NLD အလံ ဝှေ့ယမ်းရာ ဓာတ်ကြိုးနဲ့ရိုက်မိပြီး ဓါတ်လိုက်သေဆုံး

NLD အလံ ဝှေ့ယမ်းရာ ဓာတ်ကြိုးနဲ့ရိုက်မိပြီး ဓါတ်လိုက်သေဆုံး အောက်တိုဘာ ၁၆ -၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းခရိုင်၊မြင်းမူမြို့နယ်မှာ NLD အောင်နိုင်ရေး လှည့်လည်ပြီးပြန်လာချိန် ကားပေါ်ကနေ NLD အလံဝှေယမ်းရာ ဓာတ်ကြိုးနဲ့ရိုက်မိပြီး ဓါတ်လိုက်သေဆုံးမှု ဒီကနေ့ နေလယ်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူဟာ မြင်းမူမြို့၊ကျန်စစ်သားရပ်နေသူ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တရပ်ကွက်တည်းနေသူမောင်းတဲ့ ခြောက်ဘီးအဖြူရောင်ယာဉ်ပေါ်မှာ လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ NLD အောင်နိုင်ရေး လှည့်လည်ပြီးအပြန် မြင်းမူမြို့၊ကျန်စစ်သား ရပ်ကွက် ဘောလုံးကွင်းတောင်ဘက်လမ်းအတိုင်းမောင်းလာပြီး ဇေယျာလမ်းထိပ်အရောက် ကားကိုရပ်ပေးချိန် ကားပေါ်ပါလာတဲ့လူတွေ ဆင်းပြီးနောက်ပိုင်း တစ်ယောက်တည်း ကျန်နေတဲ့အချိန် အရှည် ၉ ပေခန့်၊ လုံးပတ် ၁ လက်မခွဲခန့်ရှိ NLD အလံ ချည်ထားတဲ့ စတီးအလံတိုင်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ကနေ အမြင့် ပေ ၂၀ ခန့်ရှိ ဓါတ်ကြိုးကိုရိုက်မိကာ…

Read More

စစ်ကိုင်းတိုင်းမှာ အသက် ၆၀ နှစ်နဲ့အထက် ကြိုတင်မဲပေးခွင့်ရှိသူ ၅သိန်း ၉သောင်း ကျော်ရှိ

စစ်ကိုင်းတိုင်းမှာ အသက် ၆၀ နှစ်နဲ့အထက် ကြိုတင်မဲပေးခွင့်ရှိသူ ၅သိန်း ၉သောင်း ကျော်ရှိ အောက်တိုဘာ ၁၆-၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းတိုင်းမှာ အသက် ၆၀ နှစ် နဲ့ အထက် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိတဲ့ ဦးရေဟာ ၅၉၇၅၀၀ ဦးရှိတယ်လို့ စစ်ကိုင်းတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ COVID -19 ရောဂါကူးစက်ဖြစ်ပွားနေမှု အခြေအေနေတွေအရ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းအတွင်း အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲတွေကို အောက်တိုဘာလ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကောက်ခံသွားမှာဖြစ်ပါတယ်။ ”အသက် ၆၀ နှစ် နဲ့ အထက်ရှိသူတွေ ကြိုတင်မဲပေးဖို့ ရပ်၊ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ကြော်ငြာမှာပါ။ကြိုတင်မဲပေးဖို့ နှစ်ပိုင်းရှိမှာပေါ့၊…

Read More

မန္တလေး အောင်မြေသာစံမြို့နယ်ကမဲဆန္ဒရှင်တွေ ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ

မန္တလေး အောင်မြေသာစံမြို့နယ်ကမဲဆန္ဒရှင်တွေ ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ မန္တလေး- အောက်တိုဘာ ၁၄-၂၀၂၀ ဆွေလင်းထွန်း (VOM) ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။   မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်မှာ နေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ…

Read More

ပဲခူးတိုင်း‌မှာ လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း မသန်စွမ်းအရေး အဆိုတင်သွင်းမှုအနည်းငယ်သာရှိခဲ့

