်မှုမှာ တွေ့ရှိခဲ့ပါတယ်။
အဲ့ဒီဆေးဟာ ကိုဗစ်-၁၉ ရောဂါ ကုသဖို့အတွက် ဗိုင်းရပ်စ်နှိမ်နှင်းရေးဆေးတွေထဲမှ ပထမဆုံးအသုံးပြုတဲ့ ဆေးဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို ကုသရာမှာ မကြာသေးမီက အသုံးပြုခဲ့ပါတယ်။
နိုင်ငံပေါင်း ၃၀ ကျော်က အရွယ်ရောက်ပြီး လူနာ ၁၁၂၆၆ ဦးအပေါ် Remdesivir ၊ Rydroxychloroquine ၊ ပေါင်းစပ် HIV ဆေးအပါအဝင် အလားအလာရှိတဲ့ ဆေး ၄ မျိုးရဲ့ သက်ရောက်မှုတွေကို အကဲဖြတ်ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွေ့ရှိမှုရလဒ်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်နေရတဲ့ လူနာများအကြား အဲ့ဒီဆေးတွေကို အသုံးပြုခြင်းဖြင့် ၂၈ ရက်အတွင်း သေဆုံးမှု သို့မဟုတ် အမြန်သက်သာပျောက်ကင်းစေမယ့်အပေါ် သက်ရောက်မှုအနည်းငယ်သာရှိ ဒါမှမဟုတ် သက်ရောက်မှုလုံးဝမရှိတာကို တွေ့ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။
လူနာ ၁၀၆၂ ဦးနဲ့ စမ်းသပ်တဲ့ ရလဒ်တွေမှာ Remdesivir ဆေးဝါးနဲ့ကုသတာဟာ အခြားလူနာတွေထက် ပြန်လည်ကျန်းမာချိန် ၅ ရက်ပိုစောကြောင်း အမေရိကန်သုတေသနအဖွဲ့တစ်ဖွဲ့ရဲ့ တွေ့ရှိချက်ကို အခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
Ref : CNA
Photo:Reuters
#voiceofmyanmar #VOM #ဂျီနီဗာ #ကိုဗစ်
Zawgyi
Remdesivir ေဆးဟာ ကိုဗစ္-၁၉ ေရာဂါကုသရာမွာ အစြမ္းမထက္ဘူးလို႔ WHOထုတ္ျပန္
ဂ်ီနီဗာ၊ ေအာက္တိုဘာ-၁၆-၂၀၂၀
မ်ိဳးဆက္(VOM)
Gilead ကုမၸဏီကေနထုတ္လုပ္တဲ႔ Remdesivir ေဆးဟာ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူေတြ အျမန္သက္သာဖို႔နဲ႔ အသက္ရွင္သန္ဖို႔အခြင္႔အလမ္းအေပၚ အနည္းငယ္သာသက္ေရာက္မႈရိွတယ္ ဒါမွမဟုတ္ လံုး၀သက္ေရာက္မႈမရိွဘူးလို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔(WHO)ရဲ႕ လက္ေတြ႔စမ္းသပ္မႈမွာ ေတြ႔ရိွခဲ႔ပါတယ္။
အဲ့ဒီေဆးဟာ ကိုဗစ္-၁၉ ေရာဂါ ကုသဖို႔အတြက္ ဗိုင္းရပ္စ္နွိမ္နွင္းေရးေဆးေတြထဲမွ ပထမဆံုးအသံုးျပဳတဲ႔ ေဆးျဖစ္ျပီး အေမရိကန္သမၼတေဒၚနယ္ထရန္႔ရဲ႕ ဗိုင္းရပ္စ္ကူးစက္မႈကို ကုသရာမွာ မၾကာေသးမီက အသံုးျပဳခဲ႔ပါတယ္။
နိုင္ငံေပါင္း ၃၀ ေက်ာ္က အရြယ္ေရာက္ျပီး လူနာ ၁၁၂၆၆ ဦးအေပၚ Remdesivir ၊ Rydroxychloroquine ၊ ေပါင္းစပ္ HIV ေဆးအပါအ၀င္ အလားအလာရိွတဲ့ ေဆး ၄ မ်ိဳးရဲ႕ သက္ေရာက္မႈေတြကို အကဲျဖတ္ခဲ႔ျပီး ကမၻာ႔က်န္းမာေရးအဖြဲ႔က ေတြ႔ရိွမႈရလဒ္ေတြကို ထုတ္ျပန္ခဲ႔တာျဖစ္ပါတယ္။
ကိုဗစ္-၁၉ ေရာဂါေၾကာင္႔ ေဆးရံုတက္ေနရတဲ႔ လူနာမ်ားအၾကား အဲ့ဒီေဆးေတြကို အသံုးျပဳျခင္းျဖင္႔ ၂၈ ရက္အတြင္း ေသဆံုးမႈ သို႔မဟုတ္ အျမန္သက္သာေပ်ာက္ကင္းေစမယ္႔အေပၚ သက္ေရာက္မႈအနည္းငယ္သာရိွ ဒါမွမဟုတ္ သက္ေရာက္မႈလံုး၀မရိွတာကို ေတြ႔ရိွခဲ႔တယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔က ေအာက္တိုဘာ ၁၅ ရက္မွာ ေျပာပါတယ္။
လူနာ ၁၀၆၂ ဦးနဲ႔ စမ္းသပ္တဲ့ ရလဒ္ေတြမွာ Remdesivir ေဆး၀ါးနဲ႔ကုသတာဟာ အျခားလူနာေတြထက္ ျပန္လည္က်န္းမာခ်ိ္န္ ၅ ရက္ပိုေစာေၾကာင္း အေမရိကန္သုေတသနအဖြဲ႔တစ္ဖြဲ႔ရဲ႕ ေတြ႔ရိွခ်က္ကို အခုလအေစာပိုင္းမွာ ထုတ္ျပန္ခ႔ဲပါတယ္။
Ref : CNA
Photo:Reuters
#voiceofmyanmar #VOM #ဂ်ီနီဗာ #ကိုဗစ္