ပဲခူးတိုင်း‌မှာ လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း မသန်စွမ်းအရေး အဆိုတင်သွင်းမှုအနည်းငယ်သာရှိခဲ့ အောက်တိုဘာ ၁၆-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်းလွှတ်‌တော် ဒုတိယသက်တမ်း ၅နှစ်တာကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များရဲ့အဆို‌တင်သွင်း မေးမြန်းမှုတွေမှာ မသန်စွမ်းအရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အ ကြိမ်ရေအနည်းဆုံးဖြစ်တယ်လို့ သင့်မြတ်သူများ၏ ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့( POPP) ရဲ့စစ်တမ်းတွေအရ သိရပါတယ်။ ” အုတ်ဖိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်က အများပြည်သူသက်ဆိုင်တဲနေရာတွေမှာ မသန်စွမ်းသူတွေ ဝင်ထွက်သွားလာလွယ်ကူဖို့ ‌လျှောက်လမ်းတွေ ဘာတွေလုပ်ဖို့ အစီစဉ်ရှိ၊မရှိ မေးမြန်းဖူးတာမျိုးတော့ရှိတယ်။ အများအားဖြင့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းတေ‌ွများတာ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ဆိုင်တာအများဆုံးဖြစ်တယ်”လို့ POPPအဖွဲ့မှ ဦးမင်းသူရအောင်ကပြောပါတယ်။ သင့်မြတ်သူများ၏ ငြိမ်းချမ်းရေလမ်းစဉ်အဖွဲ့(POPP)ဟာ ဒုတိယအကြိမ် ပဲခူးတိုင်းလွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးကနေ ၁၅ ကြိမ်မြောက်အစည်းအဝေးအထိ သက်ဆိုင်ရာ မြို့နယ်ပေါင်း၂၈ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆိုတင်သွင်းမေးမြန်းမှုတွေကို စောင့်ကြည့်လေ့လာခဲ့တာလို့လည်း သိရပါတယ်။ ” ပြောရမယ်ဆို မသန်စွမ်းအရေးဆောင်ရွက်သူတွေနဲ့…

Read More

မန္တလေးမှာ Hotel Quarantine ဝင်နေကြတဲ့သူတွေကို Covid-19 စမ်းသပ်မှုဆိုင်ရာရွေ့လျားယာဉ်တွေနဲ့ ပထမဆုံး Sawb Test စစ်ဆေး

မန္တလေးမှာ Hotel Quarantine ဝင်နေကြတဲ့သူတွေကို Covid-19 စမ်းသပ်မှုဆိုင်ရာရွေ့လျားယာဉ်တွေနဲ့ ပထမဆုံး Sawb Test စစ်ဆေး မန္တလေး၊ အောက်တိုဘာ- ၁၆- ၂၀၂၀ ညီသစ်(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ပြည့်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြီး အောင်မြေသာစံမြို့နယ် အတွင်းက Quarantine Center တွေဖြစ်တဲ့ Eastern Palace Hotel Quarantine Center ၊ Ayarwaddy River View Hotel Quarantine Center တွေမှာထားရှိတဲ့ Quarantine ဝင်နေတဲ့လူတွေရဲ့ Sawb Test နမူနာတွေကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ အာက်တိုဘာ ၁၆ ရက်နေ့ကစတင်ကာ Covid-19 စမ်းသပ်မှုဆိုင်ရာရွေ့လျားယာဉ် (Covid-19 Mobile Sample Collection)တွေကို ပထမဆုံးအကြိမ်အသုံးပြုပြီး စစ်ဆေးပေးနေတာဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်း က Eastern…

Read More

အရေးပေါ်အမိန့် ချိုးဖောက်ရင်အရေးယူမယ်၊ ရာထူးကလည်း ဆင်းမပေးဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြော

အရေးပေါ်အမိန့် ချိုးဖောက်ရင်အရေးယူမယ်၊ ရာထူးကလည်း ဆင်းမပေးဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြော ဘန်ကောက်၊ အောက်တိုဘာ-၁၆-၂၀၂၀ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အစိုးရက အရေးပေါ်အမိန့်တစ်ရပ်ထုတ်ပြန်ထားတာကို ဆန့်ကျင်ပြီး လူသောင်းနဲ့ချီပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေဖြစ်ပွားနေပေမယ့် ရာထူးကနေနှုတ်ထွက်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ချန်အိုချာရာထူးကနေ နှုတ်ထွက်ခြင်းအပါအဝင် ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးအတွက် တိုက်တွန်းတောင်းဆိုနေတဲ့ ဆန္ဒပြပွဲတွေ သုံးလနီးပါးကြာဖြစ်ပွားပြီးနောက် အောက်တိုဘာ ၁၅ ရက်ကစပြီး လူငါးဦးထက်ပိုမိုစုဝေးတာမျိုးတွေကို တားမြစ်ပိတ်ပင်တဲ့ အမိန့်တစ်ရပ်ကို ထိုင်းအစိုးရက ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေဟာ ဒီအမိန့်ကို ဖီဆန်ပြီး အောက်တိုဘာ ၁၅ ရက်ညပိုင်းအထိ ဆန္ဒပြမှုတွေ အကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကတော့ မိမိအနေနဲ့ ရာထူးကနေနှုတ်ထွက်မှာမဟုတ်ဘူးလို့ အစိုးရအဖွဲ့အရေးပေါ် အစည်းအဝေးတစ်ရပ်ကျင်းပပြီးနောက် သတင်းထောက်တွေကို ပြောပါတယ်။ အခြေအနေတွေက အကြမ်းဖက်မှုပုံစံဖြစ်နေတာကြောင့် အစိုးရအနေနဲ့ အရေးပေါ်အမိန့်ကို…

Read More

မန္တလေး ချမ်းအေးသာစံမြို့နယ်မှာနေတဲ့ ပြည်သူတွေ ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ

မန္တလေး ချမ်းအေးသာစံမြို့နယ်မှာနေတဲ့ ပြည်သူတွေ ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ မန္တလေး- အောက်တိုဘာ ၁၆-၂၀၂၀ ဆွေလင်းထွန်း (VOM) ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့…

Read More

မန္တလေး မဟာအောင်မြေမြို့နယ်က ပြည်သူတွေ ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ

မန္တလေး မဟာအောင်မြေမြို့နယ်က ပြည်သူတွေ ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ မန္တလေး- အောက်တိုဘာ ၁၄-၂၀၂၀ ဆွေလင်းထွန်း (VOM) ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ…

Read More

မန္တလေး အမရပူရမြို့နယ်ကပြည်သူတွေ ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ

မန္တလေး အမရပူရမြို့နယ်ကပြည်သူတွေ ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ မန္တလေး- အောက်တိုဘာ ၁၄-၂၀၂၀ ဆွေလင်းထွန်း (VOM) ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် အမရပူရမြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့ တံဆိပ်တုံးကို…

Read More

ဘဏ်မှာ သေနတ်ပြပြီး ငွေကျပ် သိန်း ၂၀၀ယူသွားသူကို လုယက်မှုနဲ့ အမှုဖွင့်ထား

ဘဏ်မှာ သေနတ်ပြပြီး ငွေကျပ် သိန်း ၂၀၀ယူသွားသူကို လုယက်မှုနဲ့ အမှုဖွင့်ထား အောက်တိုဘာ ၁၆-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် ၁၊ (ဆ)ရက်ကွက် ၆၂ လမ်းနဲ့ ရတနာလမ်းထောင့်ရှိ United Amera Bank မှာ သေနတ်ပြခြိမ်းခြောက်ငွေလု ထွက်ပြေးသွားသူကို စုံစမ်းနေပြီး လုယက်မှုနဲ့အမှုဖွင့်ထားတယ်လို့ ပြည်ကြီးတံခွန်မြို့မရဲစခန်းကပြောပါတယ်။ ဒါ့အပြင် အခင်းဖြစ်တဲ့အချိန်က အသုံးပြုသွားတဲ့ သေနတ်ဟာ အတုဖြစ်နိုင်တယ်လို့ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ “စတီးလ်ဘောစေ့တွေ တွေ့ထားတော့ သေနတ်အစစ်တော့ မဟုတ်နိုင်ဘူးဗျ။ ကလေးတွေသုံးတဲ့ တရုတ်ကလာတဲ့ သေနတ်တွေလိုပေါ့၊ စတီးလ်ဘောစေ့တွေနဲ့ပေါ့။ ကျနော်ပြောသလို ခုန ကားပေါ်မှာ ကျန်ခဲ့တယ်။ အဲ့ဒါကလည်း ဒဏ်ရာအနာတရရနိုင်တဲ့ ၁၉(စ)လုံးနဲ့ သိမ်းဆည်းရမိရင် အမှုဖွင့်လို့ ရပါတယ်ဗျ”လို့ အဲ့ဒီရဲအရာရှိက ပြောပါတယ်။ ကျူးလွန်သူဟာ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး သေနတ်နဲ့ လက်ထိပ်လို့ယူဆရတဲ့ အရာတစ်ခုကို ကိုင်ဆောင်ကာ…

Read More
VOM News

FREE
VIEW